• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

၂၀၂၀ ရွေးကောက်ပွဲလည်း အနိုင်ရသူ အကုန်ယူကြေးပဲလား

by လဖိုင်ဆိုင်းရော်
20 October 2020
in သူ့အတွေး သူ့အမြင်
A A
၂၀၁၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှေ့ တွေ့ရသော ကချင်အမျိုးသမီးများ / Getty Images

၂၀၁၄ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှေ့ တွေ့ရသော ကချင်အမျိုးသမီးများ / Getty Images

8.2k
VIEWS
Share on FacebookShare on Twitter

ကျမတို့ သိကြတဲ့အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံကို အတူတကွ ထူထောင်ခဲ့ကြသော အခြားတိုင်းရင်းသားလူမျိုးစုများနှင့် ယှဉ်လျှင် ဗမာလူမျိုးစုဟာ လူများစု ဖြစ်ပါသည်။ ယနေ့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်း ပြည်နယ်ခုနစ်ခုက ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထားသည်။ ဤလူမျိုးစုအားလုံးသည် ၁၉၄၈ ခုနှစ်တွင် ဗြိတိသျှထံမှ လွတ်လပ်ရေးရအောင် တဟုန်ထိုးကြိုးပမ်းခဲ့ကြသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှု အခြေခံသဘောတရားများကို ထည့်သွင်းချုပ်ဆိုခဲ့သည်။ လွတ်လပ်ရေးအကြိုကာလမှာ ကျွန်မတို့ မြန်မာပြည်၏ အနာဂတ်အတွက်သေချာရေရာမှုမရှိသေးသည့် အချိန်ဖြစ်သလို ကြီးမားသော မျှော်လင့်ချက်ရောင်နီသန်းချိန်လည်း ဖြစ်သည်။

သို့သော် ထိုစာချုပ်နှင့် ညီလာခံ နှစ်ခုစလုံးမှာ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်သည့် နိုင်ငံရေးကုပ်အား မရှိခြင်းကြောင့် ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခဲ့ပေ။

ပြည်ထောင်စု၏ အခြေခံအုတ်မြစ်အဖြစ် ရည်ရွယ်ခဲ့သော တန်းတူညီမျှဆက်ဆံရေးမူဝါဒကို မည်သည့်အစိုးရကမှ မကျင့်သုံးခဲ့သည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ ပင်လုံစာချုပ်၏ကတိကဝတ်များကို လွယ်လွယ်နှင့် မေ့ပစ်ခဲ့ကြသည်။ ရှေ့မတိုးသာ နောက်မဆုတ်သာ နိုင်ငံရေးအကျပ်အတည်းများကို ခေတ်အဆက်ဆက် အစိုးရတိုင်းက ရင်ဆိုင်ခဲ့ရပြီး ယနေ့ချိန်အထိ ငြိမ်ချမ်းရေး မဖော်ဆောင်နိုင်သော လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲ ဖြစ်သည်။ ယနေ့ခေတ် အသွင်ကူးပြောင်းရေးကာလတွင် ၂၀၁၅ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်နှင့် ၂၀၁၆ တွင် စတင်ခဲ့သော ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေး မျှော်လင့်ချက်များကို ပုံအောခဲ့ကြသူများလည်း ရှိသည်။

သို့သော် ထိုစာချုပ်နှင့် ညီလာခံ နှစ်ခုစလုံးမှာ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်သည့် နိုင်ငံရေးကုပ်အား မရှိခြင်းကြောင့် ပြောင်းလဲမှုလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခဲ့ပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပတော့မည်ဖြစ်သည်။ သို့ရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်သောကြောင့် လက်ရှိနိုင်ငံရေးစနစ်ဖြင့် ကျင်းပသော ရွေးကောက်ပွဲမှ တန်းတူညီမျှမှုကို မဖော်ဆောင်နိုင်မည့်အပြင် နိုင်ငံတော်ကျရှုံးခြင်း၏ လက္ခဏာရပ်များဖြစ်သော မညီမျှမှုနှင့် တိုင်းရင်းသားလူမျိုးစုများကို ချန်လှပ်ထားခံရမှုများ ပိုမို၍ အမြစ်တွယ်လာနိုင်မည်လား ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများ အောင်မြင်ဖို့ အရေးတကြီး လိုအပ်နေသည်။ ကိုဗစ်-၁၉ ပျံ့နှံ့နေဆဲ၊ စစ်ရေးပဋိပက္ခများနှင့် အရပ်သားများ နေရပ်စွန့်ခွာရွေ့ပြောင်းရခြင်းများ ဆက်လက်ဖြစ်ပွားနေဆဲ အခြေအနေများကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကျေးလူ့အဖွဲ့အစည်းများအားလုံး အခက်အခဲ အကြပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။

အကြီးမားဆုံးစိန်ခေါ်မှုမှာ ရွေးကောက်ပွဲစနစ်ပင်ဖြစ်သည်။ ၂၀၀၈ အခြေခံဉပဒေသည် အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များထဲတွင်ပါ အရပ်သားပါဝင်မှု တင်းပြည့်ကျပ်ပြည့်မရနိုင်သော ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည်။ သို့သော်လည်း အနိုင်ရသူ အကုန်ယူ မဲပေးစနစ် (first-past-the-post) မှာ ငွေကြေးတောင့်တင်းသော ပါတီကြီးများကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ထဲတွင်သာမက တိုင်းနှင့်ပြည်နယ် လွှတ်တော်များထဲတွင်ပါ အသာပေးထားသည်။ “အမျိုးသား”ပါတီကြီးများဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီများမှာ ထောင်ချီသော ကိုယ်စားလှယ်လောင်းများမွေးထုတ်၍ တိုင်းရင်းသားဒေသများတွင် ဒေသခံတိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်မဲဆွယ်စည်းရုံးနေကြသည်။ တိုင်ရင်းသားများနှင့် တိုင်းရင်းသားဒေသများကို ကိုယ်စားပြုသော ပါတီငယ်လေးများမှာ ငွေကြေးမပြည့်စုံသောကြောင့် “အမျိုးသား”ပါတီကြီးများလောက် ကိုယ်စားလှယ်လောင်းများ မမွေးထုတ်နိုင်ပေ။

ထို့အပြင် စစ်ဖက်-အရပ်ဖက် နှစ်မျိုးစပ် ၂၀၀၈ အခြေခံဉပဒေက ဒေသခံတိုင်းရင်းသားများ ဒီမိုကရေစီအခွင့်အရေးများနှင့် ဝေးကွာအောင် ကန့်သတ်ထားသည်။ လူများစု ဗမာလူမျိုးများ လွှမ်းမိုးထားသော တပ်မတော်မှ ကိုယ်စားလှယ်များက လွှတ်တော်များထဲတွင် လေးပုံတပုံ နေရာယူထားပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နပ်စပ်ရေးရာဝန်ကြီးဌာနများကိုလည်း တပ်မတော်မှ ချုပ်ကိုင်ထားသည်။ နောက်ဆက်တွဲရလဒ်မှာ ဒေသတွင်းတွင် လူများစုဖြစ်နေလျှင်တောင်မှ မိမိတို့ဖက်မှ ရပ်တည်ပေးမည့် ကိုယ်စားလှယ်လောင်းအရေအတွက် လုံလုံလောက်လောက် မရရှိဘဲ ထိုဒေသခံပြည်သူလူထု၏ အခွင့်အရေးများ ဆုံးပါးခြင်းဖြစ်သည်။

အဖြေကတော့ ရှင်းပါသည်၊ ဆွေးနွေးဝေဖန်မှု၊ အပြန်အလှန်နားလည်မှု၊ အလျော့ပေးမှု နှင့် သင့်တော်သော ရလဒ်များကို လက်ခံမှု တို့ကို အားပေးသည့် အချိုးကျကိုယ်စားပြုစနစ် (proportional representation system) ကို ကျင့်သုံးရန် ဖြစ်သည်။

ထင်ရှားသော သက်သေသာဓက များစွာရှိပါသည်။ မြန်မာနိုင်ငံ၏ ခန့်မှန်းခြေ လူဉီးရေ ၅၄ သန်း၏ သုံးပုံတပုံမှာ တိုင်းရင်းသားလူမျိုးစုများ ဖြစ်သည်။ သို့ရာတွင် အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) တွင် အမတ်အရေအတွက် ၂၂၄ ယောက်အနက် ၁၉ ယောက်သာ တိုင်းရင်းသားလူမျိုးစုပါတီများမှ ဖြစ်သည်။ အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) တွင် အမတ် အရေအတွက် ၄၄၀ ယောက်အနက် ၃၇ ယောက်သာ တိုင်းရင်းသားလူမျိုးစုပါတီများမှ ဖြစ်သည်။ အလားတူပင် အနိုင်ရသူ အကုန်ယူ ရွေးကောက်ပွဲစနစ်မှာ “နိုင်ရာ အကုန်စားညာဉ်” ကို ကြီးထွားစေသည်။ ထိုညာဉ်ကြောင့်ပင် လွတ်လပ်ရေးရပြီး နိုင်ငံရေးခေတ်တိုင်းတွင် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် ပဋိပက္ခ သံသရာနှင့် ချန်လှပ်ထားခံရခြင်းတို့ကို အမြဲခံစားခဲ့ရသည်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.6k

အဖြေကတော့ ရှင်းပါသည်၊ ဆွေးနွေးဝေဖန်မှု၊ အပြန်အလှန်နားလည်မှု၊ အလျော့ပေးမှု နှင့် သင့်တော်သော ရလဒ်များကို လက်ခံမှု တို့ကို အားပေးသည့် အချိုးကျကိုယ်စားပြုစနစ် (proportional representation system) ကို ကျင့်သုံးရန် ဖြစ်သည်။

အားလုံးအချိုးကျပါဝင်မှု မရှိသောနိုင်ငံရေးစနစ်နှင့် အလျော့မပေးလိုမှုများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်မှ ယနေ့အထိ အာဏာရပါတီတိုင်း၏ မူဝါဒသဖွယ် ဖြစ်နေသည်။ လူများစုဖြစ်သော ဘယ်“အမျိုးသား”ပါတီကမှ တိုင်းရင်းသားပါတီများကို အရေးတယူ မလုပ်ခဲ့ပေ။ ၂၀၀၈ ဖွဲ့စည်းပုံဉပဒေအရ စတိသဘောပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်များကြောင့် ဖြစ်လာသည့် တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို ကြည့်လျှင် ထင်ရှားသည်။ တိုင်းနှင့်ပြည်နယ်လွှတ်တော်အမတ်များသည် မိမိတို့ဒေသများ၏ ဝန်ကြီးချုပ်များကို ရွေးကောက်တင်မြှောက်ခွင့် မရှိချေ။ တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် တိုင်းရင်းသားအမတ်အများစု အနိုင်ရသည်ဖြစ်စေ မရသည်ဖြစ်စေ သက်ဆိုင်ရာဝန်ကြီးချုပ်များကို နေပြည်တော်ရှိ အမျိုးသားပါတီများမှ ရွေးချယ်ခန့်အပ်ခြင်း ဖြစ်သည်။ တိုင်းရင်းသားဒေသခံများအတွက်မူ ဤဉပဒေမှာ ပင်လုံကတိကဝတ်များဖြစ်သော သာတူညီမျှမှုနှင့် လက်တွဲနေထိုင်မှုတို့ကို ပျက်ပြားစေသည့် လူများစုကြီးစိုးမှုဝါဒ၏ ပြယုဂ်တခုပင် ဖြစ်သည်။

ယခုအခင်းအကျင်းအရ အမျိုးသားပါတီကြီးများသည် တိုင်းနှင့်ပြည်နယ်လွှတ်တော်များထဲတွင် သူတို့ရရှိထားသော အမတ်နေရာများကို ဖယ်ပေးလိုခြင်းမရှိ၊ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များကို တင်မြှောက်သည့်စနစ်ကို ပြင်ဆင်လိုခြင်းမရှိသည်ကို တွေ့ရသည်။ အမျိုးသားနိုင်ငံရေးအဆင့် ပါတီများအဖွဲ့အစည်းများတွင် အထက်မှအောက်သို့သာစီးဆင်းသောစနစ် ပျံ့နှံ့စိမ့်ဝင်နေသည်။ လွှတ်တော်အမတ်များကို ရွေးချယ်ရာတွင် လုံလောက်သော အမျိုးသမီးလွှတ်တော်အမတ်လောင်းများ အရေအတွက် မပေးနိုင်ခြင်းမှာလည်း အားလုံးအချိုးကျပါဝင်မှုမရှိခြင်း၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲလွှတ်တော်အမတ်လောင်းစာရင်းတွင် အမျိုးသမီး ၁၆ ရာနှုန်းသာ ပါဝင်သည်။ ကချင်ပြည်နယ်တွင် အမျိုးသမီးအမတ်လောင်း ၁၂ ရာနှုန်းသာ ပါဝင်သည်။ “ကောင်းကင်၏တဝက်ကို မပေးထားသူများ”မှာ အမျိုးသမီးများ ဖြစ်ကြသည် ဟူသော အဆိုစကားနှင့် မိုးနှင့်မြေကြီးလို ကွာနေသည်။

နိုဝင်ဘာရွေးကောက်ပွဲ နီးကပ်လာသည့်တိုင် နိုင်ငံရေးကိုယ်စားပြုမှု ချို့ယွင်းချက်များကို ပြင်ဆင်ခြင်း မတွေ့ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။

ဤချို့ယွင်းမှုများကို ပြင်ဆင်နိုင်ရန် အချိုးကျကိုယ်စားပြုစနစ်ကဲ့သို့ အခြားစနစ်ပေါင်းများစွာ ကျင့်သုံးနိုင်သည်။ ဉပမာ လူများစုအမျိုးသားပါတီနှင့် တိုင်းရင်းသားပါတီငယ်များပူးပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ခြင်းဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးသို့ ပထမခြေလှမ်း လှမ်းနိုင်သည်။ စစ်အစိုးရအုပ်ချုပ်သောကာလတွင်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရခိုဒီမိုကရေစီအဖွဲ့ချုပ် မဟာမိတ်ဖွဲ့ခြင်းများရှိခဲ့သည်။ သို့ရာတွင် ၂၀၁၁ အသွင်ကူးပြောင်းရေးကာလစတင်ကတည်းက လူများစုပါတီကြီးများ၏ အနေအထားကိုကြည့်ရသည်မှာ ရွေးကောက်ပွဲရလဒ်ကို အရင်စောင့်ကြည့်ပြီးမှ ပါတီငယ်များနှင့် မဟာမိတ်ဖွဲ့သင့် မဖွဲ့သင့်၊ ဖွဲ့သင့်လျှင် မည်သည့်အဖွဲ့နှင့် ပူးပေါင်းမည်ကို ဆုံးဖြတ်ချင်ပုံရသည်။ တိုင်းရင်းသားပါတီများ ရာနှုန်းပြည့်နီးပါး အနိုင်မရလျှင် သူတို့၏ ဒေသတွင်းတွင် သူတို့ကိုယ်တိုင်အုပ်ချုပ်နိုင်ရန် နိုင်ငံရေးအာဏာ ဘယ်တော့မှ မရရှိနိုင်ပေ။

နိုဝင်ဘာရွေးကောက်ပွဲ နီးကပ်လာသည့်တိုင် နိုင်ငံရေးကိုယ်စားပြုမှု ချို့ယွင်းချက်များကို ပြင်ဆင်ခြင်း မတွေ့ရသည်မှာ ဝမ်းနည်းဖွယ် ဖြစ်သည်။

လက်ရှိရွေးကောက်ပွဲအခင်းအကျင်းတွင် အမျိုးသားပါတီကြီးများကို အားသာစေသော အချက်အလက်များစွာရှိနေပြီး ပါတီကြီးများက ထိုအချက်အလက်များကို တိုင်းရင်းသားပါတီများနှင့် ရင်ဆိုင်ရာတွင် အကွက်ကျကျ အသုံးချနေကြသည်။ အဓိကအချက်သုံးချက်မှာ မဲဆန္ဒနယ်များသတ်မှတ်ခြင်း၊ နေရပ်စွန့်ခွာရွေ့ပြောင်းခံရခြင်းနှင့် ရွှေ့ပြောင်းနေထိုင်မှုနှင့် တပ်မတော် အခန်းကဏ္ဍတို့ပင် ဖြစ်သည်။

ပထမဆုံးအချက်မှာ နိုင်ငံရေးအာဏာစုစည်းနေသော မြန်မာပြည်အလယ်ပိုင်းနေ လူမျိုးကြီးများမှ အစိုးရကို ထိန်းချုပ်ထားနိုင်ရန် စီစဉ်ထားသော မဲဆန္ဒနယ်များ သတ်မှတ်ခြင်းစနစ်ဖြစ်သည်။ မဲဆန္ဒနယ်မြေများမှာ မြို့နယ်များကို အခြေခံထားပြီး တမြို့နယ်နှင့်တမြို့နယ် မဲပေးနိုင်သူအရေအတွက် ကွာဟမှု များပြားသည်။ ဤအချက်ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းများစွာနေထိုင်သော မြို့နယ်များတွင် အမျိုးသားပါတီကြီးများက နိုင်ခြေပိုများလာသည်။ ထိုနိုင်ခြေကို သေချာစေသော အချက်လေးချက်မှာ “အနိုင်ရသူ အကုန်ယူ”စနစ်၊ ဒေသခံပါတီများကြား “မဲကွဲမှု”၊ သေးငယ်သော မဲဆန္ဒနယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်များပြားမှု တို့ဖြစ်သည်။ ဤအချက်များမှာ မြန်မာပြည်၏ရွေးကောက်ပွဲဒီမိုကရေစီစနစ်အတွက် အဓိက စိုးရိမ်ရသောအချက်များ ဖြစ်သည်။

တိုင်းရင်းသားလူနည်းစုများကို ကိုယ်စားပြုနိုင်မှု နည်းပါးခြင်း ဖြစ်ပေါ်စေခြင်း ဒုတိယအချက်မှာ မပြီးဆုံးသေးသော ပဋိပက္ခများနှင့် နေရပ်စွန့်ခွာရွေ့ပြောင်းခံရခြင်းနှင့် ရွှေ့ပြောင်းနေထိုင်မှုတို့ကြောင့် တိုင်းပြည်၏ဒေသအများအပြားတွင် လူဉီးရေပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဉပမာ ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များရှိ မဲဆန္ဒနယ်အချို့မှာ လုံခြုံရေးကြောင့် မဲပေးခြင်းကို ရွေ့ဆိုင်းထားရသည်များရှိသည်။ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနယ်စပ်တလျှောက်တွင်လည်း နေရပ်စွန့်ခွာရွှေ့ပြောင်းခံရသူ လူဉီးရေ ၂ သန်းနီးပါး ရှိသည်။ သူတို့အားလုံးသည် တိုင်းရင်းသားလူနည်းစုအုပ်စုများမှ ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင်လည်း ရွှေ့ပြောင်းနေထိုင်သူ ၄ သန်းနီးပါးခန့် ရှိရာ ထိုလူအများစုမှာလည်း တိုင်းရင်းသားလူနည်းစုအုပ်စုများမှ ဖြစ်သည်။ ထိုလူဉီးရေအားလုံးမှ လူတသိန်းကျော်လောက်သာ မဲပေးနိုင်သူများ ဖြစ်ကြသည်။

ယခင်ကဆိုလျှင် မဲပေးခွင့်ရရန် လက်ရှိနေရပ်လိပ်စာတွင် အနည်းဆုံး ၆ လ (ရက်ပေါင်း ၁၈၀) နေထိုင်ပြီးသူ ဖြစ်ရမည်။ ယခုအစိုးရလက်ထက်တွင်မူ လက်ရှိနေရပ်လိပ်စာတွင် အနည်းဆုံး ၃ လ (ရက်ပေါင်း ၉၀) နေထိုင်ပြီးသူတိုင်း မဲပေးခွင့်ရှိသည်။

ပြည်ပရောက် လူနည်းစုတိုင်းရင်းသားများ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ခြင်းမှာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေသည့် တခုတည်းသောအချက် မဟုတ်ပါ။ စစ်ပွဲပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ ရွှေ့ပြောင်းနေထိုင်မှုများ အမြဲဖြစ်ပွားနေကြသည်။ ရွှေ့ပြောင်းသွားသူများ၏နေရာတွင် မြန်မာပြည်၏အခြားဒေသမှ လူများက ဝင်ရောက်နေထိုင်ကြပြီး နောက်ရောက်သူတို့မှာ မဲပေးခွင့်ရကြသည်။ ဤအခြေအနေမျိုးကို အစိုးရက အားပေးနေပုံရသည်။

ယခင်ကဆိုလျှင် မဲပေးခွင့်ရရန် လက်ရှိနေရပ်လိပ်စာတွင် အနည်းဆုံး ၆ လ (ရက်ပေါင်း ၁၈၀) နေထိုင်ပြီးသူ ဖြစ်ရမည်။ ယခုအစိုးရလက်ထက်တွင်မူ လက်ရှိနေရပ်လိပ်စာတွင် အနည်းဆုံး ၃ လ (ရက်ပေါင်း ၉၀) နေထိုင်ပြီးသူတိုင်း မဲပေးခွင့်ရှိသည်။

နေရပ်စွန့်ခွာရွှေ့ပြောင်းခံရခြင်းနှင့် ရွှေ့ပြောင်းနေထိုင်မှု ဖြစ်စဉ်များသည် ဒေသခံပြည်သူများအား စိုးရိမ်ကြောင့်ကြဖြစ်စေသည်မှာ အံ့သြစရာမဟုတ်ပါ။ “ယာယီနေကြသူ”တွေလို့ ဒေသခံတွေ ခေါ်တဲ့ လူသစ်တွေဟာ ဒေသခံနိုင်ငံရေးပါတီတွေနှင့် ကိုယ်စားလှယ်လောင်းတွေကို သိဖို့နေနေသာသာ ဒေသအခြေအနေ၊ ဒေသခံပြည်သူတွေနှင့် ဒေသခံရပ်ကျေးအဖွဲ့များ၏ လိုအပ်ချက်တွေကို သိမည်မဟုတ်ပါ။ စစ်ပွဲပဋိပက္ခများ ဖြစ်ပွားဆဲ တိုင်းရင်းသားဒေသများမှာ ဤပြဿနာ ပိုဆိုးသည်။ ကချင်ပြည်နယ်တွင် တရုတ်နှင့်ဆက်စပ်နေသည့် လုပ်ငန်းများဖြစ်သော ကျောက်စိမ်းလုပ်ငန်း၊ တစ်ရှူးငှက်ပျောစိုက်လုပ်ငန်းများတွင် လုပ်ကိုင်ရန် သိန်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများ နေရာအနှံ့တွင် ရှိနေပါသည်။ သူတို့ထဲက တချို့မှာ နိုင်ငံရေးပင် လုပ်နေကြပြီ။ သို့ရာတွင် ယခုအချိန်မှာ နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလ အရေးကြီးချိန်ဖြစ်သဖြင့် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို လွှတ်တော်ထဲတွင် ဘယ်သူတွေ ကိုယ်စားပြုသင့်ပါသလဲဟု မေးမြန်းရမည်ဖြစ်သည်။

တိုင်းရင်းသားများ လွှတ်တော်ထဲတွင် လုံလောက်သောကိုယ်စားပြုမှု မရရှိခြင်း၏ တတိယအကြောင်းရင်းမှာ တပ်မတော်ပင် ဖြစ်သည်။ တပ်မတော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းမှာ လွှတ်တော်ထဲတွင် ရှိသည့်အပြင် တိုင်းရင်းသားဒေသများတွင် သူတို့၏ သြဇာအာဏာကို တခြားနည်းများနှင့် ကျားကန်ထားပါသေးသည်။ အဆိုပါနည်းများထဲမှ နှစ်ချက်မှာ တိုင်းရင်းသားဒေသများတွင် စစ်မှုထမ်းဟောင်းများကို “ပြန်လည်နေရာချထားခြင်း” နှင့် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းခြင်း ဖြစ်သည်။

နောက်ရောက်လာသောသူများမှာ ဒေသခံများမဟုတ်ကြပါ။ ထိုလူအများစုကို မြန်မာပြည်အနှံ့မှ စည်းရုံးခေါ်ဆောင်လာခဲ့ကြပြီး အငြိမ်းစားယူသူအများစုမှာ နောက်ဆုံးတာဝန်ကျရာနေရာများတွင် အခြေချလေ့ရှိတတ်ကြသည်။

စစ်မှုထမ်းဟောင်းများကို တိုင်းရင်းသားဒေသများမှာ ပြန်လည်နေရာချထားပေးသော ပေါ်လစီကို ၁၉၅၀ နှစ်များထဲမှာ စတင်အကြံပြုခဲ့သည်။ သို့သော် ၁၉၉၀ ပြည့်နှစ်များတွင် ဖွဲ့စည်းခဲ့သော (ပြည်ခိုင်ဖြိုးပါတီဖြစ်လာမည့်)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့ခေတ်တွင် ထိုပေါ်လစီကို တပ်မတော်၏ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဉီးစီးဌာနက ထိထိရောက်ရောက် စတင်အကောင်အထည်ဖော်ခဲ့သည်။ တပ်မတော် သမိုင်းပြတိုက်တွင် အငြိမ်းစားစစ်မှုထမ်းဟောင်းများနှင့် ထိခိုက်ဒဏ်ရာရစစ်မှုထမ်းများအား ပြန်လည်နေရာချထားပေးသော မြေပုံကြီးတခုကိုပင် ပြသထားပါသည်။ ပြန်လည်နေရာချထားမှုအားလုံးလိုလိုမှာ တိုင်းရင်းသားဒေသများ၏ အစွန်အဖျားနေရာများတွင် ဖြစ်သည်။ ကချင်ပြည်နယ်၏ ဝေးခေါင်လှသော ဆွမ်ပရာဘွမ် လိုနေရာမျိုးမှာပင် စစ်မှုထမ်းဟောင်းများ ဝင်ရောက်အခြေချနေထိုင်နေကြပြီ ဖြစ်သည်။

နောက်ရောက်လာသောသူများမှာ ဒေသခံများမဟုတ်ကြပါ။ ထိုလူအများစုကို မြန်မာပြည်အနှံ့မှ စည်းရုံးခေါ်ဆောင်လာခဲ့ကြပြီး အငြိမ်းစားယူသူအများစုမှာ နောက်ဆုံးတာဝန်ကျရာနေရာများတွင် အခြေချလေ့ရှိတတ်ကြသည်။

သို့ရာတွင် သူတို့ဘယ်သူ့ကိုမဲပေးမှာလဲဟု ဒေသခံများက မေးစရာဖြစ်သည်။ တိုင်းရင်းသားပါတီများကို သူတို့ မဲပေးဖို့ အလားအလာ နည်းသည်။ အဆိုပါအငြိမ်းစားလူကြီးများမှာ ကျေးရွာ၊ ရပ်ကွက်လူကြီးများ ဖြစ်လာလေ့ရှိပြီး သူတို့နှင့်စစ်တပ်အကြား ဆက်ဆံရေးအားကောင်းလာသည်နှင့်အမျှ ဒေသခံများ ပိုမိုအားနည်းလာသည်။ ထို့အပြင် အဆိုပါလူကြီးများမှာ အမျိုးသားများသာ ဖြစ်ကြသည်။

“ပြည်သူ့စစ်” အဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်များ ဖွဲ့စည်းခြင်းဖြင့်လည်း တိုင်းရင်းသားဒေသများတွင် တပ်မတော်က နိုင်ငံရေးလွှမ်းမိုးမှုရှိအောင် ကြိုးစားနေသည်။ တပ်မတော်မှ စစ်မှုထမ်းများ၊ သူတို့၏မိသားစုများနှင့် စစ်မှုထမ်းဟောင်းများမှာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးခဲ့ကြသည်။ တချို့ဒေသများတွင် ပြည်သူ့စစ်ခေါင်းဆောင်များမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လုပ်လာကြသည်။ ထိုကိုယ်စားလှယ်လောင်းများမှာ တပ်မတော်၏ အရိပ်အာဝါသအောက်တွင် ရှိသောကြောင့် တိုင်းရင်းသားဒေသများရှိ တပ်မတော်၏ အာဏာနှင့်အခွင့်အရေးမှာ သူတို့ ၂၅ ရာနှုန်းယူထားသော လွှတ်တော်ထဲမှာထက် သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီက ကြောထောက်နောက်ခံပေးမှုထက် သိသိသာသာ ပိုများသည်။

ဤကဲ့သို့ ပူးပေါင်းမှုများမှာ နိုင်ငံရေးမျှခြေကို ယိမ်းယိုင်စေသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တွင် ခုံနေရာအများဆုံးရရှိခဲ့သောပါတီမှာ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ မဟုတ်ဘဲ ကွတ်ခိုင်၊ ကောင်းခ၊ မန်ပန်း၊ ပန်းဆေး နှင့် တာမိုးညဲ ပြည်သူ့စစ်အ များ၏ထောက်ခံမှုကို ရခဲ့သော ပြည်ခိုင်ဖြိုးပါတီ ဖြစ်သည်။ အပေါ်ယံအားဖြင့် ကြည့်လျှင် ပြည်သူ့စစ်အဖွဲ့များကို ဒေသခံကိုယ်စားလှယ်များက ဉီးဆောင်သည်ဟု ထင်ရမည်။ သို့သော်လည်း ပြည်သူ့စစ်အဖွဲ့ဝင်များမှာ အထက်အရာရှိများကို ကြောက်ရပြီး၊ ပြည်သူများကို တာဝန်ခံမှုနည်းပါးသော ပါတီများကို ကိုယ်စားပြုကြသည်။ ထို့ကြောင့် Alex De Waal ပြောသည့်အတိုင်း ဒီမိုကရေစီဖြစ်ထွန်းမှု၊ “အပေးအယူဖြစ်စဉ်ကို တည်တံ့အောင်ကြိုးပမ်းမှု” များဖြင့် နိုင်ငံတော်ကို တည်ဆောက်မည့်အစား “အဖအမွေနိုင်ငံရေး (patrimonial politics)”* ပုံစံဖြင့် တည်ဆောက်နေသည်ကို တွေ့ရသည်။ ဤအချက်များမှာ နိုင်ငံတဝှမ်းမှ တိုင်းရင်းသားများအားလုံး ယနေ့ရင်ဆိုင်နေရသောအချက်များ ဖြစ်သည်။

မြန်မာပြည်သည် ကြေကွဲဖွယ်ကောင်းသော တိုင်းရင်းသားပဋိပက္ခသံသရာမှ လွန်မြောက်ပြီး “ပြည်ထောင်စု” အဖြစ် ရပ်တည်လိုပါက ပြည်သူပြည်သားအားလုံးမှာ မိမိတို့၏စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကိုသာမက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍတိုင်းတွင် မိမိတို့ကိုယ်တိုင် ကိုယ်စားပြုနိုင်ရမည် ဖြစ်သည်။

လက်ရှိ ရွေးကောက်ပွဲစနစ်အောက်တွင် နိုင်ငံရေးကိုယ်စားပြုမှု မညီမျှမှုများကို ပြင်ဆင်နိုင်မည်လားဆိုသည်မှာ သံသယဝင်စရာဖြစ်သည်။ ပဋိပက္ခ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းခံရခြင်းနှင့် ပြန်လည်ခေါင်းထောင်ထလာသော ကိုဗစ်-၁၉ ၏ခြိမ်းခြောက်မှုမှာ တိုင်းရင်းသားပါတီများ၏မဲဆွယ်မှုများအပေါ် ဂယက်ရိုက်လျှက် ရှိသည်။ ဤအခြေအနေများကြား လှုပ်ရှားရသော တိုင်းရင်းသားပါတီများမှာ ထိထိရောက်ရောက်မဲမဆွယ်နိုင်ကြပေ။ အင်တာနက်မှာ မဲဆွယ်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အင်အားကြီးမားသော အမျိုးသားပါတီကြီးများမှာ ပိုအားသာလာကြသည်။ သို့ရာတွင် ယခုကဲ့သို့ ရွေးကောက်ပွဲစနစ်ကို ဝေဖန်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းမှာ အချည်းအနှီးမဖြစ်သင့်ချေ။ ကျမတို့နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိရန်တာဝန်မှာ အသွင်ကွဲပြားသော နိုင်ငံရေးနှင့် ရပ်ကျေးအဖွဲ့အစည်းအားလုံးမှ လူတိုင်း၏တာဝန် ဖြစ်သည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ရန် လိုအပ်ချက်မှာ အရေးကြီးဆုံးဖြစ်သည်။

မြန်မာပြည်သည် ကြေကွဲဖွယ်ကောင်းသော တိုင်းရင်းသားပဋိပက္ခသံသရာမှ လွန်မြောက်ပြီး “ပြည်ထောင်စု” အဖြစ် ရပ်တည်လိုပါက ပြည်သူပြည်သားအားလုံးမှာ မိမိတို့၏စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကိုသာမက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍတိုင်းတွင် မိမိတို့ကိုယ်တိုင် ကိုယ်စားပြုနိုင်ရမည် ဖြစ်သည်။

တန်းတူညီမျှမှုရှိသော တိုင်းပြည်၏နေရာတိုင်းကို သက်ရောက်မှုရှိသော “ပြည်ထောင်စု” ဖြစ်ပေါ်လာပါမှ လူတိုင်းမိမိကိုယ်ကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။ နိုင်ငံရေးပြောင်းလဲမှု မဖြစ်သ၍ လူများစုဗမာလူမျိုးစုကသာ အပေါ်ယံ ပြောင်းလဲမှု လုပ်ခွင့်ရကြမှာ ဖြစ်ပြီး ထိုပြောင်းလဲမှုများမှာလည်း တိုင်းရင်းသားလူနည်းစုများ၏ အရေးပါသော လိုအပ်ချက်များကို ဖြည့်တင်းပေးလိမ့်မည် မဟုတ်ပါ။ အခြေခံအကျဆုံး အချက်မှာ အစိုးရအဖွဲ့အစည်းများထဲတွင်နှင့် လွှတ်တော်ထဲတွင်သာမက အမျိုးသားအဆောက်အအုံများနှင့် အမျိုးသားနိုင်ငံရေးတို့တွင် တိုင်းရင်းသားအားလုံးပါဝင်ကိုယ်စားပြုနိုင်ရေး ဖြစ်သည်။ ထိုအချက်ကို မဖြည့်စည်းလျှင် ရှေ့ဆက်သွားဖို့ ခက်ပါလိမ့်မည်။

ဒုတိယအချက်မှာ ကျမတို့ ကချင်လူမျိုးများအပါအဝင် တိုင်းရင်းသားအားလုံးအနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် အမြော်အမြင်ရှိရန်ဖြစ်သည်။ တိုင်းရင်းသားလူနည်းစုများကို ချန်လှပ်ထားခံရသော အတိတ်က အထွေထွေရွေးကောက်ပွဲများမှ ကျမတို့ သင်ခန်းစာယူရမည်။ နာမည်ဖြင့် မဲဆွယ်ခြင်း၊ ငါးပွက်ရာ ငါးစားချခြင်းတို့မှာ လူထုအကြား တာသွားလှသည်။ “ကိုယ်စားလှယ်လောင်းကို သိဖို့မလို ပါတီကိုသာ မဲပေးကြ” ဟူသော အမျိုးသားပါတီတချို့၏မဲဆွယ်ပုံများမှာ ထိရောက်လှသည်။ ဤတစ်ကြိမ်တွင်လည်း ကိုဗစ်-၁၉နှင့် အခြားအကန့်အသတ်များကြားတွင် အမျိုးသားပါတီကြီးများက သူတို့ရရှိပြီးသား အထူးအခွင့်အရေးများကို အသုံးချပြီး လွှမ်းမိုးနေရာယူနိုင်ချေရှိသည်။

အထက်ဖော်ပြပါအကြောင်းအရာများမှာ နိုင်ငံသားရပိုင်ခွင့်လှုပ်ရှားမှုများနှင့်ရင်းနှီးသော သင်ခန်းစာများ ဖြစ်သည်။ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပုံမှန်ရွေးကောက်ပွဲများ ကျင်းပနေရုံနှင့် မပြီးပါ။ ရွေးကောက်ပွဲကဲ့သို့ တရားဝင်နိုင်ငံရေးအဆောက်အအုံများရှိနေရုံနှင့် လုံလောက်သည်ဟု မယူဆနိုင်ပါ။ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရှင်များ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ အစရှိသည့် လူ့အဖွဲ့အစည်း၏အဆင့်တိုင်းတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုအပ်သည်။ ပြောင်းလဲမှုများကို အခြေခံရပ်ကျေးအဖွဲ့အစည်းများမှ စတင် တည်ဆောက်ကြရမည်။

လက်ရှိရွေးကောက်ပွဲစနစ်က ကျမတို့ကို ဘာအကျိုးမှမပြုဘူးဆိုတာ အားလုံးက လက်ခံကြပါလိမ့်မည်။ တန်းတူညီမျှရှိမှုနှင့် ငြိမ်းချမ်းရေးရရှိရန် ကိုယ်စားလှယ်စနစ်ဖြင့် ကျမတို့ကြိုးစားရာမှာ ကစားကွင်းတဖက်စောင်းနင်းဖြစ်နေသည်။ တန်းတူညီမျှမှုကင်းမဲ့သော သမုဒ္ဒရာကြီး၏အလယ်တွင် ကျမတို့ ဒီအတိုင်း ရပ်ကြည့်မနေသင့်ပေ။ လူမှုတရားမျှတမှုအတွက် ကြိုးစားရာတွင် ဖိနှိပ်ခံထားရသူများဘက်မှ ရပ်တည်ရမည်။ “စနစ်က ငါတို့ကို ဖန်တီးတာ မဟုတ်၊ ငါတို့က စနစ်ကို ဖန်တီးတာ” ဆိုသော Haruki Murakami ၏စကားကို အမြဲကြားနေဖို့ လိုသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများကြောင့် လက်ရှိနိုင်ငံရေးစနစ်၏ချွတ်ယွင်းချက်များကို ပိုမြင်လာပြီး ငြိမ်းချမ်းရေးနှင့်ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်များ ပြန်လည်မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်မိပါသည်။

( ဒေါ်လဖိုင်ဆိုင်းရော်သည် ၂၀၁၃ ခုနှစ် ရေမွန်မက်ဆေးဆေးဆုရှင် ဖြစ်ပြီး မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့် ဧရာဝတီ လူမှုရေးအဖွဲ့အစည်း တို့ကို ထူထောင်သူဖြစ်သည်။ သူမသည် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ နှစ်များတွင် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ခဲ့သူ ကိုယ်စားလှယ် တဦးလည်းဖြစ်သည်။ The Transnational Institute (TNI) တွင် မူရင်းတင်ထားသော ဆောင်းပါးကို ပြန်လည်ကူးယူဖော်ပြပါသည်။)

You may also like these stories:

ဖက်ဒရယ် အောင်မြင်ရေး ဆက်ကြိုးပမ်းမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ကတိပြု

အရောင်အသွေး ပိုစုံလာတဲ့ ၂၀၂၀ ကချင်ပြည်နယ် ရွေးကောက်ပွဲ

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

Your Thoughts …
Tags: ၂၀၂၀ရွေးကောက်ပွဲကိုယ်ပိုင်အုပ်ချုပ်ရေးတန်းတူညီမျှမှုတိုင်းရင်းသားပါတီနိုင်သူအကုန်ယူ
လဖိုင်ဆိုင်းရော်

လဖိုင်ဆိုင်းရော်

Contributor

Similar Picks:

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

နွေဦးတော်လှန်ရေး လမ်းဆုံလား၊ လမ်းဆုံးလား

by ညိုအေး
16 November 2024
5.2k

သမိုင်းဆိုင်ရာ ရှုမြင်ချက်တွေ ကွဲပြားမှုကလည်း ဒီမိုကရေစီတော်လှန်ရေးနဲ့ လူမျိုးစုတွေရဲ့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးတွေကြား ခြားနားမှုကို ဖြစ်စေပါတယ်။

တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

တရုတ်က မြန်မာအရေးမှာ ခြံစည်းရိုး ခွမထိုင်တော့

by ဧရာဝတီ
30 November 2024
4k

တရုတ်သည် ခြံစည်းရိုးခွထိုင်နေရာမှ ဆင်းလာပြီး အင်အားချိနဲ့နေသည့် စစ်ကောင်စီကို ထောက်ခံကာ အမေရိကန် လိုလားလွန်းသည်ဟု ၎င်းတို့မြင်သည့် NUG ကို ချိုးနှိမ်သည်။

တစစီ ပြန်လည်တပ်ဆင်ရန် လိုအပ်နေသည့် မြန်မာ့အနာဂတ်

တစစီ ပြန်လည်တပ်ဆင်ရန် လိုအပ်နေသည့် မြန်မာ့အနာဂတ်

by David I. Steinberg
20 January 2024
3.6k

ယခုအခါ မြန်မာသည် တစစီ ဖြစ်နေသည်။ ပြန်လည်တပ်ဆင်ရန်အတွက် ကျွမ်းကျင်သော ကိုင်တွယ်မှုနှင့် အနုစိတ်များကို နားလည်နိုင်စွမ်းရှိသည့် တွေးခေါ်မှုလိုသည်။

MNDAA ကိုးကန့်တပ်ဖွဲ့ဝင်သစ်များအား စုဆောင်းစည်းရုံးနေစဉ် / Global Times

ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁

by ကိုဦး
3 March 2023
9.5k

ဖုန်ကြားရှင်တို့ ဗကပနှင့် ပေါင်းသွားသည်ကို ရင်ဆိုင်ရန် မြန်မာစစ်တပ်ကလည်း ကိုးကန့်သားတဦးကို ကာကွယ်ရေးတပ် ဖွဲ့စည်းစေပြီး ပြန်လည်ရင်ဆိုင်ခဲ့သည်။

အမေရိကန် ပညာရေးဌာန မရှိတော့တဲ့အခါ

အမေရိကန် ပညာရေးဌာန မရှိတော့တဲ့အခါ

by Bianca Vazquez Toness
21 March 2025
2.1k

ပညာရေးဌာနသည် မတ်လ ၁၁ ရက်နေ့က အလုပ်မှ အနားပေးခံရသည့် ဝန်ထမ်း ၁,၃၀၀ အပါအဝင် လုပ်သားအင်အား ထက်ဝက်လျှော့ချသည်။

မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု

မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု

by ရဲမျိုးဟိန်း
9 October 2024
1.9k

နိုင်ငံရေးဆွေးနွေးပွဲသို့ မဖိတ်ခေါ်ဘဲ မရိုးသားသည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် တောင်းဆိုခြင်းသည် ဆွေးနွေးပွဲကိုရှောင်ရှားရန် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော သေနင်္ဂဗျူဟာ ဖြစ်သည်။

Next Post
ချီဟွားဟွားခွေးလေးကို ကယ်တင်ခဲ့တဲ့ မင်းသား ဗန်ဒိန်း

အသတ်ခံရတော့မယ့် ခွေးလေးကို ကယ်တင်ခဲ့တဲ့ အက်ရှင်မင်းသား ဗန်ဒိန်း

သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း / Sai Si Tom Kham's Facebook

အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ စိုင်းစည်တွမ်ခမ်း

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved