• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဗိုလ်ကြီးဆိုင်ဂုံအမှု NUG တရားရုံးသို့ လွှဲရန် ကြန့်ကြာနေမှု CDM စစ်သားများ မေးခွန်းထုတ်

by ဧရာဝတီ
31 May 2023
in သတင်း
A A
စစ်သင်တန်းပေးနေသည့် မိုးကြိုး‌ပြောက်ကျားတပ်ဖွဲ့ဝင်များ / မိုးကြိုးပြောက်ကျားတပ်ဖွဲ့

စစ်သင်တန်းပေးနေသည့် မိုးကြိုး‌ပြောက်ကျားတပ်ဖွဲ့ဝင်များ / မိုးကြိုးပြောက်ကျားတပ်ဖွဲ့

19.7k
VIEWS
Share on FacebookShare on Twitter

မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ဖမ်းထားသည့် CDM ဗိုလ်ကြီးဟောင်း ဆိုင်ဂုံအား အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားရုံးသို့ လွှဲပေးရန် ကြန့်ကြာနေမှု CDM စစ်သားများက မေးခွန်းထုတ်နေကြသည်။

ဗိုလ်ကြီးဟောင်း ဆိုင်ဂုံမှာ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ တပ်ရင်း ၁၀၁ တပ်ရင်းမှူးဖြစ်ပြီး တပ်ဖွဲ့ဝင်ဟောင်းများနှင့်အတူ “လွတ်မြောက်ရေး အင်အားစု စစ်သည်များအဖွဲ့ (W.O.L.F)”ကို ဖွဲ့၍ NUG ၏ လက်အောက်ခံ တပ်ရင်းအဖြစ်ဝင်ရန် ပြင် ဆင်နေစဉ် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (ဗဟို)က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

CDM ဗိုလ်ကြီး ညီသုတက “သူရဲ့ ရုပ်ပိုင်းစိတ်ဆိုင်ရာ ခံစားမှုတွေက ရက်ပေါင်း ၅၀ နီးပါး နစ်နာပြီးပြီ၊ အသက်အန္တရာယ် ဖြစ်မှာကို စိုးရိမ်တယ်၊ ဘာကြောင့် NUG တရားရုံးကို လွှဲပေးဖို့ ကြန့်ကြာနေသလဲ။ ဒီကြန့်ကြာမှုဟာ ရိုးရှင်းရဲ့လား ပိုပြီး စိုးရိမ်မိတယ်” ဟု ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၇၊ ၂၀၂၆

7 January 2026
83
ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

ကြိုတင်မဲ မသမာမှုတွေကို အရေးမယူဘဲ ကျေအေးလိုက်ကြရ (ရုပ်/သံ)

7 January 2026
68
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
545

တရားမျှတမှု ရရန် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ (ဗဟို) အနေဖြင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တရားရုံးသို့ အမြန် ဆုံး လွှဲပေးရန်လိုကြောင်း၊ ထိုတရားရုံးမှ ဖြောင့်မတ်မှန်ကန်စွာ စစ်ဆေးမည်ကို ပြည်သူလူထုက ယုံကြည်သလို မိမိတို့ အနေဖြင့်လည်း ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။

“ကိုယ်နဲ့ သဘောထား မတိုက်ဆိုင်တာနဲ့ တဖက်လူကို သူလျှိုပါ ဒလန်ပါဆိုပြီး သတင်းပေးပြီး လုပ်တဲ့ အမူအကျင့်ရှိတဲ့သူ တွေကနေ ထွက်လာတဲ့ စွဲဆိုချက်ဟာ ရာနှုန်းပြည့် မှန်ကန်နိုင်စရာ မရှိဘူး။ ယုံကြည်မှုလည်း မရှိဘူး။ သူတို့က NUG ရဲ့ တရားရုံးကို မယုံကြည်လို့ လွှဲမပေးတာလားလို့တောင် မေးခွန်းထုတ်ရမယ်။ မယုံကြည်လို့ ဆိုတာထက် မရိုးရှင်းတဲ့ အရာ တွေ ရှိနေတာကြောင့် တရားရုံးကို လွှဲပေးဖို့ ကြန့်ကြာနေတယ်လို့ သုံးသပ်တယ်” ဟု ပြောသည်။

အလားတူ CDM ဗိုလ်ကြီးတဦးဖြစ်သူ Captain Zero ကလည်း ဗိုလ်ကြီး ဆိုင်ဂုံအား တလကျော်ကြာ ဖမ်းဆီး စစ်ဆေးနေမှု အား ပွင့်လင်းမြင်သာစွာ တရားဝင် စစ်ဆေးပေးရန် ဝိုင်းဝန်းတောင်းဆိုဖို့ လိုကြောင်း၊ ပွင့်လင်းမြင်သာသည့် တရားစီရင် ရေးတခု လိုအပ်ကြောင်း ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

“တော်လှန်ရေးထဲက လူတစ်ယောက်ကို သူလျှိုလို့ တရားဝင် စွပ်စွဲရင် စွပ်စွဲခံရသူရဲ့ ဖြေရှင်းခွင့်၊ ချေပခွင့်ဟာလည်း တရား ဝင်ဖြစ်ဖို့လိုတယ် ။ ဒီအချက်အလက်တွေအပေါ် အခြေခံပြီးမှသာ တရားစီရင်ခွင့်ရှိရမယ်၊ ဒီလိုမှမဟုတ်ရင် စကစရဲ့ လုပ်ထုံး လုပ်နည်းနဲ့ မခြားတဲ့ အာဏာရှင်တွေ ထပ်ပေါ်လာလိမ့်မယ်”ဟု သူက ဆိုသည်။

ထို့ကြောင့် မျက်ကွယ်စစ်ဆေးမှုများအစား အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရုံးတွင် နှစ်ဖက်သက်သေများအား ပွင့်လင်းမြင်သာစွာဖြင့် မျှမျှတတ စစ်ဆေးရန် တောင်းဆိုနေခြင်းဖြစ်ကြောင်း CDM စစ်သားအသိုင်းအဝိုင်းနှင့် W.O.L.F တပ်ဖွဲ့ဝင်များက ဆိုသည်။

ဗိုလ်ဆိုင်ဂုံနှင့်အတူ မိုးကြိုးပြောက်ကျားတပ်ဖွဲ့မှ ခွဲထွက်လာသည် တပ်ရင်း ၁၀၁ ဒုတပ်ရင်းမှူး(ဟောင်း) Falcon က “သူတို့ လက်ထဲမှာ အခုလို စစ်ဆေးမယ်ဆိုရင် တရားမျှတမှုရမှာ မဟုတ်ဘူးလို့ ယုံတဲ့အတွက် တရားရုံးရှေ့မှာ မျှမျှတတ ပွင့်လင်း မြင်သာစွာ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တယ်။ ဒီတောင်းဆိုချက်တွေကို သူတို့က ငြင်းခဲ့တယ်ဗျ။ ပွင်းလင်း မြင်သာစွာ စစ်ဆေးပေးဖို့ တောင်းဆိုတာကို သူတို့အနေနဲ့ လက်မခံတာက မရိုးသားတာလို့ ယူဆတယ်” ဟု ထောက်ပြသည်။

CDM ဗိုလ်ကြီး သူရိန်ဝင်းခေါ် ဗိုလ်ဆိုင်ဂုံ

ဗိုလ်ကြီးဟောင်းဆိုင်ဂုံကို ဖမ်းထားသည်မှာ ရက်ပေါင်း ၅၀ ခန့်ရှိပြီ ဖြစ်ပြီး နှိပ်စက်ခံထားရသည့် သတင်းများထွက် ပေါ် နေသလို ၎င်းနှင့်အတူ ၁၀၁ တပ်ရင်း တပ်ဖွဲ့ဝင်ဟောင်း ၆ ဦးလည်း ဖမ်းခံထားရဆဲဖြစ်သည်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ ပြောခွင့်ရသူ CDM ရဲအုပ် ခွန်အောင်ကိုကိုက “သူတို့ စွပ်စွဲထားသလို အတင်းအကြပ် နှိပ်စက် ညှဉ်းပန်းတာမျိုး မရှိဘူး၊ ပြစ်မှုကျူးလွန်သူကို စစ်ဆေးတဲ့ စံချိန်စံနှုန်းနဲ့ပဲ စစ်ဆေးနေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဖမ်းခံထားရသည့် တပ်ရင်းမှူး ဆိုင်ဂုံမှာ စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၅၂ ကျောင်းဆင်း ဗိုလ်ကြီး သူရိန်ဝင်း ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဇွန်လက CDM လုပ်ကာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၇ တွင် ခိုလှုံခဲ့သူလည်း ဖြစ်သည်။

ဗိုလ်ကြီးသူရိန်ဝင်းသည် CDM ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများဖြင့် ဖွဲ့ထားသော ပြည်သူ့စစ် မဟာဗျူဟာ အကြံပေးဗျူရို (PMSAB) နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီ၏ တာဝန်ပေးမှုအရ ၂၀၂၁ ဩဂုတ်လမှ စ၍ မိုးကြိုးပြောက်ကျား တပ်ဖွဲ့ ၁၀၁ ၏ တပ်ရင်းမှူး ဆိုင်ဂုံအနေဖြင့် မကွေးတိုင်း သရက်ခရိုင်အတွင်း လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက် နေသူ ဖြစ်သည်။

NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ဝင်ရန်နှင့် တခြားသော သဘောထား မတိုက်ဆိုင်မှုများကြောင့် CDM စစ်သား ရဲ အများစုဖြင့် ၂၀၂၃ခုနှစ် ဧပြီလ ၁၀ရက်တွင် လွတ်မြောက်ရေး အင်အားစု စစ်သည်များအဖွဲ့ (W.O.L.F)ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့(ဗဟို) က ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် တပ်ရင်းမှူး ဆိုင်ဂုံအား ရာထူးမှ ထုတ်ပယ် ကြောင်း၊ လက်နက်များ ပြန်အပ်ရန် အမိန့်ထုတ်သော်လည်း ၁၀၁တပ်ရင်းမှ တပ်ဖွဲ့ဝင်များကို ဦးစီးပြီး လွတ်မြောက်ရေး အင်အားစု စစ်သည်များအဖွဲ့ (W.O.L.F) ဆိုကာ သီးခြားခွဲထွက် ရပ်တည်ခဲ့ကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

တပ်ရင်းမှူး ဆိုင်ဂုံနှင့်အဖွဲ့က ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဖြေရှင်းညှိနှိုင်းရန် ကချင်ပြည်နယ် လွတ်မြောက်နယ်မြေသို့ အသွား သစ္စာဖောက်ဒလန်ဆိုသည့် စွပ်စွဲချက် ၁၃ ချက်ဖြင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ဗဟိုကော်မတီက ဖမ်းဆီးကာ နှိပ်စက်စစ်ဆေးမှုများ ရှိနေသည့်အပေါ် W.O.L.F အဖွဲ့ဝင်များက စိုးရိမ်မှုရှိနေခြင်း ဖြစ်သည်။

စွပ်စွဲချက်များတွင် ကိုဆိုင်ဂုံသည် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ ငွေစာရင်းရှင်းတမ်း မတင်ပြခြင်း၊ ၂၀၂၁ ခုနှစ် ကရင်လွတ်မြောက်နယ်မြေအတွင်း ရှိစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပြောဆိုခြင်း၊ အဖွဲ့ဝင်အချင်းချင်း သွေးကွဲအောင် ပြုလုပ်ခြင်း၊ တရားမဝင် လက်နက်ခဲယမ်းရောင်းဝယ်ခြင်း၊ စစ်ကောင်စီတပ်များကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု မရှိခြင်း စသည်တို့ ပါဝင်သည်။

“ဆိုင်ဂုံရဲ့ သူလျှိုအဖြစ်နဲ့ မတရား စွပ်စွဲခံရမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဥပဒေအရမှာ မျက်ကွယ်စစ်ချက်တွေ ဟာ အကျုံးမဝင်ပါဘူး။ ကိုယ့်အဖွဲ့ ကိုယ့်လူတွေကနေ ကိုယ့်ဘာသာ ပြန်ဖမ်းတယ်။ ကိုယ့်ဘာသာပဲ စစ်တယ်၊ ပွင့်လင်းမြင် သာတဲ့ စစ်ဆေးချက်မဟုတ် နှိပ်စက်ညှဉ်းပန်းလို့ ထွက်လာတဲ့ သက်သေထွက်ချက်လို့ ယူဆတယ်”ဟု CDM ဗိုလ်ကြီး ညီသုတက ဆိုသည်။

လက်တလောတွင် ဗိုလ်ကြီးဟောင်း သူရိန်ဝင်း ခေါ် ဆိုင်ဂုံနှင့် ၆ ဦးကို ကချင်ပြည်နယ် KIA လွတ်မြောက်နယ်မြေတနေရာ တွင် ဖမ်းထားခြင်းဖြစ်ပြီး ယင်းကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/ KIA)တို့ က ကြားဝင်ညှိနှိုင်းပေးရန် တပ်ရင်း ၁၀၁ လက်အောက်ခံ အရာရှိများနှင့် တပ်ဖွဲ့ဝင်များက တောင်းဆို ထားသည်။

ဒုတပ်ရင်းမှူး(ဟောင်း) Falcon က“လောလောဆယ်မှာက KIA မှာ ဖမ်းဆီး ထိန်းသိမ်းထားတာ ဆိုတော့ဗျာ၊ ဒီကိစ္စက KIA ရယ်၊ NUG ရယ်၊ NUG က တော်လှန်ရေးမှာဆိုရင် အစိုးရ ဖြစ်နေတော့ ဒီကိစ္စမှာ ကြားဝင် ဖြေရှင်းစေချင်တယ်” ဟု ဆို သည်။

NUG အနေဖြင့် တပ်ရင်းမှူး ဆိုင်ဂုံအမှုအား အရေးတကြီးကိစ္စ အနေဖြင့် အဓိကထားပြီး တိုင်ကြားသူ၊ သက်သေ၊ တိုင်ကြား ခံရသူများနှင့် ဆက်သွယ်ဆောင်ရွက်နေဆဲဖြစ်ပြီး တွေ့ရှိချက်များကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ကပြောသည်။

“တိုင်ကြားမှုကို စိစစ်ပြီးတော့ အမှန်အတိုင်း ဆောင်ရွက်မှာပါ။ CDM ဝင်ထားတဲ့ ရဲဘော်တွေ၊ နောက်တဆင့်က တော်လှန် ရေး လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေတဲ့ ဘယ်သူမဆို အမှန်တရားကို ခံစားရအောင် မနစ်နာအောင် ကြိုးစား ဆောင်ရွက်ရမယ်ဆိုတဲ့မူ ရှိပါတယ်။ အမြန်ဆုံး စိစစ်ဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲအုပ် ခွန်အောင်ကိုကိုကလည်း အမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးချက် များကို NUG အစိုးရထံသို့ လည်းကောင်း KIA ကိုသော်လည်းကောင်း လွှဲပြောင်း ပေးသွားရန် ရှိနေကြောင်း၊ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရန် ပူးပေါင်းအဖွဲ့တဖွဲ့ကို စေလွှတ်မည်ဆိုသော အကြောင်းကြားချက်ကို လက်ခံရထားပြီး အမြန်ဆုံးရောက်ရှိလာပါက ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း ဆိုသည်။

မိုးကြိုးပြောက်ကျားတပ်ဖွဲ့ နှင့် ပြည်သူ့စစ်မဟာဗျူဟာ အကြံပေးဗျူရို (PMSAB) တို့ကို ဦးစီးတည်ထောင်သူများ ဖြစ်သည့် ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူ ဆရာမောင်မောင်ဝမ်း၊ CDM ဗိုလ်ကြီး ဒေါက်တာမင်းမောင်မောင်တို့နှင့် တပ်ရင်းမှူး ဟောင်း ဆိုင်ဂုံတို့ အကြား ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ သဘောထား မတိုက်ဆိုင်မှုများ ပေါ်ပေါက်ခဲ့ကြောင်း၊ NUG ၏ လက်အောက်ခံ တပ်ရင်းအဖြစ် ဝင်ရောက်ရန် ကိစ္စလည်း အပါအဝင် ဖြစ်ကြောင်း ၁၀၁ တပ်ရင်း တပ်ဖွဲ့ဝင်အချို့က ဆို သည်။

You may also like these stories:

စစ်ပွဲ အလှည့်အပြောင်းဖြစ်လာစေရေး PDF များ လက်နက်များ ရရှိလာနေ

တပ် CDM များအရေး သွေးအေးမနေသင့်ပြီ

Your Thoughts …
Tags: KIANUGW.O.L.Fဆိုင်ဂုံဒလန်မိုးကြိုးပြောက်ကျား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.8k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
မေလ ၂၆ ရက် နေ့လယ်ပိုင်းက ပစ်သတ်ခံရသည့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးတင့်လွင်နှင့် မေလ ၃၀ ရက်တွင် ပစ်ခတ်ခံရသည့် အဆိုတော် လီလီနိုင်ကျော်

ဆက်တိုက်လုပ်ကြံခံရမှုများကြောင့် အမျိုးသားရေးလှုပ်ရှားသူများ စိုးရိမ်ထိတ်လန့်နေ

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး အင်ဘန်လနှင့် PSLF ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်း

KIA နှင့် TNLA ထိပ်သီးတွေ ဘာကြောင့် တွေ့ဆုံဆွေးနွေးတာလဲ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
657

Most Read

  • ကျောက်ဖြူတိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာ

    ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

    shares
    Share 0 Tweet 0
  • မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved