• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်ဦးဆောင်သည့် ရန်ကုန်မြို့သစ်စီမံကိန်းအတွက် စင်ပြိုင်တင်ဒါခေါ်ယူ

by နန်းလွင်
20 October 2020
in စီးပွားရေး
A A
ရန်ကုန်မြို့သစ်စီမံကိန်းကို ပုံဖော်ထားပုံ / NYDC

ရန်ကုန်မြို့သစ်စီမံကိန်းကို ပုံဖော်ထားပုံ / NYDC

12.1k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားလှသော ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ အဓိက စီမံကိန်းတခုဖြစ်သည့် ရန်ကုန်မြို့သစ်စီမံကိန်းမှ စက်မှုဇုန်နှင့် ဆက်စပ်အခြေခံအဆောက်အအုံများ တည်ဆောင်ရန် တရုတ်ကုမ္ပဏီ၏ အဆိုပြုချက်နှင့် စင်ပြိုင်အဆိုပြုချက်များ တင်သွင်းရန် ရင်းနှီးမြှုပ်နှံသူများကို မြန်မာအစိုးရက ဖိတ်ခေါ်လိုက်သောကြောင့် ထိုစီမံကိန်း အကောင်အထည်ဖေါ်ရန် အဆင့်တဆင့် နီးကပ်လာပြီဖြစ်သည်။

ထိုစီမံကိန်းကို အကောင်အထည်ဖေါ်ရန် စင်ပြိုင်တင်ဒါလုပ်ငန်းစဉ်တွင် ယှဉ်ပြိုင်လိုသော ကုမ္ပဏီများထံမှ စိတ်ပါဝင်စားမှု အဆိုပြုလွှာ (EOI) များကို ဂျာမန်အတိုင်ပင်ခံလုပ်ငန်း Roland Berger ကကြီးကြပ်မည်ဖြစ်ကြောင်း အစိုးရ၏ ဆွစ်ချဲလင့်တင်ဒါကော်မတီက ကြာသပတေးနေ့တွင် ကြေညာသည်။ အထက်ပါကြေညာချက်အရ ထိုကော်မတီက စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် စိတ်ပါဝင်စားမှု အဆိုပြုချက်များတင်သွင်းရန် အချိန် ၇ ရက်သာပေးထားပြီး အောက်တိုဘာလ ၂၂ ရက် ညနေ ၃ နာရီနောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းသည် ကြီးမားလှသော ကမ္ဘာ့အခြေခံအဆောက်အအုံကွန်ရက် တည်ဆောက်မည့် သမ္မတ ရှီကျင့်ဖျင်၏ BRI စီမံကိန်းတွင် မြန်မာနိုင်ငံမှ အဓိကကျသည့် ကျောရိုးစီမံကိန်းများအနက်တခုဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းသည် BRI ၏ အဓိက အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) ၏ မဏ္ဍိုင်စီမံကိန်းဖြစ်ကြောင်း ရှီက သတ်မှတ်ထားသည်။

ဆွစ် စင်ပြိုင်တင်ဒါလုပ်ငန်းစဉ်အရ ဘေ့ဂျင်းအခြေစိုက် တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက် (CCCC) က အဆိုပြုထားသည့် တည်ဆောက်ရေးအဆိုပြုချက်များကို လူသိရှင်ကြားထုတ်ပြန်ကြေညာပြီး အခြားကုမ္ပဏီများအနေဖြင့် ပိုမိုကောင်းမွန်သော စင်ပြိုင်အဆိုပြုချက်များ တင်သွင်းခွင့်ရမည်ဖြစ်သည်။ ကုမ္ပဏီတခုခု၏ စင်ပြိုင်တင်ဒါသည် ဈေးနှုန်းပိုမိုသက်သာပြီး ပိုမိုကောင်းမွန်ပါက အနိုင်ရနိုင်ပြီး ထိုလုပ်ငန်းသည် ကုန်ကျထားသော စရိတ်များကို CCCC သို့ ပြန်လည်ထုတ်ပေးရန် လိုမည်ဖြစ်သည်။

မူလအဆိုပြုသူအနေဖြင့် CCCC သည် အနိုင်ရသော စင်ပြိုင် အဆိုပြုချက်ကို ယှဉ်နိုင်ရန်နှင့် ပိုမိုကောင်းမွန်စွာ အဆိုပြုရန် အနိုင်ရသောစင်ပြိုင် အဆိုပြုချက်ကို ကြေညာသည့်ရက်မှ ရုံးဖွင့်ရက် ၄၅ ရက်အထိ အချိန်ရမည်ဖြစ်သည်။

အဆိုပြုစီမံကိန်းတွင် အများပြည်သူဆိုင်ရာ တည်ဆောက်ရေးနှင့် အခြေခံအဆောက်အအုံများပါဝင်ကြောင်း အထက်ပါကော်မတီ၏ အဆိုအရ သိရသည်။ အများပြည်သူဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများတွင် ရန်ကုန်မြစ်ကူးတံတား၊ မြူနီစပါယ်လမ်းများနှင့် ဒေသပြန်လည်နေရာချထားရေးအတွက် အခြေခံအဆောက်အအုံများ ပါဝင်သည်။

အဆိုပြု အခြေခံ အဆောက်အအုံများတွင် စက်မှုဇုန်တခု၊ ရေသန့်စင်စက်ရုံ၊ ရေဆိုးသန့်စင်စက်ရုံ၊ ဓါတ်အားပေးစက်ရုံ၊ စီးပွားရေးနှင့် လူနေဧရိယာများပါဝင်ကြောင်းလည်း အထက်ပါကော်မတီကဆိုသည်။

ဆွစ် စင်ပြိုင်တင်ဒါတွင် မည်သည့်နိုင်ငံမဆိုမှ ကုမ္ပဏီများပါဝင်နိုင်ပြီး ရွေးချယ်မှုလုပ်ငန်းစဉ်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်ဟုလည်း ဆိုသည်။

အထက်ပါကော်မတီက ပဏာမရွေးချယ်ခံရသော လျှောက်ထားသူအား အဆိုပြုချက်တောင်းခံမှု(RFP) ကို မည်သည့်နေရာတွင် ရယူရမည်နှင့် RFP နှင့်ပတ်သက်သော သတင်းအချက်အလက်များကို EOI နောက်ဆုံးတင်သွင်းသည့် ရက်မှ ရုံးဖွင့်ရက် ၇ ရက်အတွင်းပေးမည်ဖြစ်သည်။ အထောက်အကူပြု အခြေခံအဆောက်အအုံများ၏ အတိုင်းအတာ၊ လျှောက်ထားသူက တင်သွင်းရမည့် စာရွက်စာတမ်းများနှင့် ဆွစ်စင်ပြိုင်တင်ဒါလုပ်ငန်းစဉ်၏ မူဘောင်များ အပါအဝင် စက်မှုဇုန်၏ နောက်ထပ်အသေးစိတ်များကို RFP တွင် ဖေါ်ပြထားမည်ဖြစ်သည်။

အရည်အချင်းမီသော လုပ်ငန်းသည် စက်မှုဇုန်များ၊ စီးပွားရေး သို့မဟုတ် လူနေအဆောက်အအုံများ သို့မဟုတ် လမ်းများ၊ တံတားများ၊ ဓါတ်အားပေးစက်ရုံများ၊ ရေပေးဝေရေးစနစ်များ သို့မဟုတ် အခြားသက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် ပတ်သက်သည့် စီမံကိန်း အနည်းဆုံးတခုကို အကောင်အထည်ဖေါ်သည့် အတွေ့အကြုံရှိရမည်ဟု သတ်မှတ်ထားကြောင်း ကော်မတီကပြောသည်။

ရန်ကုန်တိုင်းအစိုးရက ပိုင်ဆိုင်သော ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ(NYDC) နှင့် CCCC တို့သည် သဘောတူညီချက်တခုကို ၂၀၁၈ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး ထိုသဘောတူညီချက်အရ CCCC သည် ဒေါ်လာ ၁.၅ ဘီလျှံ (ကျပ် ၁.၉၅ ထရီလျှံ)တန်သော ထိုစီမံကိန်း၏ ပထမအဆင့်အတွက် အဆိုပြုချက်ကို ရေးဆွဲခဲ့သည်။ သို့သော် CCCC သည် အာဖရိကနှင့် အာရှမှ နိုင်ငံ အနည်းဆုံး ၁၀ နိုင်ငံမှ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်သော အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုစွပ်စွဲချက်များနှင့် စီမံကိန်းတည်နေရာတွင် ရေလွှမ်းမိုမှု ခံရနိုင်ခြေရှိခြင်းတို့ကြောင့် ထိုစီမံကိန်းသည် အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

ဇူလိုင်လတွင် မြန်မာအစိုးရက ထိုစီမံကိန်းကို အရွယ်အစားနှင့် ကုန်ကျစရိတ်လျှော့ချရန် ဆုံးဖြတ်ခဲ့ပြီး စင်ပြိုင်တင်ဒါလုပ်ငန်းစဉ်တွင် အခြားလုပ်ငန်းများပါဝင်ရန် အားပေးခဲ့သည်။ မူလစီမံကိန်းအရ လိုအပ်သော ကြီးမားလှသည့် ကနဦး ရင်းနှီမြှုပ်နှံမှုကြောင့် အခြားရင်းနှီးမြှုပ်နှံသူများအတွက် အတားအဆီးဖြစ်နိုင်သည်ဆိုသည့် ဝေဖန်မှုများအပြီး ထိုဆုံးဖြတ်ချက် ထွက်လာခြင်းဖြစ်သည်။ ရန်ကုန်တ်ိုင်း စီမံကိန်းနှင့်ဘာဏ္ဍာရေး ဝန်ကြီး၏ အဆိုအရ ကနဦးစီမံကိန်းသည် ဒေါ်လာ သန်း ၈၀၀ တန်ကြေးရှိသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
229
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
485

(Nan Lwin ၏ Myanmar Govt Invites Competing Proposals in China-Initiated New Yangon City Project ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နိုင်ငံ့ စီးပွားရေး မူဝါဒ ခရီးရောက်ခဲ့ရဲ့လား

မြန်မာ့လျှပ်စစ်ကဏ္ဍ တရုတ် လွှမ်းမိုးနေပြီ

ရွှေကုက္ကိုလ် ရှေ့ဆက်ရေး မြန်မာအစိုးရကို ယထိုက် IHG ကြိုးစားချဉ်းကပ်နေ

Your Thoughts …
Tags: BRICCCCစင်ပြိုင်တင်ဒါတရုတ်ကုမ္ပဏီရန်ကုန်မြို့သစ်စီမံကိန်း
နန်းလွင်

နန်းလွင်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

ရန်ကုန်မြို့သစ် ပြန်လည်စတင်ရန် စစ်ကောင်စီ ပြင်ဆင်လာ

ရန်ကုန်မြို့သစ် ပြန်လည်စတင်ရန် စစ်ကောင်စီ ပြင်ဆင်လာ

by ဧရာဝတီ
5 December 2024
10.9k

စစ်ခေါင်းဆောင်၏ တရုတ်နိုင်ငံ ကူမင်းခရီးစဉ်နောက်ပိုင်း မြို့သစ်စီမံကိန်း စတင်နိုင်ရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

by သက်ထားမောင်
19 November 2024
10.7k

တရုတ်တို့သည် ၎င်းတို့ လုံခြုံရေးကုမ္ပဏီအား မြန်မာပြည်သို့ စေလွှတ်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်မှုများရှိပြီး ယခု လက်တွေ့အကောင်အထည် ဖော်လာသည်ဟု ဆိုရမည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

by နွေနေ
9 September 2025
8.1k

"မင်းအောင်လှိုင်အတွက် ဒီခရီးစဉ်က ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုပေါ့ဗျာ"

Next Post
၂၀၁၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှေ့ တွေ့ရသော ကချင်အမျိုးသမီးများ / Getty Images

၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

ချီဟွားဟွားခွေးလေးကို ကယ်တင်ခဲ့တဲ့ မင်းသား ဗန်ဒိန်း

အသတ်ခံရတော့မယ့် ခွေးလေးကို ကယ်တင်ခဲ့တဲ့ အက်ရှင်မင်းသား ဗန်ဒိန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved