လူတွေရဲ့ ခန္ဓာကိုယ်မှာ ထူးခြားဆန်းပြားတဲ့ အချက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ရှုပ်ထွေးလှပါတယ်ဆိုတဲ့ စက်ပစ္စည်းတွေထက် ပိုမို ရှုပ်ထွေးတာကြောင့် သိပ္ပံပညာရှင်တွေအခုထိ အဖြေရှာ မရနိုင်တဲ့ အရာတွေ တပုံတပင်ပါပဲ။
နှစ်ပေါင်းရာနဲ့ ချီပြီး ပြုလုပ်ခဲ့တဲ့ သုသေသနတွေအရတော့ ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အချက်အချို့ကို သိရှိလာကြပါပြီ။ ဒီတော့ လူသားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ထူးခြားတဲ့ အစွမ်းတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဦးနှောက်
ဦးနှောက်ဟာ ကမ္ဘာပေါ်မှာ ရှိသမျှ မှတ်ဉာဏ် သိမ်းဆည်းတဲ့ ပစ္စည်းတွေထက် သိမ်းဆည်းနိုင်စွမ်း ပိုမြင့်တယ်လို့ သိရပါတယ်။ ဦးနှောက် တလုံးရဲ့ ပျှမ်းမျှမှတ်နိုင်စွမ်းဟာ ၂ ဒဿမ ၃ မီလီယံ ဂစ်(GB) ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကို ရုပ်ရှင်ရိုက်ထားတဲ့ ဗီဒီယိုအနေနဲ့ ပြောရရင် နှစ်ပေါင်း ၃၀၀ စာ ရိုက်ကူးထားတဲ့ ပမာဏနဲ့ ညီမျှပါတယ်။ မှတ်ဉာဏ် ချို့ယွင်းခြင်းတွေဟာ အသက် ၂၅ နှစ်လောက်မှာ စတင်ပြီး ပုံမှန်လေ့ကျင့်ခြင်း မရှိရင် အသက် ၅၀ အရွယ်မှာ ဆိုးဝါးလာနိုင်ပါတယ်။
(၂) ခန္ဓာကိုယ်
သင့်ရဲ့ ခန္ဓာကိုယ်ဟာ သင့်ကို အများကြီး ကာကွယ်ပေးထားပါတယ်။ အဓိကကတော့ တယောက်ယောက်က သင့်ကို ရေထဲ ဆွဲနှစ်မယ်ဆိုရင် ဦးနှောက်ဆီက ထိန်းချုပ်မှုနဲ့ သင့်ကို လွယ်လွယ် မသေအောင် တားဆီးပေးပါတယ်။ ဒါ့အပြင် သင်ရေငုပ်တာကြာရင် ကြာသလို ခံနိုင်ရည် ရှိအောင် နှလုံးခုန်နှုန်းကို နှေးပေးတာကြောင့် လေ့ကျင့်ရင်းနဲ့ ပိုမို ခံနိုင်ရည် ရှိလာပါတော့တယ်။
(၃)အမျိုးသားတွေရဲ့ ရင်အုံ
ကမ္ဘာပေါ်မှာ လက်ခံထားတဲ့ အရာတခုက အမျိုးသားတွေမှာ နို့မထွက်နိုင်ဘူးလို့ ဆိုထားပေမယ့် နို့ရည်ဂလန်း၊ နို့ရည်သယ်ပို့ခြင်းနဲ့ နို့သီးခေါင်း ပါဝင်နေတာကြောင့် နို့ထွက်အောင် လှုံ့ဆော်ပေးလို့ ရပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့ ဟော်မုန်း အပြောင်းအလဲနဲ့ ဖိအားတွေကြောင့်သာ နို့ရည် ထုတ်နိုင်စွမ်း ပျောက်ကင်းသွားရတာပါ။
(၄) အိပ်မက်
သင်ညစဉ် ညတိုင်း မက်နေတဲ့ အိပ်မက်ထဲက အရောင်တွေဟာ သင်ကြည့်တဲ့ ရုပ်ရှင်ကားအပေါ်ကို မူတည်တယ်လို့ ဆိုပါတယ်။ ငယ်စဉ်က ကြည့်ခဲ့ရတဲ့ ရုပ်ရှင်ကားတွေဟာ အဖြူအမည်းတွေ များတာကြောင့် ငယ်စဉ်က မက်ခဲ့တဲ့ အိပ်မက်တွေမှာ အရောင် သိပ်မပါတာ ဖြစ်ပါတယ်။ ယခုနောက်ပိုင်း မွေးဖွားလာတဲ့ ကလေးတွေရဲ့ အိပ်မက်တွေကတော့ တဖြည်းဖြည်း အရောင်စုံ လာပါပြီ။
(၅) အကောင်းဆုံး ကာကွယ်ရေး ပစ္စည်း
ကမ္ဘာမှာ ရှိတဲ့ ကာကွယ်ရေးပစ္စည်းတွေ အားလုံးထက် ပိုမိုကောင်းမွန်တဲ့ ကာကွယ်ရေး ပစ္စည်းက သင့်ရဲ့ ခန္ဓာကိုယ်ပဲ ဖြစ်ပါတယ်။ ယခင်က ဖြစ်ခဲ့ဖူးတဲ့ ရောဂါဆိုးတွေကို ကာကွယ်နိုင်တဲ့ စနစ်ဟာ ခန္ဓာကိုယ်မှာ ရှိနေပါတယ်။ ဒီစာကို ဖတ်နေစဉ်အချိန်အတွင်းမှာပဲ သင့်ခန္ဓာကိုယ်ထဲမှာ ဆဲလ်ပေါင်း ၂၂ မီလီယံ သေဆုံးနေပြီး သွေးနီဥဆဲလ် ၇၂ မီလီယံ ပြန်လည် မွေးဖွားနေပါတယ်။
Ref ; Brightside.com