Event

ရန်ကုန်နဲ့ အနီးဆုံးမှာ အပန်းဖြေလို့ရမယ့် သန်လျင် မြမြင့်မိုရ်ဟိုတယ်က Ti Ki Bar ဖွင့်ပွဲ

ရန်ကုန်နဲ့ မလှမ်းမကမ်းမှာ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတဲ့ သန်လျင် တံတားအဆင်း မြမြင့်မိုရ်ဟိုတယ်ဝင်းထဲက Ti Ki Bar ဆိုင်ဖွင့်ပွဲကို မေလ ၁၀ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ သန်လျင်ဘက်ကို Night out ထွက်တဲ့အခါ သွားရောက်မြည်းစမ်း ကြည့်စရာ နေရာအသစ်တခုအနေနဲ့ ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေကို ဖော်ပြပေးချင်ပါတယ်။

သန်လျင်မြို့မှာ အသစ်ဖွင့်လှစ်ထားတဲ့ Ti Ki Bar ဆိုင်/ထက်ဝေ/ဧရာဝတီ

ဆိုင်နာမည်နဲ့ လိုက်ဖက်အောင် ဆိုင်ရဲ့ Decoration ကို လူရိုင်းရုပ်ခပ်များများနဲ့ အလှဆင်ထားပြီး ဆိုင်ရဲ့ ထိုင်ခုံတွေကအစ လူရိုင်းရုပ်တွေနဲ့ ပုံဖော်ထားပါတယ်။ ဝင်ဝင်ချင်းမှာ ဘားကောင်တာနဲ့ Private ခန်း ၂ ခန်း၊ အပြင်ဘက်မှာ အေးအေးဆေးဆေး စားသောက်ချင်သူတွေအတွက်လည်း ထိုင်ခုံတွေကို ခင်းကျင်းပေးထားပါတယ်။ အစားအသောက်တွေ အနေနဲ့ကတော့ တရုတ်ဟင်းပွဲတွေအပြင် အဓိကအနေနဲ့ကတော့ မှာယူကာမှ ချက်ချင်းချက်ပြုတ်ပေးတဲ့ လတ်လတ်ဆတ်ဆတ် မြန်မာဟင်းလျာတွေကို မှာယူစားသောက်နိုင်မှဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံတဲ့အခါ ဒီဆိုင်က မြန်မာဟင်းလျာတွေက အဆင်ပြေစေတယ်လို့ မြင်မိပါတယ်။ ဟင်းပွဲဈေးနှုန်းတွေကလည်း ၂၀၀၀ ကနေ ၇၀၀၀ ဝန်းကျင်လောက်ထိပဲ ရှိတာကြောင့် ဈေးနှုန်း သင့်တင့် တယ်လို့ ပြောလို့ရပါတယ်။

သန်လျင်မြို့မှာ အသစ်ဖွင့်လှစ်ထားတဲ့ Ti Ki Bar ဆိုင်/ထက်ဝေ/ဧရာဝတီ

သောက်စရာတွေအနေနဲ့ကတော့ ဘီယာအပြင် ကော့တေးနဲ့ ဝိုင်အမျိုးမျိုး ၊နိုင်ငံခြားအရက်တွေ စုံစုံလင်လင်နဲ့ ရရှိနိုင်မှာ ပဲ ဖြစ်ပါတယ်။ Anniversary တွေနဲ့ ပါတီပွဲတွေအတွက်လည်း ဆိုင်ရှေ့ကဟိုတယ်ရဲ့ မြက်ခင်းပြင်မှာ ကျင်းပ ပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ မိသားစု ၊ သူငယ်ချင်းတွေနဲ့ ရန်ကုန်မြို့ကနေထွက်ပြီး အေးအေး လူလူ အနား ယူချင်သူတွေအတွက်တော့ သန်လျင်မြမြင့်မိုရ်ဟိုတယ်ဝင်းထဲက Ti Ki Bar ဆိုင်လေးက အဆင်ပြေစေမှာ ဖြစ်တာကြောင့် ဒီဆိုင်ကို ညွှန်းဆိုဖော်ပြလိုက်ပါတယ်။

Loading