• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

တိုင်းရင်းသားပါတီတွေ အားကောင်းဖို့ လိုတယ်

by လဲ့လဲ့
2 October 2020
in အင်တာဗျူး
A A
နာဂ အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးရှုမောင်  / Shu Maung Kyiizvaw

နာဂ အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးရှုမောင် / Shu Maung Kyiizvaw

18.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ နာဂအမျိုးသား ပါတီ(NNP) သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်ထောင်စု ကောင်းကျိုးပါတီ (UBP)၊ ညီ ညွတ်သော ဒီမိုကရက်တစ် ပါတီ(UDP) တို့နှင့်အပြိုင် ကျန်းမာရေး ကန့်သတ်ချက်များကြား မဲဆွယ်လျက် ရှိသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ၂၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ မှတ်ပုံတင်ခွင့်ပြုထားသည့် နာဂအမျိုးသား ပါတီသည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ မြို့နယ် ၃ ခုအပြင် နာဂလူမျိုးများရှိသည့် ခန္တီး၊ ဟုမ္မလင်း၊ တနိုင်း စသည့် မြို့နယ်များ အပါအဝင် လွှတ်တော် ၁၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော် (၁)၊ (၂) တို့တွင် ကိုယ်စားလှယ်လောင်း ၅၀ ဦး ယှဉ်ပြိုင်ကြမည် ဖြစ်ရာ မဲရုံပေါင်း၂၄၂ ရုံ ဖွင့်လှစ်ရန် စီစဉ်ထားသလို ဆန္ဒမဲပေး ခွင့်ရှိသူ ၇၆၇၆၆ ဦး ရှိကြောင်း တိုင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံက သိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နာဂဒေသ၌ ကိုဗစ်ရောဂါကာလအတွင်း မဲဆွယ်စည်းရုံးရာတွင် ကြုံရသည့် အခက် အခဲများ၊ လက်ရှိ ရွေးကောက်ပွဲအပေါ် သဘောထားအမြင်များနှင့် ပတ်သက်၍ နာဂ အမျိုးသား ပါတီ ဥက္ကဋ္ဌ ဦးရှုမောင်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ ကူးစက်မြန် ကိုဗစ်ရောဂါ ကာလမှာ ကန့်သတ်ချက်တွေကြောင့် မဲဆွယ်စည်းရုံးရတဲ့ အခြေအနေ ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးတဲ့ အခြေအနကတော့ တတိုင်းပြည်လုံး၊ တကမာ္ဘလုံး ရိုက်ခတ်မှုကတော့ အတူတူ ပါပဲ။ တခြားပါတီလိုပဲ လူစုလူဝေးတွေ လုပ်ဖို့က ရွာတွေမှာကလည်း လူ ၅၀ လောက်ပဲ ရှိတာဆိုတော့ ရွာတွေအတွက် အဆင်ပြေတယ်။ သို့သော်လည်း မြို့အဆင့်တွေမှာ ရှိတဲ့ လူစုလူဝေးနဲ့ လေဟာပြင်လို ဟာမျိုးမှာ လုပ်ဖို့ ဆိုတာက နည်း နည်း အခက်အခဲ ရှိတယ်။

ကျနော်တို့ကလည်း နာဂဆိုတော့ နာဂက အိန္ဒိယ နယ်စပ်လည်း ဖြစ်တယ်။ တောင်ပေါ်မှာလည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကိုဗစ်နဲ့ ပတ်သက်ပြီး တစုံတရာ တခုခုဖြစ်မှာလည်း စိုးရိမ်တာ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ နာဂ တောင်တန်းမှာက ဆေးခန်းတွေ ဆေးရုံတွေလည် မပြည့်စုံတော့ တခုခုဖြစ်ရင်တော့ နာဂက အပျောက်ပဲဖြစ်မှာ။ အဲဒါကြောင့် ကျနော်တို့က စိုးရိမ်မှုတော့ ရှိတာပေါ့။ နောက် အိန္ဒိယဘက်ကို ရောက်နေတဲ့ နာဂလူမျိုးတွေ ကတော့ ဒီရွေးကောက်ပွဲမှာ ကိုဗစ်နဲ့ဆို တော့ မဲလာပေးဖို့ အခက်အခဲ ရှိမယ်။

နာဂအမျိုးသားပါတီမှ ကျေးရွာများတွင် မဲဆွယ် စည်းရုံးရေးပြုလုပ်စဉ်(Shu Maung Kyiizvaw)

အဓိက အခက်အခဲက လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူ ပို့ဆောင်ရေးမှာ ခက်ခဲတယ်။ ခရီးသွားလာရေးနဲ့ လုံးဝ ဖုန်း လိုင်း မရှိတဲ့ နေရာတွေမှာ ကျနော်တို့က ရွေးကောက်ပွဲ ဝင်နေတယ်ဆိုတော့ အဲဒီအခက်အခဲတော့ ရှိတယ်။ ဥပမာ ဘယ် အချိန် လာမယ်။ ဘယ်လို လုပ်မလဲ ဆိုတဲ့ဟာတွေ စီမံဖို့ အခက်အခဲ ရှိတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာလည်း ရိုက် ခတ်မှု ရှိတယ်။

မေး။ ။ လက်နက်ကိုင် ဒေသတွေမှာ မဲဆွယ်ရတဲ့ အနေအထား ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ဘက်က လက်နက်ကိုင်ကတော့ သူ့လမ်းစဉ်နဲ့သူ သွားနေတာပဲ။ ဗမာတပ်ပဲ ဖြစ်ဖြစ်၊ နာဂတပ်ဖြစ်ဖြစ် မဏိပူ ကသည်း ဘယ်သူပဲ ဖြစ်ဖြစ်ကတော့ ဒါက သေနတ်ကိုင် လမ်းစဉ်နဲ့ ကျနော်တို့နဲ့က ဘာမှ ပြဿနာ မရှိပါဘူး။ ကျနော်တို့က မဲထည့်ဖို့ လမ်းစဉ် သွားလာနေတဲ့အတွက် လမ်းစဉ် မတူတဲ့အခါကျတော့ ဘာပြောပြော သူတို့လည်း သူ့ လမ်းသူသွားတော့ ကျနော်တို့အပေါ်မှာ ဘာမှ နှောင့်ယှက်တာ မရှိပါဘူး။

လူထုရဲ့ထောက်ခံမှု ရှိတယ် မရှိဘူးအရ ပြောရမယ်ဆိုရင် ကျနော်တို့က နာဂ အမျိုးသားပါတီ ဖြစ်တဲ့အတွက် နာဂ တောင် တန်း၊ နာဂဒေသမှာ ပြိုင်မယ်ဆိုတော့ နောက်ပြီး နာဂလူဆိုတာကလည်း ကျနော်တို့ဘက်မှာ အပြည့်အဝ ရှိတယ်ဆိုတော့ နာဂနယ်မြေမှာတော့ ကျနော်တို့က အင်အားကြီးတယ်လို့ ပြောရမှာပေါ့။

မေး။ ။ နာဂအမျိုးသားပါတီရဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်က ဘာများပါလဲရှင့်။

ဖြေ။ ။ ကျနော်တို့က ပြည်ထောင်စု မြန်မာနိုင်ငံကို ပုံဖော်တဲ့နေရာမှာ ပါတီတခုတည်းက အင်အားကြီးတဲ့ ပါတီတခုက မြန်မာပြည်မှာ လွှမ်းမိုးပြီးတော့ ဒီတိုင်းပြည်ကို ဘယ်လို ပုံဖော်မလဲ ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်က သူတို့ပဲ ရှိတာ မဟုတ်ဘူး။ ဘာကြောင့်ဆိုရင် ကျနော်တို့ တိုက်နေတာက တပါတီ အာဏာရှင်စနစ်ကို တိုက်ထုတ်နေတာ ဖြစ်တယ်။ မကြိုက်ဘူး။

ကျနော်တို့ တိုက်နေတာက တပါတီ အာဏာရှင်စနစ်ကို တိုက်ထုတ်နေတာ ဖြစ်တယ်။ မကြိုက်ဘူး။

မြန်မာပြည်မှာ စစ်ပွဲတွေ ဘာကြောင့်ဖြစ်လဲ ဆိုရင် တပါတီ၊ အင်အားတခု၊ လူမျိုးတခု သို့မဟုတ် အင်အားတခုခုကပဲ ထိန်း ချုပ်ပြီးတာ့ လူမျိုးအားလုံးက သူ့အောက်မှာပဲ အလေးပြုရမယ်ဆိုတဲ့ ပုံသဏ္ဍာန်ကို ကျနော်တို့က မကြိုက်တာဖြစ်တဲ့ အတွက်ကြောင့်မို့ အခု ဘယ်ပါတီ ဖြစ်ဖြစ်၊ ကြံ့ခိုင်ရေး ပါတီဖြစ်စေ အခြားဘယ်ပါတီကို ဖြစ်စေ တတိုင်းပြည်လုံးရဲ့ အာဏာကို ရယူပြီး တိုင်းရင်းသားတွေက သူတို့ အောက်ထဲမှာ နေရမယ်ဆိုတဲ့ ပုံစံမျိုး အဲဒီ ရပ်တည်ချက်မျိုးနဲ့ ရှိလာတဲ့ အသွင်သဏ္ဍာန်ကို ကျနော်တို့က မကြိုက်တာ ဖြစ်တယ်။

မကြိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့ တကယ်တော့ ဖြစ်သင့်တာက ပန်းခြံထဲမှာ ပန်းပွင့်တွေ ပေါင်းစုံရှိနေတာ ပိုလှတာ ပေါ့။ မဟုတ်ဘဲနဲ့ တပင်ထဲအားလုံး စိုက်ထားမယ်ဆိုရင်တော့ အစကတည်းက ကျနော်တို့ တိုင်းပြည် စထောင်ကတည်း ကိုက ဒါမေးခွန်း ဖြစ်သွားပြီ။ နောက်တိုင်းပြည်ကို စထောင်ကတည်းက ဘာကြောင့် တိုင်းရင်းသား ပေါင်းစုံနဲ့ အတူနေလဲ ဆိုတဲ့ ကျနော်တို့ EAO တွေနဲ့ လက်မှတ်ထိုးပြီး တိုင်းပြည် ထူထောင်ထားသလဲ ဆိုတဲ့ မေးခွန်းက အခု ရွေးကောက်ပွဲမှာ လည်း ဒီအဓိပ္ပာယ် သက်ရောက်တယ်။

အဲဒါကြောင့်မို့ တိုင်းပြည် တည်ထောင်မလို့ လာကြပါ။ အတူတူ ညီညွတ်ကြပါ ပြောပြီးတော့ အခုရွေးကောက်ပွဲမှာ ငါတို့ပဲ ပြန်ပြီး အစိုးရ ဖြစ်မယ်။ ငါတို့ကို မဲပေးကြပါ ဆိုတဲ့စကားက တိုင်းပြည်ရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမှာသော်လည်း ကောင်း၊ ပင်လုံညီလာခံကြီး အတွင်းမှာ သော်လည်းကောင်း ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ် ကံကြမ္မာကို ပြန်လည် တည်ဆောက်တဲ့ အပိုင်းမှာ အဲဒါက နည်းနည်းလေး လွဲနေတယ်။ လွဲနေတဲ့ အတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသား ပါတီတွေ အားကောင်းဖို့ လိုတယ်။

အားကောင်းဖို့ ဆိုတာ ပြည်မကို ရန်ရှာဖို့ မဟုတ်ဘဲနဲ့ ပြည်မရဲ့ နိုင်ငံရေး တည်ဆောက်နေတဲ့ အခင်းအကျင်းမှာ ကျနော် တို့သည်လည်း အဓိပ္ပာယ်ရှိစွာနဲ့ ပူးပေါင်း ပါဝင်ပြီး ကျနော်တို့ တိုင်းပြည်ကြီး အေးချမ်းသာယာ ခေတ်မီတဲ့ နိုင်ငံတော်တခု ဖြစ်အောင် ကျနော်တို့ ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတာက လက်တွဲပြီး လုပ်ရမယ့် လုပ်ငန်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က တိုင်းရင်းသား ပါတီတွေလည်း အားကောင်းဖို့ လိုတယ်။

ပြည်မ ပါတီကြီးတွေကလည်း တိုင်းရင်းသား လူမျိုးတွေအတွက် ပြည်ထောင်စု စိတ်ဓာတ်ဆိုတဲ့ အရာကို တကယ့် စေတနာ အမှန်နဲ့ ဦးဆောင်ပေးမယ့် အစ်ကိုကြီးပါတီလို့ ပြောရမှာပေါ့။ အစ်ကိုကြီး ပါတီဆိုတာ (Gentleman Party) တခု ပေါ်ထွန်းဖို့လည်း ပြည်မမှာ လိုအပ်ပါတယ်။ အဲဒါကြောင့် ဘယ်ပါတီက Gentleman Party မျိုး ရပ်တည်ပေးနိုင်မလဲ ဆို တာကတော့ ရှိမှာဖြစ်တယ်။ အဲဒါကို ကျနော်တို့လည်း မျှော်လင့်ပါတယ်။

ဆိုတော့ အဲဒီ ပါတီ ပေါ်ထွန်းခဲ့မယ် ဆိုရင် နာဂပါတီ မကလို့ တခြား တိုင်းရင်းသား အင်အားစု ပါတီတွေ ရှိတယ်။ ဥပမာ SNLD ပါတီလိုမျိုး၊ ကချင်ပါတီ၊ ရခိုင်ပါတီ အမျိုးမျိုး ရှိမှာပေါ့။ အဲဒါတွေ အားလုံး လက်တွဲပြီး ပြည်ထောင်စု အဆင့်မှာ အလုပ် လုပ်မယ်ဆိုရင်တော့ ဒါကောင်းမွန်သွားမှာပါ။

မေး။ ။ အကယ်၍ နာဂ အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရင် နာဂလူမျိုးတွေရှိတဲ့ ဒေသမှာ ဘာတွေ လုပ်ပေးဖို့ရှိလဲ။

ဖြေ။ ။ နာဂအမျိုးသားပါတီက နိုင်ရင်တော့ လုပ်ငန်း ၂ ခု လုပ်မယ်။ နယ်မြေအတွက် ဆိုတာက ဖွံ့ဖြိုးရေးလုပ်ငန်း ဖြစ် တော့ ဖွံ့ဖြိုးရေးလုပ်ငန်း ဆိုရင်တော့ တိုင်းပြည်ကနေ လုပ်ပိုင်ခွင့် အခြေခံ ဥပဒေ ပုဒ်မ ၁၉၆ မှာ ပါတဲ့အတိုင်း အကုန် လုပ် ပါမယ်။ တခြားပါတီက လုပ်နိုင်တဲ့ လုပ်ငန်းတွေ အကုန်လုံး ကျနော်တို့ လုပ်မှာဖြစ်တယ်။ လုပ်နိုင်အောင်လည်း ကြိုးစား မယ်။ တကယ်လို့ အဲဒါကို ဟန့်တား နှောင့်ယှက်ဖြစ်ခဲ့ရင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရပိုင်ခွင့်နဲ့ လွှတ်တော်လိုမျိုးမှာ ဆွေးနွေးရမှာပေါ့။ အဲဒါက နယ်မြေနဲ့ ဆိုင်တဲ့ကိစ္စပေါ့။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
39
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
26
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159

ကျနော်တို့ တိုင်းရင်းသားတွေမှာ ဘာတွေ ဆုံးရှုံးနေတယ်ဆိုတဲ့ ဟာတွေ တင်ပြဖို့ အမျိုးသားရေးနဲ့ဆိုင် တဲ့ အပိုင်းတပိုင်း ရှိပြီးတော့ နယ်မြေနဲ့ ပတ်သက်တာကတော့ အဲဒါတွေ လုပ်ဖို့တော့ အားလုံး စီစဉ်ထားပါတယ်။

လူမျိုးနဲ့ ဆိုင်တဲ့ ကိစ္စတွေကတော့ တိုင်းရင်းသား အခွင့်အရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ တိုင်းရင်းသား ရပိုင်ခွင့် ဆက်စပ်တဲ့ ကိစ္စတွေ၊ ပြည်ထောင်စုကို ပြန်လည် တည်ဆောက်တဲ့ အပိုင်းမှာ တိုင်းရင်းသား လူမျိုးစုအနေနဲ့ ကျနော်တို့ ဘယ်ကဏ္ဍမှာ ဘယ်လို ပါဝင်မယ်။နောက် ကျနော်တို့ရဲ့ ရပိုင်ခွင့်က ဘာရှိတယ် ဆိုတဲ့ အကြောင်းအရာတွေ။ ရပိုင်ခွင့်ဆိုတာက Rights ကို ပြောချင်တာ။ ကျနော်တို့ တိုင်းရင်းသားတွေမှာ ဘာတွေ ဆုံးရှုံးနေတယ်ဆိုတဲ့ ဟာတွေ တင်ပြဖို့ အမျိုးသားရေးနဲ့ဆိုင် တဲ့ အပိုင်းတပိုင်း ရှိပြီးတော့ နယ်မြေနဲ့ ပတ်သက်တာကတော့ အဲဒါတွေ လုပ်ဖို့တော့ အားလုံး စီစဉ်ထားပါတယ်။

မေး။ ။ နာဂအမျိုးသားပါတီက ဘယ်နှနေရာလောက် နိုင်မယ်လို့ မျှော်လင့်ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ကတော့ ကျနော်တို့ နာဂလူမျိုးရှိတဲ့ နယ်မြေတွေ အားလုံးမှာ နိုင်မယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့ အားလုံး ၁၅ နေရာ ဝင်ပြိုင်ဖို့ ရှိပါတယ်။ နိုင်ဖို့လည်း ကြိုးစားနေတယ်။ နိုင်မယ့် အလားအလာလည်း ၁၀၀ ရာခိုင်နှုန်း မျှော် လင့်ထားတယ်။

မေး။ ။ လွှတ်တော်မှာ ဆွေးနွေးထားတာ ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်နယ် ဝန်ကြီးချုပ်ကို သမ္မတကပဲ ခန့်အပ်ခွင့်ရှိတဲ့ အပေါ်မှာ နာဂအမျိုးသားပါတီ အနေနဲ့ ဘယ်လို ထင်မြင်သုံးသပ်ပါသလဲရှင့်။

ဖြေ။ ။ ပြည်နယ် အစိုးရဖွဲ့ပိုင်ခွင့် အာဏာကို ပြည်နယ် လွှတ်တော်ထဲက နိုင်သွားတဲ့လူတွေ အချင်းချင်း မဲပေးတဲ့စနစ်နဲ့ပဲ ဖွဲ့တာမျိုးက ဖြစ်သင့်တယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရကလည်း အဲဒါပဲ ဖြစ်တယ်။ သမ္မတကို တင်ပြပြီး သမ္မတက အတည် ပြုတာမျိုးပဲ ဖြစ်သင့်တယ်။

သို့သော်လည်း အခုဟာက ပြောချင်တာက တိုင်းနဲ့ပြည်နယ်မှာ တိုင်းဆိုတာက ဘယ်သူတွေ အများစုနေတာလဲ။ ပြည် နယ်ဆိုတာက ဘယ်သူတွေ နေတာလဲဆိုတဲ့ မေးခွန်းဖြစ်တော့ ပြည်နယ် ၅ ခုက တိုင်းရင်းသားနယ်မြေတွေ ဖြစ်တယ်။

ပြည်နယ်တွေရဲ့အစိုးရ ဖွဲ့စည်းပိုင်ခွင့် အာဏာကို နိုင်ငံတော် သမ္မတလုပ်တဲ့ ပါတီထဲက အချင်းချင်း တယောက်က သူက ခန့်အပ်မှပဲ ဝန်ကြီးချုပ် ဖြစ်မယ်။ သူက ခန့်မှပဲ အစိုးရဖွဲ့လို့ ရမယ်ဆိုတဲ့ အနေအထားက ဒါ ဗဟိုထိန်းချုပ်စနစ်ကို သွားနေ တာ ဖြစ်တယ်။ အဲဒီ ဗဟိုထိန်းချုပ် စနစ်ကို မကြိုက်လို့ ကျနော်တို့က ပါတီဖွဲ့တာဆိုတော့ အဲဒီ ပုဒ်မကို ပြင်သင့်တယ်။

ပြင်သင့်တယ်လို့ ယူဆတဲ့ အတွက်ကြောင့်မို့ လွှတ်တော်မှာ မဲခွဲတယ်။ မဲခွဲတော့ အခုလက်ရှိ အစိုးရလက်ထက်မှာ လွှတ် တော်မှာ အဲဒါကို တိုင်းရင်းသား ပါတီတခုက အဆိုတင်သွင်းတယ်။ ပြည်နယ် အစိုးရဖွဲ့ ပိုင်ခွင့်ကို ပြည်နယ်ဝန်ကြီးချုပ် ရွေး ချယ်တဲ့အခါမှာ သမ္မတက ခန့်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ပြည်နယ် ရွေးကောက်ခံ နိုင်တဲ့သူ အချင်းချင်းက လွှတ်တော် ထဲမှာ မဲပြန်ပေးပြီး ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ် အစိုးရဖွဲ့တာကို အဲဒီလို ဖွဲ့ခွင့်ပြုပါလို့ မဲခွဲ ဆုံးဖြတ်တာ ရှုံးသွားတယ်။ ဝမ်းနည်းစရာပဲ။

ဘာလို့ဆို ဒီမိုကရေစီ အစိုးရ ပြည်သူ့ အစိုးရလို့ ပြောနေတဲ့ အစိုးရလက်ထက်မှာတောင်မှ မဲခွဲတာ ရှုံးသွားတယ် ဆိုတာက ဒါတိုင်းရင်းသားတွေအတွက် တကယ် အခွင့်အရေးပေးချင်တဲ့ စိတ် ရှိလား၊ မရှိလားဆိုတာက မေးခွန်း ထုတ်စရာ ဖြစ်လာ တဲ့အခါမှာတော့ စိတ်မကောင်းစရာ မြင်ကွင်းတခုလို့ ကျနော်မြင်ပါတယ်။

နာဂအမျိုးသားပါတီမှ ကျေးရွာများတွင် မဲဆွယ် စည်းရုံးရေးပြုလုပ်စဉ် (Shu Maung Kyiizvaw)

မေး။ ။ ဒေသခံ ပြည်သူတွေအနေနဲ့ ကိုယ့်တိုင်းရင်းသား ပါတီတွေကို မဲပေးဖို့ ပြောသွားတယ်နော်။ ဘာကြောင့် တိုင်းရင်း သားပါတီတွေကို မဲပေးသင့်တာလဲ။ အထူးသဖြင့် နာဂအမျိုးသား ပါတီကို ဘာကြောင့် မဲပေးသင့်တာလဲရှင့်။

ဖြေ။ ။ အဲဒါကတော့ ရှင်းတယ်။ ဒီတိုင်းပြည်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတဲ့ မေးခွန်းနဲ့ ဆိုင်တယ်။ ဒီတိုင်းပြည်ရဲ့ ပိုင်ရှင် အစစ်က နိုင်ငံခြားသားပိုင်တာ မဟုတ်ဘူး။ ကျနော်တို့က မြန်မာအစစ်တွေ။ ဒါဆို ကျနော်တို့ မြန်မာပြည်ဆိုတဲ့ ပြည် ထောင်စု သမ္မတနိုင်ငံကို ဘယ်သူတွေနဲ့ ဖွဲ့စည်းထားသလဲ။ အဲဒါ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်။ ဒါကြောင့်မို့လို့ ဘယ်တိုင်းရင်းသားနယ်မြေမှာ ဘာလူမျိုးတွေ နေထိုင်သလဲ ဆိုတဲ့လူက ကိုယ့်ရဲ့ဖြစ်တည်ခြင်း၊ ကိုယ်က ဘာလူမျိုးလဲ၊ ပြည်နယ်တွေမှာ ဘယ်သူတွေ နေထိုင်ခဲ့သလဲ။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖြစ်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသား အချင်းချင်း အရေးပါမှု ရှိသလား၊ မရှိဘူး လားဆိုတဲ့ မေးခွန်းကို မဲပေးမယ့် မိဘပြည်သူတွေ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်လည်း မေးခွန်း ပြန်ထုတ်ပြီးတော့ အဓိက ကတော့ မဲပေးမယ့် နေရာမှာ သူများကို မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် မဲပြန်ပေးတဲ့ စနစ်က အရေးကြီးဆုံးပဲ။

ကိုယ့်ကိုယ်ကိုယ် မဲပေးတယ်ဆိုတဲ့ အဓိပ္ပာယ်က ကချင်ဆိုရင် ကချင်ပါတီကို မဲပေးဖို့လိုမယ်။ ရှမ်းဆိုရင် ရှမ်းပါတီကို မဲပေးဖို့ လိုမယ်။ ချင်းဆိုလည်း ချင်းပါတီကို မဲပေးဖို့လိုမယ်။ ရခိုင်ဆိုလည်း ရခိုင်ပါတီကို မဲပေးဖို့လိုမယ်။ မွန်၊ ကယား၊ ပအိုဝ့်၊ ပလောင်၊ ဝ စတဲ့ ပါတီရှိတဲ့ တိုင်းရင်းသားအားလုံးက ကိုယ့်လူမျိုးကို မဲပြန်ပေးတယ် ဆိုတာက ကိုယ့်ပါတီကိုပဲ မဲပြန်ပေးတာ ဖြစ်တယ်။

ဘာကြောင့်လဲ မြန်မာပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းက ကျနော်တို့ရဲ့၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်တဲ့ အပိုင်းမှာလည်း လူပုဂ္ဂိုလ် တယောက်၊ ပါတီတခုကပဲ ပြင်ဆင်မယ်။ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြစ်တယ်။ အဲဒီတော့ ဒါက ကျနော် တို့ အားလုံး အတူတူထိုင်ပြီးတော့ ပြန်ပြင်ရမယ့် အရာဖြစ်တယ်။

ဘာကြောင့်လဲ မြန်မာပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းက ကျနော်တို့ရဲ့၂၀၀၈ အခြေခံ ဥပဒေပြင်ဆင်တဲ့ အပိုင်းမှာလည်း လူပုဂ္ဂိုလ် တယောက်၊ ပါတီတခုကပဲ ပြင်ဆင်မယ်။ ဒါက အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖြစ်တယ်။ အဲဒီတော့ ဒါက ကျနော် တို့ အားလုံး အတူတူထိုင်ပြီးတော့ ပြန်ပြင်ရမယ့် အရာဖြစ်တယ်။

နောက်တဖက်မှာလည်း ပင်လုံညီလာခံ အခင်းအကျင်း ဆိုတာလည်း ရှိတယ်။ ပင်လုံညီလာခံဆိုတာ ၁၉၄၇ ပင်လုံညီလာခံ ပျက်ပြယ်တဲ့သဘောကို သက်ရောက်တဲ့အတွက်ကြောင့် အခုတဖန် ပင်လုံညီလာခံ ကျင်းပတဲ့ နေရာမှာ ကျနော်တို့ လူမျိုး စု အားလုံးရဲ့ ရပ်တည်ချက်တခုကို အဓိပ္ပာယ် ဖွင့်ဖို့အတွက် ပင်လုံညီလာခံမှာ ရွေးကောက်ပွဲ အနိုင်တဲ့သူတွေက ကြိုဆိုရ မယ့် လမ်းကြောင်း တခုရှိတယ်။ အဲဒီအတွက် ကျနော်တို့ အနိုင်ရဖို့ လိုတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အနိုင်ရမှ အဲဒီ လမ်းအတိုင်း သွားလို့ရမှာပါ။

ဒါကြောင့် တိုင်းရင်းသား ပါတီတွေက ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ကိုယ်ဘယ်သူလဲ။ ကိုယ်ရဲ့ ရပ်တည်ချက်က ဘယ် ကနေ လာခဲ့လဲဆိုတဲ့ အပေါ်မှာပဲ ကျနော်တို့က မဲပေးမယ်ဆိုရင်တော့ တိုင်းရင်းသားတွေက နိုင်မှာပါ။ ပေးလည်း ပေးသင့် တယ်။ ဘာလို့လဲဆိုတော့ ပြည်မက ရောက်လာတဲ့ ပါတီတွေက ပြည်မမှာ ဘယ်လို နိုင်ငံရေး အခင်းအကျင်းပဲရှိရှိ အဲဒါ သူတို့ အစိုးရ ဖွဲ့ရင်လည်း ဖွဲ့မှာပါ။

ပြည်မ ပါတီတခုခုက အနိုင်ရရင် အစိုးရ ဖွဲ့မှာပါ။ ဘယ်ပါတီမှန်းသာ ကျနော်တို့ မသိသေးတာပါ။ ပြည်မမှာ အများဆုံး အနိုင်ရတဲ့ အစိုးရဖွဲ့မယ့် ပါတီနဲ့ ကျနော်တို့ တိုင်းရင်းသားဒေသ အသီးသီးမှာရှိတဲ့ တိုင်းရင်းသား ပါတီတွေက ဒီအချိန်မှာ အတူတကွ တွဲပြီးတော့ ဒီတိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာကို ပိုကောင်းအောင် ဘယ်လို လုပ်မလဲဆိုတာ ကျနော်တို့ အဲဒါ တွေ ညှိနှိုင်းကြရမယ်။ အဲဒါ ဖက်ဒရယ် ဖြစ်တယ်။

မေး။ ။ ဘာကို အခြေပြုပြီး နာဂဒေသကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့ အစီအစဉ် ရှိလဲ။

ဖြေ။ ။ ကျနော်တို့က စီးပွားရေးသမားတွေ သိပ်မရှိဘူး။ ကျနော်တို့က တောင်သူလယ်သမား များတယ်။ တောင်သူ လယ် သမားများတော့ ကျနော်တို့က မြေကြီးကို အခြေပြုချင်တာပေါ့။ မြေကြီးကို အခြေပြုပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေးကို ကျနော်တို့ နာဂလူထုကြားမှာ ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုတာကတော့ တိုင်းပြည်ရဲ့ အခွင့်အာဏာ နဲ့ မူဝါဒရဲ့ ပံ့ပိုးမှု၊ အစိုးရရဲ့ပံ့ပိုးမှု ဒါတွေအားလုံး ပေါင်းပြီးတော့ လူထုရဲ့လုပ်အား ခွန်အားတွေနဲ့ နာဂဒေသရဲ့ စီးပွားရေး အခွင့်အလမ်းတွေကို လုပ်ပေးဖို့တော့ ရှိပါတယ်။

မေး။ ။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြည့်စွက် ပြောလိုတာရှိရင် ပြောပြပါဦးရှင့်။

ဖြေ ။ ။ နာဂလူမျိုးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် နာဂလို့ ရှိထားတယ်။ ဒီနယ်မြေမှာ နေထိုင်တယ်ဆိုရင် နာဂလူမျိုးသာ မကလို့ နာဂတောင်တန်းကို ရောက်နေတဲ့ အခြား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေပါ အကုန်လုံး နာဂပါတီကို မဲပေး စေချင်ပါတယ်။ အခြားတိုင်းရင်းသား ညီအစ်ကိုတွေ နေထိုင်တဲ့ နယ်မြေမှာလည်း ကိုယ့်လူမျိုး ပါတီကိုပဲ မဲပေးစေချင် တယ်။ မဲပေးကြပါလို့ ပြောချင်ပါတယ်။

You may also like these stories:

ကိုဗစ်ရောဂါနဲ့ လက်နက်ကိုင်တွေကြား မဲဆွယ်ရေး ခက်နေတဲ့ တအန်း (ပလောင်) အမျိုးသားပါတီ

မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ကျနော်တို့ ကြိုးစားမယ်

Your Thoughts …
Tags: NNPနာဂတိုင်းရင်းသား
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မြန်မာ-အိန္ဒိယနယ်စပ်ရှိ NSCN-K စစ်သားတဦး / Reuters

ဖိအားဆက်ပေးလျှင် ပြဿနာရှိဟု နာဂအဖွဲ့ပြော

by လဝီဝမ်
22 February 2019
14.1k

ဦးကျော်ဝင်းစိန်က ဆက်လက်ဖိအားပေးလျှင် တိုက်ပွဲများဖြစ်လာနိုင်သည်ဟုပြောသည်။

Next Post
နှင်းဆီပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့်အား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးအမှုဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်

နှင်းဆီပါတီ (UDP) ဥက္ကဌ ဦးကျော်မြင့်အား မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးအမှုဖြင့် ပထမဆုံးအကြိမ် ရုံးထုတ်

နှာခေါင်းနှင့် အာခေါင်တို့ဖတ်များ ထုတ်ယူရာ ရန်ကုန်ရှိ ကျန်းမာရေးဌာနတခု / ထက်ဝေ

ကိုဗစ်-၁၉ ထိန်းချုပ်ရေး အရှိန်မြှင့်တင်ရန် antigen စမ်းသပ်မှုနည်းလမ်းသစ်ကို သုံးနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved