ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာတွေကို ခံနေရတယ်လို့ ဒေသခံပြည်သူတွေက ဧရာဝတီကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ဖားကန့်မှာ KIA ဟာ လူသစ် စုဆောင်းတာကို အရင်နှစ်တွေထက် ပိုမိုပြုလုပ်လာနေတာဖြစ်ပြီး လူငယ်အမျိုးသားတွေအပါအဝင် အမျိုးသမီးတွေပါ မချန် တပ်သားသစ်စုဆောင်းခံနေရတာလို့ ဖားကန့်မြို့ခံ အမျိုးသမီးတဦးက ဆိုပါတယ်။
KIA အနေနဲ့ အခုလို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းတာဟာ KIA/ KIO ရဲ့ မူဝါဒမဟုတ်ပေမယ့် တော်လှန်ရေးကာလအတွင်း အတူတကွ တိုက်ပွဲဝင်ရမယ့်ကာလဖြစ်တာကြောင့် ဖြစ်တယ်လို့ KIA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













