• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရန်ကုန်မြို့သစ် ဆောက်မည့် တရုတ်လုပ်ငန်း ပြည်ပတွင် အငြင်းပွားမှု များစွာရှိနေ

by နန်းလွင်
7 March 2019
in ဆောင်းပါး
A A
၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သော NYDC နှင့် CCCC တို့ကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ/ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး / ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး

၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ပြုလုပ်သော NYDC နှင့် CCCC တို့ကြား မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ/ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး / ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး

26.2k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြစ်တဘက်ကမ်းမှ စင်္ကာပူနိုင်ငံ၏ နှစ်ဆခန့်ရှိသော ရန်ကုန်မြို့သစ်စီမံကိန်း၏ အခြေခံအဆောက်အအုံစီမံကိန်းများအတွက် အဆိုပြုချက်ရေးဆွဲရန် ရန်ကုန်တိုင်းအစိုးရနှင့် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးထားသော တရုတ်နိုင်ငံပိုင်ကုမ္ပဏီသည် အလားတူစီမံကိန်းများအကောင်အထည်ဖေါ်သည့် အခြားနိုင်ငံများတွင် လိမ်လည်မှု၊ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့်ဆိုင်သော အငြင်းပွားမှုအများအပြားတွင် ပါဝင်ပတ်သက်နေသည်။

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ် (BRI) စီမံကိန်းများအနက်တခုဖြစ်သော ဧက ၂၀၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရက အစိုးရပိုင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NYDC) အနေဖြင့် လွန်ခဲ့သောနှစ် မတ်လက စတင် ကြေညာခဲ့သည်။ ထိုစီမံကိန်း၏ အခြေခံအဆောက်အအုံအများစုပါဝင်သော ပထမအဆင့်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလျံရှိမည်ဟုခန့်မှန်းထားသည်

တံတား ၂ စင်း၊ လမ်းများ၊ ဓါတ်အားပေးစက်ရုံများ၊ ရေနှင့် ရေဆိုးပြုပြင်စက်ရုံများနှင့် အလုပ်အကိုင် ၂ သန်း ဖေါ်ထုတ်ပေးမည့် ၁၀ စတုရန်းကိုလိုမီတာရှိ စက်မှုဇုန် တို့ပါဝင်သော စီမံကိန်း ပထမအဆင့်မှ အခြေခံဆောက်အအုံ ၉ ခုအတွက် NYDC သည် တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေးကုမ္ပဏီ (CCCC) နှင့် လွန်ခဲ့သော နှစ် ဧပြီလက မူဘောင်သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့သည်။

သို့သော် ဟောင်ကောင်စတော့အိတ်ချိန် စာရင်းဝင် ထို တရုတ်နိုင်ငံပိုင်ကုမ္ပဏီသည် အနည်းဆုံးနိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှုနှင့် လာဘ်လာဘ်ယူမှုများအတွက် စွပ်စွဲခံထားရသည်ဟု သတင်းများထွက်ပေါ်လာသည်။ ထိုနိုင်ငံများတွင် အာရှမှ ဖိလစ်ပိုင်မှ ဘင်္ဂလားဒေ့ရှ်အထိနှင့် အာဖရိကမှ တန်ဇန်းနီးယား နိုင်ငံအထိပါဝင်သည်။

စတင်ဖွဲ့စည်းပြီးနောက် တလခန့်ကြာသောအခါ NYDC တင်ဒါခေါ်ယူခြင်းမရှိဘဲ CCCC နှင့် ကန်ထရိုက်လက်မှတ်ရေးထိုးကြောင်းကြေညာလိုက်သည်။

“CCCC ဟာ အရည်အသွေးအမီဆုံးလို့သတ်မှတ်ခံရတဲ့အတွက် NYDC က CCCC နဲ့မူဘောင်သဘောတူညီချက်လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်” ဟု NYDC မှ ဖွံဖြိုးရေးနှင့်ဆက်သွယ်ရေးအရာရှိ ဒေါ်မြတ်ဆုလှိုင်က ဧရာဝတီ သတင်းဌာနသို့ပြောသည်။

သို့သော် ထိုအချိန်ကအခြားယှဉ်ပြိုင်သူများနှင့် ပတ်သက်သောမေးခွန်းများကို သူပြန်လည်ဖြေကြားခြင်းမရှိဘဲ NYDC အင်တာနက်စာမျက်နှာမှ အမှုဆောင်အရာရှိချုပ် ဆာ့ဂျ်ပန်း ၏ ဘလော့မှ ရှင်းလင်းချက်များကို ကိုးကားရန် ပြောသည်။

ထိုရှင်းလင်းချက်များတွင် ဆာ့ဂျ်ပန်းက CCCC အလားတူစီမံကိန်းများတွင် စီမံကိန်းရေးဆွဲခြင်း၊ ပုံစံထုတ်ခြင်း၊ ဘာဏ္ဍာငွေစိုက်ထုတ်ခြင်း၊ တည်ဆောက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးတို့တွင် လိုအပ်သော စွမ်းရည်နှင့် လုံလောက်သော အတွေ့အကြုံရှိသည်ဟု NYDC ကယုံကြည်ကြောင်းရေးသားထားသည်။ ဟောင်ကောင်နှင့် မက္ကာအိုကို ဆက်သွယ်သော တံတားနှင့် ဘေ့ဂျင်း-ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားလမ်းတို့အပါအဝင် CCCC ၏ စီမံကိန်းများကိုလည်း ဥပမာအဖြစ်သူရေးသားထားသည်။

“CCCC တွင် နက်နဲသော အတွေ့အကြုံရှိသည်” ဟု သူရေးသည်။

“CCCC ရှယ်ရာရှင်များတွင်နိုင်ငံတကာမှ အဖွဲ့အစည်းလိုက် ရင်းနှီးမြှုပ်နှံသူများ အများအပြားပါဝင်သည်။ CCCC တွင် ဘဏ္ဍာရေးဆိုင်ရာအရ လွှမ်းမိုးနိုင်အားကြီးမားသည်” ဟုလည်း သူရေးသည်။

“ကမ္ဘာ့အခြေခံအဆောက်အအုံလုပ်ငန်းနယ်ပယ်တွင် အကြီးမားဆုံးနှင့် ပိုမိုအတွေ့အကြုံရင်ကျက်သော ကုမ္ပဏီများအနက်တခုနှင့် မိမိတို့သည် မည်သည့်အတွက်လက်မတွဲနိုင်ရမည်နည်း” ဟု သူမေးခွန်းထုတ်သည်။

သို့သော် အထက်ပါ တရုတ်ကုမ္ပဏီနှင့်ပတ်သက်သည့် အငြင်းပွားဖွယ်ရာစကားများကြောင့် ရန်ကုန်မြို့သစ်သည်လည်း CCCC လုပ်ကိုင်ခဲ့သည် အခြားစီမံကိန်းများနှင့် အလားတူ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မည်ဟူသော ခန့်မှန်းပြောဆိုမှုများ မြန်မာပြည်သူများအကြားတွင် ပေါ်ပေါက်လာသည်။

China Communications Construction Company

NYDC သည် CCCC နှင့်မူဘောင်သဘောတူညီချက်ကို ရန်ကုန်တိုင်းအစိုးရရုံး မင်္ဂလာခန်းမတွင် ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးသည်။ တက်ရောက်သူများတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟုန်လျန်၊ CCCC ဥက္ကဌ ချင် ဖင်ကျင်း၊ CCCC ၏ လက်အောက်ခံလုပ်ငန်းဖြစ်သော တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာ ကုမ္ပဏီ ဥက္ကဌ တန်ကျောက်လျံ တို့ပါဝင်သည်။

အခမ်းအနားတွင် သူ၏ကုမ္ပဏီ၏ တည်ဆောက်ရေးနှင့် လုပ်ငန်းလည်ပတ်ရေးနယ်ပယ်မှအောင်မြင်မှုများအကြောင်းပြောကြားပြီးနောက် ချင်ဖင်ကျင်းက မြစ်တဖက်ကမ်းမှ မြို့သစ်သည်မြို့ပြနယ်နမိတ်ကို လျှင်မြန်ထိရောက်စွာ တိုးချဲ့ပေးနိုင်ပြီး တိုးတက်မှုကို ပင်လယ်ဖက်သို့ဦးတည်စေသောကြောင့် လွန်စွာ ထူးခြားသည်ဟု ပြောသည်။ သူ၏ လုပ်ငန်းသည် ဘေးကင်းလုံခြုံ၊ ပညာပြည့်စုံပြီး စိမ်းလန်းစိုပြေသော ရန်ကုန်မြိုသစ်ကို ပူးတွဲတည်ဆောက်ရန် အရည်အသွေးအမြင့်ဆုံးရင်းမြစ်များကို ထည့်သွင်းအသုံးပြုမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုတိုးတက်မှုအတွက်အကျိုးဆောင်မှုသစ်များကို ဆက်လက်လုပ်ဆောင်မည်ဟု လည်းပြောသည်။

ရန်ကုန်မြို့သစ်သည် အလုပ်အကိုင်သစ်များစွာကိ ဖန်တီးပေးမည်ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းစေမည်ဖြစ်ကြောင်းနှင့် CCCC နှင့် NYDC တို့သည် ရန်ကုန်ရှိအခြေခံအဆောက်အအုံများတိုးတက်ရေးနှင့် ပြည်သူများ အကျိုးရှိရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးဖြိုးမင်းသိန်းပြောသည်။

ဘေ့ဂျင်းအခြေစိုက် CCCC သည် တရုတ်လမ်းတံတားကော်ပိုရေးရှင်း၊ တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာနှင့် ဂျွန်ဟော်လန် အုပ်စုတို့ကဲ့သို့သော အခြားကဏ္ဍများမှလုပ်ငန်းခွဲ ၆၀ ကျော်ဖြင့် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံစီမံကိန်းများ ကိုအထူးပြုသည့် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများအနက်တခုဖြစ်သည်။ တရုတ်နေ့စဉ်သတင်းစာ၏ အဆိုအရ CCCC သည် နိုင်ငံနှင့် ဒေသပေါင်း ၁၁၈ ခုတွင် လုပ်ငန်းခွဲ၊ သုတေသနနှင့် ဝန်ဆောင်မှုဌာနပေါင်း ၂၄၀ ကျော်ထူထောင်ထားသည်ဟု သိရသည်။ ထိုအုပ်စုသည် လွန်ခဲ့သော ၅ နှစ်အတွင် ပြည်ပတွင် လုပ်ငန်းစာချုပ် အမေရိကန်ဒေါ်လာ ၁၇၀ ဘီလျှံဖိုး ချုပ်ဆိုနိုင်ခဲ့သည်ဟု ဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
75
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
297
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218

သို့သော် CCCC နှင့် ၎င်း၏ လုပ်ငန်းခွဲများသည် ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကနေဒါ၊သြစတြေးလျှနှင့် ကင်ညာတို့တွင် အငြင်းပွားမှုများဖြစ်စေခဲ့သည်။ ထိုကုမ္ပဏီကို ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလမ်းများတိုးတက်ရေးနှင် စီမံခန့်ခွဲရေး စီမံကိန်း ပထမဆင့်တွင် ဈေးနှုန်းလိမ်လည်တင်သွင်းခြင်းအတွက် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာ့ဘဏ်က ပိတ်ပင်ခဲ့သည်။

သီရိလင်္ကာတွင်ရှိသော CCCC ၏ ဒေါ်လာ ၁ ဘီလျှံတန် ကိုလံဘို ဆိပ်ကမ်းစီမံကိန်းသည် သဘာဝပတ်ဝန်းကျင်နှင့် အသက်မွေးဝမ်းကြောင်းများကို ပြင်းထန်သော ဆိုးကျိုးများဖြစ်စေသောကြောင့် ဒေသခံများ၏ ပြင်းထန်သောဆန့်ကျင်မှုကို ရင်ဆိုင်ရသည်။

ပင်လယ်အတွင်းမှ ဖေါ်ထုတ်ထားသော မြေ ၂၆၉ ဟက်တာတွင်ဆောင်ရွက်သည့် ထိုစီမံကိန်းကို CCCC က ၂၀၁၄ ခုနှစ်မှစတင်ပြီး အကောင်အထည်ဖေါ်နေသည်။ ထိုစီမံကိန်းသည် ရေတိုက်စားမှုဖြစ်စေခြင်း၊ အဏ္ဏဝါ ဇီဝမျိုးကွဲစုံလင်မှု၊ ငါးသယံဇာတနှင့် ပေါက်ဖွားသော နေရာများကို ထိခိုက်ပြီး ကမ်းရိုးတန်းကို ပြင်းထန်စွာ ထိခိုက်စေမည့် ကန့်ကွက်သည့်ကြားမှ မည်သည့် သဘာဝပတ်ဝန်းကျင်ဆိုးကျိုးမျှ မရှိဟု သီရိလင်္ကာအစိုးရက အာမခံပြီး မြေတိုက်စားမှုနှင့် ပတ်သက်သော ဒေသခံများ၏ ပူပန်မှုများကို ရင်ဆိုင်ခဲ့သည်။ CCCC သည် ၎င်း၏မူဘောင်တွင် ပတ်ဝန်ကျင်ထိခိုက်မှုလျှော့ချရေးလိုအပ်ချက် ၈၀ ခန့်ထည့်သွင်းရေးဆွဲထားသည်။

ထိုလမ်းညွှန်များကို လိုက်နာသည်ဟု အာဏာပိုင်များကပြောသော်လည်း ၂၈၀ ကီလိုမီတာရှည်သော ကိုလံဘိုမြို့တော်၏ မြောက်ဘက်နှင့်တောင်ဖက်ကမ်းရိုးတန်းတွင် ကြီးမားသော သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုများတွေ့ရကြောင်းနှင့် ပင်လယ်ကို အခြေခံ လုပ်ကိုင်စားသောက်သည့် မိသားစု ၈ သောင်းခန့်ထိခိုက်ကြောင်း ဘလွန်းဘတ် သတင်းဌာနကတွေ့ရှိခဲ့သည်။ ငါးဖမ်းဆီးရရှိမှု ၂၀ ရာခိုင်နှုန်းကျဆင်းသွားကြောင်း သီရိလင်္ကာနိုင်ငံလုံးဆိုင်ရာငါးဖမ်းအလုပ်သမားသမဂ္ဂကဖေါ်ပြခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ် ရာနေ ဝစ်ခရီမက်ဆင်ဟီ ကလည်း ၂၀၁၈ ခုနှစ်က အတိုက်အခံခေါင်းဆောင် ရာဂျာပက်ဆာ၏ ဝန်ထမ်းများသို့ ဒေါ်လာ ၈.၁ သန်းလွှဲပြောင်းပေးပို့မှုကို စုံစမ်းစစ်ဆေးနေကြောင်း ကြေညာခဲ့သည်။ထိုငွေများသည် CCCC က Standard Chartered ဘဏ်စာရင်းတခုဖြင့်လွှဲပေးငွေလည်း ပါဝင်သည်ဟု ဝန်ကြီးချုပ်ကပြောသည်။

၂၀၁၆ ခုနှစ်က CCCC ၏ လုပ်ငန်းခွဲ ဂျွန် ဟော်လန်ကဆောက်သည့် ကလေးဆေးရုံစီမံကိန်းတွင် CCCC သည် ပေါ့လျှော့မှုရှိသည်ဟု သြစတြေးလျှက စွပ်စွဲသည်။ ပါ့သ် ကလေးဆေးရုံသစ်၏ အမိုးပြားမှကျောက်ဂွမ်းဖြူများကို စစ်ဆေးရာတွင် ဝယ်ယူမှုနှင့်ကန်ထရိုက်လုပ်ထုံးလုပ်နည်း မလိုက်နာမှုများကိုတွေ့ခဲ့ကြောင်း ထိုသတင်းကဆိုသည်။

တန်ဇန်းနီးယားနိုင်ငံမြို့တော်မှ အဓိက ဆိပ်ကမ်းကိုတိုးချဲ့ရာတွင် CCCC သို့ဒေါ်လာ သန်း ၅၀၀ ကျော်တန် မတန်တဆ တန်ဖိုးတင်ထားသော ကန်ထရိုက်ကိုချထားပေးသောကြောင့် တန်ဇန်းနီးယား အရာရှိ ၂ ဦးကို ၂၀၁၄ ခုနှစ်က တရားစွဲဆိုသည်။

ကင်ညာနိုင်ငံသည် တရုတ်နိုင်ငံ၏ BRI ၏အကြွေးထောင်ချောက်မိသွား သောနိုင်ငံတနိုင်ငံဖြစ်သည်။ တရုတ်အစိုးရက ငြင်းဆန်သာ်လည်း မွန်ဘာဆာရှိ အဓိက ဆိပ်ကမ်းတခုသည် လွန်ခဲ့သော နှစ်မှစတင်ပြီး တရုတ်နိုင်ငံ၏ သိမ်းယူခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဆိုသည်။ CCCC ၏ လုပ်ငန်းခွဲဖြစ်သော တရုတ်လမ်းတံတားကော်ပိုရေးရှင်း (CRBC) သည်လည်း ၂၀၁၈ ခုနှစ်က မီးရထားလုပ်သားများကိုဖိနှိပ်သည်ဟူသော စွပ်စွဲချက်များဖြင့် ရင်ဆိုင်ရသည်။ အလုပ်သမားရာပေါင်းများစွာ သပိတ်မှောက်သောကြောင့် အဓိက ရထားလမ်းဖေါက်လုပ်ရေးလုပ်ငန်းကိုပိတ်လိုက်ရသည်။ ထို့အပြင် အနောက်မြောက်ဘက်မှ မြို့တော်သို့ဆက်သွယ်သော ရထားလမ်းသည်လည်း ဒေသခံများကိုအလုပ်မခန့်ဘဲ တရုတ်လုပ်သားများကို အသုံးပြုသောကြောင့် ဒေသခံများ၏ ဆန့်ကျင်မှုကို အကြီးအကျယ်ခံရသည်။

ကနေဒါအစိုးရကလည်း အမျိုးသားလုံခြုံရေးကိုကာကွယ်ရန်အတွက် CCCC က အဆိုပြုထားသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို အကောင်အထည်မဖေါ်ရန် လွန်ခဲ့သောနှစ်က တားမြစ်ခဲ့သည်။

ထိုနှစ်တွင်ပင် အတွင်းဝန်တဦးကို လာဘ်ထိုးရန်ကြိုးစားသောကြောင့် CCCC ၏လုပ်ငန်းခွဲ တရုတ်ဆိပ်ကမ်းအင်ဂျင်နီယာ ကုမ္ပဏီ (CHEC) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အမည်ပျက်စာရင်းသွင်းခဲ့သည်။ သမ္မတရှီ သွားရောက်လည်ပတ်ပြီးနောက် ၂၀၁၆ ခုနှစ်က ၂ နိုင်ငံနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး ခဲ့သည့် ဒါကာ-ဆယ်လ်ဟက်ရထားလမ်းတည်ဆောက်ရေးအတက် တရုတ်အစိုးရသည် CHEC ကိုရွေးချယ်ခဲ့သည်။ ရထားလမ်းတိုးချဲ့ရေးအတွက် ထိုကန်ထရိုက်ရရှိသွားသော ကုမ္ပဏီသည် အခြားအစိုးရအရာရှိတဦးကိုလည်း လာဘ်ထိုးရန်ကြိုးစားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီးက မီဒီယာများကိုပြောသည်။ ၂၀၁၀ ခုနှစ်ကလည်း ယခင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း၏ သားဖြစ်သူ အာရာဖတ် ရာမန်သည် စစ်တကောင်းဆိပ်ကမ်းစီမံကိန်း ဈေးနှုန်းအဆိုပြုလွှာအတွက် CHEC ထံမှ လာဘ်ယူမှုဖြင့် ထောင်ချခံရပြီး ဒဏ်ငွေ ဒေါ်လာ ၁.၆ သန်းဆောင်ရသည်။ ရာမန်သည် ၂၀၀၅ ခုနှစ် တွင်CHEC ၏ လာဘ်ငွေ ဒေါ်လာ ၂.၀၉ သန်းကို အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းများမှတဆင့် အကြိမ် ၃ ကြိမ်ခွဲလက်ခံခဲ့သည်ဟု စွပ်စွဲခံရသည်။

ကွာလာလမ်ပူနှင့် မလေးရှားအရှေ့ဖက်ကမ်းခြေကို ဆက်သွယ်သော ရထားလမ်းအတွက် CCCC က ဈေးပိုတောင်းခြင်း ရှိ မရှိနှင့် အဂတိလိုက်စားမှုစွဲချက်များ တင်ထားခံရသော ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ်လက်အောက်မှ အစိုးရ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေက ထုတ်ယူသော ငွေများအတွက် မလေးရှားနိုင်ငံက စုံစမ်းစစ်ဆေးမှု စတင်လိုက်သောကြောင့် ထိုကုမ္ပဏီနှင့် ပတ်သက်သည့် အရှုပ်တော်ပုံများ တိုးလာသည်။ လွန်ခဲ့သော နှစ်အောက်တိုလက အစိုးရသစ်သည် အကြွေးထောင်ချောက်နှင့်ပတ်သက်ပြီး စိုးရိမ်သောကြောင့် ထိုရထားလမ်းစီမံကိန်းကို ဖျက်သိမ်းလိုက်သည်။ CCCC က ထိုစီမံကိန်းအတွက် ကုန်ကျစရိတ်ကို ယခင်ဒေါ်လာ ၁၇.၂ သန်းမှ ယခုဒေါ်လာ ၉.၈ သန်းသို့ လျှော့ချပေးသော်လည်း ထိုစီမံကိန်းမှာ သောင်မတင်ရေမကျဖြစ်နေသည်။

ဇန်နဝါရီလကလည်း CCCC သည် မဲခေါင်မြစ်အတွင်း မြစ်ကြောင်း သောင်တူးရာတွင် ဖြစ်နိုင်ခြေရှိသော လူမှုနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို ထည့်သွင်းစဉ်းစားခြင်မရှိသောကြောင့် ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုခံရကြောင်း ထိုင်းမီဒီယာများက ဖေါ်ပြကြသည်။

ရန်ကုန် မြို့သစ်စီမံကိန်းသည် CCCC ၏ အငြင်းပွားဖွယ်ရာနောက်ခံများအတိုင်း အလားတူ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မည်ဟူသည့် အများပြည်သူပူပန်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီ၏သောကြာနေ့က မေးခွန်းများကို ၎င်း၏ ပြည်သူ့ဆက်ဆံရေးဌာနနှင့် ရေခြားမြေခြားစီးပွားရေးဌာနတို့သည် ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပါ။

အများပြည်သူ စိုးရိမ်ပူပန်မှုများ

များပြားလှသော CCCC ၏ အငြင်းပွားမှုများကြောင့် ရန်ကုန်မြို့သစ်သည် အများပြည်သူ ပူပန်မှုဝေဖန်မှုများဖြစ်စေသည်မှာ အံ့သြဖွယ်မဟုတ်ပေ။

အကောင်အထည်ဖေါ်သူ၏ တာဝန်ခံမှု၊ အမှန်တကယ် ကုန်ကျစရိတ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ အကျိုးအမြတ်ခွဲဝေခြင်းနှင့် အခြားလူမှုရိုက်ခတ်မှုများကို အစိုးရကထည့်သွင်း စဉ်းစားခြင်းမရှိလျှင် ရန်ကုန်မြို့သစ်စီမံကိန်းသည် အခြားနိုင်ငံများတွင်ကဲ့သို့သော အလားတူ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။

ဒေါ်စန္ဒာမင်းသည် ရန်ကုန်မြို့သစ်စီမံကိန်းအနီးရှီ ဆိပ်ကြီးမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ရန်ကုန်တိုင်းအစိုးရအနေဖြင့် စီမံကိန်းအတွက် သဘောမတူမီ CCCC ၏ အငြင်းပွားဖွယ်နောက်ခံသမိုင်းကို သိခဲ့သင့်ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ထိုတရုတ်ကုမ္ပဏီအကြောင်း လွှတ်တော်တွင် မကြာမီ ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းပြောသည်။

“ခုချိန်ထိ ကျမတို့ရထားတဲ့ သတင်းတွေကြောင့် CCCC ရဲ့နောက်ခံသမိုင်းကို သေသေချာချာ စစ်ဆေးရမယ်” ဟုလည်း သူပြောသည်။

တရုတ်နိုင်ငံကမ္ဘာတဝန်းစီးပွားရေး ဆက်ဆံမှုများကို ခြေရာခံလေ့လာနေသော ဝါရှင်တန်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်း RWR သည် ဖေါက်သည်များနှင့် ပူးပေါင်းဆောင်ရွက်သူများအတွက်အန္တရာယ်ဖြစ်စေနိုင်သော CCCC နှင့် ကမ္ဘာတဝန်းရှိ လုပ်ငန်းခွဲများ၏ စီးပွားရေးဆက်ဆံမှုများကို မှတ်တမ်းတင်ထားသည်။ ၎င်းတို့တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ၊ ပွင့်လင်းမြင်သာမှုမရှိသောစီပွားရေးလုပ်နည်းလုပ်ဟန်နှင့် လုပ်ငန်းအရည်အသွေးနှင့်ပတ်သက်သော မကျေနပ်မှုများတို့ပါဝင်သည်။

တရုတ်နိုင်ငံပိုင်လုပ်ငန်းများသည် အများအားဖြင့် စီမံကိန်းရွေးချယ်မှုများနှင့် ကမ်းလှမ်းမှုများကို ကုမ္ပဏီ၏ အရှုံးအမြတ်နှင့် ရှယ်ယာရှင်များအတွက် စီးပွားရေးတန်ဖိုးအရမဟုတ်ဘဲ တရုတ်နိုင်ငံအတွက် သေနင်္ဂဗျူဟာ တန်ဖိုးအပေါ်အခြေပြုရွေးချယ်သော မှတ်တမ်းရှိကြောင်း RWR ၏ လုပ်ငန်းအကောင်အထည်ဖေါ်ရေးအရာရှိချုပ် ဒါဗန်ပို့ကပြောသည်။

“တချိန်တည်းမှာပဲ CCCC ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေမှာ အဂတိလိုက်စားမှုတွေ လာဘ်ပေးလာဘ်ယူတွေ စွပ်စွဲခံနေရတယ်” ဟု ဧရာဝတီ သတင်းဌာနသို့သူပြောသည်။

“CCCC အနေနဲ့ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဈေးသိသိသာသာ ခွာပြီး အရက်ရောဆုံး ကမ်းလှမ်းချင်တယ်ဆိုရင် အစိုးရအရာရှိတွေနဲ့ နိုင်ငံသားတွေဟာ သူတို့ဘာကြောင့်ဒီလိုလုပ်ချင်တယ်ဆိုတာကိုစဉ်းစားသင့်တယ်” ဟုလည်း သူပြောသည်။

ကမ်းလှမ်းမှုကို မြန်မာနိုင်ငံက တတ်နိုင်သည်ဖြစ်စေ မတတ်နိုင်သည်ဖြစ်စေ၊ မြန်မာနိုင်ငံက မြို့သစ်တခုအတွက် ထိုငွေတွေသုံးခြင်းသည် စီးပွားရေးအရ အဓိပ္ပါယ်ရှိသော ဆုံးဖြတ်ချက်ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ရက်ရောပြီး ဈေးကွက်မဆန်သော ပြဋ္ဌာန်းချက်များကြောင့် မှီခိုမှုများကို ဖန်တီးပြီး ထိန်းချုပ်မှုသြဇာ လွှမ်းမိုးမှု အတိုင်းအတာတခုအထိ ဖြစ်လာနိုင်သည်ဟု ဒါဗန်ပို့က သတိပေးသည်။

NYDC နှင့် CCCC ၏ မူဘောင်သဘောတူညီချက်အရ NYDC စိန်ခေါ်မှုမော်ဒယ် ပထမဆင့်ဖြစ်ပြီး ထိုအဆင့်တွင် အရည်အသွေးမီပြီး တည်ဆောက်ရေး ပထမဆင့်ကို အကောင်အထည်ဖေါ်ရန် စီမံကိန်းမတိုင်မီ စာရွက်စာတမ်းများ (PPD) ကို တင်သွင်းရမည်ဖြစ်သည်။ PPD တွင် နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာရေးအဆိုပြုချက်များနှင့် NYDC ပြန်လည်သုံးသပ်ရန် စီးပွားရေးပုံစံများ ပါဝင်သည်။

PPD ကို တင်သွင်းပြီး NYDC က အတည်ပြုပါက ၎င်းကို အများပြည်သူသို့ ကြေညာပြီး ထိုသဘောတူညီမှုကို မည်သည့်အရည်အသွေးမီ လုပ်ငန်းကမဆို တင်ဒါအကဲဖြတ် မှတ်ကျောက်စံနှုန်းများ၏ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာသော ပိုမိုကောင်းမွန်သော အချက်များဖြင့် စိန်ခေါ်ရန် ခွင့်ပြုရမည်ဖြစ်သည်။ PPD မကြာမီထုတ်ပြန်ရန် အဆင်သင့်ဖြစ်နေပြီဟု NYDC ကပြောသည်။

Your Thoughts …
Tags: CCCCNYDCတရုတ်နိုင်ငံပိုင်ကုမ္ပဏီရန်ကုန်မြို့သစ်
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

၂၀၁၉ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Invest Myanmar Summit ၏ ရန်ကုန်တိုင်းပြခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာကြည့်စဉ် / NYDC

ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ

by ဧရာဝတီ
31 March 2022
18.2k

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ၏ ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၁ ရက်တွင် လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသည့် ခေတ်သစ်ပိုးလမ်းမ Belt and Road Initiative (BRI) ၏ တစိတ်တပိုင်း ဖြစ်သည်

ရန်ကုန်မြို့သစ်စီမံကိန်း တရုတ်အဆိုပြုချက်ကို အခြားကုမ္ပဏီ ၉ ခုက စိန်ခေါ်မည်

by နန်းလွင်
27 November 2020
16.8k

ရန်ကုန်မြို့သစ် စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသည့် ခေတ်သစ်ပိုးလမ်းမ Belt and Road Initiative (BRI) ၏ တစိတ်တပိုင်း ဖြစ်သည်။

မြို့သစ်ချဲ့ထွင် ဆောက်ရန်နှင့်သာ မပြီး မြို့ဟောင်း စည်ပင်သာယာရေး ပိုကောင်းလာအောင်လည်း လုပ်ရမည်

ရန်ကုန်မြို့သစ်စီမံကိန်း ဘာလဲဘယ်လဲ

by ခိုင်ဝင်း
14 December 2018
8.9k

ရန်ကုန်မြို့သစ် စီမံကိန်း၏ Master Plan ကို ရေးဆွဲပေးသည့် ကုမ္ပဏီမှာ စင်ကာပူနိုင်ငံအခြေစိုက် AECOM ကုမ္ပဏီဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်း တည်နေရာရှိ လယ်ကွင်းများကြား မြင်တွေ့ရသော အမျိုးသမီးတဦး / ဧရာဝတီ

ရန်ကုန်မြို့သစ် နယ်မြေသည် ရေဝပ်မြေဟု ပညာရှင်များ သတိပေး

by ကျော်ဖြိုးသာ
22 June 2018
19.9k

ရန်ကုန်မြို့သစ် စီမံကိန်း အားလုံး ပြီးစီးသည့် အချိန်တွင် မြို့သစ်သည် စင်ကာပူ၏ ၂ ဆ ကျယ်ဝန်း လမ့်မည် ဖြစ်ကြောင်း NYDC က ထုတ်ပြန်ခဲ့သော ကြေညာထားသည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပုံဖော်ထားပုံ / NYDC

တရုတ်ဦးဆောင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စင်ပြိုင်တင်ဒါခေါ်ယူ

by နန်းလွင်
20 October 2020
12.1k

ရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်သောကြောင့် ထိုစီမံကိန်း အကောင်အထည်ဖေါ်ရန် အဆင့်တဆင့် နီးကပ်လာပြီဖြစ်သည်။

Next Post
မတ်လ ၆ ရက်က နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ / မိုးမိုး / ဧရာဝတီ

နိုင်ငံ လူဦးရေ၏ ၂၆ ရာခိုင်နှုန်းသည် ရွှေ့ပြောင်းသွားလာ လုပ်ကိုင်သူများ ဖြစ်ဟုဆို

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ  /  ဧရာဝတီ

“စစ်မီးကို ပိုပြန့်ပွားအောင် လုပ်တာ အစိုးရဘက်က”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved