• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဘုရားရှိခိုးနည်း ဝေမျှပေးခဲ့တဲ့ သရုပ်ဆောင် ခင်သဇင်

by ယုဖြူဟန်
30 December 2020
in Entertainment
A A
သရုပ်ဆောင် ခင်သဇင်  / Khin Thazin's Facebook

သရုပ်ဆောင် ခင်သဇင် / Khin Thazin's Facebook

6.9k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့ရက်ပိုင်းက ဆိုရှယ်မီဒီယာမှာ ဘုရားရှိခိုးလို့ iPhone ရခဲ့တယ်ဆိုတဲ့ အင်တာဗျူးတခုဟာ လူအများကြား ပျံ့နှံ့သွားခဲ့တဲ့အတွက် ဖြေဆိုခဲ့သူ သရုပ်ဆောင် ခင်သဇင်ဟာ သူ ဘုရားရှိခိုးတဲ့ အကြောင်းကို အခုလိုပဲ ဝေမျှခဲ့ပါတယ်။

“ဘုရားရှိခိုးနည်းဆိုတာက အတည်ကြီး ပြောတာလားဆိုတော့ မဟုတ်ဘူး။ နောက်ပြီး ပြောလိုက်တာ။ ကိုယ်ထင်တဲ့ဟာက ဘာလဲဆိုတော့ ဒီလတွေမှာ ခင်သဇင်က ဘုရားကို ပိုပြီးတော့ ရှိခိုးဖြစ်တယ်။ ပဋ္ဌာန်းကို ရွတ်လာတာ ၈ နှစ် ရှိပြီ။ ပဋ္ဌာန်းကို တနေ့ကို တခေါက်ပဲ ရွတ်တာ။ အိုင်ဖုန်း ရချင်မှ ရမှာနော်။ ဒါပေမဲ့ ထူးခြားတဲ့ဖြစ်စဉ်တွေ ဖြစ်လာဖို့အတွက် ဘာပဲရရ ထူးထူးခြားခြားဖြစ်စဉ် တခုပဲပေါ့” လို့ ခင်သဇင်က ပြောပါတယ်။

လူတယောက်နဲ့ တယောက် ကုသိုလ်ကံ မတူတဲ့အတွက် သူ့လို iPhone ရချင်မှရမှာ ဆိုပေမယ့် ဘယ်ဘာသာပဲရှိခိုးရှိခိုး ကောင်းတာပဲလို့ ဆိုပါတယ်။

သရုပ်ဆောင် ခင်သဇင် (ဓာတ်ပုံ – Khin Thazin’s Facebook)

“အိုင်ဖုန်းတော့ ရချင်မှ ရမယ်နော်။ လူတယောက်နဲ့ တယောက် ကုသိုလ်ကံ မတူပါဘူးနော်။ ခင်သဇင်အိုင်ဖုန်းရပေမယ့် တခြား ကုသိုလ်ကံ နည်းတဲ့သူတွေက တခြားတရုတ်ဖုန်းပဲ ရချင်ရမှာပေါ့။ တခုခု ရချင်လို့ ဘုရားရှိခိုးတာတော့ မကောင်းပါဘူး။ ဘယ်ဘာသာတရားကို ရှိခိုးရှိခိုး ဘုရားရှိခိုးတယ်ဆိုတာကောင်းတာချည်းပဲ” လို့ ခင်သဇင်က ပြောပါတယ်။

ဘုရားရှိခိုးလို့ iPhone ရတာ မဟုတ်ပေမယ့် ဘုရားရှိခိုးတဲ့အတွက် ကိုယ်လိုချင်တဲ့ ပစ္စည်း ရောက်လာတာမျိုး ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ခင်သဇင် (ဓာတ်ပုံ – Khin Thazin’s Facebook)

“ခင်သဇင် ဘုရားရှိခိုးတဲ့အတွက်ကြောင့် ကိုယ်လိုချင်ပြီး တောင့်တလိုက်တဲ့ အရာတခုက ရောက်လာခဲ့တယ်။ အဲ့လိုပဲ လူတိုင်းမှာ လိုချင်တဲ့အရာ ဆိုတာ ရှိတယ်။ ဥပမာ ချစ်သူနဲ့ အဆင်ပြေချင်တာ၊ အိမ်ကမိသားစုနဲ့ အဆင်ပြေချင်တာ တခုခုပေါ့။ လိုချင်တဲ့အရာတွေ ရှိရင် လက်ထဲ ရောက်လာတာပေါ့။ အဲ့တုန်းကလည်း ခင်သဇင့် ဖုန်းက ကွဲနေတာ ပရိသတ်ကတောင် လာပြောတယ်။ ဒါပေမဲ့ မလဲသေးဘူး”

“ကိုဗစ်ကာလလည်း ဖြစ်နေတော့ လဲဖို့တော့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ချိန်နေတာပေါ့။ နိုင်ငံခြားကိုတော့ မှာလိုက်တယ်။ မွေးနေ့နဲ့လည်း တိုက်နေတော့ အိုင်ဖုန်း လက်ဆောင် ရလိုက်တယ်။ လူတွေ ဝိုင်းနောက်နေသလို ဘုရားရှိခိုးလို့ အိုင်ဖုန်းရတာ မဟုတ်ဘူး။ ဘုရားရှိခိုးလို့ ကိုယ်လိုချင်တဲ့ပစ္စည်း လက်ထဲ ရောက်လာတယ်။ အဲ့လိုမျိုး” လို့ ခင်သဇင်က ပြောပါတယ်။

ပဋ္ဌာန်း ရွတ်လာတာ ၈ နှစ်ရှိပြီဖြစ်ပြီး ၅ ပါးသီလကိုလည်း လုံအောင် စောင့်ထိန်းတယ်လို့ ဆိုပါတယ်။

“ခင်သဇင်က ၅ ပါးသီလကို စောင့်ထိန်းပါတယ်။ အနုပညာအလုပ်ကို လုပ်နေတော့ ဒိုင်ယာလော့တွေ ပြောရတဲ့အခါ မုသာဝါဒနဲ့ ငြိနေလား၊ မငြိနေလားတော့ မသိဘူး။ ဒါပေမဲ့ ဒိုင်ယာလော့တွေ ပြောပြီး သူများ စိတ်အပန်းပြေအောင် လုပ်နေရတဲ့အတွက်ကြောင့် မုသာဝါဒနဲ့ ငြိလည်း မတတ်နိုင်ဘူး။ ဒါကိုယ့်အလုပ်ပဲ ဆိုတော့။ သူများဘဝ ပျက်လောက်အောင်၊ သူများ ဒုက္ခရောက်လောက်အောင်၊ သူများ စီးပွားပျက်လောက်အောင် မညာဘူး”

“တနေ့ကို ပဋ္ဌာန်းကို ၂ ခေါက် ရွတ်တယ်။ ရွတ်တဲ့အခါမှာလည်း အိမ်စောင့်နတ် နတ်တွေကို ပင့်ဖိတ်တယ်။ မမြင်အပ် မကြားအပ်တဲ့ ပုဂ္ဂိုလ်တွေလည်း အဝေးကို ခဏဖယ်ပေးဖို့ ပြောတယ်။ ကိုးနဝင်း ဝင်တယ်။ အရက်သေစာကို လုံးဝ မသောက်ဘူး။ ၅ ပါးသီလကို လုံအောင် ထိန်းတယ်။ ကာယကံ၊ ဝစီကံ၊ မနောကံကို ထိန်းတယ်။ လောဘ၊ ဒေါသ၊ မောဟကတော့ ထိန်းတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ခင်သဇင်က ဒီနှစ်မွေးနေ့မှာတော့ တိုက်ဆိုင်စွာဖြင့် အသစ်ထွက်ရှိတဲ့ iPhone 12 Pro Max ၃ လုံးကို လက်ဆောင်အဖြစ် ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ကတိပေးထားတဲ့အတိုင်း သူ့ရဲ့ဘုရားရှိခိုးနည်းကို Facebook မှာ Live လွှင့်ကာ ပြန်လည် ဝေမျှခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

မိုးကလျာ ဇာတ်ကောင်ကို ပရိသတ် မုန်းအောင် ကြိုးစားထားတဲ့ ခင်သဇင်

Your Thoughts …
Tags: ဘုရားရှိခိုးနည်းသရုပ်ဆောင် ခင်သဇင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် ခင်သဇင်  / Khin Thazin's Facebook

ဟင်းချက်ပြီး ရောင်းရငွေ အမြတ် ၅၀ရာခိုင်နှုန်းကို ပြန်လှူဒါန်းမယ့် ခင်သဇင်

by ယုဖြူဟန်
13 May 2020
6.1k

"ငွေကြေးက အနည်းအများပဓာန မဟုတ်ပေမယ့် ရောင်းချသူ အနေနဲ့လည်း ရောင်းရငွေလေး မြင်ရတော့ ပျော်ပါတယ်”လို့ ခင်သဇင်က ပြောပါတယ်။

ခပ်ချေချေ တေးစီးရီးပွဲမှာ တွေ့ရတဲ့ ခင်သဇင်

လောကကြီးမှာ အဆိုးနဲ့ကြုံလာလေ ပိုပြီးတောက်ပလေ ဆိုတဲ့ ခင်သဇင်

by ယုဖြူဟန်
27 April 2018
4.8k

သူမကတော့ ၂၀၁၂ခုနှစ်တွင် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာ အကြောင်း အမျိုးမျိုး ကြောင့် အနုပညာအလုပ်များကို ဆက်မလုပ်ဖြစ်တော့ဘဲ ၂၀၁၇ခုနှစ်မှစတင်ကာ ပြန်လည်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

Next Post
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အမှတ် ၂ ချစ်ကြည်ရေး တံတားမှတဆင့် မြန်မာနိုင်ငံသို့ ပြန်ဝင်ကြမည့် ရွှေ့ပြောင်း လုပ်သားများ  / ကျော်ခ / ဧရာဝတီ

တရားမဝင် လုပ်သားများကို တရားဝင် နေထိုင်ခွင့် ပြုလုပ်ပေးရန် ထိုင်းဆုံးဖြတ်

သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၈(က)၊ နည်းဥပဒေ ပုဒ်မ ၈၇ တို့အရ မဲပေးခဲ့ကြသည့် တပ်မတော် သားများ အနေဖြင့်လည်း မဲဆန္ဒရှင်အနေဖြင့် ကန့်ကွက်လွှာ တင်သွင်းခွင့်ရှိသည်။  / ဧရာဝတီ

ရွေးကောက်ပွဲ ရလဒ် တပ်မတော် ကန့်ကွက်လွှာတင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved