• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အီလွန် မတ်စ်၊ မြန်မာနှင့် မရေရာသော အင်တာနက် လွတ်လပ်ခွင့် အနာဂတ်

by Surachanee Sriyai
20 March 2025
in သူ့အတွေး သူ့အမြင်
A A
အီလွန် မတ်စ်၊ မြန်မာနှင့် မရေရာသော အင်တာနက် လွတ်လပ်ခွင့် အနာဂတ်

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် Tesla အမှုဆောင်အရာရှိချုပ် အီလွန် မတ်စ်တို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က အိမ်ဖြူတော်အနီးတွင် Tesla ကားပေါ်မှ သတင်းထောက်များကို စကားပြောနေစဉ် / AP

3k
VIEWS
Share on FacebookShare on Twitter

တော်လှန်ရေးတွင် ပါဝင်နေသည့် အစိုးရဆန့်ကျင်ရေး အင်အားစုများအတွက် အားထားလောက်သော ဆက်သွယ်ရေးလမ်းကြောင်း ရရှိရေးသည် အများအားဖြင့် သေရေးရှင်ရေးဖြစ်သည်။ လေ့လာမှုများအရ တော်လှန်တိုက်ခိုက်နေသည့် နိုင်ငံများတွင် ပင်မ အင်တာနက်အခြေခံ အဆောက်အအုံကို ထိန်းချုပ်ထားပြီး အစိုးရဆန့်ကျင်ရေး အင်အားစုများအတွက် ထောက်လှမ်းရေး၊ ပိတ်ဆို့မှုနှင့် ဆင်ဆာဖြတ်တောက်မှုများကြောင့် အထိနာစေသည်။

ထို့ကြောင့် အတိုက်အခံအုပ်စုများသည် အစိုးရထိန်းချုပ်မှုကို ဖြတ်ကျော်ရန်နှင့် ဆက်သွယ်ရေး ထိန်းသိမ်းထားရန် ဂြိုဟ်တုအင်တာနက်ကဲ့သို့ ပြည်ပပိုင် ကွန်ရက်များကို ပိုမို အားကိုးလာကြသည်။ ထိုသို့ အခြား လမ်းကြောင်းများသည် အရေးပါသည့် ဆက်သွယ်ရေးကို ပေးသော်လည်း ပြင်ပလူများက ပြန်လည် ရုပ်သိမ်းခြင်း သို့မဟုတ် လိုသလို အသုံးချခြင်းကြောင့် ၎င်းတို့အတွက် ထိခိုက်လွယ်မှုများ ထပ်ဖြစ်စေသည်။

မြန်မာတွင် တော်လှန်ရေးအင်အားစုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) တို့သည် အီလွန် မတ်စ်၏ စတားလင့်ခ် ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အားကိုးကြသည်။ အမေရိကန် အစိုးရသစ်အောက်တွင် မူဝါဒအပြောင်းအလဲ ဖြစ်နိုင်ခြေကို ကမ္ဘာက ရင်ဆိုင်နေရချိန်တွင် မှီခိုရခြင်း၏ အန္တရာယ်ကို ထိုအချက်က မီးမောင်းထိုးပြနေသည်။

မြန်မာတွင် တော်လှန်ရေးအင်အားစုများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) တို့သည် အီလွန် မတ်စ်၏ စတားလင့်ခ် ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုကို အားကိုးကြသည်။ အမေရိကန် အစိုးရသစ်အောက်တွင် မူဝါဒအပြောင်းအလဲ ဖြစ်နိုင်ခြေကို ကမ္ဘာက ရင်ဆိုင်နေရချိန်တွင် မှီခိုရခြင်း၏ အန္တရာယ်ကို ထိုအချက်က မီးမောင်းထိုးပြနေသည်။

စစ်ကောင်စီက ပိတ်ဆို့သည့် အင်တာနက် ဖြတ်တောက်မှုများအကြား မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် သာမန်နိုင်ငံသားများအတွက် စတားလင့်ခ်သည် အရေးပါသော အသက်သွေးကြောဖြစ်သည်။ ဒစ်ဂျစ်တယ် အခွင့်အရေးအဖွဲ့အစည်း Access Now ၏ အဆိုအရ နိုင်ငံတဝန်းတွင် ၂၀၂၃ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်မှု ၅၀၀ ရှိပြီး ကမ္ဘာတွင် မြန်မာသည် အဆိုးရွားဆုံးခံရသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာရှိ မြို့နယ် စုစုပေါင်း ၃၃၀ လုံးသည် ဖုန်းဖြစ်စေ၊ အင်တာနက်ဖြစ်စေ ဆက်သွယ်ရေး ပြတ်တောက်မှု ပုံစံအချို့ကို အနည်းဆုံးတကြိမ် တွေ့ကြုံရသည်ဟု မြန်မာမှ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း ‘အသံ’ က ဖော်ပြခဲ့သည်။

စတားလင့်ခ်ကို အသုံးပြုနိုင်ခြင်းသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုအမျိုးမျိုးနှင့် ဒေသခံ လူမှုအသိုက်အဝန်းများ အနေဖြင့် အစိုးရချမှတ်သည့် ကန့်သတ်ချက်များကို ဖြတ်ကျော်နိုင်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ကာ စစ်ကောင်စီဆန့်ကျင်ရေး အားထုတ်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်စေသည်။

ဥပမာအားဖြင့် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေ ၆၀ ကျော်တွင် ဂြိုဟ်တုအခြေစိုက် အင်တာနက်အသုံးပြုမှု ထူထောင်ထားသည်။ လွတ်လပ်ပြီး မှီခိုအားထားနိုင်သော အင်တာနက် ဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း မရှိလျှင် ထိုအဖွဲ့များသည် ပိုမို ဖိနှိပ်ခံရပြီး သန်းနှင့်ချီသော ပြည်သူများကို စစ်ကောင်စီထိန်းချုပ် ဝါဒဖြန့်ချိရေး ထောက်ချောက်ထဲသို့ ရောက်သွားစေနိုင်သည်။

ကြီးမားသော အန္တရာယ်များ

သို့သော် ထိုသို့ မှီခိုမှုသည် ၎င်းတို့အတွက် အန္တရာယ်များစွာနှင့် တွေ့ကြုံရသည်။ စစ်ကောင်စီသည် ဂြိုဟ်တု ဆက်သွယ်ရေးကို ခြေရာခံရန်နှင့် ကြားဖြတ်ရန် နည်းလမ်းများကို ရှာဖွေနေသည်။ ဘေးကင်းလုံခြုံပြီး ခြေရာဖျောက်ကာ အွန်လိုင်း အသုံးပြုသည့် ဝန်ဆောင်မှုကို မှီခိုနေရသူများအတွက် အန္တရာယ်ရှိသည့် အလားအလာ ဖြစ်သည်။

စစ်ကောင်စီသည် ထောက်လှမ်းရေး စွမ်းရည်များ မြှင့်တင်နေပြီး လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပို့ခြင်း၊ ပိတ်ထားသည့် ဝက်ဘ်ဆိုက်များကို ကျော်လွှားသည့် VPN ကွန်ရက်များနှင့် အတိုက်အခံများ အသုံးပြုနေသည့် အခြား ဆက်သွယ်ရေးများကို ပစ်မှတ်ထားသည်။

စစ်ကောင်စီသည် ထောက်လှမ်းရေး စွမ်းရည်များ မြှင့်တင်နေပြီး လျှို့ဝှက်သင်္ကေတဖြင့် သတင်းပေးပို့ခြင်း၊ ပိတ်ထားသည့် ဝက်ဘ်ဆိုက်များကို ကျော်လွှားသည့် VPN ကွန်ရက်များနှင့် အတိုက်အခံများ အသုံးပြုနေသည့် အခြား ဆက်သွယ်ရေးများကို ပစ်မှတ်ထားသည်။

လွတ်လပ်သော သတင်းရင်းမြစ်များကို ရယူခြင်း၊ ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခြင်းတို့အတွက် ထိုကွန်ရက်များကို မှီခိုရသည့် အရပ်သားပြည်သူများသည် သတင်းရရှိခြင်းနှင့် ဆက်သွယ်နေခြင်းအတွက် ပစ်မှတ်ထားခံနေရသည်။

ထိုအခြေအနေကို ပိုမို ရှုပ်ထွေးစေသည်မှာ စတားလင့်ခ်ကို အီလွန် မတ်စ်က ပိုင်ဆိုင်ထိန်းချုပ်ထားသည်ဆိုသည့် အချက်ဖြစ်သည်။ သူ၏ ပုဂ္ဂလိက ဆုံးဖြတ်ချက်များသည် ကမ္ဘာ့ရေးရာများတွင် မရေရာ မသေချာမှုများကို ဖြစ်စေသည်။

မစ္စတာ မတ်စ်က ထိုကွန်ရက်ကို ထိန်းချုပ်ထားသောကြောင့် ပြောင်းလဲနေသော နိုင်ငံရေးနှင့် စီးပွားရေး အကျိုးစီးပွားများကို အခြေခံကာ ထိုကွန်ရက် အသုံးပြုမှုကို ရုပ်သိမ်းခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် လိုသလို အသုံးချမည်ကို စိုးရိမ်မှုများ ဖြစ်စေသည်။

သမ္မတ ဒေါ်နယ်ထရမ့်နှင့် နီးကပ်သော ဆက်ဆံရေးရှိသောကြောင့် ယူကရိန်းတွင် စတားလင့်ခ် အင်တာနက် အသုံးပြုခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ မြင့်မားစေပြီး အဆိုပါ အင်တာနက်လိုင်းသည် ယူကရိန်း၏ ရုရှားနှင့်စစ်ပွဲတွင် အရေးပါသည်။

ဖေဖော်ဝါရီလတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးအကြား ရုရှား-ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားမှုဖြစ်သည်။

Reuters သတင်းဌာန၏ သတင်းများအရ အမေရိကန် စေ့စပ်ညှိနှိုင်းသူများက ဂြိုဟ်တုအဆက်အသွယ် ဖြတ်တောက်ပြီး ယူကရိန်းမှ အရေးပါသော တွင်းထွက်များ တူးဖော်ခွင့်ရအောင် ခြိမ်းခြောက်သည်ဟု ဖော်ပြသည်။

Reuters သတင်းဌာန၏ သတင်းများအရ အမေရိကန် စေ့စပ်ညှိနှိုင်းသူများက ဂြိုဟ်တုအဆက်အသွယ် ဖြတ်တောက်ပြီး ယူကရိန်းမှ အရေးပါသော တွင်းထွက်များ တူးဖော်ခွင့်ရအောင် ခြိမ်းခြောက်သည်ဟု ဖော်ပြသည်။ (ထိုသတင်းမှားသည်ဟု မတ်စ်က ပြောသည်။)

မစ္စတာ မတ်စ်သည် လွန်ခဲ့သောနှစ် ဧပြီလမှစတင်ပြီး ကင်မရွန်းတွင် စတားလင့်ခ် အသုံးပြုခွင့် ဖြတ်တောက်သည်။ ထိုကုမ္ပဏီသည် ကင်မရွန်းနိုင်ငံတွင် လိုင်စင်မဲ့လုပ်ငန်း လုပ်ဆောင်နေပြီး နိုင်ငံလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်သည်ဟု အစိုးရ စည်းကမ်းထိန်းကြောင်းရေး အရာရှိတဦးက ပြောသည်။ တောင်အာဖရိကတွင် ဒေသခံများအနေဖြင့် ၃၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရှိရေးကို မတ်စ်က ငြင်းသည်ဟု ဆိုသည်။

မြန်မာတွင် ကြီးမားသော အွန်လိုင်းလိမ်လည်မှုများ လုပ်နေသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်းသည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ အာရုံစိုက်မှုခံရသည်။ သို့သော် စတားလင့်ခ် အသုံးပြုသည့် ငွေလိမ်လုပ်ငန်းများကို ဖြိုခွဲခြင်းကြောင့် ဒီမိုကရေစီ လိုလားသော အင်အားစုအချို့ပါ အင်တာနက် အသုံးပြုခွင့် ဆုံးရှုံးမည်ကို မြန်မာမှ ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားသူများက စိုးရိမ်သည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် တရားမဝင် စီးပွားရေးများကို စိုးရိမ်သောကြောင့် မတ်စ် သို့မဟုတ် ထရမ့်က စတားလင့်ခ် အသုံးပြုခြင်းကို ကျယ်ပြန့်သည့် ကန့်သတ်ချက်များ ချမှတ်ပါက မရည်ရွယ်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်။

တက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများအတွက် အရေးပါသော ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ပြီး ရာဇဝတ်လုပ်ငန်းများကို ထိန်းချုပ်ရန် အနည်းငယ်သာ လုပ်နိုင်စေသည်။ ထိုရာဇဝတ်လုပ်ငန်းများသည် နိုင်ငံတော်ပူးပေါင်းပါဝင်မှု သို့မဟုတ် အခြားဒစ်ဂျစ်တယ် အခြေခံ နည်းပညာများကို အသုံးပြုကာ လုပ်ကိုင်ကြသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

ကွန်ရက်မှီခိုမှု၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများ

ရှင်းလင်းစွာဆိုရပါက အင်တာနက်ကွန်ရက်အပေါ် မှီခိုမှု၏ ကမ္ဘာ့သက်ရောက်မှုများသည် မြန်မာထက် ပိုများသည်။ ပင်လယ်ရေအောက် ကေဘယ်လ်များမှသည် ကလော့ဒ် ဝန်ဆောင်မှုအထိ ပြည်ပပိုင် ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို မှီခိုရသည့် နိုင်ငံများသည်လည်း အလားတူ ထိခိုက်လွယ်မှုများကို ရင်ဆိုင်ရသည်။

ဆက်သွယ်ရေးသည် စီးပွားရေး သို့မဟုတ် လူမှုရေး အသုံးချခံ သက်သက်အဖြစ် တချိန်က မြင်ခဲ့သော အစိုးရများသည် ယခုအခါတွင် ပထဝီနိုင်ငံရေး အာဏာကစားပွဲများကြောင့် ဆက်သွယ်ရေးကို အပေးအယူ လုပ်ရနိုင်သည်ဟု မြင်လာကြသည်။

ဆက်သွယ်ရေးသည် စီးပွားရေး သို့မဟုတ် လူမှုရေး အသုံးချခံ သက်သက်အဖြစ် တချိန်က မြင်ခဲ့သော အစိုးရများသည် ယခုအခါတွင် ပထဝီနိုင်ငံရေး အာဏာကစားပွဲများကြောင့် ဆက်သွယ်ရေးကို အပေးအယူ လုပ်ရနိုင်သည်ဟု မြင်လာကြသည်။

အမေရိကန် ပြည်ထောင်စုသည် တပိုင်းလျှပ်ကူး ဆီမီးကွန်ဒတ်တာ လုပ်ငန်းအပေါ် ချမှတ်သည့် ကန့်သတ်ချက်များနှင့် အခွန်များတွင် တွေ့ရသည့်အတိုင်း အဓိက နည်းပညာများကို ဖိအားအဖြစ် အသုံးချရန် စိတ်ထက်သန်ကြောင်း ပြသနေသည်။ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုတွင် အလားတူ သေနင်္ဂဗျူဟာကို အသုံးချပါက မှီခိုနေရသူများ ကသောင်းကနင်း ဖြစ်စေနိုင်သည်။

ထိုအန္တရာယ်များကို လျှော့ချရန်အတွက် နိုင်ငံများနှင့် တော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို ဖြန့်ခွဲထားရန်နှင့် အခြားနည်းပညာများတွင် ရင်းနှီးမြှုပ်နှံထားရန် လိုအပ်သည်။ တော်လှန်ရေးအင်အားစုများအတွက် တီထွင်ဖန်တီး တွေးခေါ်ခြင်းနှင့် ဆက်သွယ်ရေးပုံစံများကို ပိုမို သေချာစွာ နားလည်ရန် လိုအပ်သည်။

ဆက်သွယ်ရေးလမ်းကြောင်းကို မရွေးချယ်မီ ဦးတည်သည့် ပရိသတ်နှင့် ပေးပို့လိုသည့် သတင်းအချက်အလက် ပုံစံကို စဉ်းစားရမည်။ ဆက်သွယ်ရေး ပုံစံအားလုံးသည် အင်တာနက်အသုံးပြုမှု လိုအပ်သည် မဟုတ်ပေ။ အင်တာနက် အသုံးပြုခြင်းသည် ပဋိပက္ခဒေသ၊ ထိခိုက်လွယ် ဒေသများတွင် အဓိကရွေးချယ်စရာ မဖြစ်သင့်ပေ။

ဗဟိုချုပ်ကိုင်သည့် အင်တာနက် ဝန်ဆောင်မှုပေးသူများ မရှိဘဲ ဆက်သွယ်နိုင်သော ကိရိယာများသုံးနိုင်သည့် ဒေသအလိုက် ကွန်ရက်များသည် ထိုပြဿနာအတွက် ဖြေရှင်းပေးနိုင်သည်။ ထိုနည်းပညာသည် မည်သည့် ဗဟိုအာဏာပိုင်မှ မရှိဘဲ ကွန်ပျူတာများနှင့် ကိရိယာများကို တိုက်ရိုက် ဆက်သွယ်ပေးနိုင်သည်။

ဥပမာအားဖြင့် ဆယ်လူလာ အချက်ပြမှုမရှိဘဲ ဆယ်လူလာကဲ့သို့ ဆက်သွယ်နိုင်သော သဘာဝဘေးအန္တရာယ် ခံနိုင်သည့် ဝါယာလက်ကွန်ရက် ဖန်တီးရန် ဟေတီတွင် ၂၀၁၀ ပြည့်နှစ် ငလျင်အပြီး စတင်ခဲ့သည့် Serval စီမံကိန်း ဖြစ်သည်။

အလားတူစွာပင် Open Mesh စီမံကိန်းသည် အစိုးရများ၏ ဒစ်ဂျစ်တယ် ဖိနှိပ်မှုခံနေရသည့် နိုင်ငံများတွင် ဆက်သွယ်ရန် လမ်းကြောင်းဖွင့်ထားသည့် အခမဲ့ဆက်သွယ်ရေးပေးရန် ကြိုးစားသည်။

ဆက်သွယ်နိုင်မှုသည် အာဏာပိုင်စိုးမှု ဖြစ်သည်။ လူအနည်းငယ်လက်တွင် စုစည်းထားသည့် အာဏာသည် လူအများအပြားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ မြန်မာ တော်လှန်ရေးအင်အားစုများနှင့် သာမန်ပြည်သူများသည် ဒစ်ဂျစ်တယ် အနာဂတ်တွင် လမ်းကြောင်းရှာသောအခါ ၎င်းတို့၏ ဆက်သွယ်ရေး အသက်သွေးကြောကို ပြည်ပလက်တွင် ထားရသည့်အန္တရာယ်ကို နားလည်သင့်သည်။

ဆက်သွယ်နိုင်မှုသည် အာဏာပိုင်စိုးမှု ဖြစ်သည်။ လူအနည်းငယ်လက်တွင် စုစည်းထားသည့် အာဏာသည် လူအများအပြားအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သည်။ မြန်မာ တော်လှန်ရေးအင်အားစုများနှင့် သာမန်ပြည်သူများသည် ဒစ်ဂျစ်တယ် အနာဂတ်တွင် လမ်းကြောင်းရှာသောအခါ ၎င်းတို့၏ ဆက်သွယ်ရေး အသက်သွေးကြောကို ပြည်ပလက်တွင် ထားရသည့်အန္တရာယ်ကို နားလည်သင့်သည်။

အထူးသဖြင့် နိုင်ငံရေးက မည်သူတို့သည် အဆက်အသွယ်ရှိသင့်သည်၊ မည်သူတို့ကို အသိမပေးသင့်ဟု ဆုံးဖြတ်နေသည့်ခေတ်တွင် ထိုသို့ သိနားလည်ရန် အရေးကြီးသည်။

အပြန်အလှန်အားဖြင့် နိုင်ငံတကာ အသိုက်အဝန်းသည် ပဋိပက္ခဇုန်များတွင် အရေးပါသော ဒစ်ဂျစ်တယ် အခြေခံ အဆောက်အအုံကို ထိန်းချုပ်သည့် ပုဂ္ဂလိက ပါဝင်ပတ်သက်သူ အနည်းငယ်ကိုသာ ခွင့်ပြုခြင်းကြောင့် ပေးဆပ်ရမည့် အရင်းအနှီးကို နားလည်သင့်သည်။ ထိုသို့ လုပ်ဆောင်ခြင်း မရှိပါက မြန်မာကိုသာ ထိခိုက်စေမည် မဟုတ်ဘဲ ကမ္ဘာတဝန်း အင်တာနက်လွတ်လပ်မှုနှင့် ဒစ်ဂျစ်တယ် အချုပ်အခြာပိုင်မှုအတွက် အလားအလာ မကောင်းသည့် ရှေ့ပြေးနိမိတ်လက္ခဏာ တခုလည်းဖြစ်သည်။

(Fulcrum ပါ Surachanee Sriyai ၏ Musk, Myanmar and the murky future of internet freedom ကို ဘာသာပြန်သည်။ ဆူရာချန်နီ ဆရီယိုင်သည် ISEAS-Yusof Ishak Institute မှ မီဒီယာ၊ နည်းပညာနှင့် လူ့အဖွဲ့အစည်း အစီအစဉ်မှ ဧည့်သုတေသီ ဖြစ်သည်။)

You may also like these stories:

မြန်မာ အင်တာနက်ပြတ်တောက်မှုကို စတားလင့်ခ်နှင့် ရုန်းကန်ကျော်လွှားရ

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

ထရမ့် နဲ့ ဆက်ဆံရေးကြောင့် အီလွန်မတ်စ် အကျိုးအမြတ် ကြီးမားလာဖွယ်ရှိ

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

လက်ယာစွန်းများကို အီလွန်မတ်စ် ဝန်းရံမှုကြောင့် Tesla ကား သပိတ်မှောက်ခံနေရ

Your Thoughts …
Tags: VPNစစ်အာဏာသိမ်းမှုစတားလင့်ခ်စီးပွားရေးဆက်သွယ်ရေးတော်လှန်ရေးအင်အားစုနည်းပညာနွေဦးတော်လှန်ရေးပြည်တွင်းစစ်ယူကရိန်းရုရှားအင်တာနက်အီလွန် မတ်စ်အွန်လိုင်းလိမ်လည်မှု
Surachanee Sriyai

Surachanee Sriyai

ဒေါက်တာ ဆူရာချာနီး ဆရီယိုင်သည် ချင်းမိုင်တက္ကသိုလ် ပြည်သူ့ရေးရာမူဝါဒကျောင်းမှ ကထိကနှင့် ဒစ်ဂျစ်တယ်အုပ်ချုပ်ရေး လေ့လာစောင့်ကြည်သူ ဖြစ်သည်။ သူလေ့လာသော နယ်ပယ်များတွင် ဒစ်ဂျစ်တယ် နိုင်ငံရေး၊ နိုင်ငံရေးဆက်သွယ်ရေး၊ နိုင်ငံရေးစနစ်များကို နှိုင်းယှဉ်လေ့လာခြင်းနှင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့ ပါဝင်သည်။

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
ငွေလိမ်ဂိုဏ်းများမှ လွှတ်ပေးသူများထဲ ရာဇဝတ်ကောင်များ ပါဟု ထိုင်းရဲ ပြော

ငွေလိမ်ဂိုဏ်းများမှ လွှတ်ပေးသူများထဲ ရာဇဝတ်ကောင်များ ပါဟု ထိုင်းရဲ ပြော

ရွှေကုက္ကိုက ရထိုက်ဟိုတယ်မီးလောင် (ရုပ်/သံ)

ရွှေကုက္ကိုက ရထိုက်ဟိုတယ်မီးလောင် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved