Health

Depression (စိတ်ဓာတ်ကျခြင်း) ဖြစ်စေတဲ့ အကြောင်းအရာများ

“Depression ဝင်နေတယ်” ဆိုတဲ့ စကားဟာ ယနေ့ခေတ်မှာ ကြားရများလာတဲ့ စကားဖြစ်သလို အများအားဖြင့်တော့ ငွေရေးကြေးရေး အဆင်မပြေတာ၊ အလုပ်မှာ မပြေလည်တာတွေနဲ့ မိသားစုပြဿနာတွေကြောင့်လို့ ယူဆလို့ရပေမယ့် တခြား လူသိနည်းသေးတဲ့ အကြောင်းအရာတွေကလည်း Depression ကို ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ Depression ဖြစ်စေတဲ့ အခြား လူသိနည်းသေးတဲ့ အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

(၁) သြစတြေးလျနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနလေ့လာချက်တွေအရဆိုရင်တော့ Depression ခံစားနေကြရတဲ့ လူပေါင်း ၅၀၀၀၀ ခန့်ဟာ ဆေးလိပ်နဲ့ အရက် သုံးစွဲမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နီကိုတင်းနဲ့ အယ်လ်ကိုဟော ဓာတ်တွေဟာ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် စိတ်ဓာတ်ကျဆင်းမှု ဖြစ်ပေါ်ခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

(၂) Depression ဖြစ်ပေါ်ခြင်းဟာ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့လည်း ဆက်စပ်မှု ရှိနေပြီး လေ့လာချက်တွေအရ ဆိုရင်တော့ မြို့မှာ နေထိုင်ကြသူတွေဟာ ကျေးလက်တောရွာတွေမှာ နေထိုင်ကြသူတွေထက် စိတ်ဖိစီးမှုကို ပိုမိုခံစား ကြရတယ်လို့ ဆိုပါတယ်။

(၃) စိတ်ပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ငယ်ရွယ်စဉ် ကလေးဘဝမှာကတည်းက မိသားစုရဲ့ ဖိနှပ်ချုပ်ခြယ်မှုကို ခံရသူတွေနဲ့ မွေးချင်းမောင်နှမတွေနဲ့ အဆင်မပြေကြသူတွေဟာ အရွယ်ရောက်တဲ့အခါ Depression ခံစားရနိုင်ချေဟာ မြင့်တက်လေ့ရှိတယ်လို့ ဆိုပါတယ်။

(၄) ကြီးကြီးမားမား နာမကျန်းဖြစ်မှုမျိုးကို အချိန်ကာလအတန်ကြာ ခံစားခဲ့ရသူတွေမှာဆိုရင်လည်း Depression ဖြစ်နိုင်ခြေဟာ များပြားလေ့ရှိပြီး တခါတရံမှာ မိမိစွဲစွဲမြဲမြဲ သောက်သုံးနေတဲ့ ဆေးဝါးတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်လို့လည်း သိရပါတယ်။

(၅) အဘက်ဘက်ကနေ တိုးတက်လာနေတဲ့ ခေတ်ကြီးထဲမှာ ဘယ်အရာမဆို ရွေးချယ်စရာတွေ များလွန်းတာကြောင့် ရွေးချယ်မှုတွေ အမြဲလိုလို ပြုလုပ်ရခြင်းဟာလည်း Depression နဲ့ ဆက်စပ်နေတယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ ရွေးချယ်စရာ များပြားမှုတွေထဲမှာ ဇီဇာကြောင်လွန်းသူတွေဟာ Depression ပိုမိုဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ဆိုပါတယ်။

Ref ; www.beyondblue.org.au

Loading