• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကလေးမြို့မြောက်ပိုင်း NUG ရဲစခန်းသို့ အလည်တခေါက်

by ဧရာဝတီ
10 July 2023
in အင်တာဗျူး
A A
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြသော မန္တလေးတိုင်းမှ ရဲတပ်ဖွဲ့ဝင်များ

9.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း ရဲစခန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီဆန့်ကျင်ရေး ခုခံတော်လှန်ရေးအင်အားစုများက ထူထောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိအမှတ်ပြုသည့် ပထမဆုံး ရဲစခန်းများအနက် တခုဖြစ်သည်။

လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အောက်တွင် ပြည်သူ့ရဲတပ်ဖွဲ့တခု ထူထောင်ရန် NUG က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဆုံးဖြတ်လိုက်ပြီးနောက် စစ်ကိုင်းတိုင်းမှ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သည် ရဲစခန်းတခု ထူထောင်ရေးကို စတင်လုပ်ကိုင်သည်။ ကလေးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကြီးမားသော ဆန္ဒပြပွဲများ ပေါ်ပေါက်ပြီးနောက် အာဏာမသိမ်းမီက အစိုးရအောက်တွင် တာဝန်ထမ်းဆောင်သည့် ကလေးမြို့မြောက်ပိုင်း လက်ပံချောင်း အနီးတွင် တည်ရှိသော ရဲစခန်းကို ရဲတပ်ဖွဲ့က စွန့်ပစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် ဦးဟံသာဦး ရောက်လာသောအခါ ပကဖ အဖွဲ့၏ အားထုတ်မှုများ အရှိန်အဟုန် ရလာသည်။ ကလေးမြို့မြောက်ပိုင်းမှ ဦးဟံသာဦးသည် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် ခုခံတော်လှန်တော်လှန်ရေး အင်အားစုတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ချိန်က ရန်ကုန်မှ ဒုရဲအုပ်တဦး ဖြစ်သည်။

သူသည် NUG အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၂,၉၃၇ ဦးခန့်အနက် တဦးဖြစ်ပြီး ထိုသူများ အားလုံးသည် စစ်အာဏာသိမ်းမှုနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါဝင်သူများဖြစ်သည်။ ခုခံတော်လှန်ရေး အင်အားစုများသည် သူ့ကို ကလေးမြို့မြောက်ပိုင်းရဲစခန်းတွင် အကြီးအကဲအဖြစ် ခန့်အပ်ပြီး ဒေသတွင်း ရာဇဝတ်မှုတားဆီးသည့် စနစ်တခုထူထောင်ရန် တာဝန်ပေးလိုက်သည်။

ခုခံတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ လုပ်ကိုင်ရန် NUG ၏ ဥပဒေပြုအဖွဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို လွန်ခဲ့သောနှစ် မေလတွင် ပြဋ္ဌာန်းလိုက်သောအခါ NUG အောက်မှ ရဲတပ်ဖွဲ့များနှင့် ရဲစခန်းများသည် ပိုမို အင်အားတောင့်တင်းလာသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စာရေးသူသည် လက်ပံချောင်းအနီးရှိ ကလေးမြို့မြောက်ပိုင်း ရဲစခန်းသို့ သွားရောက်ခဲ့သည်။ အခြားရဲစခန်းများကဲ့သို့ပင် ထိုရဲစခန်းများကို အခြေခံအဆင့်မျှသာ လက်နက်ပစ္စည်း တပ်ဆင်ပေးထားပြီး ရာဇဝတ်သားများကို ဖမ်းချုပ်ရန် အခန်းတခန်းရှိသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စာရေးသူသည် လက်ပံချောင်းအနီးရှိ ကလေးမြို့မြောက်ပိုင်း ရဲစခန်းသို့ သွားရောက်ခဲ့သည်။ အခြားရဲစခန်းများကဲ့သို့ပင် ထိုရဲစခန်းများကို အခြေခံအဆင့်မျှသာ လက်နက်ပစ္စည်း တပ်ဆင်ပေးထားပြီး ရာဇဝတ်သားများကို ဖမ်းချုပ်ရန် အခန်းတခန်းရှိသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ကလေးမြို့မြောက်ပိုင်း ရဲတပ်ဖွဲ့အကြီးအကဲ ဦးဟံသာဦးကို Rajeev Bhattacharyya က တွေ့ဆုံမေးမြန်းစဉ်

သို့သော် ထိုရဲစခန်းက တမူထူးခြားသည်မှာ စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ရဲစခန်းပတ်လည်တွင် ကတုတ်ကျင်းများနှင့် လိုအပ်ပါက ထောင်ထားရန် ထုတ်လုပ်ထားသည့် မြေမြှုပ်မိုင်းများ ရှိသည်။ စစ်ကောင်စီတိုက်ခိုက်မှုကို ကာကွယ်သည့် အစီအမံအဖြစ် ရဲတပ်ဖွဲ့ဝင်များ နေရာယူရမည့် နေရာများကိုလည်း သတ်မှတ်ထားပေးသည်။

The Diplomat မှ Rajeev Bhattacharyya က ကလေးမြို့ မြောက်ပိုင်းရဲစခန်း အကြီးအကဲ ဦးဟံသာဦးနှင့် တွေဆုံမေးမြန်းခန်း ကောက်နုတ်ချက်များကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဦးဟံသာဦးအကြောင်း ပြောပြပေးပါ။

ဖြေ ။ ။ ကျနော့်ကို ကလေးမြို့မှာပဲ မွေးတာ။ ရဲတပ်ဖွဲ့ကို ၂၀၁၃ ခုနှစ်မှာ ဒုရဲအုပ်အဖြစ် စတင်ဝင်ရောက်တယ်။ ရှမ်းပြည်နယ်က ရဲသင်တန်းကျောင်းမှာ ၆ လ သင်တန်းတက်ရတယ်။ အဲဒီမှာပဲ နှစ်နှစ်လောက် တာဝန်ထမ်းဆောင်ရပြီးနောက် ရန်ကုန်ကို ပြောင်းရပြီး တနှစ်လောက် တာဝန်ထမ်းဆောင်ရတယ်။ ကျနော်တို့တာဝန်က မြို့ရဲ့ တချို့နေရာတွေမှာ ကင်းလှည့်ဖို့ဖြစ်တယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးနောက် အဲဒီလိုလုပ်တာ ရပ်သွားတယ်။

နောက်တော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဖို့ ကျနော်တို့ကို တာဝန်ပေးတယ်။ သူတို့ကို ပစ်ခတ်ဖို့ ကျနော်တို့ကို ညွှန်ကြားတယ်။ တချို့ ဆန္ဒပြသူတွေကို ရာဘာကျည်ဆံနဲ့ ပစ်ဖူးတယ်။ ရဲတယောက်ရဲ့တာဝန်က ပြည်သူကို ကာကွယ်ဖို့ဖြစ်တယ် ပစ်ခတ်ဖို့ မဟုတ်ဘူးဆိုတာ ကျနော် သဘောပေါက်လာတယ်။ မတ်လ ၅ ရက်နေ့မှာ ရန်ကုန်က ကျနော်ထွက်ပြေးလာတယ်။ ရဲတပ်ဖွဲ့ထဲက သူငယ်ချင်း နှစ်ယောက်က ကျနော့်ကို ကူညီတယ်။ ကျနော့်ကို တက္ကစီဂိတ်ကို ခေါ်သွားပေးတယ်။ အဲဒီကနေ မန္တလေးကိုရောက်၊ နောက်တော့ စစ်ကိုင်းတိုင်းထဲ ရောက်လာတယ်။

မေး ။ ။ ခင်ဗျားလို ရဲတပ်ဖွဲ့ကနေ ထွက်လာတာ ဘယ်လောက်များလဲ။

ဖြေ ။ ။ တနိုင်ငံလုံးပေါင်းရင် ၂၀,၀၀၀ လောက်ရှိပေမယ့် အားလုံးက CDM လှုပ်ရှားမှုနဲ့ ဆက်သွယ်တာ မဟုတ်ဘူး။ အာဏာသိမ်းပြီးနောက် စစ်တပ်ကနေ ထွက်ပြေးလာတဲ့သူဆိုရင် အဲဒီနှစ်ဆလောက် ရှိတယ်။

CDM လှုပ်ရှားမှုနဲ့တင် ကျနော် ကျေနပ်မနေဘဲ စစ်ကောင်စီဆန့်ကျင်ရေးမှာ ပိုမိုနက်ရှိုင်းစွာ ပါဝင်ချင်တယ်ဆိုတာကို ကျနော် သဘောပေါက်လာတယ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ အခြားရဲတယောက်နဲ့ ကျနော်ပေါင်းပြီး သူပုန်ဖြစ်ချင်သူတွေကို လေ့ကျင့်ပေးတယ်။

မေး ။ ။ အခုရဲစခန်းနဲ့ ဘယ်လို ဆက်သွယ်မိတာလဲ။

ဖြေ ။ ။ ရန်ကုန်က ထွက်ပြေးလာပြီးတော့ စစ်ကိုင်းတိုင်းထဲမှ နေရာရွှေ့ပြီး နှစ်လလောက် ပုန်းနေရတယ်။ CDM လှုပ်ရှားမှုနဲ့တင် ကျနော် ကျေနပ်မနေဘဲ စစ်ကောင်စီဆန့်ကျင်ရေးမှာ ပိုမိုနက်ရှိုင်းစွာ ပါဝင်ချင်တယ်ဆိုတာကို ကျနော် သဘောပေါက်လာတယ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမှာ အခြားရဲတယောက်နဲ့ ကျနော်ပေါင်းပြီး သူပုန်ဖြစ်ချင်သူတွေကို လေ့ကျင့်ပေးတယ်။ သူတို့က သူတို့သေနတ်နဲ့ သူတို့လာကြတာ။ အဲဒီသင်တန်း ပြီးတဲ့အခါကျတော့ အဲဒီသင်တန်းသားထဲက အချို့ကို စစ်တပ်ဖမ်းမိသွားပြီး ကျနော်တို့စခန်းကို အရမ်းမြင့်တဲ့ တောင်ပေါ်ကို ရွှေ့ပြောင်းရတယ်။ နောက်တော့ အဖွဲ့ကွဲသွားတယ်။

၂၀၂၁ ခုနှစ် မေ၊ ဇွန် လောက်မှာ ကလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းတယ်။ အဲဒီ အချိန်မှာပဲ ချင်းပြည်နယ်၊ ဝီတိုရိယစခန်းက ချင်းအမျိုးသားတပ်မတော် (CNA) က လေ့ကျင့်ပေးထားတဲ့ လူတချို့ စစ်ကိုင်းတိုင်းကို ပြန်ရောက်လာတယ်။ နောက်တော့ PDF ပုံပေါ်လာပြီး စစ်ဆင်ရေးစတင်တော့ ကျနော်တို့အနေနဲ့ ကျနော်တို့ အစိုးရဖွဲ့မယ်ဆိုရင် ရဲတပ်ဖွဲ့ဝန်ဆောင်မှုက ဘယ်လောက် အရေးကြီးတယ်ဆိုတာ ကျနော် သဘောပေါက်တယ်။

ကျနော် ကလေးမြို့ကို ပြန်လာတယ်။ အဲဒီဒေသမှာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဆေးစွဲတာတွေ ရှိနေလို့ ရဲတွေကို အရမ်းလိုနေတယ်။ PDF တွေနဲ့၊ ခုခံတော်လှန်ရေး ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးက ရဲလုပ်ငန်းစတင်ဖို့ ကျနော့်ကို တောင်းဆိုတယ်။

ကလေးမြို့မြောက်ပိုင်း ရဲတပ်ဖွဲ့ရုံးခန်း / Rajeev Bhattacharyya

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကလေးမြို့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းတယ်။ ကျနော်တို့ သုံးစွဲစရာ ရင်းမြစ်က ရှားပါးတော့ စိန်ခေါ်မှု ကြီးမားတယ်။ စစ်ကောင်စီတပ်တွေက လာတိုက်မယ့် အန္တရာယ်လည်း အမြဲတမ်း ရှိနေတယ်။

အာဏာမသိမ်းမီက ရဲတွေက ဥပဒေ မလိုက်နာဘူး။ ရာဇဝတ်သားတွေကို မထိန်းချုပ်လို့ ရဲကို ပြည်သူက အယုံအကြည် မရှိဘူး။ ရဲတွေက ခုခံတော်လှန်ရေးခေါင်းဆောင်တွေနဲ့ ထောက်ခံသူတွေကို အဓိက ပစ်မှတ်ထားတယ်။ ဒီဒေသထဲက ရဲစခန်းအများအပြား တိုက်ခိုက်မီးရှို့ခံရတယ်။ ဥပဒေလည်း မရှိဘူး။ ရဲလုပ်ငန်း ပြိုလဲသွားတယ်။ ဒီရဲစခန်းက ကျနော်တို့ မသိမ်းယူမီကတည်းက စွန့်ပစ်သွားတဲ့ စခန်းဖြစ်တယ်။ တချို့ ရဲတပ်ဖွဲ့ဝင်တွေကလည်း CDM မှာ ပူးပေါင်းကြတယ်။

မေး ။ ။ ကလေးမြို့မြောက်ပိုင်းမှာ ရဲလုပ်ငန်းတွေကို ဘယ်လိုဖွဲ့စည်းထားလဲ။

ဖြေ ။ ။ အာဏာမသိမ်းမီက ကလေးမြို့မှာ ဒီမြောက်ပိုင်း ရဲစခန်း အပါအဝင် ရဲစခန်း ၅ ခုရှိတယ်။ ကျနော်တို့က ဒီစခန်းကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃ ရက်နေ့က ပြောင်းလာတာ။ စစ်တပ်က ဒီမှာ မရှိတော့ဘူး။ ကျနော် အပါအဝင် လူ ၁၀ ယောက်နဲ့ အဖွဲ့တဖွဲ့ဖွဲ့တယ်။ ကျနော်တို့ အားလုံးက CDM မှာ ပါဝင်ခဲ့သူတွေချည်းပဲ။ လေ့ကျင့်ပေးပြီးနောက် နောက်ထပ် ၃၅ ယောက် ထပ်မံပါဝင်လာတယ်။

အခု ကျနော်တို့မှာ အင်အား ၄၅ ယောက် ရှိတယ်။ ကျနော်တို့က နိုင်ငံရဲ့ ရဲဝန်ဆောင်မှု အကြီးအကဲနဲ့ အဆက်အသွယ်ရှိတယ်။ သူက စစ်ကိုင်းတိုင်းထဲက လျှို့ဝှက်နေရာတခုမှာ ရုံးထိုင်တယ်။

အခု ကျနော်တို့မှာ အင်အား ၄၅ ယောက် ရှိတယ်။ ကျနော်တို့က နိုင်ငံရဲ့ ရဲဝန်ဆောင်မှု အကြီးအကဲနဲ့ အဆက်အသွယ်ရှိတယ်။ သူက စစ်ကိုင်းတိုင်းထဲက လျှို့ဝှက်နေရာတခုမှာ ရုံးထိုင်တယ်။

ကျနော်တို့မှာ အချုပ်ခန်း နှစ်ခန်းရှိတယ်။ တခုက ဒီစခန်းမှာ၊ တခုက တောထဲမှာ။ ဒီစခန်းမှာ ၁၇ ယောက် ချုပ်ထားနိုင်ပြီး တောထဲက အချုပ်ခန်းမှာ ၂၁ ယောက် ချုပ်ထားနိုင်တယ်။ NUG က ဒီ ရဲစခန်းကို အသိအမှတ်ပြုတယ်။ အဲဒီအသိအမှတ်ပြုစာကို စခန်းနံရံမှာ ကပ်ထားတာ မြင်နိုင်တယ်။

မေး ။ ။ ဒီရဲစခန်းက တာဝန်ယူရတဲ့ နယ်မြေအကျယ်အဝန်းနဲ့ လူဦးရေ ဘယ်လောက်ရှိလဲ။

ဖြေ ။ ။ ဒီစခန်းက ကလေးမြို့ မြောက်ပိုင်းဒေသကို တာဝန်ယူတယ်။ တောင်ပိုင်းဒေသကို တာဝန်ယူတဲ့ သီးခြားရဲစခန်းတခု ရှိတယ်။ ကျနော်တို့က ကျေးရွာ ၅၀ လောက်ကို တာဝန်ယူပြီး လူဦးရေ ၅၀,၀၀၀ လောက်ရှိတယ်။

စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုးလာပြီး စစ်ကောင်စီဟာ မူးယစ်မှောင်ခိုမှုတွေမှာ ပတ်သက်နေတယ်။ စစ်တပ်ရဲ့ တစိတ်တပိုင်းကလည်း ပုံမှန်လစာမရလို့ မူးယစ်မှောင်ခိုမှုမှာ ပါဝင်နေတယ်။ စစ်တပ်ရဲ့ ရည်မှန်းချက်ကလည်း လူငယ်မျိုးဆက်သစ်တွေကို မူးယစ်ဆေးနဲ့ ဖျက်ဆီးပစ်ဖို့ပဲ။

မေး ။ ။ ကလေးမြို့မှာ စိန်ခေါ်မှုများတဲ့ ရာဇဝတ်မှုတွေက ဘာတွေလဲ။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
39
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
20
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
15

ဖြေ ။ ။ ကျနော်တို့အတွက် စိန်ခေါ်မှုအများဆုံး အမှုကတော့ မူးယစ်ဆေးဝါးမှောင်ခိုမှု တိုက်ဖျက်ရေးပဲ။ စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုးလာပြီး စစ်ကောင်စီဟာ မူးယစ်မှောင်ခိုမှုတွေမှာ ပတ်သက်နေတယ်။ စစ်တပ်ရဲ့ တစိတ်တပိုင်းကလည်း ပုံမှန်လစာမရလို့ မူးယစ်မှောင်ခိုမှုမှာ ပါဝင်နေတယ်။ စစ်တပ်ရဲ့ ရည်မှန်းချက်ကလည်း လူငယ်မျိုးဆက်သစ်တွေကို မူးယစ်ဆေးနဲ့ ဖျက်ဆီးပစ်ဖို့ပဲ။ မူးယစ်ဆေးတင်ပို့မှုတွေက အများအားဖြင့် ရှမ်းပြည်နယ်က လာတာ။ ကလေးမြို့ပတ်ဝန်းကျင်မှာ ဘိန်းဖြူ နံပါတ် ၄ နဲ့ ဓာတုမူးယစ်ဆေး ထုတ်လုပ်တယ်လို့ ကျနော် မကြားမိဘူး။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆင်းရဲနွမ်းပါးမှုနဲ့ အခြားအသက်မွေးဝမ်းကြောင်း မရှိလို့ ချင်းပြည်နယ်၊ တွန်းဇံမှာ တောင်သူတွေက စိုက်ထားတဲ့ ဘိန်းပင် ဧက ၂,၀၀၀ လောက် ရှိတယ်။ တီးတိန်နဲ့ ပတ်ဝန်းကျင် နေရာတချို့မှာလည်း ဒီလိုဖြစ်ရပ်မျိုးကို တွေ့နိုင်တယ်။ မူးယစ်မှောင်ခိုသူတွေနဲ့ သုံးစွဲသူတွေထဲမှာ ဝင်ငွေအုပ်စု အားလုံး ပါဝင်သလို အမျိုးသားရော အမျိုးသမီးတွေပါ ပါဝင်တယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်က မြင်ရသည့် ကလေးမြို့မြောက်ပိုင်း ရဲတပ်ဖွဲ့ အချုပ်ခန်း / Rajeev Bhattacharyya

အထုပ်သေးလေးတွေ ထုပ်၊ ဆပ်ပြာခွက်တွေမှာ ထည့်ထားပြီး အဝေးကြီးအထိ သယ်ယူပို့ဆောင်ကြတယ်။ အာဏာမသိမ်းမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက မူးယစ်ဆေးဝါးခြိမ်းခြောက်မှုကို ထိန်းချုပ်ဖို့ အစွမ်းကုန် အားထုတ်တယ်။ မူယစ်ဆေးဝါး အဓိက သယ်ဆောင်တယ်လို့ ယူဆရတဲ့ အဝေးပြေးလမ်းမကြီး ၃ ခုမှာ မူးယစ်ဆေး သယ်ပို့တာကို ထောက်လှမ်းဖို့ အဆင့်မြင့် X-ray scanner တွေ တပ်ဆင်တယ်။

တခါတုန်းကဆိုရင် မူးယစ် ရာဇာတွေက သူတို့အတွက် အနှောင့်အယှက်ဖြစ်လို့ အဲဒီ X-ray scanner တွေထဲက တခုကို တိုက်ခိုက်ခဲ့ဖူးတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ အဲဒီလိုအားထုတ်မှုတွေ မလုပ်တော့ဘူး။ အဲဒီ scanner တွေရဲ့ အဓိက ရည်ရွယ်ချက်က လက်နက်ရှာဖို့ဖြစ်ပြီး ဘိန်းရှာဖွေဖော်ထုတ်ဖို့ မဟုတ်တော့ဘူး။

လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ လူသတ်မှုတွေကလည်း ကျနော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခု ဖြစ်တယ်။ ဒလန်အများအပြားလည်း သံသယရှိရုံနဲ့ သတင်းမှားကြောင့် အထောက်အထားမဲ့ အသတ်ခံရတယ်။ ပထမနှစ်အတွင်း အမှုစုစုပေါင်း ၉၆ မှုရှိတယ်။ အမှုပေါင်းစုံ ပါဝင်တယ်။ မူးယစ်မှောင်ခိုမှုက အများဆုံးပဲ၊ ပြီးရင် လူသတ်မှု၊ ခိုးမှုနဲ့ အဓမ္မပြုကျင့်မှုတွေ ရှိတယ်။

မေး ။ ။ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေမှာ မူးယစ်ဆေးဝါး တင်ပို့မှုတွေက အပတ်စဉ်နီးပါး ဖမ်းမိနေတယ်။ အိန္ဒိယထဲကို မူးယစ်ဆေးဝါးသယ်ပို့တဲ့ ဂိုဏ်းတွေရှိလား။

ဖြေ ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယကို မူးယစ်ဆေးဝါးတင်ပို့မှု တိုးလာတာ သေချာတယ်ဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ဖမ်းမိတဲ့ပမာဏကို ကြည့်ရင်သိနိုင်တယ်။ မူးယစ်မှောင်ခိုမှုမှာ ထဲထဲဝင်ဝင် ပါဝင်နေတာဟာ စစ်ကောင်စီဖြစ်ပြီး နိုင်ငံတွင်းက များပြားလှတဲ့ လမ်းကြောင်းတွေကတဆင့် သယ်ယူ ပို့ဆောင်နေတဲ့ သူတွေရှိတယ်။ PDF တွေနဲ့ အိန္ဒိယက ဒုက္ခသည်တွေက မူးယစ်ဆေးဝါးမှောင်ခိုမှုမှာ ပတ်သက်နေတယ်ဆိုတဲ့ မှားယွင်းတဲ့အမြင် လူတချို့မှာ ရှိနေတယ်။

အခုလောလောဆယ် ကျနော်တို့မှာ တရားသူကြီး လေးဦးနဲ့ တရားရုံး ငါးရုံးရှိတယ်။ အဲဒီတရားရုံးတွေရဲ့ စီရင်ချက်ကို ရဲအဖွဲ့က လိုက်နာရတယ်။ ကျင့်သုံးတဲ့ ဥပဒေတွေက စစ်အာဏာမသိမ်းမီက စနစ်အရရှိတဲ့ ဥပဒေအများစု ဖြစ်တယ်။

မေး ။ ။ ရာဇဝတ်သားတွေကို ဖမ်းပြီးတဲ့အခါ ဘယ်လို ဆက်လက်လုပ်ဆောင်လဲ။

ဖြေ ။ ။ သူတို့ကို ဖမ်းပြီးတဲ့အခါ ပြစ်မှုကို စစ်ဆေးချက်အပေါ် အခြေခံပြီး တရားရုံးကို စွဲချက်တင်လွှာ တင်တယ်။ နောက်တော့ စွပ်စွဲခံရသူကို တရားရုံးထုတ်တယ်။ အခုလောလောဆယ် ကျနော်တို့မှာ တရားသူကြီး လေးဦးနဲ့ တရားရုံး ငါးရုံးရှိတယ်။ အဲဒီတရားရုံးတွေရဲ့ စီရင်ချက်ကို ရဲအဖွဲ့က လိုက်နာရတယ်။ ကျင့်သုံးတဲ့ ဥပဒေတွေက စစ်အာဏာမသိမ်းမီက စနစ်အရရှိတဲ့ ဥပဒေအများစု ဖြစ်တယ်။ တချို့ဥပဒေတွေကိုလည်း ဒေသအခြေအနေနဲ့ ပြင်ဆင်ထားတာ ရှိတယ်။

မေး ။ ။ ရဲစခန်း အသုံးစရိတ်ကို ဘယ်လို ဖြည့်ဆည်းလဲ။

ဖြေ ။ ။ ကျနော်တို့ရဲစခန်းက ရဲတွေအားလုံးက စေတနာ့ဝန်ထမ်းတွေချည်းပဲ။ လစာမယူဘူး။ ကုန်ကျစရိတ်ကို ဒေသထည့်ဝင်မှုနဲ့ ပကဖ က ဖြည့်ဆည်းပေးတယ်။

မေး ။ ။ ရဲစီမံခန့်ခွဲမှုကို ဘယ်လို ပိုမိုထိရောက်အောင် လုပ်မလဲ။ လက်ရှိ အကောင်အထည်ဖော်နေတဲ့ စီမံကိန်း ရှိလား။

ဖြေ ။ ။ ပိုမိုညီညွတ်ဖို့လိုပြီး ထောက်ခံမှု၊ တည်ငြိမ်တဲ့အခြေအနေနဲ့ ကျနော်တို့ လုပ်ငန်းတွေကို နောက်ထပ် နေရာတွေကို ထိထိရောက်ရောက် တိုးချဲ့ဖို့လိုတယ်။ ကျနော်တို့ အခုလောလောဆယ် ပျူစောထီးရွာတွေကို သွားလို့မရဘူး။ အဲဒီမှာ ပြင်းထန်တဲ့ ပြစ်မှုကျူးလွန်နေရင်တောင် သွားလို့ မရဘူး။ ဒီဒေသမှာ စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ဆုံးဖြတ်ရင် ကျနော်တို့ အထုပ်အပိုးတွေပြင်ပြီး ပိုမို ဘေးကင်းတဲ့နေရာကို ပြောင်းရတယ်။ ကျနော်တို့ စခန်းကို မီးရှို့တာမျိုးဖြစ်နိုင်လို့ အားလုံး အစက ပြန်စရနိုင်တယ်။ နောက်ပြီးတော့ ရန်ပုံငွေလိုတယ်။ လူအင်အားလိုတယ်။ အခုလောလောဆယ်တော့ ကျနော်တို့ ကိုယ်ငွေကို ကိုယ်စိုက်သုံးနေရတယ်။

ကလေးက NUG ပထမဆုံး အသိအမှတ်ပြုခံရတဲ့ ရဲစခန်းတွေထဲမှာ ပါဝင်ပါတယ်။ လမ်းညွှန်တွေနဲ့ ဥပဒေတွေကိ NUG က ရေးဆွဲတယ်။ ရဲစခန်းတွေဟာ NUG က ချမှတ်ပေးတဲ့ စံနှုန်းတွေနဲ့ အလုပ်လုပ်တယ်။

မေး ။ ။ NUG ဆီကနေ ဘယ်လိုအကူအညီမျိုး ရလဲ။

ဖြေ ။ ။ ကျနော်တို့ ရဲစခန်းက NUG ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာ ရှိပါတယ်။ NUG အောက်မှာ တမူးနဲ့ ဝက်လက် အပါအဝင် ရဲလုပ်ငန်းဆောင်ရွက်နေတဲ့ခရိုင် လေးခုရှိတယ်။ ကလေးက NUG ပထမဆုံး အသိအမှတ်ပြုခံရတဲ့ ရဲစခန်းတွေထဲမှာ ပါဝင်ပါတယ်။ လမ်းညွှန်တွေနဲ့ ဥပဒေတွေကိ NUG က ရေးဆွဲတယ်။ ရဲစခန်းတွေဟာ NUG က ချမှတ်ပေးတဲ့ စံနှုန်းတွေနဲ့ အလုပ်လုပ်တယ်။ ဒီဖြစ်စဉ်ဟာ ဆက်လက် ကြီးပွားတိုးတက်ရမယ့် ဖြစ်စဉ်ဖြစ်ပါတယ်။

ကလေးမြို့မြောက်ပိုင်း ရဲတပ်ဖွဲ့အကြီးအကဲ ဦးဟံသာဦးက သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်က စစ်ဆေးနေစဉ် / ကလေးမြို့မြောက်ပိုင်း ရဲတပ်ဖွဲ့

မေး ။ ။ မြန်မာပြည်မှာ နေရာတိုင်း အရပ်သားတွေဆီမှာ သေနတ်တွေ အရမ်းများနေတယ်။ စစ်ကောင်စီ ပြုတ်ကျသွားပြီး နိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းလိုက်ပြီဆိုတဲ့ အခြေအနေမျိုးကို စိတ်ကူးကြည့်ပါ။ လက်နက်တွေ အများကြီးဖြစ်နေတာ အနာဂတ်မှာ တရားဥပဒေစိုးမိုးမှု အခြေအနေ ဆိုးရွားစေမလား။

ဖြေ ။ ။ ကျနော့်တဦးတည်း အမြင်အရ အဲဒီကိစ္စကလည်း အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတခုပါပဲ။ ဒါပေမယ့် လောလောဆယ်မှာတော့ ခုခံတော်လှန်ရေး အင်အားစုအားလုံးမှာ တူညီတဲ့ ရည်မှန်းချက်ရှိပြီး ပြဿနာတော့ မဟုတ်သေးဘူး။

ကျနော်တို့ဆီက သတင်းစကားတခု ပါးလိုက်ချင်ပါတယ်။

ဒါက တကမ္ဘာလုံးအတွက် အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေအတွက် သတင်းစကားပါ။ မြန်မာနိုင်ငံ ဒုက္ခအကျပ်အတည်း ကျရောက်နေတယ်။ ကျနော်တို့ကို မေ့မထားဖို့ ကမ္ဘာကို မေတ္တာရပ်ခံချင်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ကောင်စီကို ဆန့်ကျင်တဲ့ ကျနော်တို့တိုက်ပွဲကို ကျေးဇူးပြုပြီး ကူညီကြပါ။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်အဆုံးသတ်ပစ်ရမယ်။

(The Diplomat ပါ Rajeev Bhattacharyya ၏ North Kalay Police Chief Han Thar Oo on Policing Under Myanmar’s National Unity Government ကို ဘာသာပြန်သည်။)

You may also like these stories:

ပလက်ဝက စစ်ကောင်စီစခန်းကို CNA ဝင်တိုက်

တရုတ်နယ်စပ်က ရိုင်ဖယ်များနှင့် အားမာန်ပြည့်လာသည့် တပ်ဖွဲ့သစ်များ

ဗိုလ်ကြီးဆိုင်ဂုံအမှု NUG တရားရုံးသို့ လွှဲရန် ကြန့်ကြာနေမှု CDM စစ်သားများ မေးခွန်းထုတ်

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

Your Thoughts …
Tags: CDMCRPHNUGPDFSliderကလေးမြို့ခုခံတော်လှန်တော်လှန်ရေး အင်အားစုချင်းပြည်နယ်စစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုစေတနာဝန်ထမ်းပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့မူးယစ်ဆေးဝါးရာဇဝတ်မှုရဲတပ်ဖွဲ့အမျိုးသားညီညွတ်ရေးအစိုးရအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီ၏ အဆင့်မြင့်ကိုယ်စားလှယ်များအား အာဆီယံ အစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားမှုကို ဆက်လက် လုပ်ဆောင်သွားရန် ရှိသည်/ Bangkok Post

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာ့အရေး ဆွေးနွေးမည်

တနင်္ဂနွေနေ့ ညနေပိုင်းက ပသွမ်ဝမ်ခရိုင် CentralWorld ဈေးဝယ်စင်တာတွင် ထောက်ခံသူ ၁၀၀၀ ခန့်နှင့် ဖိထာ လင်မ်ဂျာရွန်ရတ် တွေ့ဆုံစဉ်/ Bangkok Post

ထိုင်းဒီမိုကရေစီက "ခွင့်မလွှတ်နိုင်"မည်ကို မလုပ်ရန် လွှတ်တော်အမတ်များကို ဖိထာ သတိပေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved