၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့က ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်တွင် ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားကို ကျင်းပသွားခဲ့သည်။ ထိုအခမ်းအနားတွင် နိုင်ငံအတော်များများကို ဖိတ်ကြားခဲ့ရာ နိုင်ငံ ၂၉ နိုင်ငံမှ အကြီးအကဲများ တက်ရောက်ခဲ့၍ နိုင်ငံ ၁၃ နိုင်ငံမှ တပ်ဖွဲ့များ ပါဝင်စစ်ရေးပြခဲ့သည်ဟု ရုရှားသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
မပြီးဆုံးနိုင်သည့် ယူကရိန်းစစ်ပွဲတွင် ပါဝင်ရင်ဆိုင်နေရပြီး မြောက်ကိုရီးယားမှ စစ်အင်အား သောင်းဂဏန်းအထိ စစ်ကူခေါ်ထားရသည့်၊ စီးပွားရေးအရ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုကို ခံထားရသည့်၊ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် တက်လာပြီးနောက် အဖုအထစ်ဖြစ်နေခဲ့သော အမေရိကန်-ယူကရိန်း ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်သွားသည့် အခြေအနေအောက်တွင် ပြုလုပ်သည့် ရုရှား၏ မဟာမိတ်အင်အားပြပွဲဟု ဆိုရမည်။
အဆိုပါ အခမ်းအနားသည် ရုရှား၏ စစ်အင်အားပြသမှုနှင့် နိုင်ငံတကာတွင် မိတ်ဖက်များရှိကြောင်း ပြသရန် ရည်ရွယ်ခဲ့ပုံရသည်။ ကရင်မလင်စစ်ရေးပြပွဲ၌ ယူကရိန်းနှင့် စစ်ပွဲရင်ဆိုင်နေရသော ရုရှား၏ မဟာမိတ်အဖြစ် ပွဲလာတက်သည်မှာ ဘီလာရုစ်၊ ဆာဘီးယား၊ ဆလိုဗက်ကီးယား၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား ဟူ၍ ဥရောပ လေးနိုင်ငံသာ ပါဝင်သည်ကို တွေ့ရ၏။ ဥရောပတွင်မူ ရုရှား၏လုပ်ရပ်ကို ဆန့်ကျင်သူက အများစုဆိုသည်ကို တွေ့မြင်ရ၏။
ဤအခြေအနေကြောင့်လည်း ရုရှားသည် ဥရောပပြင်ပမှ နိုင်ငံများနှင့် မိတ်ဆွေ့ဖွဲ့ရန် အသည်းအသန် ကြိုးစားနေရခြင်းဖြစ်ပုံရသည်။ ကရင်မလင်ပွဲတက်သည့် ၂၉ နိုင်ငံအနက် အများဆုံးတွေ့ရသည်မှာ အာရှမှ ဖြစ်သည်။ အာရှ ၁၂ နိုင်ငံ တက်ရောက်သည်ကို တွေ့ရပြီး အများစုမှာ ယခင် ဆိုဗီယက်ယူနီယံတွင် ပါဝင်ဖူးသော၊ လက်ရှိ ရုရှား၏ စစ်ရေးဩဇာအောက်တွင်ရှိသော နိုင်ငံများဖြစ်၏။
ထူးခြားသည့် အာရှနိုင်ငံများမှာ တရုတ်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့ဖြစ်သည်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့မှ ခေါင်းဆောင်တို့သာမက စစ်ရေးပြတပ်ဖွဲ့များသည်လည်း ကရင်မလင်စစ်ရေးပြပွဲတွင် ပါဝင်သည်ကို တွေ့ရ၏။
ထူးခြားသည့် အာရှနိုင်ငံများမှာ တရုတ်နှင့် အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့ဖြစ်သည်။ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့မှ ခေါင်းဆောင်တို့သာမက စစ်ရေးပြတပ်ဖွဲ့များသည်လည်း ကရင်မလင်စစ်ရေးပြပွဲတွင် ပါဝင်သည်ကို တွေ့ရ၏။
ရှီကျင့်ဖျင်
ကရင်မလင်ပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပြီး သူတက်ရောက်ခဲ့သည်မှာ သာမန်မဟုတ်ပေ။ အမေရိကန်နှင့်တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားပြီး နှစ်နိုင်ငံကြား တင်းမာမှု မြင့်တက်နေချိန်ဖြစ်၏။ လက်ရှိအချိန်တွင် ဆွစ်ဇာလန်၌ အမေရိကန်နှင့် တရုတ်ကိုယ်စားလှယ်တို့ကြား ကုန်သွယ်ခွန်ကိစ္စ စတင် ညှိနှိုင်းနေသည်ဆိုသော်လည်း အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်မှုသည် ယခင်ကကဲ့သို့ ပြန်မဖြစ်နိုင်တော့သည်ကို အားလုံးသိသကဲ့သို့ တရုတ်တို့က ပိုသိနေကြပြီဖြစ်သည်။
၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့က တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အထူးလေယာဉ်ဖြင့် ရုရှားနိုင်ငံသို့ ရောက်ရှိလာပြီး လေဆိပ်တွင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ မော်စကို ခရီးစဉ်အတွင်း မစ္စတာ ရှီကျင့်ဖျင်သည် ကရင်မလင် စစ်ရေးပြအခမ်းအနား တက်ရောက်ခဲ့သကဲ့သို့ ရုရှားသမ္မတ၊ ကရင်မလင် စစ်ရေးပြပွဲလာသည့် အခြား နိုင်ငံခေါင်းဆောင်အချို့တို့နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ပူတင်တို့သည် ခေတ်သစ် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု တဆင့်တိုး နက်ရှိုင်းစေရေးဆိုင်ရာ ပူးတွဲ ကြေညာချက်ဆိုသည်ကို လက်မှတ်ရေးထိုး ချုပ်ဆိုကြောင်း မေလ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
သမ္မတ ရှီကျင့်ဖျင်၏ မော်စကိုခရီးစဉ်နှင့် ပူးတွဲကြေညာချက်များ၊ သတင်းထုတ်ပြန်ချက်များ၊ မိန့်ခွန်းများတွင် တွေ့ရသည့် အဓိကအချက်မှာ ဗိုလ်ကျစိုးမိုးရေးဝါဒနှင့် ဗိုလ်ကျသည့်နိုင်ငံရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ရေးဖြစ်၏။ တရုတ်တို့၏ လက်ရှိအမြင်မှာ မျက်မှောက်အချိန်တွင် ကမ္ဘာကြီးသည် မတည်မငြိမ်ဖြစ်ပြီး ပြောင်းလဲမှုများပြားသော အချိန်ကာလသစ်သို့ ဝင်ရောက်နေကာ အကောက်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲများ ပြင်းထန်ဆိုးရွားလာပြီး တဖက်သတ်ဝါဒနှင့် အာဏာရှင် ဗိုလ်ကျစိုးမိုးရေးဝါဒများ ဦးမော့လာသဖြင့် နိုင်ငံတကာနိုင်ငံရေးနှင့် စီးပွားရေး စည်းစနစ်များသည် ပြင်းထန်သော ဂယက်ရိုက်ခတ်မှုနှင့် ရင်ဆိုင်နေရပါသည်ဟု ဆိုသည်။
ဤသို့ သမိုင်း၏ လမ်းဆုံလမ်းခွနေရာတွင် ရပ်တည်လျက်ရှိနေသဖြင့် တရုတ်နှင့်ရုရှား နှစ်နိုင်ငံတို့သည် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရမည်၊ တရုတ်နှင့်ရုရှားတို့သည် ကမ္ဘာ့နိုင်ငံကြီးနှစ်နိုင်ငံ အဖြစ်သာမက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းကောင်စီဝင်နိုင်ငံများ အဖြစ်ပါ “အထူးတာဝန်ဝတ္တရားများ” ကို ထမ်းဆောင်သွားမည်ဟု သမ္မတ ရှီကျင့်ဖျင်၏ ယခုအကြိမ် ရုရှားခရီးစဉ်မှ ရှင်းလင်းပြတ်သားသော အဖြေကို ပေးလိုက်ပါသည်ဟု တရုတ်မီဒီယာများက ဖော်ပြပါသည်။
တရုတ်နှင့် ရုရှားတို့၏ “အထူးတာဝန်ဝတ္တရားများ” သည် “နိုင်ငံတကာ တရားမျှတမှု ထိန်းသိမ်းကာကွယ်သူအဖြစ် ဆောင်ရွက်ခြင်း” ဟု တရုတ်မီဒီယာများက အဓိပ္ပာယ်ဖွင့်ဆိုသည်ကို တွေ့ရ၏။ ဆိုလိုသည်မှာ အမေရိကန်သည် တဖက်သတ်ဝါဒနှင့် ဗိုလ်ကျ စိုးမိုးရေးဝါဒကို ကျင့်သုံးနေပြီး စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နိုင်ငံတကာစည်းစနစ်ကို ဆိုးရွားစွာ ထိခိုက်နေသဖြင့် တရုတ်နှင့်ရုရှား နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် ကုလသမဂ္ဂ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အမေရိက) စသည့် ဘက်ပေါင်းစုံ ပလက်ဖောင်းများတွင် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်သည်ဟုဆို၏။
သမ္မတ ရှီကျင့်ဖျင်၏ မော်စကို ခရီးစဉ်တလျှောက်လုံး တွေ့ရသည့် အသုံးအနှုန်းမှာ အမေရိကန်ကို ရည်ညွှန်းသည့် တဖက်သတ်ဝါဒနှင့် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ကိုတရုတ်နှင့်ရုရှား ပူးပေါင်းဆန့်ကျင်ရေးနှင့် ဤသို့ ဆန့်ကျင်နိုင်ရန် မဟာမိတ်အင်အားစုများ စုဖွဲ့ရန် ဖြစ်သည်။ သို့ဖြစ်ရာ ကရင်မလင် စစ်ရေးပြပွဲနှင့်အတူ တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး အမေရိကန်ကို ရင်ဆိုင်ရန် တပ်ပေါင်းစု စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ရုရှားနှင့် တရုတ်တို့ အမေရိကန်ဆန့်ကျင်ရေး ရည်ရွယ်ချက်အောက်တွင် စတင် ပေါင်းစည်းကြခြင်းလည်း ဖြစ်သည်ဟု ဆိုရမည်။
သမ္မတ ရှီကျင့်ဖျင်၏ မော်စကို ခရီးစဉ်တလျှောက်လုံး တွေ့ရသည့် အသုံးအနှုန်းမှာ အမေရိကန်ကို ရည်ညွှန်းသည့် တဖက်သတ်ဝါဒနှင့် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ကိုတရုတ်နှင့်ရုရှား ပူးပေါင်းဆန့်ကျင်ရေးနှင့် ဤသို့ ဆန့်ကျင်နိုင်ရန် မဟာမိတ်အင်အားစုများ စုဖွဲ့ရန် ဖြစ်သည်။ သို့ဖြစ်ရာ ကရင်မလင် စစ်ရေးပြပွဲနှင့်အတူ တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး အမေရိကန်ကို ရင်ဆိုင်ရန် တပ်ပေါင်းစု စစ်မျက်နှာသစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ရုရှားနှင့် တရုတ်တို့ အမေရိကန်ဆန့်ကျင်ရေး ရည်ရွယ်ချက်အောက်တွင် စတင် ပေါင်းစည်းကြခြင်းလည်း ဖြစ်သည်ဟု ဆိုရမည်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း တရုတ်တို့ စူပါပါဝါဖြစ်လာသည့်နောက်တွင် တွေ့ရသည့် အင်အားစုဖွဲ့မှုအသစ်နှင့် စစ်အေးတိုက်ပွဲ စတင်လိုက်ခြင်းဖြစ်သကဲ့သို့ နှစ်ဖက်လုံး နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးမဟာမိတ်ဖွဲ့မှုများကို ဗြောင်အတိအလင်း ပြုလုပ်လာတော့မည့် ပထမခြေလှမ်းလည်း ဖြစ်သည်။
သို့ဖြစ်ရာ ယူကရိန်းစစ်ပွဲတွင် ကြားနေပါသည်ဟု ကြွေးကြော်နေသော တရုတ်အနေဖြင့် ရုရှားနှင့် အတိအလင်း ပူးပေါင်းလိုက်သည်ကို ပြသလိုက်ခြင်းဖြစ်သည်။

ယူကရိန်းပိုင်နက်တွင် ရုရှားအတွက် တိုက်ပွဲဝင်နေသည့် တရုတ်နိုင်ငံသား ၁၅၅ ဦးရှိကြောင်း ယူကရိန်း သမ္မတ ဇယ်လန်စကီးက ဧပြီလ ၉ ရက်တွင် ပြောကြားပြီးနောက် မကြာသေးမီ သီတင်းပတ်များအတွင်း ယူကရိန်းနှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ယူကရိန်းက ဒွန်းနက်စ် စစ်မြေပြင်တွင် ပထမဆုံး တရုတ်တိုက်ခိုက်ရေးသမား နှစ်ဦးကို ဖမ်းဆီးခဲ့သည်။ ရုရှား၏ ယူကရိန်းကျူးကျော်မှုတွင် တရုတ်က ပါဝင်မှုမရှိဟု ငြင်းဆိုထားဆဲဖြစ်သည်။
သို့သော်လည်း တရုတ်သည် ရုရှားနှင့် အထူးဝတ္တရားတာဝန် ထမ်းဆောင်ရန်ဟူသည့် ခေါင်းစဉ်ဖြင့် မဟာမိတ်ဖွဲ့အုပ်စု ဖွဲ့လိုက်ပြီဖြစ်ရာ ရုရှား၏ ယူကရိန်းပေါ် ကျူးကျော်မှုအား မျက်ကွယ်ပြုလုပ်ခဲ့ပြီ ဖြစ်၏။ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖိလစ်ပိုင်နှင့် ထိပ်တိုက်တွေ့နေသော တရုတ်တို့သည် ယူကရိန်းအား ကျူးကျော်မှုနေသော ရုရှားကို ဘဝတူများအဖြစ် သဘောထားလိုက်ပုံရသည်။
ကရင်မလင် မဟာမိတ်ဖွဲ့မှုတွင် တွေ့ရသည့် ထူးခြားချက်များမှာ အဓိကကျသည့် တရုတ်နှင့်ရုရှား နိုင်ငံနှစ်ခုလုံးသည် ရာသက်ပန် သမ္မတရာထူး ရယူထားကြသည့် အာဏာရှင်နိုင်ငံများ ဖြစ်နေကြ၏။ ထိုမဟာမိတ်ဖွဲ့မှုတွင် ဥရောပမှ ၁၀ ရာခိုင်နှုန်းပင် မပါသကဲ့သို့ အဓိက ဥရောပနိုင်ငံကြီးများ မပါဝင်ပေ။
ထို့ပြင် ကမ္ဘာ့အခြားဒေသနိုင်ငံများပါ ပူးပေါင်းပါက တမ္ဘာလုံး၏ ၁၅ ရာခိုင်နှုန်းထက် မပိုပေ။ BRICS ကဲ့သို့သော အဖွဲ့အစည်းမှ အိန္ဒိယနိုင်ငံသည် တရုတ်နှင့် ရန်ဘက်ဖြစ်ရာ အဆိုပါ မဟာမိတ်အဖွဲ့တွင် ထဲထဲဝင်ဝင် ပါလိမ့်မည် မဟုတ်ပေ။ ပြောရလျှင် တရုတ်နှင့်ရုရှား၏ စစ်အင်အား၊ စီးပွားရေးအင်အားပေါ် အခြေပြုထားသည့် မဟာမိတ်ဖွဲ့မှုဖြစ်၏။
တရုတ်တို့သည် ယူကရိန်းအား ကျူးကျော်သည့် ရုရှားနှင့် မဟာမိတ်ဖွဲ့ခြင်းကြောင့် အမေရိကန်နှင့်သာမက ဥရောပနိုင်ငံ အများစုကြီးနှင့်ပါ ဆက်ဆံရေးကောင်းရန် ခက်ခဲမည်ဖြစ်၏။ တရုတ်-ရုရှား မဟာမိတ်ဖွဲ့မှုသည် တိုင်းပြည်တွင်း၌ အာဏာရှင်စနစ် ကျင့်သုံးသည့် နိုင်ငံအများစု စုစည်းကြသည့်အပြင် စီးပွားအရ အားကောင်းသည်ဟု ဆိုရမည်မှာ တရုတ်နိုင်ငံသာ ပါဝင်သဖြင့် အဆိုပါ မဟာမိတ်ဖွဲ့မှုသည် ကမ္ဘာတွင် အားကောင်းသည့် မဟာမိတ်အင်အားစု ဖြစ်မလာနိုင်ပေ။
ကရင်မလင် မဟာမိတ်နှင့် အာဆီယံ
အမေရိကန်အား ဦးတည်ဆန့်ကျင်ရန် ဖွဲ့စည်းထားသည့် မဟာမိတ်အဖွဲ့တွင် ပါဝင်သည့် တရုတ်တို့၏ ရည်ရွယ်ချက်တခုမှာ ‘ဒေသတွင်း’ ဟု တရုတ်တို့ ခေါ်ဆိုလေ့ရှိသော အာဆီယံတွင် ဩဇာလွှမ်းမိုးရေး ဖြစ်သည်။ တရုတ်တို့အဆိုရ ဖိလစ်ပိုင်သည် ဒေသပြင်ပမှ အမေရိကန်နှင့် ပူးပေါင်း၍ ဒေသတွင်း၌ မတည်မငြိမ်ဖြစ်အောင် လုပ်နေသည်ဟုဆိုသည်။
တရုတ်တို့သည် အာဆီယံအား ဒေသတွင်းဟု မကြာခဏ ခေါ်ဆိုအသုံးပြုပြီး တရုတ်၏ ဩဇာအောက်တွင် ရှိရန်လိုလားသည်ကို တရုတ်တို့ မကြာခဏ ထုတ်ဖော်ပြောဆိုချက်များတွင် တွေ့ရသည်။ စစ်ရေးအရလည်း တောင်တရုတ်ပင်လယ် တခုလုံးအား ထိန်းချုပ်ပြီး ဒေသတွင်း၌ စိုးမိုးရန် ကြံစည်နေသည်ကို တွေ့ရ၏။ တဖက်ကလည်း စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေသည်။ ကရင်မလင် ခရီးစဉ်မတိုင်မီ သမ္မတ ရှီကျင့်ဖျင်၏ အာဆီယံ သုံးနိုင်ငံခရီးစဉ်ကို တွေ့မြင်ခဲ့ရသည်။
တရုတ်တို့သည် အာဆီယံအား ဒေသတွင်းဟု မကြာခဏ ခေါ်ဆိုအသုံးပြုပြီး တရုတ်၏ ဩဇာအောက်တွင် ရှိရန်လိုလားသည်ကို တရုတ်တို့ မကြာခဏ ထုတ်ဖော်ပြောဆိုချက်များတွင် တွေ့ရသည်။ စစ်ရေးအရလည်း တောင်တရုတ်ပင်လယ် တခုလုံးအား ထိန်းချုပ်ပြီး ဒေသတွင်း၌ စိုးမိုးရန် ကြံစည်နေသည်ကို တွေ့ရ၏။ တဖက်ကလည်း စည်းရုံးသိမ်းသွင်းရန် ကြိုးစားနေသည်။ ကရင်မလင် ခရီးစဉ်မတိုင်မီ သမ္မတ ရှီကျင့်ဖျင်၏ အာဆီယံ သုံးနိုင်ငံခရီးစဉ်ကို တွေ့မြင်ခဲ့ရသည်။
အာဆီယံနိုင်ငံများသည် ကုန်သွယ်မှုအရ တရုတ်နှင့်များသော်လည်း တိုင်းပြည်တွင်း ရင်းနှီးမြှုပ်နှံမှုတွင် အမေရိကန်နှင့် အနောက်အုပ်စုက ပိုများသည်။ ထို့ပြင် တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနှင့် အငြင်းပွားမှုများလည်းရှိရာ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဘရူနိုင်း၊ ဖိလစ်ပိုင်တို့တွင် တရုတ်ဩဇာ သက်ရောက်ရန် ခဲယဉ်းသည်။ တရုတ်နှင့်နယ်စပ်ချင်းကပ်နေသော၊ တရုတ်၏ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရဖူးသော ဗီယက်နမ်ကမူ ဘယ်ဘက်မှ မလိုက်ဘဲ သတိနှင့် နေမည့်ပုံပေါ်သည်။
သို့သော်လည်း တရုတ်နှင့်နယ်စပ်ချင်းကပ်နေပြီး တရုတ်၏ ဩဇာအောက်တွင်ရှိသည့် လာအို၊ ကမ္ဘောဒီးယားအပြင် မြန်မာကိုလည်း တရုတ်တို့က ရုပ်သေးအဖြစ် ထည့်သွင်းလိုက်ပြီဟု ဆိုရမည်။ မြန်မာစစ်ကောင်စီသည် နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းပေါင်းစုံ ဆိုက်နေသည်ဖြစ်၍ စစ်ကောင်စီကိုယ်တိုင်က ရုရှားနှင့်တရုတ်ကို ပြေးကပ်နေရသည်။
တရုတ်နှင့် စစ်ကောင်စီ
မြန်မာစစ်ကောင်စီကမူ ရုရှားနှင့် တရုတ်အတွက် ဈေးအပေါဆုံး ရုပ်သေးအစိုးရဖြစ်၏။ စစ်ကောင်စီအနေဖြင့် ရပ်တည်နိုင်ရေးအတွက် အားကိုးအားထား ရှာနေရသည်ဖြစ်ရာ တရုတ်တို့အတွက် အလွန်ဈေးပေါသော ရုပ်သေးအစိုးရတခု အလွယ်တကူရရှိခြင်း ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ခန့် ကြားနေသလို ရပ်တည်နေခဲ့သော တရုတ်တို့သည် စစ်အာဏာရှင်များက နှစ်နှစ်၊ သုံးနှစ်အတွင်း တိုင်းပြည်ကို ထိန်းချုပ်နိုင်မည်ဟု ယူဆခဲ့ပုံရသည်။ သို့သော် ပြီးခဲ့သော တနှစ်ကျော်အတွင်း တရုတ်တို့ မျှော်လင့်သကဲ့သို့ မဖြစ်ဘဲ မြန်မာစစ်တပ် အခြေမလှသည့်အခါ စစ်ကောင်စီ အသက်ဆက်ရေး၊ ပြုတ်မကျရေးအတွက် တရုတ်တို့ ဗြောင်အတိအလင်း အားထုတ်လာသည်ကို တွေ့မြင်ရသည်။
ကရင်မလင်တွင် သမ္မတ ရှီကျင့်ဖျင်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းသည် စစ်ကောင်စီအတွက်တော့ အရေးပါသည့် သံတမန်ရေးအောင်ပွဲဟုဆိုရမည်။ ရုရှားသမ္မတ ပူတင်နှင့် သီးခြားတွေ့ခွင့်မရဘဲ တရုတ်သမ္မတ၏ သီးခြားတွေ့ဆုံသည့် နိုင်ငံခေါင်းဆောင် အနည်းငယ်တွင် ပါဝင်ခွင့်ရခြင်းသည် တရုတ်တို့က စစ်ကောင်စီဘက်မှ ရပ်တည်ခြင်းကို ပြက်ပြက်ထင်ထင် မြင်ရ၏။
သမ္မတ ရှီကျင့်ဖျင်က မင်းအောင်လှိုင်အား တွေ့ဆုံခြင်းသည် မင်းအောင်လှိုင်အတွက်ဆိုလျှင် ဘုရားသခင် ကောင်းချီးပေးသည်ကဲ့သို့ပင် မှတ်ယူနိုင်၏။ ပြည်တွင်း၌ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေပြီး အရပ်ဘက်ပစ်မှတ်များကို နေ့စဉ် လေကြောင်းမှ တိုက်ခိုက်နေသော စစ်ကောင်စီအား တခွန်းတပါဒမှ ထုတ်ဖော်ဝေဖန်ရှုတ်ချခြင်း မရှိဘဲ စစ်ကောင်စီအား အသိအမှတ်ပြုခြင်းသည် စစ်ကောင်စီက စစ်ရာဇဝတ်မှုများကို ဇက်ရဲလက်ရဲ ကျူးလွန်ရန်အတွက် အကာအကွယ်ကောင်း ဖြစ်သွားခဲ့၏။

သမ္မတ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို တရုတ်တို့က ထောက်ခံသည်ဆိုသည်အချက်အား မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်သော်လည်း တရုတ်ဘက်က ထည့်သွင်းထုတ်ပြန်ခြင်း မပြုသည်ကို တွေ့ရသည်။ ဤအချက်အား တရုတ်ဘက်က မထုတ်ပြန်ခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်နှင့် ဆန့်ကျင်နေ၍ ဖြစ်ပုံရ၏။
အာဆီယံ ဘုံသဘောတူညီချက်အရ တွေ့ဆုံဆွေးနွေးရေး အရင်မပြုဘဲ ရွေးကောက်ပွဲပြုလုပ်သည်ကို မထောက်ခံပေ။ တရုတ်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်အား ထောက်ခံသည်ဟု တရားဝင် ပြောဆိုထားပြီးဖြစ်၏။ သို့သော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ထုတ်ပြန်ချက်ကို တရုတ်ဘက်က မည်သည့် ကန့်ကွက်မှုမှမရှိရာ အာဆီယံ မူငါးချက်နှင့် မတူဘဲ တရုတ်တို့ ရပ်တည်နေ၍လည်း ဖြစ်နိုင်သည်ဟု ဆိုရမည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်က မြန်မာပြဿနာ ဖြေရှင်းရေးဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒက တရုတ်တို့ ကောင်းစွာ ကြိုးကိုင်၍ရသည့် ရုပ်သေးအစိုးရတရပ် ဖြစ်လာသည့် တရုတ်ဘက်တော်သား စစ်ကောင်စီ အသက်ဆက်ရေးဖြစ်သည်။ အထူးသဖြင့် တရုတ်-ရုရှား ကရင်မလင် မဟာမိတ်ဖွဲ့မှုအရ ရုရှားက ယူကရိန်းကို ကျူးကျော်သည်မှာ တရုတ်အတွက် ပြဿနာ မဟုတ်သကဲ့သို့ စစ်ကောင်စီက မြန်မာပြည်တွင်း၌ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည်ကလည်း တရုတ်အတွက် အရေးမကြီးတော့ပေ။ စစ်ကောင်စီသည် တရုတ်၏ ရုပ်သေးအစိုးရဖြစ်နေရန်သာ လိုပေသည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်က မြန်မာပြဿနာ ဖြေရှင်းရေးဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒက တရုတ်တို့ ကောင်းစွာ ကြိုးကိုင်၍ရသည့် ရုပ်သေးအစိုးရတရပ် ဖြစ်လာသည့် တရုတ်ဘက်တော်သား စစ်ကောင်စီ အသက်ဆက်ရေးဖြစ်သည်။ အထူးသဖြင့် တရုတ်-ရုရှား ကရင်မလင် မဟာမိတ်ဖွဲ့မှုအရ ရုရှားက ယူကရိန်းကို ကျူးကျော်သည်မှာ တရုတ်အတွက် ပြဿနာ မဟုတ်သကဲ့သို့ စစ်ကောင်စီက မြန်မာပြည်တွင်း၌ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည်ကလည်း တရုတ်အတွက် အရေးမကြီးတော့ပေ။ စစ်ကောင်စီသည် တရုတ်၏ ရုပ်သေးအစိုးရဖြစ်နေရန်သာ လိုပေသည်။
တရုတ်နှင့် သူ၏ လော်ဘီများသည် မြန်မာပြည်တွင်းပဋိပက္ခတွင် သူတို့ကူသည့်ဘက်က ငါးနှစ်အတွင်း အနိုင်ရမည်ဟူ၍ ပြောဆိုနေသည်ကို တွေ့မြင်ကြားသိနေရ၏။ ဓနအင်အား၊ စစ်အင်အား ကြီးမားလာပြီး စူပါ ပါဝါဖြစ်လာသော နိုင်ငံတိုင်း စွဲကပ်သည့် ဗိုလ်ကျရမ်းကားလိုပြီး အောက်ခြေလွတ်သည့်ရောဂါ တရုတ်တို့တွင် စွဲကပ်လာသည်မှာ အံ့ဩစရာ မရှိပေ။
ပြည်သူလူထုကို ဆန့်ကျင်ပြီး ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယားတို့တွင် အာဏာရှင်ဘက်မှ ဝင်ပါခဲ့ဖူး၍ အမေရိကန်နှင့် ရုရှားတို့ မရှုမလှ ဒုက္ခတွေ့ခဲ့ကြပြီ ဖြစ်၏။ တရုတ်တို့ကိုယ်တိုင်လည်း မြန်မာပြည်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အား ၁၅ နှစ်ခန့် ကူညီခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။ သို့သော်လည်း လက်ရှိ တရုတ်ခေါင်းဆောင်များက ငါတို့ဆိုလျှင် ဤသို့ဖြစ်မည်မဟုတ်ဟု ယူဆပြီး အောက်ခြေလွတ်နေပုံရသည်။
မြန်မာပြည်တွင်းစစ်မှာ တရုတ် ဘယ်လောက်အထိ ဝင်တိုက်မလဲ
ဤအချက်နှင့်ပတ်သက်၍ အစိုးရိမ်လွန်ပြီး ပြောဆိုတွက်ချက်သည် မဟုတ်ပေ။ လက်ရှိ လားရှိုးမြို့ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားခြင်းသည် တရုတ်တို့ သေနတ်မဖောက်ဘဲ ဝင်တိုက်သိမ်း၍ ရသွားခြင်းဖြစ်၏။
လက်ရှိလည်း တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်ထဲမှ မြို့ ငါးမြို့အား စစ်ကောင်စီဘက်က တရုတ်တို့ အကူအညီဖြင့် သိမ်းပိုက်ရန် ကြိုးစားနေသည်ကို အားလုံးအသိဖြစ်သည်။ ယခုအထိတော့ ဖိအားသုံးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖြတ် ငါးဖြတ်တို့ပြုလုပ်၍ သိမ်းပိုက်ပေးရန် ကြိုးစားနေသော်လည်း ဤသို့ပြုလုပ်၍ မရသည့် အဖွဲ့များ၊ အခြေအနေများနှင့် ကြုံပါက တရုတ်တို့ စစ်အင်အားမသုံးဟု အပြတ်မပြောနိုင်ပေ။
လက်ရှိ စစ်တပ်အနေအထားမှာ စစ်လက်နက်ကူရုံမျှနှင့် တော်လှန်ရေးတပ်ဖွဲ့များအား တိုက်ခိုက်အနိုင်ယူနိုင် မဟုတ်သည့်အပြင် တရုတ်တို့ ဖိအားပေးခြိမ်းခြောက်၍၊ ဖြတ် ငါးဖြတ်လုပ်၍ရသည့် တိုင်းရင်းသားတပ်ဖွဲ့နှင့် နယ်မြေမှာ မြန်မာတပြည်လုံး အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သာရှိ၏။ အကန့်အသတ်ရှိ၏။
သို့ဖြစ်ရာ တရုတ်တို့အနေဖြင့် မြန်မာပြည် ပြည်တွင်းစစ်တွင် စစ်ကောင်စီ အသက်ဆက်ရေးအတွက် မည်သည့်အတိုင်းအတာအထိ ပါဝင်လာနိုင်သည်ဆိုခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ စစ်ရေးအရ ပါဝင်ကူညီ တိုက်ခိုက်လာနိုင်ခြေအားလည်းကောင်း တော်လှန်ရေးတပ်ဖွဲ့များက ထည့်သွင်းတွက်ချက်ထားကြရန် လိုအပ်ပေလိမ့်သည်။ အထူးသဖြင့် အမေရိကန်ဆန့်ကျင်ရေး ကရင်မလင် မဟာမိတ်ဖွဲ့လာပြီးနောက်တွင် ပို၍ ဂရုပြုရန် လိုအပ်သည်။
အလားတူပင် နိုင်ငံတကာကလည်း မြန်မာပြည် ပြည်တွင်းစစ်၌ တရုတ်တို့၏ ပါဝင်ပတ်သက်မှုအား မပြတ်စောင့်ကြည့်လျက်ရှိကြ၏။ သို့ဖြစ်ရာ မြန်မာ့အရေးတွင် တရုတ်ပါဝင်သလောက် ကျန်နိုင်ငံကြီးများ ပါဝင်ပတ်သက်လာမှုကို ရှောင်လွှဲ၍ ရမည်မဟုတ်ပေ။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း
မင်းအောင်လှိုင် ရှီကျင့်ဖျင်နဲ့ တွေ့ခွင့်ရတော့ ဘာထူးလဲ (ရုပ်/သံ)
ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ
တုတ်ပြပြီး မုန့်ဝေနေတဲ့ တရုတ်လုပ် ဆွေးနွေးပွဲများ
ငလျင်ကြောင့် မြန်မာသည် တရုတ်လက်ခုပ်ထဲကရေ ပိုဖြစ်လာ
ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး
ပူတင်ပါလျှင် သေရွာအထိ လိုက်မည့် မင်းအောင်လှိုင်














