ထရမ့်အစိုးရက ပညာရေးဌာနကို ဖျက်သိမ်းလိုက်ရာ ထိုဌာန၏ အဓိက တာဝန်များကို အခြားဌာနများက တာဝန်ယူမည့်သဘော အရာရှိများက ပြောသည်။ နိုင်ငံသားအခွင့်အရေး အကောင်အထည်ဖော်မှုကို တရားရေးဌာနက တာဝန်ယူကောင်းယူနိုင်မည်၊ ကျောင်းသားချေးငွေကို ဘဏ္ဍာရေးဌာန သို့မဟုတ် ကူးသန်းရောင်းဝယ်ရေးဌာနက ယူနိုင်မည်၊ ကျောင်းသားကျောင်းသူ မသန်စွမ်းမှု အခွင့်အရေးများ ကြီးကြပ်ခြင်းကို ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုဌာနက တာဝန်ယူမည်ဆိုသည့် ပြောဆိုချက်များ ဖြစ်သည်။
ထိုတာဝန်၏ ပိုမိုကြီးမားသော ကဏ္ဍတခုနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ မသိရပေ။ ထိုကဏ္ဍမှာ အခြေခံအားဖြင့် မညီမျှသည့် အမေရိကန်ပညာရေးစနစ်တွင် ကျောင်းသားများ တန်းတူညီမျှ ပညာသင်ကြားနိုင်ရေး ဖြစ်သည်။
ပညာရေးဌာနသည် မတ်လ ၁၁ ရက်နေ့က အလုပ်မှ အနားပေးခံရသည့် ဝန်ထမ်း ၁,၃၀၀ အပါအဝင် လုပ်သားအင်အား ထက်ဝက်လျှော့ချသည်။ သမ္မတ ဒေါ်နယ် ထရမ့်က မဲဆွယ်ပွဲအတွင်း ပညာရေးဌာနကို လုံးဝ ဖျက်သိမ်းမည်ဟု ကတိပြုခဲ့ပြီး ယခုအခါ သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုး အတည်ပြုလိုက်သည်။ ထိုဌာနသည် ငွေဖြုန်းတီးနေပြီး လက်ဝဲသမားများ စိမ့်ဝင်နေသည်ဟု စွပ်စွဲသည်။
ထိုဌာန မရှိပါက ငွေကြေးချို့တဲ့သော ကျောင်းသားများ၊ အင်္ဂလိပ်စာ လေ့လာနေဆဲသူများ၊ မသန်စွမ်းသော ကျောင်းသားကျောင်းသူများနှင့် လူမျိုးစု၊ လူနည်းစုများအတွက် ဖက်ဒရယ်အစိုးရက မည်သို့ နည်းလမ်းရှာပေးမည်ကို တက်ကြွလှုပ်ရှားသူများက စိုးရိမ်နေသည်။
“ကလေးငယ်တိုင်း တန်းတူညီမျှ ပညာသင်ကြားနိုင်ရေး အာမခံဖို့ တာဝန်ပေးထားတဲ့ အေဂျင်စီကို ဖျက်သိမ်းတာဟာ မတတ်နိုင်တဲ့ ကျောင်းသားလူတန်းစားတခု ဖန်တီးလိုက်တာပဲ” ဟု အမေရိကန် တိုးတက်ရေးဌာနမှ K-12 ပညာရေးမူဝါဒ ဝါရင့်ဒါရိုက်တာ မစ္စ ဝိဒ် ဂျိမ်းစ်က ပြောသည်။ ထိုအဖွဲ့သည် လူမျိုးတန်းတူမှု မူဝါဒများနှင့် ပြည်သူပိုင်ကျောင်းများတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို ထောက်ခံသည့် သုတေသနအဖွဲ့ ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်တွင် ထူထောင်ခဲ့သည့် ပညာရေးဌာန၏ တန်းတူညီမျှမှု ပန်းတိုင်သည် ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
၁၉၈၀ ပြည့်နှစ်တွင် ထူထောင်ခဲ့သည့် ပညာရေးဌာန၏ တန်းတူညီမျှမှု ပန်းတိုင်သည် ၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုဌာနကို ထူထောင်သည့် အက်ဥပဒေအရ ထိုဌာန၏တာဝန်မှာ “လူတိုင်းအတွက် တန်းတူညီမျှ ပညာရေးအခွင့်အလမ်းရစေရန် ဖက်ဒရယ်ဆုံးဖြတ်ချက်ကို ပိုမိုတောင့်တင်းကြံ့ခိုင်စေရေး” ဟု ဖော်ပြထားသည်။
ပညာရေးဝန်ကြီးသစ် မစ္စ လင်ဒါ မက်ခ်မဟွန်သည် ထရမ့်ဖြစ်စေလိုသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ပါက အစိုးရသည် နိုင်ငံ၏ စိန်ခေါ်မှုများကို အာရုံစိုက် ဖြေရှင်းရန် အခွင့်အာဏာ ဆုံးရှုံးသွားမည်ဖြစ်ကြောင်း Thomas B. Fordham Institute ဥက္ကဋ္ဌ မစ္စတာ မိုက်ကယ် ပက်ထရယ်လီက ပြောသည်။ ထို အင်စတီကျုသည် ပိုမိုမြင့်မားသော ပညာရေးစံနှုန်းများနှင့် ပြည်သူပိုင်ကျောင်းများ တာဝန်ယူမှု၊ တာဝန်ခံမှုကို ထောက်ခံသည့် ပညာရေး သုတေသနအဖွဲ့ ဖြစ်သည်။

လုံးဝ ဖျက်သိမ်းခြင်း မဟုတ်ဘဲ ထိုဌာနကို သိသိသာသာ လျှော့ချလျှင်ပင် ပြင်ပလောကတွင် ထိခိုက်မည်ဟု ပက်ထရယ်လီက သံသယရှိသည်။
စာမေးပွဲရလဒ်များအရ ကျောင်းနေကလေးများသည် ပညာရေးအရ ရုန်းကန်နေရကြောင်း မြင်နေရဆဲဖြစ်သည်။ အမေရိကန် ၈ တန်းကျောင်းသားများ၏ ၃ ပုံ ၁ ပုံသည် ပညာတတ်မြောက်မှုတွင် အခြေခံကျွမ်းကျင်မှုများ မရှိဘဲ အတော်ဆုံး ကျောင်းသားကျောင်းသူများနှင့် အညံ့ဆုံးကျောင်းသားကျောင်းသူများအကြား ကွာဟမှုများ ပိုမိုကြီးမားနေကြောင်း နောက်ဆုံး စစ်ခဲ့သည့် တနိုင်ငံလုံးမှ စာမေးပွဲများက ဖော်ပြနေသည်။ ထိုအချက်သည် ဌာနကို ဖျက်သိမ်းပြီး ပြည်နယ်များကို တိုက်ရိုက် ငွေကြေးထောက်ပံ့ရန် မစ္စ မက်ခ်မဟွန်နှင့် အခြား ထရမ့် မဟာမိတ်များ၏ အကြောင်းပြချက် ဖြစ်သည်။
ပညာရေးဌာနသည် ပြီးပြည့်စုံခြင်း မရှိသော်လည်း ကျောင်းများအတွက် အဖိုးတန်သည့် လမ်းညွှန်မှုများပေးကြောင်း EdTrust မှ ဝါရင့် ဒုဥက္ကဋ္ဌ မစ္စတာ ဝီလ် ဒယ်လ် ပီလာက ပြောသည်။ EdTrust သည် ဝါရှင်တန်အခြေစိုက် ပညာရေးတန်းတူညီမျှမှု သုတေသနအဖွဲ့ ဖြစ်သည်။ ပညာရေးဌာန၏ အခန်းကဏ္ဍမှာ ကျောင်းသားများအတွက် ညီမျှသော အထောက်အပံ့ဖြစ်စေမည့် အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ကျောင်းသားကျောင်းသူများအတွက် သာတူညီမျှ အခွင့်အလမ်းရရန် ထောက်ကူပေးမည့် စည်းမျဉ်းကြီးကြပ်မှုများ ချမှတ်ရေး ဖြစ်သည်ဟု ၎င်းကပြောသည်။
မစ္စတာ ထရမ့်က ကျောင်းများ၏ ထိန်းချုပ်မှု အားလုံးကို ပြည်နယ်များသို့ ပြန်လွှဲပေးလိုသည်။
အကြီးမားဆုံးမေးခွန်းမှာ ဆင်းရဲနွမ်းပါးမှု လွန်စွာများသည့် လူမှုအသိုက်အဝန်းများမှ ကျောင်းများကို ထောက်ပံ့သည့် Title I funding ရန်ပုံငွေ ကဲ့သို့သော ပြည်သူပိုင်ကျောင်းများကို စီမံရန် နှစ်စဉ်ပေးသည့် ဒေါ်လာဘီလီယံပေါင်း များစွာသည် မည်သို့ဖြစ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
အကြီးမားဆုံးမေးခွန်းမှာ ဆင်းရဲနွမ်းပါးမှု လွန်စွာများသည့် လူမှုအသိုက်အဝန်းများမှ ကျောင်းများကို ထောက်ပံ့သည့် Title I funding ရန်ပုံငွေ ကဲ့သို့သော ပြည်သူပိုင်ကျောင်းများကို စီမံရန် နှစ်စဉ်ပေးသည့် ဒေါ်လာဘီလီယံပေါင်း များစွာသည် မည်သို့ဖြစ်မည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။
ဝင်ငွေနည်းသော မိသားစုမှ ကလေးများ၊ အင်္ဂလိပ်စာသင်ယူနေသည့် ကျောင်းသားကျောင်းသူများနှင့် မသန်စွမ်းသူများကို ပညာသင်ကြားပေးခြင်းသည် အထူးသင်ကြားမှု လိုအပ်သောကြောင့် အကုန်အကျ ပိုမိုများပြားတတ်သည်။ ကျောင်းများကို ငွေကြေးထောက်ပံ့ရန် ခိုင်မာသည့် အခွန်အခြေခံ မရှိသော ခရိုင်များသည် ကျောင်းသားကျောင်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မကြာခဏ ရုန်းကန်ရသည်။ ထိုအချက်ကို ကွန်ဂရက်က အသိအမှတ်ပြုပြီး ငွေကြေးထောက်ပံ့သည်။
မစ္စ မက်ခ်မဟွန်က ကန့်သတ်ချက် ပိုမိုနည်းစွာဖြင့် ပြည်နယ်များသို့ ငွေပေးလိုကြောင်း ပြောသည်။ စည်းမျဉ်းကြီးကြပ်မှု သို့မဟုတ် ဖက်ဒရယ် ကြီးကြပ်မှု မရှိပါက ပြည်နယ်များသည် ၎င်းတို့၏ ဦးစားပေးများအတွက် ထိုငွေကို မညီမမျှ သုံးမည်ကို အချို့က စိုးရိမ်ကြသည်။
ထိုရန်ပုံငွေကို ပြည်နယ်များသို့ အပြီးအပြတ် ထောက်ပံ့ကြေးအဖြစ်ပေးပါက “အများပြည်သူ ပညာရေးကို မထောက်ပံ့သည့် နည်းလမ်း” ဖြစ်လာနိုင်သည်ဟု မစ္စတာ ဒယ်လ် ပီလာက ပြောသည်။ အပြီးအပြတ် ထောက်ပံ့ကြေးကို နိုင်ငံရေးသမားများက ၎င်းတို့ “သင့်လျော်သည်နေ့ရာတွင် ထင်သလို အသုံးပြုနိုင်ပြီး ကျောင်းများနှင့် မဆိုင်သော နေရာများတွင်လည်း သုံးနိုင်သည်” ဟု ၎င်းကပြောသည်။
ထိုငွေကို ပြည်နယ်များ မည်သို့သုံးမည်နှင့် ပတ်သက်သည့် စည်းမျဉ်း သို့မဟုတ် ကြီးကြပ်မှု ပြောင်းလဲခြင်းကြောင့် မစ္စစ္စပီ၊ တောင်ဒါကိုတာ၊ အာကင်ဆပ်၊ မွန်တာနာနှင့် အလာစကာပြည်နယ်များမှ ကျောင်းသားများကို ထိခိုက်စေနိုင်သည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွင်း ထိုပြည်နယ်များသည် ကျောင်းရန်ပုံငွေ အနည်းဆုံး ၂၀ ရာခိုင်နှုန်းအတွက် ဖက်ဒရယ်အကူအညီကို မှီခိုရသည်ဟု အစိုးရစာရင်းများအရ သိရသည်။
အစဉ်အလာအားဖြင့် ပညာရေးဌာနသည် အကျိုးခံစားခွင့်နည်းသော ကျောင်းသားကျောင်းသူများကိုယ်စား ၎င်း၏ နိုင်ငံသားအခွင့်အရေးရုံး Civil Rights Office မှတဆင့် လုပ်ဆောင်ပေးပြီး မသန်စွမ်းသော ကျောင်းသားကျောင်းသူများနှင့် အသားအရောင် ခွဲခြားမှုကြောင့် ချိုးနှိမ်မှု ရင်ဆိုင်ရသည့် ကျောင်းသားများကို ကာကွယ်ရန် အလေးထားသည်။ ထရမ့်အစိုးရအောက်တွင် ထိုဌာနသည် ဂျူးဆန့်ကျင်ရေး စွပ်စွဲချက်များကို ဦးစားပေးသည်။
အစဉ်အလာအားဖြင့် ပညာရေးဌာနသည် အကျိုးခံစားခွင့်နည်းသော ကျောင်းသားကျောင်းသူများကိုယ်စား ၎င်း၏ နိုင်ငံသားအခွင့်အရေးရုံး Civil Rights Office မှတဆင့် လုပ်ဆောင်ပေးပြီး မသန်စွမ်းသော ကျောင်းသားကျောင်းသူများနှင့် အသားအရောင် ခွဲခြားမှုကြောင့် ချိုးနှိမ်မှု ရင်ဆိုင်ရသည့် ကျောင်းသားများကို ကာကွယ်ရန် အလေးထားသည်။ ထရမ့်အစိုးရအောက်တွင် ထိုဌာနသည် ဂျူးဆန့်ကျင်ရေး စွပ်စွဲချက်များကို ဦးစားပေးသည်။

ဦးစားပေးများတွင် အဓိကထားမှုကို အချို့က စိုးရိမ်သော်လည်း အချို့ရှေ့နေများက နိုင်ငံသားအခွင့်အရေးရုံးသို့ တိုင်ကြားရန် မိဘများကို အကြံမပေးတော့ကြောင်း ပြောသည်။ ထိုရုံးသည် ဝန်ထမ်း မလုံလောက်ဘဲ ကူညီမှုဆောင်ရွက်ပေးရန် နှေးကွေးသည်ဟု ၎င်းတို့က မြင်သည်။
ထရမ့် ဒုတိယ ရာထူးသက်တမ်းအတွက် ကျမ်းမကျိန်မီကပင် ထိုစနစ်သည် နှေးကွေးပြီး ယခုအခါ အခြေအနေ ပိုဆိုးလာသည်ဟု ဂျော်ဂျီယာပြည်နယ်၊ မက်ကွန်မှ အထူးပညာရေးရှေ့နေ မစ္စ အေ ကယ်လီ နီးလ်က ပြောသည်။
“ထုံးစံအားဖြင့် သူတို့က နည်းနည်းပိုပြီး တုံ့ပြန်ဆောင်ရွက်မှု ရှိခဲ့တယ်” ဟု မစ္စ နီးလ်က ပြောသည်။ “ကိုယ်လိုချင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အနည်းဆုံးတော့ သူတို့ လုပ်နေတဲ့သဘော လုပ်ပြတယ်” ဟုလည်း ၎င်းက ပြောသည်။
ထိုသို့သော ဌာနများကို ပိတ်ရန် အားထုတ်မှုသည် ပညာရေး မညီမျှကို ကိုင်တွယ်ရန်နှင့် ကျောင်းသားများအတွက် ပိုမိုကြီးမားသည့် ပညာရေးအခွင့်အလမ်းများပေးရန် ခရိုင် ကျောင်းများကို ကူညီရမည့် အစိုးရ၏တာဝန်ကို ပစ်ပယ်ခြင်းဖြစ်သည်
တရားရေးဌာနက ထိုကိစ္စများကို အကောင်အထည်ဖော်ရန် တာဝန်ယူပါက သူ့အနေဖြင့် ပြဿနာမရှိဟု ထင်ကြောင်း ပြောသည်။
ကွဲပြားစုံလင်မှု၊ တန်းတူညီမျှမှုနှင့် အားလုံးအကျုံးဝင်မှု အစီအစဉ်များကို ဖျက်သိမ်းမှု အစိတ်အပိုင်းအဖြစ် ထရမ့်အစိုးရသည် တောင်ပိုင်းဒေသ တန်းတူညီမျှရေး အထောက်အကူပြုဌာန (Equity Assistance Center-South) အတွက် ကန်ထရိုက်ကို လွန်ခဲ့သောလက အဆုံးသတ်လိုက်သည်။
ထိုအစီအစဉ်သည် ဖက်ဒရယ် ခွဲခြားမှုတိုက်ဖျက်ရေး အမိန့်များအရ လည်ပတ်နေဆဲဖြစ်သည့် တောင်ပိုင်းရှိ ခရိုင် ကျောင်းများကို နည်းပညာ အကူအညီပေးသည့် အစီအစဉ်ဖြစ်သည်။ ထိုဌာနကို လည်ပတ်ရန် ကန်ထရိုက် ဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ကို တောင်ပိုင်း ပညာရေးဖောင်ဒေးရှင်းက အယူခံဝင်ထားသည်။
ထိုသို့သော ဌာနများကို ပိတ်ရန် အားထုတ်မှုသည် ပညာရေး မညီမျှကို ကိုင်တွယ်ရန်နှင့် ကျောင်းသားများအတွက် ပိုမိုကြီးမားသည့် ပညာရေးအခွင့်အလမ်းများပေးရန် ခရိုင် ကျောင်းများကို ကူညီရမည့် အစိုးရ၏တာဝန်ကို ပစ်ပယ်ခြင်းဖြစ်သည်ဟု တောင်ပိုင်း ပညာရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရေမွန် ပီးယာ့စ်က ပြောသည်။
(AP ပါ Bianca Vazquez Toness ၏ The Education Department was created to ensure equal access. Who would do that in its absence? ကို ဘာသာပြန်သည်။)
You may also like these stories:
ခေါင်းထောင်ထလာတဲ့ ထရမ့်ဝါဒ ဘာလဲ ဘယ်လဲ (ရုပ်/သံ ဆွေးနွေးခန်း)
အီလွန်မတ်စ်နှင့် DOGE က အမေရိကန်အစိုးရထဲ ထိုးဖောက် မွှေနှောက်နေသည်
အိမ်ဖြူတော် ကားရောင်းပွဲကို ကျော်လွန်၍ (ရုပ်/သံ ဆွေးနွေးခန်း)
လှုပ်လှုပ်ရှားရှား ကမ္ဘာ့အခင်းအကျင်းသစ်နှင့် မြန်မာ့နိုင်ငံရေး
အီလွန် မတ်စ်၊ မြန်မာနှင့် မရေရာသော အင်တာနက် လွတ်လပ်ခွင့် အနာဂတ်
မြန်မာစစ်ကောင်စီနှင့် ထရမ့် ထိတွေ့ဆက်ဆံမည်လော