ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုတို့ကြောင့် မိုးရာသီတွင် ရေကြီးရေလျှံမှုဒဏ်နှင့် နွေရာသီတွင် အပူလွန်ကဲမှုဒဏ်တို့ကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း နှစ်စဉ် အနည်းနှင့်အများ ခံကြရပါသည်။ ဤအခြေအနေကို ထိန်းချုပ်နိုင်ရေး၊ တုံ့ပြန်နိုင်ရေးမှာ မိုးရာသီ ရေကြီးရေလျှံမှုကို ထိန်းညှိနိုင်ရန်၊ နွေရာသီ အပူဒဏ် သက်သာစေရန်၊ အရိပ်ရရှိရန် သစ်ပင်ပန်းမန်များကို များများစိုက်ပျိုးဖို့ လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြနေကြပါသည်။
မြန်မာနိုင်ငံ၏ သစ်ပင်စိုက်ပျိုးမှု၊ ထိန်းသိမ်းမှု အခြေအနေကို အနည်းငယ်လေ့လာ တင်ပြလိုပါသည်။ အမှန်မှာ ဤအခြေအနေကို လူထုအများစုက သိရှိပြီးဖြစ်မည်ဟု ယုံကြည်ပါသည်။ စာရေးသူ နေထိုင်သည့် ရန်ကုန်မြို့တွင်း အခြေအနေကို အခြေခံပြီး တင်ပြလိုပါသည်။
စည်ပင်သာယာရေးကော်မတီ (သို့မဟုတ်) လမ်းမဘေးသစ်ပင်များ၏ ရန်သူ
စာရေးသူသည် ၂၀၁၅ ခုနှစ်ကတည်းက ရန်ကုန်တွင် လာရောက် အလုပ်လုပ်ကိုင်လျက် နေထိုင်ပါသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ နေရာအချို့ကိုလည်း အတော်အသင့် လည်ပတ်ခွင့် ရရှိခဲ့ပါသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ မြို့တော် စိမ်းလန်းစိုပြေရေးနှင့် ပတ်သက်ပြီး သုံးသပ်ရလျှင် မြို့တော် စိမ်းလန်းစိုပြေရေးအတွက် လစ်လပ်နေသည့် လမ်းမဘေးများတွင် အရိပ်ရရှိရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များ အသစ်ထပ်မံစိုက်ပျိုးခြင်း လုံးဝ မတွေ့ရဘဲ ရှိပြီးသား သက်တမ်းရင့် အရိပ်ရပင်များကို ထင်းအဖြစ် ခုတ်ရောင်းနေကြသည်ကိုသာ အများဆုံး တွေ့ဖူးပါသည်။

စာရေးသူနေထိုင်သည့် ရပ်ကွက်သည် ၂၀၂၃ ခုနှစ်အထိ သက်တမ်းရင့် အပင်ကြီးများရှိ၍ အလွန်ပင် နေထိုင်၍ကောင်းသည့်၊ အေးမြသည့်ရပ်ကွက် ဖြစ်ခဲ့ပါသည်။ အထူးသဖြင့် နွေရာသီ၏အပူဒဏ်ကို ပြင်းပြင်းထန်ထန် မခံစားခဲ့ရဟု ဆိုနိုင်ပါသည်။ ထိုသက်တမ်းရင့် အပင်ကြီးများအောက်တွင် ကွမ်းယာဆိုင်၊ ကားမှန်ပြင်ဆိုင်၊ ကားအလှဆင်ဆိုင်၊ ဆိုက်ကားဂိတ် စသည်ဖြင့် စည်းကားခဲ့ပါသည်။
သို့သော် ၂၀၂၃ ခုနှစ်တွင် အပင်ကြီး သုံးပင်က မိုးတွင်း၌ အမြစ်ကျွတ်ပြီး လဲကျသွားခဲ့သည်။ ထိုသို့ လဲကျသွားရသည့် အဓိကအကြောင်းရင်းမှာ စည်ပင်သာယာရေးကော်မတီ၏ ညံ့ဖျင်းသော စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။
ဥပမာ တဖက်စောင်းနင်း ကိုင်းညွတ်နေသော အကိုင်းအခက်များကို နှစ်စဉ် ချိုင်ပေးခြင်းအားဖြင့် အပင်များကို စီမံခြင်းမျိုး စာရေးသူနေထိုင်သည့် ရပ်ကွက်တွင် မတွေ့ခဲ့ရပါ။ ကျန်ရှိသည့် အပင်များကိုလည်း အကိုင်းအခက်များကို ချိုင်ပေးခြင်းဖြင့် စီမံရမည့်အစား ပင်စည်အရင်းမှ ခုတ်လှဲသွားခဲ့သည်။ ထိုအပင်များကို ထင်းချောင်းများအဖြစ် အပိုင်းပိုင်းဖြတ်ပြီး ကားကြီးများနှင့် သယ်သွားသည်ကို မြင်ခဲ့ရပါသည်။
စာရေးသူလည်း မနေနိုင်၍ ထိုသစ်ပင်လာခုတ်သည့် အဖွဲ့ခေါင်းဆောင်ဟု ယူဆရသူကို ဘာကြောင့် ပင်စည်ရင်းမှ ခုတ်ရကြောင်းကို မေးမြန်းခဲ့ပါသေးသည်။ အကြောင်းပြချက်မှာ လေမုန်တိုင်းကြောင့် သစ်ကိုင်းများ ကျိုးကျ၍ လျှပ်စစ်ဓာတ်အားလှိုင်းနှင့် လူထုကို ထိခိုက်မည့်အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ဟု ဆိုပါသည်။
သို့သော် အန္တရာယ်မှ ကာကွယ်နိုင်ဖို့ဆိုလျှင် သစ်ပင်များကို ပင်စည်ရင်းမှ ရှင်းခုတ်ရန် မလိုပါ။ အကိုင်းအခက်များကို ချိုင်ပေးခြင်းဖြင့် သစ်ပင်၏ အလေးချိန်ကို ထိန်းညှိပေးလျှင် အဆင်ပြေနိုင်မည်ဟု ယူဆပါသည်။
ထိုသို့ခုတ်လှဲမှုကို မိုးတွင်းတွင် အများဆုံး တွေ့ရသည်။ သစ်ပင်ခုတ်လှဲရခြင်းမှာ စည်ပင်သာယာရေးကော်မတီအတွက် ဝင်ငွေပေါက်တခုဖြစ်ကြောင်း သိကျွမ်းသူများက ပြောပြပါသည်။
ရန်ကုန် စည်ပင်ကော်မတီသည် ထိုသစ်ပင်များကို ထင်းအဖြစ် အပိုင်းပိုင်းဖြတ်သယ်ပြီး ရောင်းစားကြသည်ဟု သိရသည်။ ထိုသစ်ပင်များကို ခုတ်လှဲပြီး ထင်းများအဖြစ် ဖြတ်ရာတွင် ကုန်ကျစရိတ်သည် အစိုးရဘတ်ဂျက် ပြည်သူ့ဘဏ္ဍာငွေမှဖြစ်ကြောင်း သိရပြီး ထိုထင်းများကို သယ်ယူရောင်းချပြီး ရရှိသည့်ငွေသည် အစိုးရဘတ်ဂျက်ထဲ ပြန်ဝင်သည်၊ မဝင်သည်ကိုမူ အတိအကျ မပြောနိုင်ပါ။ သက်ဆိုင်ရာ စည်ပင်ကော်မတီသာလျှင် အသေးစိတ် သိမည်ဖြစ်သည်။

ပို၍ဆိုးရွားသည်မှာ ထိုခုတ်လှဲခဲ့သည့် သစ်ပင်များနေရာတွင် အစားထိုးသစ်ပင်များ ပြန်စိုက်ပျိုးမှု လုံးဝမရှိခြင်းဖြစ်သည်။ ကြီးမြန် သစ်ပင်များသည်ပင် အရိပ်ရရှိသည်အထိဆိုလျှင် အနည်းဆုံး ငါးနှစ်ခန့် ကြာနိုင်ပါသည်။ သို့သော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ရပ်သည် အနာဂတ်ကို လုံးဝ မျှော်တွေးခြင်းမျိုး မရှိကြောင်း ညွှန်ပြနေသည်။
စည်ပင်သာယာရေးကော်မတီ အပါအဝင် အစိုးရ ချမှတ်ထားသည့် မြို့တော် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းကိုလည်း လုံးဝ မျက်ကွယ်ပြုရာ ရောက်ပါသည်။ ထို့ပြင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာတို့တွင် တွေ့မြင်နေကြဖြစ်သည့် “နိုင်ငံတဝန်း စိမ်းလန်းဖို့ သစ်ပင်စိုက်ပျိုး ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြက်ရယ်ပြုနေသဖွယ် ဖြစ်နေသည်။

စိမ်းလန်းစိုပြေသော ရန်ကုန်မြို့ မဟာဗျူဟာစီမံကိန်း
၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့က ပူးတွဲလေ့လာထားသည့် စာမျက်နှာ ၈ မျက်နှာရှိသော “၂၀၄၀ ရန်ကုန်မြို့ – အေးချမ်းသာယာ၍ နှစ်လိုဖွယ်ကောင်းသော ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေ၍ ရွှေရောင်တောက်ပသော မြို့တော်၊ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း” အမည်ရှိစာတမ်းကို ဖတ်ရသည်။
ထိုစာတမ်းအရ ၂၀၄၀ ပြည့်နှစ် ရောက်သည့်အခါ ရန်ကုန်မြို့သည် “နိုင်ငံတကာ ဝင်ထွက်သွားလာနိုင်သော ကြားခံမြို့တော်”၊ “သက်သောင့်သက်သာရှိသောမြို့တော်”၊ “အုပ်ချုပ်မှုကောင်းမွန်သော မြို့တော်၊ အခြေခံ အဆောက်အဦးများ ပြည့်စုံသော မြို့တော်” အဆင့်သို့ ရောက်ရှိရန် မျှော်မှန်းထားသည်ကို တွေ့ရသည်။
“သက်သောင့်သက်သာရှိသောမြို့တော်” ခေါင်းစဉ်အောက်တွင် “စိမ်းလန်းစိုပြေသောမြို့” ဖြစ်အောင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း တွေ့ရသည်။
ရန်ကုန်မြို့သည် “leafy avenues” (သစ်ပင်များဖြင့် စိမ်းလန်းစိုပြေနေသော လမ်းမများ) ကြောင့် လူသိများကြကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
သို့သော် လမ်းမများသည် တနှစ်တခြား ပို၍ ခြောက်သွေ့လာနေပါသည်။ အကြောင်းမှာ မြို့တော် စည်ပင်သာယာရေးကော်မတီသည် လမ်းမဘေးများတွင် နှစ်စဉ်သစ်ပင်များ၊ အရိပ်ပင်များ စိုက်ပျိုးခြင်းမရှိဘဲ ရှိနှင့်ပြီး သက်တမ်းရင့် အပင်များကိုသာ နှစ်စဉ်ခုတ်လှဲကာ ထင်းအဖြစ် ပိုင်းဖြတ် သယ်ထုတ်လေ့ရှိသည်ကို တွေ့ရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ လုပ်ရပ်သည် “နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထား၍ ဆောင်ရွက်ရမည်” ဆိုသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ (၂၀၁၃) ၏ ပုဒ်မ ၁၀ (ဂ) ကိုလည်း ပေါ်တင် ချိုးဖောက်နေပါသည်။ ဤပုဒ်မ ၁၀ (က – ဌ) အထိ ဖော်ပြထားသော တာဝန်နှင့်ဝတ္တရားများကိုလည်း လုံးဝ စောင့်ထိန်းနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။

စစ်ကောင်စီ၏ သစ်ပင်စိုက်ပျိုးရေး
ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုတို့က ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်များအကြား ရေဆင်းဆည် ပတ်ဝန်းကျင်းတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၆,၀၂၅ ပင် စိုက်ပျိုးဖြစ်ခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖတ်ရသည်။
ပျမ်းမျှအားဖြင့် တနှစ်လျှင် အပင်ပေါင်း ၈,၂၄၁ ပင် စိုက်သည့် သဘောဖြစ်သည်။ စိုက်ပျိုးခဲ့သည့် အထက်ပါ ၂၀၆,၀၂၅ ပင်ထဲမှ အမှန်တကယ် ရှင်သန်သည့် အပင်ပေါင်း ဘယ်လောက်ရှိကြောင်းကို ဖော်ပြပေးနိုင်မည်ဆိုလျှင် ပို၍အဓိပ္ပာယ် ပြည့်စုံပါမည်။
ထိုနှစ်များအတွင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတို့က စိုက်ပျိုးခဲ့ကြသည့် အပင်များထဲမှ ရာခိုင်နှုန်း အပင်ပေါင်း မည်မျှရှင်သန်ခဲ့သည်ကို မသိနိုင်သော်လည်း စစ်တပ်အုပ်ချုပ်သည့် ၂၀၂၄ ခုနှစ် တနှစ်တည်းအတွင်း မြန်မာ့သစ်တောပြုန်းတီးမှုက ဧကပေါင်း ၇ သိန်း ၁ သောင်းကျော်ရှိကြောင်း နိုင်ငံတကာ သစ်တော ပြုန်းတီးမှုများကို စောင့်ကြည့်နေသည့် Global Forest Watch က ထုတ်ပြန်ကြောင်း သိရသည်။
အချုပ်အားဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စစ်ကောင်စီတို့၏ စီမံခန့်ခွဲမှုအတိုင်း၊ လုပ်ရပ် များအတိုင်း ဆက်သွားနေမည်ဆိုလျှင် “၂၀၄၀ ရန်ကုန်မြို့ – အေးချမ်းသာယာ၍ နှစ်လိုဖွယ်ကောင်းသော ရန်ကုန်မြို့၊ စိမ်းလန်းစိုပြေ၍ ရွှေရောင်တောက်ပသော မြို့တော်၊ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း” သည်လည်း အောင်မြင်နိုင်စရာ မရှိပါ။

ဆွစ်ဇာလန်နိုင်ငံမှ အတုယူစရာ
ဆွစ်ဇာလန်နိုင်ငံ မြို့အတော်များများတွင် လမ်းမဘေး၊ ကားပါကင်၊ ပန်းခြံများတွင် လိုအပ်သည်ထက် ပို၍ ခင်းထားသည့် ကွန်ကရစ်များကို ပြန်လည်ဖယ်ထုတ်ပြီး သစ်ပင်ပန်းမန်များ စိုက်ပျိုးခြင်းကို စတင် လုပ်ဆောင် နေပြီဖြစ်ကြောင်း DW News တွင် တွေ့ရသည်။
ထို့ပြင် ပုဂ္ဂလိကပိုင် အိမ်ရှေ့များတွင် ခင်းထားသည့် ကွန်ကရစ်များကိုလည်း ပြန်လည်ဖယ်ရှား၍ သစ်ပင်ပန်းမန်များ စိုက်ပျိုးရန် အိမ်ရှင်က ဆန္ဒရှိလျှင် ထိုကွန်ကရစ် ဖယ်ရှားစရိတ်ကို သက်ဆိုင်ရာ မြို့တော်အစိုးရမှ အကုန်ကျခံပေးကြောင်း သိရသည်။
အကြောင်းမှာ မြေကြီးသည် ကွန်ကရစ် ခင်းထားမှုကြောင့် မိုးရွာသွန်းသည့်အခါ မိုးရေကို စုပ်ယူနိုင်စွမ်းမရှိသဖြင့် ခြောက်သွေ့ပျက်စီးရကြောင်း၊ မိုးရေအများစုသည် မြစ်၊ ချောင်းများသို့ တိုက်ရိုက်စီးဝင်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်စေကြောင်း ရှင်းပြထားသည်။
ထို့ကြောင့် လမ်းမများ၊ ပန်းခြံများ၊ နေအိမ်ခြံဝန်းများတွင် ကွန်ကရစ်ကို လိုအပ်သည်ထက် မခင်းကြရန်၊ တနည်းအားဖြင့် သစ်ပင်ပန်းမန်များများ စိုက်ပျိုးကြရန် ပညာရှင်များက ဆော်သြနေကြသည်။

နိဂုံးချုပ် တင်ပြခြင်း
ရာသီဥတုပြောင်းလဲမှု၊ မိုးလေဝသဆိုးရွားမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ ပတ်သက်ဆက်နွယ်ပုံတို့ကို ဘီဘီစီသတင်းဌာနက အရိုးရှင်းဆုံး ရှင်းပြထားပါသည်။ အသေးစိတ်ဖတ်ပြီး မိမိပတ်ဝန်းကျင်ကို ထပ်ဆင့် ဝေငှသင့်ပါသည်။ ရာသီတုဥ ပြောင်းလဲမှုသည် လူတဦးချင်းစီတိုင်းတွင် တာဝန်ရှိပါသည်။
ထိုနည်းတူ အေးချမ်းသာယာ၍ နှစ်လိုဖွယ်ကောင်းသော၊ စိမ်းလန်းစိုပြေသော၊ သန့်ရှင်းသပ်ရပ်သော၊ လုံခြုံမှုရှိသော ရွာ၊ မြို့၊ နိုင်ငံကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံသူနိုင်ငံသား လူထုအားလုံးတွင် တာဝန်ရှိသည်ဟု ယူဆပါသည်။ အစိုးရလည်း အစိုးရတာဝန်ကို ကျေပွန်စွာ တာဝန်ယူဆောင်ရွက်ရန် လိုအပ်သလို လူထုအားလုံးသည်လည်း စည်းကမ်းရှိရှိ၊ တာဝန်သိသိ နေထိုင်ရန်၊ စားသုံးရန်၊ လုပ်ဆောင်ရန် စသည်ဖြင့် တာဝန်ရှိပါသည်။

ဤဆောင်းပါးကို အာဏာပိုင်ခေါင်းဆောင်များက ဖတ်ကြလိမ့်မထင်ပါ။ အဘယ့်ကြောင့်ဆိုသော် အဖွဲ့အစည်းများကို ဦးဆောင်ကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် သတင်းစာ၊ စာပေများဖတ်ရန် အချိန်မရှိဟု ပြောကြပါသည်။
သို့သော် စာဖတ်ကြသည့် ပုဂ္ဂိုလ်များကို အားကိုးပြီး ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ စာရေးသူများမှာ ရေးသားတင်ပြရန် တာဝန်ရှိသကဲ့သို့ စာဖတ်သူများမှာလည်း စာဖတ်ပြီး ရရှိသည့် ဗဟုသုတ၊ အချက်အလက်၊ အယူအဆ၊ အတွေးအမြင်များကို မိမိတို့ပတ်ဝန်းကျင်တွင် ထပ်ဆင့် ဝေငှရန် တာဝန်ရှိသည်ဟု ယူဆပါသည်။
သို့မှသာ လူထုသည် အသိပညာ၊ ဗဟုသုတ မြင့်မားလာပြီး အစိုးရနှင့် ခေါင်းဆောင်များ၏ လုပ်ရပ်များ၊ မူဝါဒများကို ဝိုင်းဝန်းဝေဖန်သုံးသပ် အကြံပြုရင်း ထိန်းကျောင်းကာ နှစ်လိုဖွယ်ကောင်းသော ရွာ၊ မြို့၊ နိုင်ငံကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေးတင်ပြအပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်
ရန်ကုန်မြို့သစ် ဆောက်မည့် တရုတ်လုပ်ငန်း ပြည်ပတွင် အငြင်းပွားမှု များစွာရှိနေ
“တဖြည်းဖြည်း ရန်ကုန်မြို့ရဲ့အလှတွေက ပွန်းတီးပြီး ဆုံးရှုံးနေပါတယ်”
ရန်ကုန် ပန်းခြံများအတွင်းသို့ ဝင်ရောက် အပူရှောင်သူ ဦးရေ သိန်းချီရှိ
ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ