• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ကမ္ဘောဒီးယားမှာ ရေကြီးမှုကြောင့် လူ ၂၀ ကျော် သေဆုံး

by Aurora
20 October 2020
in Environment
A A
ရေကြီးမှုကြောင့် လက်ရှိအချိန်ထိ ၂၅ ဦးသေဆုံးခဲ့တယ်လို့ NCDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေကြီးမှုကြောင့် လက်ရှိအချိန်ထိ ၂၅ ဦးသေဆုံးခဲ့တယ်လို့ NCDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

3.9k
VIEWS
Share on FacebookShare on Twitter

ကမ္ဘောဒီးယားနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးပြီး ၃၇,၀၀၀ ကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ နိုင်ငံတဝှမ်း အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးမှုဒဏ် ခံနေရတာဖြစ်တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ (NCDM) က ပြောကြားလိုက်ပါတယ်။

အောက်တိုဘာလ အစောပိုင်းကစလို့ ဝင်ရောက်ခဲ့တဲ့ အပူပိုင်းမုန်တိုင်းကြောင့် မြို့ပေါင်း၂၅ မြို့က ဒေသခံ ၃၁၂,၂၂၄ ဦး ဟာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရပြီး လူပေါင်း ၃၇,၃၉၆ ဦးကို ကူညီကယ်ဆယ်ပေးခဲ့ရပါတယ်။ ရေကြီးမှုကြောင့် လက်ရှိအချိန်ထိ ၂၅ ဦးသေဆုံးခဲ့တယ်လို့ NCDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းထိ သေဆုံးသူ ၂၅ ယောက် ရှိသွားပါပြီ။ ဖနွမ်းပင် အနောက်တောင်းပိုင်းက Banteay, Meanchey, Battambang, Pursat နဲ့ Kandal ဒေသတွေက ရေကြီးမှုဒဏ် အဆိုးဆုံး ခံနေရပါတယ်” လို့ NCDM ရဲ့ ပြောရေးဆိုခွင့်ရှိသူ Seak Vichet က ဆိုပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
141
သဇင်ပန်း

သဇင်ပန်း

10 January 2026
153
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
318

ရေကြီးမှုကြောင့် အိမ်ခြေ ၇၃,၇၂၀ နစ်မြှုပ်ခဲ့သလို၊ ဆန်စပါးနဲ့ ကောက်ပဲသီးနှံ စိုက်ခင်း ဟက်တာ ၃ သိန်း နီးပါးလည်း ရေလွှမ်းမိုးခံခဲ့ရတယ်လို့  Seak Vichet က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heng Sour က မြို့တော် ဖနွမ်းပင်နဲ့ ကန်ဒယ်ဒေသတွေက ဖိနပ်စက်ရုံ ၇၇ ရုံ ရေလွှမ်းမိုးခံခဲ့ရပြီး ၂၃ ရုံကတော့ စက်ရုံလည်ပတ်မှု လုံးဝ ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။ “ရေလွှမ်းမိုးခံရတဲ့ စက်ရုံတွေ ရပ်နားသွားတာကြောင့် ဝန်ထမ်း ၁၇,၀၀၀ လောက် ဒုက္ခရောက်ခဲ့ရတယ်” လို့  Heng Sour က ဆိုပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ် Samdech Techo Hun Sen ကလည်း သူ့ Facebook စာမျက်နှာကတဆင့် ရေကြီးမှုဒဏ် ခံစားရတဲ့ ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ ၇ သန်း ကူညီထောက်ပံ့သွားမယ်လို့ ရေးသားခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ နှစ်စဉ် သြဂုတ်လနဲ့ အောက်တိုဘာလကြား မုတ်သုံရာသီမှာ အပူပိုင်းမုန်တိုင်းတွေကြောင့် ရေကြီး၊ ရေလွှမ်းမိုးမှုဒဏ်ကို ခံစားရလေ့ ရှိပါတယ်။ ၂၀၁၉ ခုနှစ်က မဲခေါင်မြစ် ရေလျှံမှုကြောင့် လူ ၃၀ သေဆုံးခဲ့သလို၊ မုန်တိုင်းဒဏ်ကြောင့် ၁၃၁ ဦး ဒဏ်ရာရခဲ့ပြီး၊ ၈ ဦး သေဆုံးခဲ့ရတယ်လို့ NCDM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်း ဗီယက်နမ်နိုင်ငံမှာလည်း မုန်တိုင်းဒဏ်ကြောင့် ရေကြီး၊ မြေပြိုမှုတွေ အဆိုးရွားဆုံး ခံစားနေရပြီး လူ ပေါင်း ၉၀,၀၀၀ ကျော် ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးထားရသလို သေဆုံး၊ ပျောက်ဆုံးသူ ၁၀၀ ကျော် ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

Ref: XinhuaNet

You may also like these stories:

နှာခေါင်းစည်းက ကာကွယ်ဆေးထက် ပိုစွမ်းတယ်ဟု အမေရိကန် CDC ဆို

ဗီယက်နမ်မှာ မိုးကြီးပြီး ရေလွှမ်းမိုးမှုကြောင့် လူ ၂၃ ဦး သေဆုံး

 

Your Thoughts …
Tags: ကမ္ဘောဒီးယားရေကြီးမှုရေလွှမ်းမိုးမှု
Aurora

Aurora

Contributor

Similar Picks:

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

by Devjyot Ghoshal
26 July 2025
8.6k

ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ စစ်တပ်အင်အားနှင့် လက်နက်အင်အား အချက်အလက်များက လန်ဒန်မြို့ရှိ International Institute for Strategic Studies (IISS) ၏ ဒေတာများအပေါ် အခြေခံ ထားသည်။

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

by ဧရာဝတီ
5 September 2023
7.9k

ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

by Phar Kim Beng
11 April 2025
7.2k

ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။

Next Post
နာမည်ကျော် ဘောလိဝုဒ်မင်းသား ရှရွတ်ခန်

၂ နှစ်အတွင်း ပထမဆုံးရုပ်ရှင် ပြန်ရိုက်မယ့် မင်းသား ရှရွတ်ခန်

၂၀၂၀ ဇန်နဝါရီ ၈ ရက် နေပြည်တော်တွင် ကျင်းပသော အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတခု / Myanmar State Counselor’s Office

ဖက်ဒရယ်စနစ် ဖြစ်ဖို့ ဝေါဟာရ အကျပ်အတည်းက ကန့်လန့်ခံနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved