• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေတဲ့ စိုင်းစည်တွမ်ခမ်း

by ယုဖြူဟန်
20 October 2020
in Entertainment
A A
သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း / Sai Si Tom Kham's Facebook

သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း / Sai Si Tom Kham's Facebook

5.4k
VIEWS
Share on FacebookShare on Twitter

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး အဘက်ဘက်မှ ဝိုင်းဝန်း ကူညီနေကြတဲ့ ပြည်သူတွေထဲမှ တဦးအပါအဝင်ဖြစ်တဲ့ သရုပ်ဆောင် စိုင်းစည်တွမ်ခမ်းကတော့ အသစ်ထပ်မံ ဆောက်လုပ်ထားတဲ့ အင်းယား ကိုဗစ်စင်တာမှာ စေတနာ့ဝန်ထမ်း တဦးအဖြစ် လုပ်ကိုင်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်ကတော့ ဒီမှာ Coordinaration ပေါ့။ လူအင်အားက အများကြီး လိုသေးတယ်။ စင်တာက ဖွင့်တာ တပတ်ပဲရှိသေးတော့ စင်တာကတော့ အရမ်းကောင်းတယ်။ သေချာလည်း စနစ်တကျနဲ့အကောင်းဆုံးဖြစ်အောင် အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့ ဆရာကြီးတွေရဲ့ အတွေ့အကြုံနဲ့ ပေါင်းပြီးတော့ လုပ်ထားတယ်။ လူအင်အား မလောက်ဘူးပေါ့။ ကျနော်တို့လို Volunteer တွေ အများကြီးလိုတယ်”

“ကိုယ်ကျွမ်းရာကျွမ်းရာပေါ့။ အထွေထွေ ကူချင်ရင်လည်း ရတယ်။ ဆရာဝန်၊ ဆရာမတွေလည်း အများကြီး လိုတယ်။ ပြီးရင် ဆေးဝါးကျွမ်းကျင်တဲ့ နေရာမှာလည်း လိုတယ်။ ကျနော်လည်း လာကူတာကတော့ လူအင်အား မလုံလောက်ဘူးလို့ ကြားလို့ ကိုယ်နိုင်တဲ့ဘက်ကနေ ကိုယ်သိတဲ့ ဆေးပညာအသိလေး နည်းနည်းပါးပါးနဲ့ လာကူတာပေါ့” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

ကိုယ်တိုင်လည်း ဆရာဝန်တယောက် ဖြစ်တဲ့အတွက် သိရှိထားတဲ့ဆေးပညာ အသိလေးနဲ့ နိုင်သလောက် ကူညီနိုင်ရန်အတွက် ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
သဇင်ပန်း

သဇင်ပန်း

10 January 2026
122
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
308
သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း (ဓာတ်ပုံ – Sai Si Tom Kham’s Facebook)

“တကယ်လိုအပ်တဲ့ အချိန်မျိုးမှာ တကယ်လိုအပ်တဲ့ နေရာကနေ ကိုယ်တတ်နိုင်တဲ့ ခွန်အားလေးနဲ့ ကူညီခွင့်ရတာ အရမ်းဝမ်းသာတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ လိုအပ်နေတဲ့ အချိန်လေးဖြစ်တဲ့အတွက် ဒီအချိန်မှာ ဘာပဲဖြစ်ဖြစ် သိသလောက် တတ်သလောက် ဝင်ကူတာပါ။ ကောင်းမှုလေး လုပ်တာပေါ့။ ကောင်းမှုတွေ အများကြီး မလုပ်နိုင်ပေမယ့် ကိုယ်နိုင်သလောက် ကြုံတုန်းလေး လုပ်တဲ့ သဘောပါ”လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အလှူဖြစ်တဲ့အတွက် အချိန်အကန့်အသတ် မရှိဘဲ နိုင်တဲ့ဘက်ကနေ ကူညီရတာ ဖြစ်တဲ့အတွက် ကူညီချင်စိတ်ရှိပြီး အခွင့်အရေးပေးတဲ့အခါ လာရောက် ကူညီကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

“ကိုယ်နိုင်သလောက်လုပ်ပေါ့။ တပတ်မှာ ကိုယ်ဘယ်အချိန်တွေ အားသလဲပေါ့။ အလှူဖြစ်တဲ့အတွက် နည်းတယ်များတယ် မသတ်မှတ်ပါဘူး။ စင်တာကလည်း အကြီးကြီးဆိုတော့လေ နိုင်တဲ့ဘက်ကနေ ကူနိုင်ဖို့ပဲ သူတို့ဘက်က ဖိတ်တာပေါ့။ ကျနော်ကလည်း ကိုယ်နဲ့ ခင်တဲ့သူတွေ၊ ရင်းနှီးတဲ့သူတွေထဲမှာ ကူညီချင်စိတ် ရှိတယ်၊ ကူလည်း ကူနိုင်တယ်။ အခွင့်အရေးပေးတဲ့အခါ လာကူကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ပြောပါတယ်။

ကိုယ်တိုင်အနေနဲ့ အများကြီးမသိသေးပေမယ့် ဒီဆေးရုံမှာ လုပ်ကိုင်ပေးနေတာများကို မြင်တွေ့ရသလောက် သူ့ရဲ့အတွေ့အကြုံများကို ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် စိုင်းစည်တွမ်ခမ်း (ဓာတ်ပုံ – Sai Si Tom Kham’s Facebook)

“ကျနော်တော့ သိပ်တော့ မသိသေးဘူး။ ဆေးရုံဆင်းတဲ့ လူနာတွေကို ဘယ်လောက်ထိ စေတနာနဲ့ ကူညီကြလဲဆိုတာကို တွေ့ခဲ့တယ်။ ရောဂါကူးမှာတို့၊ အသက်အန္တရာယ် ရှိတာကို ဂရုမထားဘဲ ဆင်းတဲ့ လူနာတွေ အဆင်ပြေအောင် ကားတွေ စီစဉ်ပေးတယ်။ အိမ်ပြန်လက်ဆောင် စားဖို့သောက်ဖို့ ပိုက်ဆံကအစ စီစဉ်ပေးတယ်။ တယောက်ချင်းစီကို စီစဉ်ပေးတယ်။ ဆေးဖြန်းပေးတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး “ကိုယ်နိုင်တဲ့ဘက်ကနေ ကူတာပေါ့။ ကိုယ့်ထက်ဒုက္ခခံတဲ့သူတွေ အများကြီး ရှိပါတယ်။ ကျနော်တို့က လူနာနဲ့ အနီးကပ်တောင် တွေ့စရာ မလိုဘူးပေါ့။ တွေ့တဲ့အထိလည်း ကျနော်တို့သွားဖို့ သိပ်အဆင်မပြေဘူး။ တွေ့တဲ့ Volunteer တွေကလည်း သူတို့ Risk ကို ယူနိုင်လို့ ကျနော်တို့က ကျနော်တို့နိုင်တဲ့ ဘောင်ထဲကနေ တတ်နိုင်သလောက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတယ်”

“လာကူတဲ့ ဝန်ထမ်းတွေကပဲ ၈၀ ၊ ၁၀၀ လောက် ရှိတယ်။ ရပ်ကွက် အသေးစားလေး တခုလို ဖြစ်သွားတာပေါ့။ လိုအပ်ချက်တွေတော့ အများကြီးရှိပါသေးတယ်။ ဆေးကုတာက လွဲလို့ ကျန်တာအကုန် လုပ်ပါတယ်” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အင်းယား ကိုဗစ်စင်တာမှာတော့ အဓိကအနေနဲ့ အောက်ဆီဂျင် ကုထုံးကို ဆောင်ရွက်ပေးပြီး တခြားသော စောင့်ရှောက်မှုများလည်း အကောင်းဆုံး စီစဉ်ထားတာကြောင့် လာရောက် လေ့လာလို့ ရသလို စိတ်ပါရင် တခါတည်း ကူညီလို့ရတယ်လို့ ဆိုပါတယ်။

“စောင့်ရှောက်မှုကတော့ အဓိကကတော့ အောက်ဆီဂျင် Therapy ပေါ့။ အောက်ဆီဂျင်ရူဖို့ လိုတဲ့ လူတွေကို ဆရာဝန်တွေနဲ့ အနီးဆုံးနေရာမှာ ထားတယ်။ တခြားသာမန် Q ပဲ ဝင်ရမယ့်လူတွေအတွက် နေရာသီးသန့်လေးတွေ ရှိတယ်။ ပြီးတော့ သူတို့ စားဖို့သောက်ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ တီဗီကြည့်ဖို့ ကလေးကစားကွင်းတွေကအစ သေချာအထဲမှာ အများကြီး စီစဉ်ပေးထားပါတယ်”

“နေရာကလည်း ကျယ်တယ်။ အလှူရှင်ကလည်း သဒ္ဓါတရား ကောင်းကောင်းနဲ့ အကောင်းဆုံးဖြစ်အောင် စီစဉ်ထားပါတယ်။ လာလည်လို့ ရပါတယ်။ မကြောက်ပါနဲ့။ ဝင်လေ့လာလို့ ရပါတယ်။ စိတ်ပါရင် တခါတည်း ဝင်ကူညီလို့ ရပါတယ်” လို့ စိုင်းစည်တွမ်ခမ်းက ပြောပါတယ်။

အဆိုပါ အင်းယား ကိုဗစ်စင်တာကိုတော့ ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်ဝန်းအတွင်းမှာရှိတဲ့ YCC နေရာမှာ ဖွင့်လှစ်ထားတာ တပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး လူနာအယောက် ၅၀၀ ကျော် ဆံ့တယ်လို့ သိရပါတယ်။ စိုင်းစည်တွမ်ခမ်းကတော့ စင်တာ စဖွင့်စဉ်ကတည်းက စာရင်းပေးသွင်းကာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေတာလို့ သိရပါတယ်။

You may also like these stories:

ကိုဗစ်ကာလမှာလည်း အနုပညာအလုပ်တွေ လုပ်နေတဲ့ ဆောင်းအိန္ဒြေထွန်း

ဝေဘာဂီမှာ စေတနာ့ဝန်ထမ်း လုပ်ကိုင်နေတဲ့ အဆိုတော် ဒေးဗစ်လိုင်နဲ့ မေးမြန်းခြင်း

မီးမီးခဲ ကွယ်လွန်မှုအပေါ် သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတဲ့ ထူးအယ်လင်း

Your Thoughts …
Tags: volunteerစိုင်းစည်တွမ်ခမ်းစေတနာဝန်ထမ်းဆရာဝန်အင်းယား ကိုဗစ်စင်တာ
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

နွေဦးတော်လှန်ရေးမှာ အနောက်တိုင်းသား စေတနာ့ဝန်ထမ်းများ ပါဝင်တိုက်ခိုက်လာ

by Lorcan Lovett
18 May 2024
6.8k

"ကျနော်က ကြေးစားစစ်သား မဟုတ်ဘူး။ ကျနော်က ကျနော် မှန်တယ် ထင်တဲ့ဘက်အတွက် လုပ်ပေးတာသက်သက်ပဲ"

အမှန်မှာ မှားနေတယ်

အမှန်မှာ မှားနေတယ်

by နန္ဒာသိန်းဇံ
25 May 2024
1.3k

အယူအဆ တခုဟာ ရှေ့နောက် ဆီလျော် ညီညွတ်နေပေမယ့် လက်တွေ့ ဘဝမှာ မမှန်နိုင် မဖြစ်နိုင်တာမျိုး ရှိတတ်တယ်…

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
9.4k

The Diplomat က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

ဂန့်ဂေါ ဗုံးကြဲခံရမှု ဆရာဝန်မိသားစုအပါ ၁၁ ဦး သေဆုံး (ရုပ်/သံ)

by ဧရာဝတီ
23 March 2025
659

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း နှမ်းခါးကျေးရွာမှာရှိတဲ့ ကျေးရွာဆေးပေးခန်းကို မတ်လ ၂၂ ရက် နေ့မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးခန်းထိုင်နေတဲ့ ဆရာဝန် အပါ မိသားစုဝင် ၃ ဦးနဲ့ အရပ်သားပြည်သူ ၈ ဦး စုစုပေါင်း...

တောင်ကြီးမြို့ပေါ်ရှိ စဝ်စံထွန်းဆေးရုံကြီး / DMS

ဖမ်းဆီးခံရသည့် အထူးကု ဆရာဝန်ကြီးနှင့် ဇနီး စစ်ကြောရေးပို့ခံရ

by ဧရာဝတီ
23 May 2022
15.9k

စဝ်စံထွန်းဆေးရုံကြီးမှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာ ဦးမြစန်းနှင့် မိခင်နှင့် ကလေး ဆေးရုံကြီးမှ ဓာတ်မှန် ဆရာဝန်ကြီး ဒေါက်တာ အေးခိုင်ဦး တို့ကို

စစ်ကောင်စီက ဖမ်းဆီးသွားသည့် အမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ  / CJ

စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ

by ဧရာဝတီ
29 November 2021
17.6k

တိုက်ပွဲအတွင်း ကလေး PDF တပ်ရင်း (၃) အောက်က စခန်းတခု သိမ်းပိုက်ခံခဲ့ရတဲ့အချိန်မှာ စေတနာ့ဝန်ထမ်း အမျိုးသမီး ဆေးတပ်ဖွဲ့ဝင် ၁၀ ဦး အပါအဝင် အမျိုးသား ၂ ဦး ဖမ်းဆီးခံ ခဲ့ရပါတယ်။

Next Post
ရေကြီးမှုကြောင့် လက်ရှိအချိန်ထိ ၂၅ ဦးသေဆုံးခဲ့တယ်လို့ NCDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားမှာ ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး

နာမည်ကျော် ဘောလိဝုဒ်မင်းသား ရှရွတ်ခန်

၂ နှစ်အတွင်း ပထမဆုံးရုပ်ရှင် ပြန်ရိုက်မယ့် မင်းသား ရှရွတ်ခန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved