• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Food

ရခိုင်အရသာ စစ်စစ်နဲ့ နေပြည်တော်က “OMG ရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်”

by ဖေသက်ထက်ခင်
7 February 2018
in Food
A A
ပင်လယ်စာ အစုံပါတဲ့ "ကိုတံငါဟင်း"  / ဖေသက်ထက်ခင် / ဧရာဝတီ

ပင်လယ်စာ အစုံပါတဲ့ "ကိုတံငါဟင်း" / ဖေသက်ထက်ခင် / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

ယခုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပွက်ပွက်ဆူနေတဲ့ အရည်ထဲ ပင်လယ်စာ၊ အသားငါးတွေ၊ အသီးအရွက်တွေ ထည့်ပြုတ်ပြီး စားရတဲ Hot Pot ကို ကြိုက်နှစ်သက်စွာ စားသုံးလာကြပါတယ်။ “ထိုင်းတုန်ယမ်း” ၊ “စီချွမ်” ၊ “ယူနန်” ၊ “မာလာ” စတဲ့ Hot Pot တွေ အများကြီး ရှိပေမယ့် “မြန်မာဆန်ဆန် Hot Pot” ဆိုတာမျိုး မတွေ့ရသေးပါဘူး။

ဒါကို ပြုလုပ်ရောင်းချဖို့ ရခိုင်လူမျိုးဖြစ်တဲ့ ကိုနိုင်ဇော်က အကြံရခဲ့ပါတယ်။ “ငယ်ငယ်က အမေတို့ရွာမှာ ချက်ကျွေးသလို Traditional (ရိုးရာ) ငါးသောက်စမ်း ပုံစံဟင်းချိုကို Hot Pot ဟင်းချိုအဖြစ် ပေါင်းစပ် ဖန်တီးလိုက်တယ်” လို့ ကိုယ်တိုင် စားဖိုမှူးလည်းဖြစ်၊ “OMG ရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်” ပိုင်ရှင်လည်း ဖြစ်တဲ့ ကိုနိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။

သူက ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝါလမ်းဆုံ အနီးမှာ “OMG ရခိုင်ချဉ်ငံစပ် Hot Pot” ဆိုပြီး စတင် ဆိုင်ဖွင့်ခဲ့ပြီး နေပြည်တော်မှာ အခုဆို ဆိုင်ခွဲ ၂ ဆိုင် ထပ်ဖွင့်ထားတယ်လို့ သိရပါတယ်။ ရန်ကုန်၊ မန္တလေးတို့မှာလည်း OMG ဆိုင်ခွဲတွေ ထပ်ဖွင့်သွားမယ်လို့ ကိုနိုင်ဇော်က ဆိုပါတယ်။

စာရေးသူအနေနဲ့ နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ရာဇဌာနေ လမ်း၊ နှင်းဆီပန်းအဝိုင်းနားမှာ ရှိတဲ့ “OMG ရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်”ကို သွားရောက်ခဲ့ပါတယ် ။ “OMG ဆိုင်” အားလုံးလိုလိုရဲ့ အပြင်အဆင်က တခမ်းတနားကြီး မဟုတ်ဘဲ သက်သောင့်သက်သာနဲ့ လွတ်လွတ်လပ်လပ် ဖြစ်အောင် စီစဉ်ထားတာ တွေ့ရပါတယ်။

“OMG ရခိုင်ချဉ်ငံစပ် Hot Pot” ဆိုင် (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

“OMG ဆိုင်”မှာ ဈေးအနည်းဆုံး ဟင်းလျာအဖြစ် ရခိုင်မုန့်တီကို တပွဲ ၂၀၀ ကျပ်နဲ့ မှာယူ ရောင်းချပေးတာ တွေ့ရပါတယ်။ အခုလို ဆောင်းတွင်းကာလမှာ OMG ရဲ့ ရခိုင်ချဉ်ငံစပ် ဟင်းရည်တွေက လိုက်ဖက်မှုရှိမှာ အမှန်ပါ။ “OMG” ဆိုင်က ရခိုင်အရသာစစ်စစ်ကို ဖော်ကျူးပေးနိုင်တဲ့ ဆိုင်တဆိုင်ဖြစ်ပြီး တခြား ပင်လယ်စာ ဟင်းလျာ တွေလည်း အရသာ မဆိုးလှပါဘူး။

“ရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်” မှာ အရောင်းရဆုံးဖြစ်တဲ့ ဟင်းလျာတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်မှာ Hot Pot စားမယ်ဆိုရင် “ရခိုင်ချဉ်ငံစပ် ဟင်းရည်အရသာ” အပြင် “ထိုင်းတုန်ယမ်း နဲ့ တရုတ်ဟင်းရည်” တို့ကိုပါ အခမဲ့ ရပါတယ်။ ဟင်းရည်ကို လိုသလောက် အခမဲ့ပေးထားပြီး ထည့်စားမယ့် ပင်လယ်စာ၊ အသားနဲ အသီးအရွက်တွေ အတွက်ပဲ မှာသလောက် ကျသင့်ငွေ ငွေရှင်းရတာပါ။

ဆိုင်ရဲ့ အမှတ်အသားဖြစ်တဲ့ “ရခိုင်ချဉ်ငံစပ် Hot Pot ဟင်းရည်”ရဲ့ အရသာ အကြောင်း ပြောပြချင်ပါတယ်။ Hot Pot အရည်ချည်းပဲ တဇွန်း အရင်မြည်းကြည့်လိုက်တာနဲ့ ရခိုင်အရသာ ချဉ်ငံစပ်ကို တန်းခနဲ ခံစားမိပါတယ်။ ကိုယ်ကြိုက်တဲ့ ပင်လယ်စာ၊ အသားငါး၊ အသီးအရွက်တွေ ထည့်ပြီး သူတို့က ထွက်လာတဲ့ ချိုတဲ့ အရသာနဲ့ နဂိုဟင်းရည်က ချဉ်ငံစပ် အရသာ တွဲဖက် လိုက်တဲ့အခါ အရသာက လျှာပေါ်မှာ ဆွေမျိုးမေ့ပါ။

“OMG ရခိုင်ချဉ်ငံစပ် Hot Pot” (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

Hot Pot ထဲက အသားတွေ၊ ပင်လယ်စာတွေနဲ့ တွဲဖက်စားတဲ့ Hot Pot ရဲ့အသက် ဆော့စ် အချဉ်ကလည်း တခြား ဟော့ပေါ့ဆိုင်တွေမှာ သိပ်မတွေ့ရတဲ့ ရခိုင်အရသာစစ်စစ် လက်လုပ် အချဉ်ရည်ပါ။ အချဉ်ရည်က ချဉ်ချဉ်စပ်စပ်နဲ့ Hot Pot ထဲက အသားတွေရဲ့ အရသာနဲ့ တော်တော် အစပ်အဟပ် တည့်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Hot Pot ထဲ ထည့်စားရမယ့် အသီးအရွက်တွေက ဈေးနှုန်းအနေနဲ့ တပွဲ ၅၀၀ ကျပ်ကနေ စပြီး ကြက်၊ ဝက်၊ အမဲ ၊ ပင်လယ်စာအစုံ စတဲ့ အသားငါးတွေကတော့ လူသုံးယောက်စာ တပွဲကို ဈေးနှုန်း ကျပ် ၁၅၀၀ ကနေ ၅၀၀၀ ကျပ်အထိ အစားစား ရှိတယ်လို့ သိရပါတယ်။  အဲဒီ အသားငါးတွေ အပြင် ထူးခြားတဲ့ တောဝက်သား၊ ဂျီသား တို့ကိုပါ ရရှိနိုင်ပါတယ်။

စာရေးသူ မြည်းစမ်းခဲ့တဲ့ ဟင်းလျာများ (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

နောက်ထပ် OMG ဆိုင်မှာ အရောင်းရဆုံး ဟင်းလျာက “ကိုတံငါဟင်း” ပါ။  ဒီဟင်းက “ပုဇွန် ၊ ခရု ၊ ဂဏန်း”တွေကို ရခိုင်အရသာပေါ်အောင် ချက်ထားတာပါ။ ဟင်းပွဲထဲမှာ မန်ကျည်းသီးအစိမ်းကို အတောင့်လိုက် ထည့်ထားပြီး ကြက်သွန်ဖတ် အကြီးတွေကို ဒီအတိုင်း ထည့်ထားတာကလည်း တံငါသည်တဦး အမှန်တကယ် ချက်ထားတဲ့ ဟန်ကို ပေါ်လွင်စေပါတယ်။ အထူးခြားဆုံးက အဲဒီဟင်းကို စားတဲ့အခါ နွေးနေအောင် ဟင်းပွဲရဲ့အောက်မှာ မီးတငွေ့ငွေ့ ဖြစ်နေတဲ့ မီးသွေးခဲကို ထည့်ထားတာပါ။

ဟင်းပွဲအရည်ကို မြည်းကြည့်လိုက်တာနဲ့ အရင်ဆုံး ခံစားရမှာက ရခိုင်ငပိစစ်စစ်ရဲ့ အရသာပါ။ အဲဒီအရသာက ဟင်းပွဲ တခုလုံး အရသာကို ဆွဲဆောင်သွားစေပါတယ်။ အဲဒီအရသာ အနောက်မှာ လျှာကို ပူခနဲ ဖြစ်သွားစေမယ့် အစပ်အရသာ ပေါ်လာပါတယ်။ ပြီးမှ သဘာဝအတိုင်း ချိုနေချဉ်နေတဲ့ ခရမ်းချဉ်သီး၊ မန်ကျည်းသီးတို့ရဲ့ အရသာကို ခံစားမိပါတယ်။

ပုဇွန်အကောင်ကြီးတွေ၊ ကဏန်းအကောင်ကြီးတွေနဲ့ ချက်ပြုတ်ထားတဲ့ “ကိုတံငါ” ဟင်းလျာတပွဲကို ဈေးနှုန်း ၅၀၀၀ ကျပ် နဲ့ မှာစားနိုင်ပါတယ်။ ပင်လယ်စာကြိုက်တဲ့ သူတွေအတွက် ဒီဈေးနှုန်းက သင့်တော်တဲ့ ဈေးနှုန်းပါ။ ပင်လယ်စာတွေကို ရခိုင်ပြည်ကနေ မှာယူတာဖြစ်ပြီး လတ်လတ်ဆတ်ဆတ်ရှိဖို့ ၂ရက်၊ ၃ရက် တခါ အသစ်မှာတယ်လို့ သိရပါတယ်။

ကဏန်းမဆလာဟင်း (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

အဲဒီဟင်းလျာတွေပြီးရင် OMG ဆိုင်မှာ အရောင်းရဆုံးက ကဏန်းမဆလာဟင်းပါ။ ဟင်းအနှစ်ကို မြည်းလိုက်တာနဲ့ ပျဉ်းတော်သိမ်းရွက်နဲ့ မဆလာရဲ့ အမွှေးနံ့၊ ကြက်ဥနဲ့ ရောနေတဲ့ ကဏန်း အရသာအချို၊ အစပ် အရမ်းမကဲတဲ့ ငရုတ်သီးခြောက် အမွှေးနံ့တို့ကို တပြိုင်တည်း ခံစားမိပါတယ်။

ဆိုင်မှာ ပင်လယ်စာ ဟင်းလျာတွေအပြင် အခြား ဟင်းလျာများအနေနဲ့ “ရခိုင်ထမင်းကြော်၊ မြေအိုးရခိုင်ချက်၊ ပင်လယ်စာ အစုံသုတ်၊ တောဝက်သားရခိုင်ချက်” စတဲ့ ဟင်းလျာတွေကို မှာယူနိုင်ပါတယ်။ နေပြည်တော်မှာ အခုလို လာရောက် ဖွင့်ထားတဲ့ “OMG ရခိုင်ချဉ်ငံစပ်  Hot Pot ဆိုင်” က ဒေသခံတွေရဲ့ ပါးစပ်ဖျားမှာ ရေပန်းစား နေတာကြောင့် ဧရာဝတီ အစားသောက် ကဏ္ဍကနေ မိတ်ဆက်ပေးလိုက်ပါတယ်။

“OMG ရခိုင်ချဉ်ငံစပ် Hot Pot” ဆိုင် (ဓာတ်ပုံ – ဖေသက်ထက်ခင်/ ဧရာဝတီ)

ဆိုင်လိပ်စာ – “OMG ရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်”

နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်၊ ရာဇဌာနေ လမ်း၊ နှင်းဆီပန်းအဝိုင်းနား။

Your Thoughts …
Tags: OMGရခိုင်ချဉ်ငံစပ် Hot Pot ဆိုင်
ဖေသက်ထက်ခင်

ဖေသက်ထက်ခင်

ဧရာဝတီ

Similar Picks:

No Content Available
Next Post
ဗေဒင်ဆရာ အောင်ချစ်ပို ကို အမှုဖွင့်ရတဲ့အကြောင်း ရှင်းပြလိုက်တဲ့ သရုပ်ဆောင် ဒိန်းပိုပိုဒေါင် (ရုပ်/သံ)

ဗေဒင်ဆရာ အောင်ချစ်ပို ကို အမှုဖွင့်ရတဲ့အကြောင်း ရှင်းပြလိုက်တဲ့ သရုပ်ဆောင် ဒိန်းပိုပိုဒေါင် (ရုပ်/သံ)

ဖိုက်တင်မင်းသား ရဲမင်းပိုင် / ရဲမင်းပိုင် Facebook

ဖိုက်တင်မင်းသား“ရဲမင်းပိုင်” သရုပ်ဆောင် ပြန်လုပ်တော့မည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved