• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“စစ်မီးကို ပိုပြန့်ပွားအောင် လုပ်တာ အစိုးရဘက်က”

by နန်းလွင်နှင်းပွင့်
7 March 2019
in အင်တာဗျူး
A A
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ  /  ဧရာဝတီ

AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခ / ဧရာဝတီ

47k
VIEWS
Share on FacebookShare on Twitter

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းရန် ပေးထားသည့် အချိန် ၄ လ ကျော်၊ ရက်ပေါင်း ၁၃၁ ရက် အတွင်း ရက်ပေါင်း ၇၅ ရက် ကုန်သွားပြီ ဖြစ်သည်။

ရခိုင် ပြည်နယ်တွင်း စစ်ရေး တင်းမာမှု အမြင့်မားဆုံး ဖြစ်နေသည့် ရက္ခိုင့် တပ်မတော် (AA) အပါအဝင် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဖြစ်သည့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေး ဗဟိုဌာန(NRPC)၊ ငြိမ်းချမ်းရေး ကော်မရှင် (PC) ကိုယ်စားလှယ်များကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က တရုတ် နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။

ထို တွေ့ဆုံမှုသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာထားသော အပစ်ရပ်ထားသည့် ကာလ အတွင်း ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။

သို့သော် အပစ်အခတ် ရပ်စဲရေး အတွက် သဘောတူညီမှု တစုံတရာ မရရှိဘဲ အစည်းအဝေးကို အပြီးသတ်ခဲ့သည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
102
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
95
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
54

ကူမင်း ဆွေးနွေးပွဲတွင် စစ်ရေး တင်းမာနေသည့် ရခိုင် ပဋိပက္ခ အရေးများ ထည့်သွင်း ဆွေးနွေးခြင်း ရှိမရှိ၊ အပစ် အခတ် ရပ်စဲရေး အတွက် အလားအလာများနှင့် ပတ်သက်ပြီး AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ကူမင်း ဆွေးနွေးပွဲ ပြီးတဲ့နောက်မှာ AA အဖွဲ့အစည်းအတွင်း ဘာတွေ ပြန်ဆွေးနွေး နေကြတာ ရှိလဲ။ အပစ် အခတ် ရပ်စဲရေး အတွက် ဘာတွေ မျှော်လင့်လို့ ရမလဲ။

ဖြေ။ ။ အဲဒါတော့ လောလောဆယ် ပြောလို့ မရသေးပါဘူး။ အထူးသဖြင့်တော့ ဗမာ အစိုးရဘက်ကနေ ကတိကဝတ် စာချုပ် (Deed of Commitment- DOC) ကို တင်လာတယ်။ ကျနော်တို့ မြောက်ပိုင်း မဟာမိတ်ဘက်ကတော့ Bilateral ကို အရင် သွားချင်တယ်။ ပြီးမှပဲ အခြား ဥစ္စာတွေကို ဆက်ဆွေးနွေး ချင်တယ်။ သူတို့က အဆုံးအဖြတ် မပေးနိုင်တော့ ပြန်တင်ပြမယ် ဆိုတာ နဲ့ ပြီးသွားတာပါ။

မေး။ ။ ရခိုင်မှာ ဇန်နဝါရီလ ၄ ရက် ဝင်တိုက်တဲ့ ကိစ္စကြောင့် Bilateral မလုပ်တော့ဘူး ဆိုတာမျိုး ပြောတယ်လို့ ကြား ပါတယ်။ ဒီအပေါ် AA ဘက်က သဘောထား ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ဒါက အကြောင်းပြချက်တွေပဲ။ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ ဆက်ပြီးတော့ေ ဆွးနွေးနေရတာ။ မဟုတ်ရင် ဆွေးနွေး စရာမှ မလိုဘဲ။ တိုက်ပွဲတွေ ဒီလိုမျိုး AA စခန်းတွေကို ဝင်တိုက်လို့ မဆွေးနွေးဘူး ဆိုတာက အဓိပ္ပာယ် မရှိတဲ့ ကိစ္စ။ ဒါပြော မယ် ဆိုရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရိုးသားမှု မရှိတာလို့ဘဲ မြင်တယ်။

မေး။ ။ Bilateral မထိုးဘဲ Deed Of Commitment ထိုးပြီး NCA သွားမယ်ဆိုတဲ့ လမ်းကို ဘယ်လို နားလည်လဲ။ AA အဖွဲ့အစည်းတွင်း ဘာတွေ ဆွေးနွေးထားပြီလဲ။

ဖြေ။ ။ ကျနော်တို့ မြင်တာ အစိုးရဘက်ကတော့ သူတို့ သွားချင်တဲ့ NCA ပေါ်မှာ မရရအောင် အတင်း တရွတ်တိုက် ဆွဲ သွားမယ့် သဘောရှိတယ်။ ဒါပေမယ့် ကျနော်တို့ မြောက်ပိုင်း မဟာမိတ်ဘက်ကတော့ လောလောဆယ် ကျနော် တို့ က Bilateral အရင် သွားချင်တယ်။

မေ။ ။ ပြီးခဲ့တဲ့ ၂၅ ရက် ကူမင်း အစည်းအဝေးမှာ နှစ်ဖက် ညှိနှိုင်းမှု မပြေလည်တဲ့ သဘောလို့လည်း ကြားတာတွေ ရှိပါ တယ်။ အစည်းအဝေးအပေါ်AA ရဲ့ သုံးသပ်ချက်က ဘယ်လိုရှိလဲ။

ဖြေ။ ။ မပြေလည်ဘူး ဆိုတာထက် သူတို့က အဆုံးအဖြတ် မပေးနိုင်လို့ ရှေ့မဆက်နိုင် ဖြစ်တာ။ သူတို့က DOC ကို တင် လာတယ်။ ကျနော်တို့ဘက်က Bilateral ကို အရင် သွားချင်တယ် ဆိုတော့ သူတို့မှာ အဲဒါကို အဆုံးအဖြတ် မပေးနိုင်ဘူး။ အထက်ကို ပြန်တင်ပြရမယ် ဆိုပြီး အဲဒီမှာတင် တန့်သွားတာ။

မေး။ ။ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အပေါ်ရော ဘာတွေ ပြောဖြစ်ကြပါသလဲ။

ဖြေ။ ။ ကျနော်တို့ဘက်က ပြောလိုက်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေပြီးတော့ နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေး မယ် ဆိုရင်လည်း ကျနော်တို့ ရက္ခိုင့်တပ်မတော်က အဆင်သင့် ရှိတယ် ဆိုတာကို သတင်းစကား ပေးလိုက်ပါတယ်။ အစိုးရ ဘက်ကနေ ဆက်ပြီး အမြစ်ပြတ် ချေမှုန်းမယ်ဆိုပြီး ထိုးစစ်ဆင် တိုက်ခိုက်လာရင်တော့ ကျနော်တို့က ရှောင်လွှဲ လို့ မရဘူး။ ဆက်ပြီးတော့ တိုက်ခိုက်ရုံပဲလို့ သူတို့ကို ပြောလိုက်တယ်။

နောက်ပြီးတော့ နှစ်ဖက် လက်နက်ကိုင် တပ်တွေ တိုက်ကြတဲ့ အခါ ဗမာ့ တပ်မတော်ဘက်က ပြည်သူတွေကို ဦးတည် တိုက်ခိုက်တာတွေ မလုပ်ဖို့ အတွက် အဲဒါတွေကို ကျနော်တို့ဘက်က ပြောလိုက်ပါတယ်။

မေး။ ။ အစိုးရဘက်က လာတွေ့တဲ့ ကိုယ်စားလှယ်တွေကရော ဘာပြောလဲ။ သူတို့မှာ ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး ညှိဖို့ တပ်မတော်ဘက်က ဖြစ်ဖြစ် အစိုးရဘက် ကဖြစ်ဖြစ် ပေးလိုက်တဲ့ အာဂျန်ဒါ ၊ ဒါမှမဟုတ် မန်းဒိတ် တခုခု ပါလာ သလား။

ဖြေ။ ။ အဲဒါကတော့ သူတို့ ဘာမှကို မပါလာဘူးလို့ ပြောရမယ်။ ဘာမှကို အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ ဘာမှ မပြောသွားဘူး။

မေး။ ။ AA ဘက်က ဘယ်လို သုံးသပ်လဲ။ နှစ်ဖက် တွေ့ဆုံဖို့က တကြိမ်နဲ့ တကြိမ်ကြား ခက်ခဲနေတဲ့ အချိန်၊ တွေ့တော့ လည်း ပဋိပက္ခ ကိစ္စ ဘာမှမပြော ဖြစ်ကြဘူး ဆိုတော့ ဒီဆွေးနွေးပွဲ အပေါ် ဘယ်လို သုံးသပ်လဲ။

ဖြေ။ ။ လက်ရှိ အစိုးရကတော့ ဟိုဘက်မှာ သူတို့ အရင် လက်မှတ်ထိုးထားတဲ့ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့လည်း သိပ်ပြီး ပြေလည်မှု မရှိတာ တွေ့ရတယ်။ ဟိုဘက်ကို ပြေလည်မှု မရှိတော့ ဒီဘက်ကို NCA အမြန် ထိုးချင်တဲ့ သဘော တွေ တွေ့ရ တယ်။ အဲဒါကြောင့် သူတို့ဘက်က တရွတ်တိုက် လုပ်လာတဲ့ သဘောမျိုးတွေ တွေ့ရတယ်။

မေး။ ။ AA ဘက်ကရော ရခိုင်က ပဋိပက္ခတွေ ပြေလည်ဖို့ ဘယ်လို ပုံစံနဲ့ အစိုးရနဲ့ သဘောတူညီမှု ယူချင်တာ ရှိပါ သလဲ။

ဖြေ။ ။ ကျနော်တို့ဘက်ကတော့ ရှင်းရှင်းလေး ပြောပြီးပြီ။ ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်ကိုလည်း ဖွင့်ပြောပြီးပြီ။ ကျနော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အဆင်သင့် ရှိတယ် ဆိုတာလည်း ဖွင့်ပြောပြီးပြီ။ ဒါပေမယ့် အခုက အပြုတ် တိုက်ရေး ကြွေးကြော်ပြီး ထိုးစစ်ကြီးတွေ လုပ်ပြီး စစ်မီးကို ပိုပြန့်ပွားအောင် လုပ်တာ အစိုးရဘက်က ဖြစ် တယ်။ ကျနော် တို့ဘက်က လုပ်နေတာ မဟုတ်ဘူး။ အစိုးရဘက်က လုပ်လာတာ။

သူတို့ဘက်က အမြစ်ပြတ် ချေမှုန်းရေး ကြွေးကြော်ပြီး တိုက်လာရင်တော့ ကျနော်တို့ ဘက်ကလည်း ခုခံ တိုက်ခိုက်ရုံမှ အပ အခြား နည်းလမ်း မရှိဘူး။ အဲဒါကြောင့် စစ်မီးက ဒီလို ကျယ်လာတာဗျ။

မေး။ ။ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ အနေနဲ့ရော AA အနေနဲ့ရော အစိုးရဘက်က ပြောတဲ့ DOC ကို စဉ်းစားဖို့ ရှိလား။ ဒါမှမဟုတ် Bilateral ထိုးရေးပေါ်ပဲ ရပ်တည်မလား။

ဖြေ။ ။ ဒီဟာကတော့ ကျနော်တို့က အစိုးရနဲ့ တွေ့ပြီး ပြန်ပြောရတဲ့ သဘောဆိုတော့ တခါတည်းမှာ တခြားဟာတွေကို အလှမ်း ကျယ်ပြီး သွားလို့ မရဘူး။ အရင်ဆုံး Bilateral အရင်ထိုးမှပဲ တခြားဟာတွေကို နောက်ထပ် ဆွေးနွေးရမယ့် ကိစ္စ ဖြစ်တယ်။

မေး။ ။ နောက်တကြိမ် ပြန်တွေ့ဖို့ ပြောတာကရော ညှိထားပြီလား။

ဖြေ။ ။ အဲဒါတွေက မရှိပါဘူး။ အခြေအနေပေါ် မူတည်ပြီးတော့ နောက်ထပ် ဖြစ်ပေါ် တိုးတက်မှုကို ကြည့်ရမှာပါ။

မေး။ ။ မြေပြင်မှာ ရှိတဲ့ ပဋိပက္ခ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ ဒီရက်ပိုင်းမှာ အစိုးရဘက်ကနေ ရခိုင်ပြည် အနှံ့ ထိုးစစ်တွေ လုပ်နေတော့ တိုက်ပွဲက နေ့စဉ် နီးပါး ဆက်ဖြစ်နေပါတယ်။ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ကြ ခိုက်ကြတာကတော့ ဘာမှ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်သား ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။ အစိုးရတရပ် အနေနဲ့ ဂုဏ်သိက္ခာ ရှိရှိ၊ အကာအကွယ် ပေးဖို့ ကျနော်တို့ဘက်က ပြော လို ပါတယ်။ ။

Your Thoughts …
Tags: AA ပဋိပက္ခတပ်မတော်
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

by ဧရာဝတီ
22 May 2025
3.3k

ဒီနှစ်အကုန်မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ အတင်း ကြော်ငြာထိုးပြီး မင်းအောင်လှိုင် ပြောနေတာကတော့ သူဟာ သမ္မတ အဖြစ် ရာထူး ဆက်ယူထားဖို့ကို ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

မိုးကုတ်၊ မိုးမိတ်ပြန်ပေး၍ အပစ်ရပ်ရန် TNLA သဘောတူ

by ဧရာဝတီ
29 October 2025
3.3k

စစ်တပ်အား အကြီးအကျယ်အထိနာစေခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ၂ နှစ်ပြည့်သည့်ရက်နှင့်တိုက်ဆိုင်စွာ ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲတွင် TNLA က မြို့နှစ်မြို့ပြန်ပေးကာ အပစ်ရပ်သဘောတူခဲ့ပြီဖြစ်သည့်အတွက် ၁၀၂၇ စစ်ဆင်ရေး ဦးဆောင်ခဲ့သူများထဲတွင် အာရက္ခတပ်တော်(AA) တဖွဲ့တည်းသာ စစ်တပ်အား ဆက်လက်...

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
53.2k

သူများနှင့် မတူသည်က သူသည် အိမ် ၂ လုံး ပိုင်ဆိုင်ထားသည်။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ် အတွင်းရှိ မန်လီကျေးရွာက မန်လီ ဘုန်းကြီးကျောင်း  /  Khun Zaw Oo

မန်လီ ဒေသခံ ၁၀ ဦး ပျောက်ဆုံးမှု ယနေ့အထိ သတင်း မရရှိသေး

ကချင်ပြည်နယ် မိုင်ဂျာနယ်မြို့နယ်တွင် လှုပ်ရှားနေသော KIA တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ကချင် လွတ်လပ်ရေး တပ်မတော်ကို NCA အမြန် ထိုးရန် ယူနန် အစိုးရ ပြော

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved