• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

အန္တာတိကတိုက်ကို ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ စည်းကမ်းများ

by Aurora
19 January 2019
in Travel
A A
အန္တာတိကတိုက်ဟာ စူးစမ်းရှာဖွေသူတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် ရတနာသိုက် တခုပါ

အန္တာတိကတိုက်ဟာ စူးစမ်းရှာဖွေသူတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် ရတနာသိုက် တခုပါ

6.6k
VIEWS
Share on FacebookShare on Twitter

ခရီးသွားရတာ ဝါသနာပါပြီး စွန့်စွန့်စားစားသွားချင်သူတွေဟာ အမြဲတမ်း ခရီးကြမ်းတွေကို စိန်ခေါ်ချင်ကြပါတယ်။ ဒီထဲကမှ ကမ္ဘာပေါ်မှာ အအေးဆုံးဖြစ်ပြီး သာမန်လူတွေ မနေနိုင်တဲ့ အန္တာတိကတိုက်ကို စမ်းသပ်မှုတွေကြောင့် သွားတာအပြင် စွန့်စွန့်စားစား စိန်ခေါ်ပြီး သွားလာနေကြပါပြီ။

ဒီလို အအေးဆုံး အန္တာတိကတိုက်ကို ခရီးထွက်မယ်ဆိုရင် တခြားနေရာတွေနဲ့မတူ ထူးခြားတဲ့ စည်းမျဉ်းတွေ ချမှတ်ထားပါတယ်။ အန္တာတိကတိုက်လို့ ဆိုလိုက်ရင် မဆုံးနိုင်တဲ့နှင်းတွေ ဖွေးနေအောင်ကျထားတဲ့ နှင်းပင်လယ်ကြီးကိုပဲ မြင်မိကြမှာပါ။ ဒါပေမဲ့ သတိမထားမိတဲ့အချက်က ဖွေးနေအောင် ကျထားတဲ့ နှင်းတွေအောက်မှာ ကျောက်တုံးတွေ ရှိပါတယ်။

အန္တာတိကတိုက်ရဲ့ ကျောက်တုံးတွေပေါ်မှာ ရေညှိအမျိုးအစားတွေ အများကြီး ပေါက်ဖွားနေတတ်ပါ တယ်။ ဒါကြောင့် ရေညှိအရမ်းများတဲ့ နေရာတွေကို ဖြတ်မလျှောက်ကြဖို့ ထုတ်ပြန်ထားပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
142
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

အန္တာတိကမှာ ရှင်သန်ပေါက်ဖွားနေတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့လည်း စည်းမျဉ်းတွေ ရှိပါတယ်။ ဘယ် တိရစ္ဆာန်ဆိုရင် အကွာအဝေး ဘယ်လောက်ကပဲ ကြည့်လို့ရမယ် ဆိုပြီး ထုတ်ပြန်ထားတာပါ။ ဒါ့အပြင် ငါးတွေ၊ ငှက်တွေ ဖမ်းဆီးခွင့်ကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါသေးတယ်။

တိရစ္ဆာန်တွေထဲမှာမှ ပင်ဂွင်းလေးတွေကို ခရီးသွားလာရင်း တွေ့မိရင် ဒါမှမဟုတ် ကိုယ့်စီးလားတဲ့ လှေပေါ် ရောက်လာခဲ့ရင် ပြန်လမ်းတွေ့အောင် မကူညီပါနဲ့။ ပင်ဂွင်းလေးတွေက ဘယ်လိုပဲလမ်းမှားသွားပါစေ အိမ်ပြန် လမ်းမှတ်မိတတ်ကြလို့ သွားရင်းလာရင်း ပင်ဂွင်းတွေတွေ့ရင် သွားမထိမိကြဖို့ သတိပြုပါ။

နောက်ထပ် ဝေလငါး၊ လင်းပိုင်တို့နဲ့ ပတ်သက်ပြီးတော့လည်း ချမှတ်ထားတဲ့ စည်းကမ်းတွေ ရှိပါတယ်။ ပင်လယ်ထဲ ထွက်ကြည့်တဲ့အခါ ကိုယ်စီးလာတဲ့လှေနဲ့ မတိုက်မိအောင် အထူး သတိပြုရပါမယ်။ လင်းပိုင်အုပ်ထဲ လှေကို လှော်ခတ် မသွားရပါဘူး။

အန္တာတိကတိုက်ကို သွားခဲ့ရင် ရှားပါးမျိုးစိတ်ဝင် ဝေလငါးတွေ အန္တရာယ်ဖြစ်နေတာတွေ့ရင် နီးစပ်ရာကို အမြန်ဆုံး အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။ ငါးဖမ်းသူခိုးတွေရဲ့ ပိုက်ကွန်မှာ မိနေခဲ့ရင် ကယ်ဆယ်ရမယ့်နည်း လမ်းတွေ သေချာမသိပါက သက်ဆိုင်ရာကို ဓာတ်ပုံရိုက်ပြီး လှမ်းအကြောင်းကြားဖို့ လိုအပ်ပါတယ်။

အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာ စစ်ကင်းမဲ့ဇုန် နယ်မြေတခုပါ။ ဒါကြောင့် စစ်ရေးနဲ့ ပတ်သက်မှုတွေ ဘာတခုမှ လုပ်ခွင့် မရှိပါဘူး။ ဒါကြောင့် စစ်အခြေစိုက်စခန်းတွေ တည်ဆောက်ခွင့် မရှိသလို လက်နက် ကိုယ်တွယ် သယ်ဆောင်ခွင့်လည်း မရှိပါဘူး။ အထူးခွင့်ပြုချက် ရထားသူကလွဲလို့ မည်သည့်လက်နက်မှ ယူဆောင်လို့ မရတဲ့ နယ်မြေပါ။

ဘယ်နေရာကိုပဲသွားသွား ခရီးသွားတွေကတော့ အိမ်ပြန်လက်ဆောင်အဖြစ် အသေးအမွှားလေးကအစ ယူသွားကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ အန္တာတိကတိုက်မှာတော့ အပြန်လက်ဆောင် ဘာမှ ယူဆောင်ခွင့် မပြုထားပါဘူး။ ကျောက်တုံး၊ ငှက်မွှေး၊ အရိုး၊ ဥလေးတွေကအစ ကောက်ယူသွားခွင့် မရှိပါဘူး။ အမှတ်တရ ဖြစ်ချင်ရင် ဓာတ်ပုံ ရိုက်ယူသွားပါ။

သမိုင်း မှတ်တမ်းတင်စရာ နေရာတော်တော်များများရှိတဲ့ အန္တာတိကတိုက်ဟာ စူးစမ်းရှာဖွေသူတွေနဲ့ သိပ္ပံပညာရှင်တွေအတွက် ရတနာသိုက်တခုလိုပါပဲ။ ဒါကြောင့် ခဲလုံးလေးကစလို့ ကြီးကြီးမားမား ပစ္စည်းတွေထိ ဖျက်ဆီးလို့မရသလို မပျက်စီးအောင်လည်း သတိထားရပါတယ်။ နယ်မြေတခုလုံးက တားမြစ်ကန့်သတ်ထားလို့ ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။

Ref: Culture Trip

Your Thoughts …
Tags: စည်းကမ်းများအန္တာတိကတိုက်
Aurora

Aurora

Contributor

Similar Picks:

လက်ရှိအချိန်မှာတော့ အန္တာတိကတိုက်ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတွေ အလျင်အမြန် အရည်ပျော်နေပါတယ်။

၂၀၁၅ ခုနှစ်နောက်ပိုင်း အပူဆုံး စံချိန်အထိ ရောက်ခဲ့တဲ့ အန္တာတိကတိုက်

by Aurora
9 February 2020
7.7k

အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်ဆုံး တိုးတက်လာမှုထဲက တနေရာအဖြစ်လည်း သတ်မှတ်ခံထားရပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တဲ့ အန္တာတိကတိုက်

အန္တာတိကတိုက်မှာ ပထမဆုံး COVID-19 ကူးစက်မှု တွေ့ရှိ

by Aurora
23 December 2020
3.3k

နိုဝင်ဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်ထိ O’Higgins Base ကို လိုအပ်တဲ့ ပစ္စည်းတွေ လာရောက် ပို့ဆောင်ပေးခဲ့တဲ့ စစ်သင်္ဘောပေါ်က အနည်းဆုံး ၃ ဦးမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။

Next Post
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အခြေစိုက်ရာ မြို့တော်ခန်းမ / ဧရာဝတီ

စည်ပင်ရွေးကောက်ပွဲတွင် ပါတီတံဆိပ် သုံးစွဲခွင့်ပြု မပြု ကော်မရှင်ဆုံးဖြတ်မည်

၂၀၁၈ ဇွန်လက စင်ကာပူတွင် ဒေါ်နယ်ထရန့်နှင့် ကင်ဂျုံအွန်းတို့ ပထမအကြိမ် တွေ့ဆုံစဉ် / Reuters

ထရမ့်နှင့် ကင်ဂျုံအွန်း ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံပွဲ ဗီယက်နမ် ပြင်ဆင်နေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved