• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ

by ချစ်ဖေ (တောင်တွင်းမြေ)
25 December 2017
in Health
A A
အမျိုးသမီးတယောက်ဟာ အချိန်ဘယ်လောက်ကြာ လိင်ဆက်ဆံလိုစိတ်ရှိသလဲ
93k
VIEWS
Share on FacebookShare on Twitter

သက်ရှိတို့ရဲ့ သဘောသဘာဝအရ လိင်ဆက်ဆံမှုပြုခြင်းဟာ သဘာဝ တရားတခုဖြစ်ပြီး ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသိဉာဏ်ရှိတဲ့ လူသားတို့ အနေနဲ့တော့ လူမြင်ကွင်းမှာ လုပ်ဆောင်ဖို့ မသင့်တဲ့ စည်းကမ်း သတ်မှတ်ချက်ထားရှိ နေထိုင်ကြပြီး အထူးသဖြင့် ကျနော်တိ့ု အရှေ့ပိုင်း နိုင်ငံတွေမှာ လိင်မှု ရေးရာကို ပိုမို ထိန်းချုပ် နေထိုင်ကြပါတယ်။ ဒါပေမယ့် အခု ဆောင်းပါးကိုလည်း လိင်ပညာပေးအနေနဲ့ ရေးသားထားတာဖြစ်ပြီး ဗဟုတုတအနေနဲ့ ဖတ်ထားဖို့တော့ ကောင်းပါတယ်။ ဒါကလည်း တခြား နိုင်ငံတွေမှာလို လိင်ပညာပေးမှုက ပြည်တွင်းမှာ အားနည်းလို့ ဖတ်မိတာလေးတွေဝေမျှခြင်း ဖြစ်ပါတယ်။

လိင်ဆက်ဆံမှုနဲ့ ဇီဝသဘောတရား၊ ကိုယ်ခန္ဓာတည်ဆောက်ပုံ၊ ဟော်မုန်းတွေအရ အမျိုးသမီးတွေဟာ လိင်စိတ်ပိုကြီးတယ်လို့ ဆိုကြပါတယ်။ ပြည်တွင်းအနေနဲ့ အဓိကကြည့်ပြီး ပြောရရင် လူငယ်တွေအကြားမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လိင်စိတ် ၈ ဆပိုကြောင်း၊ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှု အချိန် ကြာလေလေ သဘောကျနှစ်သက်ကြောင်း သိထားကြပေမယ့် ဒါက ပျံ့နှံ့လွယ်တဲ့ အကြောင်းအရာတွေဖြစ်ပြီး လက်တွေ့လေ့လာချက်တွေ၊ သတ်မှတ်ချက်တွေ တိတိကျကျတော့ မရှိလှပါဘူး။

ဒါပေမယ့် သက်ရှိတဦးဖြစ်တဲ့ အမျိုးသမီးတွေမှာလည်း အချိန် အတိုင်းအတာတခု၊ အကန့်အသတ်တခုအထိပဲ လိင်ဆန္ဒရှိမှာ အသေအချာပါ။ ဆန္ဒပြီးမြောက်ခြင်းဆိုတဲ့ အနေအထားမှာတော့ ချစ်သူ နှစ်ဦးကြား ကျေနပ်မှုရရှိ အဆင်ပြေမှာလည်း ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
93
သဇင်ပန်း

သဇင်ပန်း

10 January 2026
122
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308

အခု လေ့လာချက်အသစ်အရတော့ အမျိုးသမီးတွေရဲ့ လိင်ဆက်ဆံမှုအတွက် အချိန် ဘယ်လောက်ကြာ ပျမ်းမျှ အလိုရှိတယ်ဆိုတာကို သိလာရပါတယ်။ အခု လေ့လာချက်ကို လုပ်ဆောင်ခဲ့တာကတော့ Dating Website တခုဖြစ်တဲ့ Saucy Dates ကနေ ဖြစ်ပါတယ်။ Dating Website ဆိုတာကတော့ အလွယ်ပြောရရင် အောင်သွယ်လုပ်ပေးတဲ့ အွန်လိုင်းဝန်ဆောင်မှု တခုပါ။ ဒီ ဝန်ဆောင်မှုလုပ်ငန်းကနေ ကမ္ဘာအနှံ့အပြားက ကျား၊ မ မခွဲဘဲ သူ့ရဲ့ ဖောက်သည် ၄၀၀၀ လောက်ကို မေးခွန်း ၂ ခု မေးပြီး လေ့လာချက်လုပ်ခဲ့တာပါ။ မေးခွန်း ၁ က ဘယ်လောက် အချိန်ကြာကြာ လိင်ဆက်ဆံသလဲ ဆိုတာရယ်၊ မေးခွန်း ၂ က ဘယ်လောက် အချိန်ကြာမှာ လိင်ဆန္ဒပြီးမြောက်ချင်သလဲ ဆိုတာပါပဲ။ တကယ်တော့ မေးခွန်းနှစ်ခုဆိုပေမယ့် လိင်ဆက်ဆံမှု အချိန် ဘယ်လောက်လဲလို့ မေးထားခြင်းတွေပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ သိလာရတဲ့ အဖြေက ပျမ်းမျှအနေနဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံမှု တကြိမ်မှာ ၂၅ မိနစ်နဲ့ ၅၁ စက္ကန့်လောက် ယူပါတယ်၊ အမျိုးသားတွေမှာတော့ ၂၅ မိနစ်နဲ့ ၄၃ စက္ကန့်လောက် ပျမ်းမျှ ကြာမြင့်တာ တွေ့ရ ပါတယ်။

ဒါက နိုင်ငံတကာ ဖြေဆိုသူတွေရဲ့ အချိန်အားလုံးကို ပျမ်းမျှ ပြန်တွက်ထားတာဖြစ်ပြီး နိုင်ငံအလိုက်ဆိုရင် အမေရိကန်နိုင်ငံက အမျိုးသားတွေဟာ အခြား နိုင်ငံသားတွေထက် လိင်ဆက်ဆံမှုအချိန် ပိုကြာတာကိုလည်း တွေ့လာရပါတယ်။ အမေရိကန်နိုင်ငံသား အသက် ၃၁ နှစ်အရွယ် အမျိုးသားတဦးဟာ ပျမ်းမျှ လိင်ဆက်ဆံချိန် ၁၇ မိနစ်နဲ့ ၅ စက္ကန့်ကြာပေမယ့် အင်္ဂလန်က အဆိုပါ ၃၁ နှစ်အရွယ် အမျိုးသားကတော့ ၁၆ မိနစ်နဲ့ ၅၈ စက္ကန့်လောက်ပဲ ကြာတာတွေ့ရပါတယ်။

အခုလေ့လာချက်နဲ့ ဆောင်းပါးဟာ Reader Digest လို နာမည်ကျော် မဂ္ဂဇင်းတွေအပြင် New York Post လို သတင်းစာတွေမှာပါ ဖော်ပြထားတာတွေ့ရပြီး လေ့လာချက်ကို ကမ္ဘာ့မီဒီယာ အသိုင်းအဝိုင်းကလည်း လက်ခံ ထားတာ တွေ့ရပါတယ်။ ဒါဆိုရင်တော့ မြန်မာလူငယ်တွေအကြား လိင်ဆက်ဆံမှု အချိန်ကြာလေလေ အဆင်ပြေကောင်းမွန်တယ်ဆိုတဲ့ အသိတခုကို အခြေအမြစ်မရှိဘဲ ယုံကြည်နေမယ့်အစား အခု လေ့လာချက် မှာ သိထားရသလို အမျိုးသမီး တယောက်ဟာ လိင်ဆက်ဆံမှုတကြိမ်မှာ ပျမ်းမျှ ၂၅ မိနစ် ဝန်းကျင်မှာ လိင်ဆန္ဒ ပြီးမြောက် ကျေနပ်တယ်ဆိုတာ ပြောင်းလဲ မှတ်သားထားဖို့တော့ လိုအပ်နေပါပြီ။

www.rd.com တွင်ဖော်ပြထားတဲ့ This is exactly how long women want sex to last ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: လိင်ဆက်ဆံမှုအမျိုးသမီး
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

အချုပ်ကျ အမျိုးသမီးကို မုဒိမ်းကျင့်သည့် ပ.လ.ဖ အဖွဲ့ဝင်များ အရေးယူခံရမည်

by ဧရာဝတီ
7 August 2023
8.2k

ကျူးလွန်သူ ၈ ဦးကို မြို့နယ်အချုပ်ထောင်တွင် ဖမ်းဆီးထားပြီး တာဝန်များအားလုံးကို ရပ်ဆိုင်းထားကြောင်း၊ အလားတူ ကျူးလွန်ခံရသည့် အမျိုးသမီးကိုလည်း တာဝန်မှရပ်ကာ သာမန်ပြည်သူအဖြစ် စောင့်ရှောက်ထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

အမျိုးသမီးအခွင့်အရေး ချိုးဖောက်သော စကြာမင်းဆေးဝါးစက်ရုံ ရဲဝင်စစ်

by ဧရာဝတီ
27 March 2025
8.2k

ဖြစ်စဉ်မှာ ယခုလ ၂၄ ရက်က စက်ရုံအမှိုက်ပုံး၌ လစဉ်သုံးပစ္စည်း စွန့်ပစ်သဖြင့် အမျိုးသမီးအလုပ်သမား ၄၀ ကျော်ကို CCTV တပ်ထားသော နေရာ၌ ဓမ္မတာလာမလာ တဦးချင်း လုံခြည်လှန်၍ စက်ရုံမှ တာဝန်ရှိ အမျိုးသမီးတဦးက ကာယအိန္ဒြေပျက်သည့်အထိ...

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

အစည်းအဝေး၌ စကားပြောရယ်မောသည့် အမျိုးသမီးနှစ်ဦး ပ.က.ဖ ရိုက်နှက်

by ဧရာဝတီ
9 August 2023
7.2k

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်၊ နှော်ကျေးရွာတွင် အစည်းအဝေးပြုလုပ်နေချိန် စကားပြောရယ်မောသည်ဟူသော အကြောင်းပြချက်ဖြင့် အမျိုးသမီးနှစ်ဦးကို ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) အဖွဲ့ဝင်က ခေါ်ယူရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

ကျူးလွန်ခံရပြီဆို ထုတ်ဖော်ပြောဖို့လိုတယ်

by ဧရာဝတီ
6 February 2025
6.4k

အထူးသဖြင့် အကြမ်းဖက်မှုတွေက အမျိုးသားကနေ အမျိုးသမီးအပေါ်ဖြစ်စေ၊ အမျိုးသားအချင်းချင်း ဖြစ်စေ၊ အမျိုးသမီးအချင်းချင်းဖြစ်စေ မရှိဖို့လိုတာပေါ့။ အဓိကက လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းအကောင်အထည် ဖော်မှု ချောမွေ့ ဖို့ရယ်၊ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်လေးစားမှုအပြည့်နဲ့ လုပ်ဆောင်သွားဖို့ အရေးကြီးတယ်လို့ ယူဆတယ်။

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

စစ်ကောင်စီ ငြင်းသော်လည်း ရန်ကုန်၌ အမျိုးသမီးစစ်မှုထမ်း စာရင်းကောက်နေ

by ယုဖြူဟန်
29 January 2025
4.4k

စစ်ကောင်စီကမူ စစ်မှုထမ်းဆင့်ခြင်းကို မီဒီယာများသာမက ပုဂ္ဂလိကတဦးချင်းကပါ မဟုတ်မမှန်ပုံကြီးချဲ့ ပြောနေကြောင်း၊ ရပ်ကွက် ကျေးရွာ မြို့နယ် ခရိုင်အဆင့်ဆင့်၏ စစ်မှုထမ်းဆင့်ခေါ်ခြင်း အားနည်းချက်ကို အများစုက သတင်းမှန် အနည်း ငယ်ပေါ် အခြေခံ၍ လူထုအထင်အမြင်မှားစေရန်၊ စစ်မှုထမ်းဆင့်ခေါ်မှု ပုံရိပ်ထိခိုက်ကျဆင်းစေရန်...

Next Post
စစ်ပြေးဒုက္ခသည် ဘိုးဘိုးကြီး

စစ်ပြေးဒုက္ခသည် ဘိုးဘိုးကြီး

မန္တလေး နန်းမြို့ရိုးနှင့် ကျူံးကို ညပိုင်းမြင်တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန်းသီတာ ဥယျာဉ် ပြန်လည်ဖွင့်လှစ်ရေး တပ်မတော်တာဝန်ယူမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved