• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နောက်မျိုးဆက်အတွက် ကပ်ဘေးတွေ အမွေပေးရတော့မယ်

by သဇင်လှိုင်
11 December 2020
in သတင်း
A A
၂၀၂၀ ခုနှစ် ဧပြီ ၁၁ ရက်နေ့ ပူပြင်းသည့် ရန်ကုန်မြို့လည် မြင်ကွင်း  /  ထက်ဝေ

၂၀၂၀ ခုနှစ် ဧပြီ ၁၁ ရက်နေ့ ပူပြင်းသည့် ရန်ကုန်မြို့လည် မြင်ကွင်း / ထက်ဝေ

7.7k
VIEWS
Share on FacebookShare on Twitter

ကပ်ဆိုးတွေကို တခုပြီးတခု ဖန်တီးမိနေတဲ့ ကမ္ဘာမှာ ကျမတို့ နေထိုင်ပါတယ်။

အခုဆိုရင်ပဲ ကပ်ဘေးတခုဖြစ်တဲ့ ကိုဗစ် ကူးစက်ရောဂါဆိုးက ကမ္ဘာကို မွှေနှောက် လှည့်ပတ်နေတုန်းမှာ သဘာဝ ဘေးအန္တရာယ်တွေကလည်း ကမ္ဘာကို အဆက်မပြတ် တိုက်ခိုက်နေတုန်းပေါ့။

ဒီကပ်ဆိုးတွေ တခုပြီးတခု တွေ့ကြုံနေရပေမယ့် လူတွေကတော့ ဒါက သူတို့ ကိုယ်တိုင် ဖန်တီးနေတာလား။ အလိုအလျောက် ဖြစ်ပေါ်နေတာလား ဆိုတာကို အခုအချိန်အထိ ကွဲကွဲပြားပြား မရှိသေးပါဘူး။

နိုင်ငံ့ခေါင်းဆောင်တွေသာ ရာသီဥတုကို အရေးတယူ မလုပ်ရင် လူဦးရေ သန်းပေါင်းများစွာအတွက် ကမ္ဘာကြီးက လူမနေ သင့်တဲ့ ငရဲပြည် Uninhabitable Hell ဖြစ်လာတော့မယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အစီရင်ခံစာ တစောင် ထုတ်ပြန် သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်၂၀ အတွင်းမှာ သဘာဝဘေးအန္တရာယ်တွေဟာ သိသိသာသာ မြင့်တက်လာနေတယ်လို့ Human Cost of Disaster လို့ အမည်ပေးထားတဲ့ ကုလသမဂ္ဂ အစီရင်ခံစာက ဆိုပါတယ်။

အောက်တိုဘာလ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာအရ ၁၉၈၀ – ၁၉၉၉ ခုနှစ်အထိ နှစ်ပေါင်း ၂၀ အတွင်း သဘာဝဘေးအန္တရာယ်ကြီး ၄,၂၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ ၂၀၀၀ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ နှစ်ပေါင်း ၂၀ အတွင်း သဘာဝ ဘေးအန္တရာယ်ကြီး ၇,၄၃၈ ကြိမ် ဖြစ်ပွားရာ ၈၀ရာခိုင်နှုန်း ပိုမိုမြင့်တက်လာကြောင်း သိရပါတယ်။

ကုလသမဂ္ဂ အစီရင်ခံ မထုတ်ပြန်ခင်မှာပဲ ကမ္ဘာ့မိုးလေဝသ အဖွဲ့ကြီးက ၂၀၂၀ ခုနှစ်ဟာ ရာစုနှစ်တစုအတွင်းမှာ ကမ္ဘာ့ ဒုတိယ အပူဆုံးနှစ် ဖြစ်တဲ့အကြောင်း၊ ထို့အတူ ၂၀၂၀ခုနှစ်ရဲ့ စက်တင်ဘာလဟာလည်း နှစ်ပေါင်း ၁၀၀ အတွင်းမှာ အပူဆုံးလ အဖြစ် စံချိန် ချိုးခဲ့ကြောင်း ဆိုပါတယ်။

ဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “ပြီးခဲ့တဲ့ စက်တင်ဘာလအထိကို တမ္ဘာလုံးမှာ အပူချိန်မြင့်တက်နေတုန်းပဲ ရှိတယ်။ မြန်မာနိုင်ငံလည်းပါတယ်၊ တကမ္ဘာလုံး အနေနဲ့ ဆိုရင် ဒီအပူချိန်ဟာ ဒုတိယ အမြင့်ဆုံးလောက် ရှိတယ်။ စက်တင်ဘာလတွေထဲမှာ အမြင့်ဆုံး ရောက်ခဲ့တယ်။ WMO ကနေမှ ထုတ်ပြန်ခဲ့ပါတယ်” လို့ အတည်ပြုခဲ့ပါတယ်။

စက်တင်ဘာလမှာ အပူချိန် မြင့်တက်ခဲ့တဲ့နေရာတွေကို ဆန်းစစ်ကြည့်ရင်လည်း မြန်မာနိုင်ငံဟာ အပူဆုံးနေရာတွေမှာ ပါဝင်နေပါတယ်။

ကမ္ဘာ့မိုးလေဝသအဖွဲ့က စက်တင်ဘာလအထိပဲ ကိန်းဂဏန်းတွေ ထုတ်ပြန်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာတော့ အပူချိန်မြင့် တက်မှု ဖြစ်စဉ်တွေဟာ၂၀၂၀ အောက်တိုဘာလအထိ ရှိနေဆဲပါပဲ။

၂၀၂၀ အောက်တိုဘာလ ၆ ရက်မှာ မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းဒေသဖြစ်တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ဟာ နှစ်ပေါင်း ၇၃ နှစ်အတွင်း အပူချိန်စံချိန်သစ် ဖြစ်တဲ့ ၃၅ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိခဲ့ပါတယ်။

အောက်တိုဘာလ ၈ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ နှစ်ပေါင်း၂၉ နှစ်အတွင်း တိုင်းတာရရှိ သမျှမှာ အပူဆုံး စံချိန်ဖြစ်တဲ့ ၃၈ ဒသမ၉ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိခဲ့ပြီး အပူချိန်စံချိန်သစ် တင်ခဲ့ပါတယ်။

အလားတူ တရက်တည်းမှာပဲ နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ အပူချိန် ၃၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ် စံချိန်သစ် တင်ခဲ့ပြီး ကမ္ဘာ့အပူဆုံးနှစ်လို့ သတ်မှတ်ထားတဲ့၂၀၁၆ ခုနှစ်က ၃၅ ဒသမ၂ ဒီဂရီ စင်တီဂရိတ်ပဲ ရှိခဲ့ပါတယ်။

အသေအချာ ဆန်းစစ်ကြည့်မယ်ဆိုရင်၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ၅ နှစ်တာ ကာလဟာ ရာစုနှစ်တစုအတွင်းမှာ တကမ္ဘာလုံး အပူချိန် အမြင့်ဆုံး ရောက်ရှိနေတဲ့ ကာလတွေ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု ပင်လယ်သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲရေးဌာန NOAA ကလည်း အပူချိန်တိုင်းတာချက်တွေ တိတိကျကျ ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဘေး COVID-19 ကြောင့် နိုင်ငံအများအပြား စက်ရုံတွေ ပိတ်ထားရတယ်၊ အသွားအလာ ကန့်သတ်မှု တွေကြောင့် မော်တော်ယာဉ်တွေ၊ ရထားတွေ၊ သင်္ဘောတွေ၊ လေယာဉ်တွေဟာ ရပ်ဆိုင်းခဲ့ရတယ်၊ ဒါကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှင့်မှုတွေ လျော့နည်းကောင်း လျော့နည်းစေမယ်လို့ အပြုသဘော မျှော်လင့်ခဲ့ကြပေမယ့် နှစ်ပေါင်းရာချီ သက်ရောက်စေခဲ့တဲ့ ဆိုးကျိုးတွေကို ထမ်းပိုးရင်ဆိုင်နေရတဲ့ ကမ္ဘာကြီးအတွက်တော့ ဒီကာလ အပိုင်းအခြားလောက်နဲ့ သက်ရောက်မှုတွေ ထင်သလို မရှိခဲ့ပါဘူး။

ကမ္ဘာကြီးဟာ ဆက်လက် ပူနွေးဆဲ ဖြစ်ပြီး ရေခဲမြစ်တွေ အရည်ပျော်ကျနေဆဲပါပဲ။

“၂၀၂၀ မှာ ကပ်ဘေးကြောင့် ကျနော်တို့ ဘဝတွေ ဖရိုဖရဲ ဖြစ်နေခဲ့ပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုတွေကတော့ မရပ်မနား ဆက်ပြီး မတည်မငြိမ် ဖြစ်နေတုန်းပါလို့ ” WMO အထွေထွေ အတွင်းရေးမှူးပါမောက္ခ Petteri Taalas က ဆိုပါတယ်။

COVID-19 ကြောင့်မို့လို့တော့ ရာသီဥတုပြောင်းလဲတာက ရပ်တန်ဖို့ မရှိဘူးလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က မကြာ သေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာရဲ့ နောက်ဆုံး ကောက်ချက်မှာလည်း ဖော်ပြထားပါတယ်။ လေထုအတွင်းက ဖန်လုံ အိမ် ဓာတ်ငွေ့ပြင်းအားဟာ စံချိန်တင် ပမာဏနဲ့ ဆက်လက် တိုးပွားနေဆဲလို့ ဆိုပါတယ်။

အသွားအလာ ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး တုံ့ဆိုင်းမှုတွေကြောင့် ယာယီသဘောလောက် အနည်းငယ် ကျဆင်းသယောင် ရှိခဲ့ပေမယ့် ထုတ်လွှတ်မှုနှုန်းနဲ့ ပြင်းအားတွေဟာ ကပ်ဘေးကြီး မစခင်က အဆင့်ဆီကိုပဲ ဦးတည်နေတုန်းပဲလို့ WMO က ဆိုပါတယ်။

“၂၀၂၀ မှာ ကပ်ဘေးကြောင့် ကျနော်တို့ ဘဝတွေ ဖရိုဖရဲ ဖြစ်နေခဲ့ပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှုတွေကတော့ မရပ်မနား ဆက်ပြီး မတည်မငြိမ် ဖြစ်နေတုန်းပါလို့ ” WMO အထွေထွေ အတွင်းရေးမှူးပါမောက္ခ Petteri Taalas က ဆိုပါတယ်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကလည်း “ကိုဗစ်ကြောင့်မို့လို့ အသွား အလာတွေ လျော့နည်းသွားတဲ့ အချိန် ရာသီဥတုပြောင်းလဲမှုကို သက်သာနိုင်တယ်လို့ တချို့က ယူဆတယ်။ ဒါက တဒင်္ဂ လောက်ပဲ ဖြစ်တာပေါ့။ ကမ္ဘာကြီးကတော့ ပူနွေးမြဲ ပူနွေးနေတဲ့ အနေအထားမျိုး ရှိတယ်” လို့ ဆိုပါတယ်။

ဖန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် အပူချိန်တွေ မြင့်တက်လာမှုရဲ့ အကျိုးဆက်တွေအဖြစ် ရေကြီးမှုနဲ့ မုန်တိုင်းတိုက်မှုတွေက ကမ္ဘာ့သဘာဝ ဘေးအန္တရာယ်မှာ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာအရ နှစ်၂၀ အတွင်း ဖြစ်ပွားခဲ့တဲ့ ကမ္ဘာ့သဘာဝဘေးကြီးတွေရဲ့ ၄၄ ရာခိုင်နှုန်းဟာ ရေကြီးခြင်း ဖြစ်ပြီး မုန်တိုင်းတိုက်တာကတော့ ၂၈ ရာခိုင်နှုန်း ရှိပါတယ်။ မြေပြိုခြင်းက ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံကလည်း ဒီမုန်တိုင်းနဲ့ ရေကြီးမှုအန္တရာယ်တွေ နောက်ဆက်တွဲ မြေပြိုတဲ့ အန္တရာယ်လို သဘာဝဘေးတွေကို နှစ်စဉ် ဆိုသလို ရင်ဆိုင်နေရပါတယ်။

“ကမ္ဘာကြီး ပူနွေးလာတဲ့အတွက် မုန်တိုင်းတွေဖြစ်ဖို့ကလည်း အဓိကအချက် တချက်အနေနဲ့ ပါတာကြောင့် လေဖိအားနည်း ရပ်ဝန်းတွေ မုန်တိုင်းတွေ ပိုပြီးဖြစ်တဲ့ အနေအထားမျိုး ရှိတယ်” ဟု ဦးကျော်မိုးဦးက ဆိုပါတယ်။

၂၀၂၀ အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တဝိုက်မှာ အပူပိုင်းမုန်တိုင်း ၃၁ လုံး ဖြစ်ခဲ့ပြီး ပုံမှန်ဖြစ်နေကြ ပျမ်းမျှနှုန်းထက်၂ ဆ ပိုမိုလာပါတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် Bangkok Post သတင်းဌာနရဲ့ ဆောင်းပါးတပုဒ်မှာတော့ ဥတုကပ်ဘေး ဖောက်ပြန် ပြောင်းလဲမှုရဲ့ ဆိုးရွားပြင်းထန်မယ့် သက်ရောက်မှုတွေကို မျှော်မှန်းဖို့ ခက်ကြောင်း၊ ကယ်လီဖိုးနီးယား၊ အော်ရီဂွန်၊ ဝါရှင်တန်တို့မှာ ဖြစ်ခဲ့ တဲ့ တောမီးလောင်ကျွမ်းမှုတွေထက်လည်း ဆိုးမှာဖြစ်သလို အမေရိကန် ပြည်ထောင်စု ပင်လယ်ကွေ့(Gulf Coast) ကို တိုက်ခိုက်ဖို့ ချည်းကပ်လာတဲ့ ဟာရီကိန်း မုန်တိုင်းတွေ ထက်လည်း ဆိုးလိမ့်မယ်။ အိန္ဒိယ၊ ပါကစ္စတန်၊ ဥရောပမှာ လူတွေ သေကြေစေနိုင်တဲ့ အပူလှိုင်းတွေ၊ အရှေ့တောင်အာရှမှာ ရေလွှမ်းမိုးမှုတွေ ကြုံခဲ့ရတယ်၊ ဒီထက်ဆိုးတာ တွေလာ ဦးမယ် လို့ ရေးသားထားပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
505
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

အဲဒီဆောင်းပါးကို ၁၉၉၅ ခုနှစ် ဓာတုဗေဒ ဘာသာရပ်နဲ့ နိုဘယ်လ်ဆုရရှိခဲ့သူ၊ ကယ်လီဖိုးနီးယားတက္ကသိုလ် (San Diego) နဲ့ မက္ကဆီကိုနိုင်ငံ National Autonomous University ကပါမောက္ခတဦး ဖြစ်တဲ့ Mario Molina နဲ့ အုပ်ချုပ်မှု စနစ်၊ ရေ ရှည်တည်တံ့သော ဖွံ့ဖြိုးမှုဆိုင်ရာ အင်စတီကျူ့ ဥက္ကဋ္ဌ ကယ်လီဖိုးနီးယား တက္ကသိုလ် (Santa Barbara)ရဲ့ Program on Governance for Sustainable Development က တွဲဖက် ဒါရိုက်တာ တဦးလည်း ဖြစ်တဲ့ Durwood Zakelke တို့ တွဲဖက် ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိမှာရော ရာသီဥတုကပ်ဘေးတွေက ဘယ်လောက်ဆိုးရွားနေသလဲဆိုရင် နှစ်ပေါင်း၂၀ အတွင်းမှာ လူ ၁ ဒသမ ၂၃ သန်း သေဆုံးခဲ့ပါတယ်။ ၄ ဒသမ ၀၃ ဘီလီယံ ကပ်ဘေးသင့်ခဲ့ပြီး စီးပွားရေး ဆုံးရှုံးမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂ ဒသမ ၉၇ ထရီလီယံ ရှိခဲ့ပါတယ်။

အဲဒီလိုဆုံးရှုံးပျက်စီးမှုတွေကို ကြုံတွေ့နေရတဲ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံကလည်း ထိပ်ဆုံးက ပါဝင်နေပါတယ်။ ဒီ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာကိုပဲ ဘေးအန္တရာယ်အမျိုးမျိုးကြောင့် သီးနှံဧက ၂ဒသမ၇ သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

မိုးများခြင်း၊ မိုးနည်းခြင်း၊ ပိုးမွှားကျခြင်း၊ လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မြစ်ရေတိုက်စားခြင်း၊ တောင်ပြိုခြင်း၊ ကြွက် ကျခြင်း၊ မြေအချဉ်ဓာတ်များခြင်းစတဲ့ အမျိုးမျိုးသော သဘာဝဘေးဖြစ်စဉ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်ပြီး အဲဒီ ထဲက ထက်ဝက်ကျော်ဖြစ်တဲ့ ဧက ၁သိန်းခွဲလောက်ဟာ ရေကြီးနစ်မြုပ်တာကြောင့် ပျက်စီးခဲ့ရတာပဲ ဖြစ်ပါတယ်။

လူသန်းပေါင်းများစွာဟာ ရာသီဥတု ပြောင်းလဲတာကြောင့် ပိုမိုဆိုးရွားတဲ့၊ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ဆိုးကျိုးတွေကို ခံစားနေရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့ကြီး တခုဖြစ်တဲ့ Amnesty International ရဲ့ ရာသီဥတုဆိုင်ရာ လေ့လာမှု တခုက ဆိုပါတယ်။

ဆာဟာရတောင်ပိုင်း အာဖရိက က ရှည်လျားကြာမြင့်လှတဲ့ မိုးခေါင်မှုမှ အရှေ့တောင်အာရှ၊ ကာရစ်ဘီယံနဲ့ ပစိဖိတ် တလျှောက်က အပူပိုင်းမုန်တိုင်းတွေအထိ ရာသီဥတုဖြစ်စဉ်တွေကြောင့် လူသန်းပေါင်းများစွာ အတိဒုက္ခရောက်နေတယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၁၂ နောက်ပိုင်းလောက်က ဆိုပြီး မိုးခေါင်တာတွေ၊ ရေကြီးတာတွေဟာ သိသိသာသာကို ပိုစိပ်လာတဲ့အခြေအနေ၊ ပိုပြင်းထန်လာတဲ့ အခြေအနေရှိတယ်လို့ စိုက်ပျိုးရေးဦးစီးဌာန က သိရပါတယ်။

“၂၀၁၂ နောက်ပိုင်းလောက်ကစလို့ ကျနော်တို့ မိုးခေါင်မှုတွေကြောင့် သီးနှံပျက်စီးမှုတွေ ပိုများလာတယ်။ အရင်တုန်းကလည်း မိုးခေါင်မှုတွေ မရှိဘူးလားဆိုတော့ ရှိတော့ ရှိတယ်။ သို့သော် ထူးထူးခြားခြားကြီး သီးနှံပျက်စီးရအောင်အထိ အကြိမ် အရေအတွက်က နည်းတယ်။ ဖြစ်တောင့်ဖြစ်ခဲ ထွက်နှုန်းထိခိုက်တာလောက်ရှိတယ်။ ပျက်စီးတာတော့ တော်တော်လေး နည်းတယ်” လို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးခင်မောင်ညွန့် က ဆိုပါတယ်။

“မိုးခေါင်မှုအပြင် ရေကြီးမှု၊ အမှန်အတိုင်းပြောရင် ဘယ်တုန်းကမှ မကြီးခဲ့ဖူးတဲ့ နေရာတွေပေါ့။ လုံးဝ မကြီးတတ်တဲ့ နေရာမျိုး၊ ကြီးလေ့ကြီးထမရှိတဲ့ ကာလမျိုးအထိ ကြုံတွေ့လာတာရှိတယ်။ ထူးခြားလာတယ်။ ရာသီဥတု ပြောင်းလဲမှုရဲ့ Impact က ဒီနောက်ပိုင်းမှာ တော်တော်လေး စိပ်လာတယ်။ မမျှော်လင့်သော မိုးကြီးမှုတွေ ကြုံတွေ့ပြီးတော့ မိုးကြီးတာက အစ မြစ်ရေကြီးတာတို့၊ ချောင်းရေ အလွန်အကျွံကျတာ ကြုံတွေ့ရပြီးတော့ မထင်မှတ်တဲ့ နေရာတွေက အစ ရေကြီးလာတာ တွေ့ရတယ်” လို့ သူက ဆက်ပြောပါတယ်။

အချိန်အခါမဟုတ် မိုးရွာတာ၊ မိုးကြီးတာတွေ၊ မြစ်ရေလျှံတာတွေ၊ တောင်ကျချောင်းရေတွေကြောင့် မုံရွာ၊ မြင်းမူစတဲ့ အလယ်ပိုင်းဒေသအပူပိုင်း ခြောက်သွေ့ဇုန်လိုနေရာတွေအထိ ရေကြီးမှုတွေ ကြုံလာနေရတယ်လို့ သိရပါတယ်။

“ရေဘေးကတော့ နှစ်တိုင်းနီးပါး ဖြစ်နေပြီ၊ နှစ်တိုင်း နီးပါးအပြင်ကို ပြည်နယ်တိုင်း အားလုံးနီးပါးလည်း နှစ်တိုင်းကြုံတွေ့ ရတာပေါ့။ ၂၀၁၅ နောက်ပိုင်းလောက်ကလို့ ပြောရမယ်။ ၂၀၁၅ မှာ တစ်နိုင်ငံလုံးနီးပါးဖြစ်သွားတဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ နှစ်တိုင်းနီးပါးကို ကြုံလာရတယ်” လို့ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။

မိုးကြိုးပစ်တာတွေ၊ လေပြင်းတိုက်တာတွေနဲ့ ကမ်းပြိုနေတာတွေကလည်း နှစ်စဉ် ပိုဖြစ်လာနေတယ်လို သူက ဆိုပါသေး တယ်။

ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက်တွေကို ထင်ထင်ရှားရှား မြင်တွေ့နေရပြီး နှစ်စဉ် ရင်ဆိုင်နေရတဲ့ နိုင်ငံထဲမှာ မြန်မာ နိုင်ငံဟာ အသေအချာ ပါနေပါပြီ။

“ရာသီဥတုပြောင်းလဲမှုတွေဟာ လူ့အခွင့်အရေး အပေါ် အကျိုးသက်ရောက်နေပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင် နေသလို အဲဒီ အကျိုးသက်ရောက်မှုတွေဟာ လာမယ့်နှစ်တွေမှာ ပိုမိုပြင်းထန်လာဦးမယ်လို့” Amnesty International ရဲ့ အထွေထွေ အတွင်းရေးမှူး Kumi Naidoo က ဟောကိန်းထုတ်ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံကြား၊ မတူညီတဲ့လူမျိုးစုနဲ့ မတူညီတဲ့ မျိုးဆက်တွေကြားမှာ ရာသီဥတုဆိုးကျိုးကို အတူ တကွ ခံစားနေရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာဆိုရင် ရာသီဥတုရဲ့ ဆိုးကျိုးတွေကို ခံစားနေရတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတခုလို့ ဆိုရမှာပါပဲ။ ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ ခုနှစ် စက်တင်ဘာလအထိ ၁၁ လ အတောအတွင်းမှာပဲ ရေဘေး၊ လေဘေး၊ ကမ်းပြို၊ မြေပြို၊ မိုးကြိုးပြစ်၊ ပဋိပက္ခဖြစ်၊ ငလျင်၊ မုန်တိုင်း၊ လေပြင်းတိုက်၊ မိုးသီးကြွေစတဲ့ ဘေးအန္တရာယ်ပေါင်း ၃၆၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

အိမ်ထောင်စု ၃ ဒသမ ၁ သိန်းကျော်က လူဦးရေ ၁ ဒသမ ၃ သန်းဟာ ဘေးအန္တရာယ်များကြောင့် ဒုက္ခတွေ့ခဲ့ပြီး လူပေါင်း ၇၆၂ ယောက် ဒဏ်ရာရကာ ၆၅၇ ဦး သေဆုံးခဲ့ပါတယ်။

ဒါတောင်မှ ဒီနှစ်ဟာ ရေကြီးရေလျှံမှုတွေ ရှိခဲ့ပေမယ့် အရင်နှစ်တွေလောက် မဆိုးရွားခဲ့ဘူးလို့ ဆိုရပါမယ်။ အဆိုးရွားဆုံး ဖြစ်ရပ်က မိုးသည်းထန်စွာ ရွာသွန်းမှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဇူလိုင်လက ဖားကန့်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်း ရာချီသေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

ဘေးအန္တရာယ် ထိခိုက်ခံစားခဲ့ရတဲ့ လူတွေအတွက် စားနပ်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းနဲ့ သေဆုံးမှု နစ်နာကြေး၊ ဆေးရုံတက်စရိတ် ထောက်ပံ့ငွေ စုစုပေါင်းကျပ်ငွေ ၁၁ ဒသမ ၇၂၂ ဘီလီယံ တောင်ရှိခဲ့ပါသေးတယ်။

ဒီဆယ်စုနှစ်တွေထဲမှာ အဆိုးရွားဆုံးကတော့ လူပေါင်း သိန်းချီရဲ့ အသက်တွေကို တပြိုင်တည်းနှုတ်ယူသွားခဲ့တဲ့ ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ပါပဲ။ ဒုတိယ အဆိုးဆုံးလို့ နာမည်တပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ် ရေကြီးမှု တခုတည်းမှာတင် ကျပ် ၁၆၅ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ရေကြီးမှုရဲ့ ကိန်းဂဏန်း အချက်အလက်တွေကိုတော့ ကမ္ဘာ့ဘဏ်၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနဲ့ အခြား မိတ်ဖက်များက ပူးပေါင်း ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်းတွေ့ရသည့် ရေလျှံနေသည့် မဒေါက်မြို့(ထက်ဝေ၊ ဧရာဝတီ)

၂၀၁၅ ခုနှစ် ရေကြီးမှုမှာ လူဦးရေ ၁ ဒသမ ၆သန်း ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါ တယ်။ လယ်ဧက ၁၄ သန်းလောက် နစ်မြှုပ်ခဲ့ရပြီး တနိုင်ငံလုံး ဆုံးရှုံးမှုဟာ ဂျီဒီပီရဲ့ ၃ ဒသမ ၁ ရာခိုင်နှုန်း လောက်အထိ ရှိခဲ့ပါတယ်။

အချုပ်ဆိုရရင်တော့ ကျမတို့ နိုင်ငံအပါအဝင် တကမ္ဘာလုံးဟာ ရာသီဥတု ကပ်ဘေးတွေကို ဆိုးဆိုးရွားရွား ရင်ဆိုင်နေရပြီး ဒီကပ်ဘေးတွေအားလုံးရဲ့ဖန်တီးသူ တရားခံကလည်း ကျမတို့ လူသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။

အထူးသဖြင့် သစ်တောတွေကို ဆိုးဆိုးရွားရွားခုတ်ခဲ့သလို သတ္တုတူးဖော်မှုတွေကို အကြောင်းပြပြီး တောင်တွေဖြို၊ မြစ်တွေ ကောစေခဲ့တာတွေက ငြင်းမရပါဘူး။

ဒီအတွက် နိုင်ငံတိုင်းရဲ့ အစိုးရတွေမှာရော၊ ကျမတို့ တဦးချင်းကိုယ်စီမှာလည်း တာဝန်ရှိကြပါတယ်။ မျိုးဆက်တဆက်စာ ဖွံ့ဖြိုးလာမယ့် နှစ်၂၀ ဆိုတဲ့ အချိန်တိုင်းမှာ ရာသီဥတုက ပိုပို ဆိုးရွားလာပြီး ကပ်ဘေးတွေက ပိုပိုဖြစ်လာနေပါတယ်။

ကပ်ဘေးတွေ လျှော့ချနိုင်ဖို့အတွက် ကျမတို့ ပြုပြင်ပြောင်းလဲ လုပ်ရမယ့် အရာတွေ အများကြီးရှိနေပါတယ်။

ရာသီဥတု လှုပ်ရှားသူနှင့် Climate School Strike ကိုတည်ထောင်သူ Greta Thunberg ကတော့ ရာသီဥတု ပြောင်းလဲမှု နဲ့ ပတ်သက်ပြီး လူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Greta Thunberg က “ကိုယ့်ရဲ့ ကလေးတွေကို အခြားအရာ အားလုံးထက်ပိုပြီး ချစ်တယ်လို့ ဆိုနေပေမယ့်လည်း သူတို့ရဲ့ မျက်လုံးရှေ့မှာပဲ သူတို့ရဲ့ အနာဂတ်ကို သင်ကိုယ်တိုင် ခိုးယူနေတာပါပဲလို့” ဆိုခဲ့တယ်။

ကပ်ဘေးတွေ လျှော့ချနိုင်ဖို့အတွက် ကျမတို့ ပြုပြင်ပြောင်းလဲ လုပ်ရမယ့် အရာတွေ အများကြီးရှိနေပါတယ်။

သဘာဝ ပတ်ဝန်းကျင် ပညာရှင် ဒေါက်တာ မြင့်ဇော်က “တကမ္ဘာလုံး လုပ်ရမယ့်ဟာမျိုးပေါ့။ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာ ရှိတဲ့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ထိန်းသိမ်းထားပြီးတော့ ဆိုးဆိုးရွားရွား မကြုံရအောင် လုပ်နိုင်မယ့် နည်းလမ်း ရှိမယ်။ အဲဒါကလည်း အကန့်အသတ် ရှိမယ်။ တကမ္ဘာလုံး လက်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအဝင် ဖန်လုံ အိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှင့်မှုကို ဝိုင်းပြီး လျှော့ချရမယ်” လို့ ဆိုပါတယ်။

တကယ်ကို အများကြီး ရှိနေပါတယ်။ အပင်တွေ မခုတ်ဖို့၊ သတ္တုတွေ တတ်နိုင်သမျှ လျှော့ချထုတ်ဖို့၊ မြေအောက် ရေအရင်း အမြစ်တွေ ထုတ်ယူသုံးစွဲမှုတွေ လျှော့ချဖို့၊ ပလပ်စတစ်အိတ်လို ပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ ပစ္စည်းတွေ အပါအဝင် ဓာတုပစ္စည်းတွေ မသုံးစွဲဖို့။ တတ်နိုင်သမျှ လျှော့ချဖို့၊ အမှိုက်တွေ လျှော့ပစ်ဖို့ စတဲ့ စတဲ့ လုပ်ရမယ့် အရာတွေ အများကြီး ရှိနေပါတယ်။ အစိုးရတွေမှ မဟုတ်ဘဲ တဦးချင်းဆီ လုပ်နိုင်တာတွေလည်း သေချာပေါက် ရှိနေပါတယ်။

တကယ်တမ်းမှာ ဘာမှပြုပြင်ပြောင်းလဲမှု မလုပ်ရင် ကျမတို့ဟာ နောက်မျိုးဆက်ရဲ့ အနာဂတ်ကို ခိုးယူရုံမက သူတို့အတွက် ပိုမိုဆိုးရွားတဲ့ ကပ်ဘေးတွေကို အမွေပေးခဲ့ရဦးမှာပါ။

You may also like these stories:

ဖိလစ်ပိုင်မှာ စူပါတိုင်ဖုန်း Goni ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

တူရကီနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှာ အင်အားပြင်း ငလျင်လှုပ်ခတ်

နယူးဒေလီမှာ လေထု အရည်အသွေး အဆိုးရွားဆုံးအဆင့် ရောက်နေ

Your Thoughts …
Tags: ကမ္ဘာကြီး ပူနွေးမှုရာသီဥတုအပူချိန်
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

ရခိုင် “ပုံမှန်အခြေအနေသစ်”

ရခိုင် “ပုံမှန်အခြေအနေသစ်”

by ဇေယျ (အညာ)
14 May 2024
6.9k

"အေးအခုတော့ မြောက်ဦးကို ငါတို့ ရခိုင်တွေကိုယ်တိုင် အုပ်ချုပ်နေပြီကွ"

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

မုတ်သုန်စစ်တွင် AA က စစ်ကောင်စီတပ်ကို ချေမှုန်းနေ

by Marawaan Macan-Markar
2 August 2024
6.4k

အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်အရှိန်မြှင့်တင်ရန် ရွာသွန်းနေသည့် မုတ်သုန်မိုးကို အခွင့်ကောင်းယူနေသည်။

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

လေကြောင်းတိုက်ခိုက်မှုကြားက ပွင့်လင်းရာသီ အညာစစ်ဆင်ရေး

by ဧရာဝတီ
15 November 2024
3.4k

မေးစရာ မေးခွန်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဆင်ရေးများကို အကောင်အထည် မည်သို့ဖော်မည်နည်း။ အရင်အတိုင်း ပြောက်ကျားပစ်ပြီး ပြန်ဆုတ်ခွာမည်လား၊ စစ်တပ်ကို ချေမှုန်းပြီး လွတ်မြောက်ဒေသ ထူထောင်နိုင်မည်လား။

ပွင့်လင်းရာသီနှင့် စစ်ကောင်စီ စစ်ဆင်မှု ဖြစ်နိုင်ခြေ

ပွင့်လင်းရာသီနှင့် စစ်ကောင်စီ စစ်ဆင်မှု ဖြစ်နိုင်ခြေ

by စွယ်တော်
13 December 2024
2.9k

ခြုံငုံ၍ ကြည့်မည်ဆိုပါက စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းပစ်ကူ ပစ်အားဖြင့် တော်လှန်ရေးအင်အားစုများ၏ တိုက်စစ်ကို ခုခံနေမည့်သဘောကို တွေ့ရသည်။

သက်တမ်းရင့် အပင်ကြီးများကို ခုတ်ရောင်းပြီး ရန်ကုန် စည်ပင် ငွေရှာနေသလား

သက်တမ်းရင့် အပင်ကြီးများကို ခုတ်ရောင်းပြီး ရန်ကုန် စည်ပင် ငွေရှာနေသလား

by ဇုန်းရိန်
26 July 2025
2.3k

ပို၍ဆိုးရွားသည်မှာ ထိုခုတ်လှဲခဲ့သည့် သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်များ ပြန်စိုက်ပျိုးမှု လုံးဝမရှိခြင်းဖြစ်သည်။

Next Post
၂၀၂၀ ဇူလိုင်လအတွင်း ထိုင်ဝမ်စစ်တပ်၏ စစ်ရေးလေ့ကျင့်မှု/ Minister of National Defense, R.O.C / Twitter

နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်

အစီအစဉ် တင်ဆက်သူ Ellen DeGeneres

COVID-19 ကူးစက်ခံထားရတဲ့ အစီအစဉ် တင်ဆက်သူ Ellen DeGeneres

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved