Trend

၂၀၁၅ ခုနှစ်နောက်ပိုင်း အပူဆုံး စံချိန်အထိ ရောက်ခဲ့တဲ့ အန္တာတိကတိုက်

Want create site? Find Free WordPress Themes and plugins.

တောင်ဝင်ရိုးစွန်းမှာရှိတဲ့ အန္တာတိကတိုက်မှာ အပူဆုံးနေ့အဖြစ် စံချိန်တင်လိုက်တယ်လို့ သိပ္ပံပညာရှင်တွေက ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ အာဂျင်တီးနား Esperanza သုတေသနအခြေစိုက်စခန်းကနေ ထုတ်ပြန်ချက်အရ အမြင့်ဆုံးအပူချိန်ဟာ ၆၅ ဒီဂရီဖာရင်ဟိုက်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အပူချိန်ဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၄ ရက်က ၆၃ ဒဿမ ၅ ဒီဂရီဖာရင်ဟိုက် နောက်ပိုင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်လည်းဖြစ်ပါတယ်။ ကမ္ဘာ့အအေးဆုံး တောင်ဝင်ရိုးစွန်းဒေသက အပူချိန်ဟာ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယာဂိုမြို့က နေ့လယ် အပူချိန်နဲ့ သွားတူညီတဲ့အထိ ဖြစ်ခဲ့တာပါ။

ပုံမှန်အရ နွေရာသီမှာ တောင်ဝန်ရိုးစွန်းဒေသခြမ်းဟာ ပူနွေးတယ်ဆိုပေမယ့် အအေးဆုံးဒေသတွေဖြစ်တဲ့ အန္တာတိကရဲ့အပူချိန်က တောင်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်က အပူချိန်နဲ့ တူညီနေတဲ့ အခြေအနေကတော့ ထူးခြားနေပါတယ်။

အမြင့်ဆုံး စံချိန်တင်ခဲ့တဲ့ အပူချိန်ကို ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီး (WMO) က အတည်မပြုသေးပါဘူး။ ဒါပေမဲ့လည်း အဆိုပါအဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အခြေစိုက်စခန်းက ထုတ်ပြန်လိုက်တဲ့အပူချိန်ဟာ လက်ခံနိုင်ဖွယ်ရာရှိကြောင်း ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အအေးဆုံးဒေသအဖြစ် သတ်မှတ်ထားတဲ့ အန္တာတိကတိုက်ဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲတွေ အလျင်အမြန် အရည်ပျော်နေပါတယ်။ ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ရေခဲ အရည်ပျော်ရာကနေ ကမ္ဘာ့တိုက်ကြီးတွေရဲ့ ကမ်းရိုးတန်းတွေမှာ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်မှုကို ခံစားလာရမယ်လို့ သတိပေးထားပါတယ်။

အန္တာတိကတိုက်ဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်ဆုံး တိုးတက်လာမှုထဲက တနေရာအဖြစ်လည်း သတ်မှတ်ခံထားရပါပြီ။ လွန်ခဲ့တဲ့ နှစ် ၅၀ အတွင်း ပျမ်းမျှအပူချိန် ၅ ဒဿမ ၄ ဒီဂရီဖာရင်ဟိုက်နီးပါး မြင့်တက်လာခဲ့တာကြောင့် ကမ္ဘာပေါ်က အပူချိန်မြင့်တက်မှုမြန်တဲ့ ဒေသတခု ဖြစ်လာခဲ့တာပါ။

ကမ္ဘာကြီးပူနွေးလာရာက ရေခဲတွေ အရည်ပျော်နေတာကြောင့် အန္တာတိကတိုက် တခုလုံးမှာရှိတဲ့ ရေခဲထုကြီးတွေသာ အကုန် အရည်ပျော်သွားခဲ့ရင် ကမ္ဘာ့ရေမျက်နှာပြင်ဟာ ပေ ၂၀၀ ကျော်လောက်ထိ မြင့်တက်သွားနိုင်တယ်လို့ WMO က သတိပေးပြောကြားထားပါတယ်။

လေ့လာချက်တွေအရ အန္တာတိကအနောက်ပိုင်းက အကြီးဆုံးရေခဲထုကြီး Thwaites Glacier အရည်ပျော်ကျသွားတုန်းက ကမ္ဘာ့ရေမျက်နှာပြင် ၁၀ ပေအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

အန္တာတိကတိုက်ကို ခရီးသွားမယ်ဆိုရင် သိထားသင့်တဲ့ စည်းကမ်းများ

ကမ္ဘာပေါ်က အအေးဆုံး နေရာ ၁၀ ခု

Did you find apk for android? You can find new Free Android Games and apps.
Loading