• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ် ခံလိုက်ရတဲ့ သရုပ်ဆောင် မိုးအောင်ရင်

by ယုဖြူဟန်
27 November 2018
in Lifestyle
A A
သရုပ်ဆောင် မိုးအောင်ရင်  / Moe Aung Yin's Facebook

သရုပ်ဆောင် မိုးအောင်ရင် / Moe Aung Yin's Facebook

19.8k
VIEWS
Share on FacebookShare on Twitter

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင် ခေါ် ဘုန်းမြင့်အောင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ် တရားရုံးမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပြီလို့ ပုဇွန်တောင်မြို့နယ် တရားရုံးမှ သိရပါတယ်။

မူးယစ်ပုဒ်မ ၁၅ နဲ့ ၁၆ (ဂ)၊ ၁၅ က ထောင်ပြစ်ဒဏ် ၃ နှစ် ၊ ၁၆ (ဂ) က ပြစ်ဒဏ် ၅ နှစ်၊ ဒီပြစ်ဒဏ် ၂ ခုကို တပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်ခဲ့တာကြောင့် ထောင်ဒဏ် ၅ နှစ်ပဲ ကျခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်တရားသူကြီးက ပြောပါတယ်။

ယနေ့ နိုဝင်ဘာလ ၂၇ရက်နေ့မှာတော့ မိုးအောင်ရင်နဲ့ အပေါင်းအပါ ၃ ဦးတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် အပြီးသတ် စီရင်ချက် ချမှတ်ရန်အတွက် ချိန်းဆိုထားခဲ့သော်လည်း ပုဇွန်တောင်မြို့နယ်တရားရုံးမှ အမိန့်ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကြောင့် မိုးအောင်ရင်မှာ ထောင်ကျ အကျဉ်းသားဖြစ်သွားတဲ့အတွက် လာရောက်နိုင်ခြင်း မရှိတဲ့အတွက် နိုဝင်ဘာလ ၂၈ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

“မိုးအောင်ရင်ကို အမိန့် မချဖြစ်လိုက်ဘူး။ အမိန့်မချဖြစ်တာကတော့ မိုးအောင်ရင် ထွက်မလာဘူး။ တရားခံ ၂ယောက်ပဲ ပါလာတယ်။ ၃ယောက်စုံမှ အမိန့်ချလို့ရမယ်။ အမိန့်ချဖို့ကိုတော့ မနက်ဖြန်ကို ချိန်းထားတယ်။ မနေ့က ပုဇွန်တောင်မြို့နယ်တရားရုံးက ထောင်ချလိုက်တယ်။ ဒါကြောင့် ပုဇွန်တောင်မြို့နယ်တရားရုံးအမှုအတွက် ထောင်ကျ အကျဉ်းသား ဖြစ်သွားတယ်။ အဲဒါကြောင့် ထွက်မလာတာ။ ထောင်ကျအကျဉ်းသားကို သက်သက် စာထုတ်ပြီး ဆင့်ခေါ်ရမှာ။ စုံမှသာ အမိန့်ချနိုင်မှာ ဖြစ်ပါတယ်” လို့ အရှေ့ပိုင်းခရိုင် ဒုတိယ ခရိုင်တရားသူကြီး ဦးမိုးကျော်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ မိုးအောင်ရင်နဲ့အတူ လူလူသန်းဦး၊ ဘုန်းမြင့်အောင် (ခေါ်) ဒေးဗစ် တို့ကို အရှေ့ပိုင်းခရိုင်တရားရုံးတွင် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ ၁၉ (က) ဖြင့် စွဲချက်တင်ခံထားရမှုကို အပြီးသတ်အမိန့်ချမှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့တွင် အိုက်စ်မူးယစ်ဆေးဝါး ၁ ဂရမ်နဲ့အတူ ပုဇွန်တောင်မြို့နယ်ရှိ ရည်စားဖြစ်သူရဲ့နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်များအရ သိရပြီး မိုးအောင်ရင်ရဲ့ နေအိမ်ဖြစ်တဲ့ တာမွေမြို့နယ် နေအိမ်ကို ရဲတပ်ဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာမှာ မိုးအောင်ရင်ရဲ့ သူငယ်ချင်းဖြစ်သူ လူလူသန်းဦးနဲ့ ဘုန်းမြင့်အောင် (ခ) ဒေးဗစ်တို့ ၂ ဦးကို ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နဲ့ အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “ဆုံးဖြတ်တဲ့အတိုင်း သူခံရမှာပဲ” လို့ သားဖြစ်သူမိုးအောင်ရင်နဲ့ ပတ်သက်လို့ အောင်ရင် ပြောဆို

Your Thoughts …
Tags: မိုးအောင်ရင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ တရားလိုဖြစ်သူ မခင်မြတ်နိုး  / ယုဖြူဟန် / ဧရာဝတီ

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေက မလိုဘူးလို့ ထင်တယ်”

by ယုဖြူဟန်
19 March 2020
17.7k

“စွဲချက်က တင်လိုက်ပြီ။ ကျမကို ပြန်ခေါ်သက်သေအနေနဲ့ စစ်ဆေးပါတယ်။ သူတို့မေးတာ အကုန်ဖြေတယ်။ အမှန်အတိုင်း ဖြေတယ်။ ဘာမှ ထိန်ချန်မထားဘူး”လို့ ခင်မြတ်နိုးက ပြောပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်  / Moe Aung Yin's Facebook

လက်ဝှေ့ပွဲမှာ မပါဝင်ဖြစ်တော့တဲ့ မိုးအောင်ရင်

by ယုဖြူဟန်
28 January 2021
3.6k

မိုးအောင်ရင်ကတော့ အဆိုတော် J Fire နဲ့ သရုပ်ပြ ထိုးသတ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လေ့ကျင့်မှုများ ပြုလုပ်နေတဲ့အကြောင်းကို ပြောပြခဲ့ပါသေးတယ်။

မိုးအောင်ရင် ကိုယ်တိုင်ရောင်းနေတဲ့ အသုပ်စုံ (ဓာတ်ပုံ - Moe's Favorite Food)

“Moe’s Favorite” နာမည်နဲ့ အသုပ်စုံ ရောင်းနေတဲ့ မိုးအောင်ရင်

by ယုဖြူဟန်
7 October 2020
25.4k

ဒီအသုပ်စုံကိုတော့ ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် သင့်တော်တဲ့ ပစ္စည်းများ သုံးကာ သုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင် ၊ တရားလို ခင်မြတ်နိုး

“မိုးအောင်ရင် ရုံးချိန်း ပျက်ကွက်မှုတွေကြောင့် အားလုံး နစ်နာတယ်”လို့ ခင်မြတ်နိုးပြော

by ယုဖြူဟန်
31 August 2020
18.5k

“အမှုက အရမ်းကြာနေပြီ။ စီမံချက်နဲ့ ရက်ပေါင်း ၁၆၀အတွင်း အပြီးစစ်မယ် ပြောထားတဲ့ဟာ၊ ကြားထဲမှာလည်း ကိုဗစ်ဖြစ်တာကြောင့် ကြာသွားတာလည်း ပါတယ်။

Lucky 7 ထုတ်လုပ်ရေးမှ စီစဉ်သူ မအေးအေးဝင်း ၊ မိုးအောင်ရင်နဲ့ ကိုအုန်းဝင်း  / Ohn Win's Facebook

မိုးအောင်ရင် ထောင်က ထွက်လာပြီးနောက် လူမှုရေး အကျိုးပြုလုပ်ငန်းတွေ လုပ်ဖို့ စီစဉ်နေ

by မန်းသူ
7 May 2019
11.5k

လက်ရှိမှာတော့ သူလူမှုရေးကိစ္စတွေ အရင်လုပ်မယ်ပေါ့နော်။ လူမှုရေးကိစ္စတွေ လုပ်ပြီးတော့မှပဲ ကျန်တဲ့ဟာတွေ ဆက်လုပ်သွားကြမယ်"လို့ ကိုအုန်းဝင်းက ပြောပါတယ်။

သရုပ်ဆောင်မိုးအောင်ရင်

မိုးအောင်ရင်ရဲ့ထောင်ဒဏ် ၅နှစ်အပြစ်ဒဏ်အတွက် အယူခံဝင်ထားမှုပယ်ချခံရ

by ယုဖြူဟန်
27 February 2019
7.3k

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ပုဇွန်တောင်မြို့နယ်တရားရုံးတို့မှ ထောင်ဒဏ် ၅နှစ်နဲ့ ၁၂နှစ် စုစုပေါင်း ၁၇နှစ်ကျခံစေမှုကို ဒီဇင်ဘာလ ၂၇ရက်နေ့က အယူခံဝင်ထားတာဖြစ်ပါတယ်။

Next Post
ကိုရီးယားအဆိုတော်၊ သရုပ်ဆောင် ရိန်း

အကြွေး ပြန်မဆပ်နိုင်တဲ့ မိဘတွေကြောင့် အဆိုတော် ရိန်းတယောက် အွန်လိုင်းမှာ ဂယက်ရိုက်

LG ဟာ စမတ်ဖုန်းကျောဘက်မှာ စုစုပေါင်း ကင်မရာဆန်ဆာ ၁၆ ခု အထိ တပ်ဆင်မယ့် မူပိုင်ခွင့်တခုကို အမေရိကန်မှာ ရယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်

ကင်မရာ ၁၆ လုံးပါ ဖုန်း LG ထုတ်လုပ် နိုင်ဖွယ်ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved