• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
in Crime, သတင်းတို
A A
မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

သိမ်းဆည်းရမိသော စတားလင့်များကို ပြသထားစဉ်

6.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသို့ ပို့မည့် StarLink အင်တာနက်ပစ္စည်းများကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် သိမ်းဆည်းရမိပြီးနောက် အမှုနှင့် သက်ဆိုင်သည်ဟု ယူဆရသော မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ်လ ၇ ရက်တွင် မဲဆောက်ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

မဲဆောက်မြို့မ ရဲစခန်းတွင် ရဲမှူးချုပ် ဆမ်ရစ်အက်ခမွန်နှင့် တာ့ခ်ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး Pittayaakorn Phetcharat တို့နှင့် အတူ မဲဆောက်မြို့မရဲစခန်းမှ ရဲမှူး၊ မဲဆောက်မြို့မရဲစခန်းမှ ဒုရဲမှူးကြီး Ekarat Nuchchaei က သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသည့် မြန်နှုန်းမြင့် အင်တာနက် ဂြိုလ်တုစနစ်ပါ (STARLINK) စက်များကို ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ခြမ်းရှိ တရားမဝင် လောင်းကစားလုပ်ငန်းရုံးများသို့ပို့ဆောင်ရန် တာ့ခ်ခရိုင် မဲဆောက်သို့ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဆိုသည်။

Starlink များသည် နယ်စပ်ဖြတ်ကျော်ပြီး မြဝတီမြို့တွင် အွန်လိုင်းလောင်းကစားများနှင့် Call Center များကဲ့သို့ အွန်လိုင်းရာဇဝတ်မှုများတွင် အသုံးပြုနိုင်ဖွယ်ရှိကြောင်း သံသယဖြင့် ခြေရာခံနေရာမှ ထောက်လှမ်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ဘန်ကောက်မြို့မှ မဲဆောက်မြို့သို့ စာတိုက်မှတဆင့် StarLink အင်တာနက် ၁၀ လုံးကို ပို့ဆောင်လာသည်ဟု သတင်းရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပါဆယ်ထဲတွင် Starlink ၁၀ လုံးကို တွေ့ရှိရခြင်းဖြစ်ကြောင်း၊ ပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး Starlink ပို့ဆောင်လာသော မူလရင်းမြစ်ကို လနှင့်ချီ လိုက်လံခြေရာခံ စစ်ဆေးရာမှ ဘန်ကောက်မြို့ ဖတ်ထနာကန် နယ်မြေမှ ပို့ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြောသည်။

ပါဆယ်ပို့သူများကို ခြေရာခံရာမှ အသက် ၂၇ နှစ်အရွယ်ရှိ ဟိန်းထက်အောင်နှင့် ဘုန်းမြတ်ကျော် အမည်ရှိသော မြန်မာနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့နှင့်အတူ နောက်ထပ် Starlink ၉ လုံးကို ထပ်မံသိမ်းဆည်းရမိခဲ့ရာ စစ်ဆေးချက်များအရ အလုပ်ရှင်က ပါဆယ်ပို့ခိုင်းခြင်း ဖြစ်ကြောင်း ကနဦး ထွက်ဆိုထားသည်ဟု သိရသည်။

သိမ်းဆည်းရမိသော စတားလင့်များကို ပြသထားစဉ်

ထိုမှတဆင့် ဘန်ကောက်မြို့ရှိ အခြား အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားပြီး ဖမ်းဆီးခဲ့သော နေ့ရက်ကို ဖော်ပြထားခြင်းမရှိပေ။

လက်ရှိတွင် Starlink အင်တာနက် ၁၉ လုံးကို သိမ်းဆည်းရမိခဲ့ပြီး တလုံးလျှင် ဘတ် ၅၀၀၀၀ ခန့် တန်ဖိုးရှိကြောင်း၊ မြန်မာနိုင်ငံထဲတွင် တလုံးကို ဘတ် ၁သိန်း တန်ကြေးရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

Starlink များကို ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ အွန်လိုင်းလောင်းကစား နေရာများသို့ ပို့ဆောင်နိုင်ဖွယ်ရှိကြောင်း၊ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ဆက်သွယ်ရေးဥပဒေ၊ အကောက်ခွန်ဥပဒေများ ဖြင့် အမှုဖွင့်ထားကြောင်း‌ ဖော်ပြထားသည်။

Starlink သည် တကမ္ဘာလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုနိုင်ရန် ရည်ရွယ်လျက် အမေရိကန် အာကာသယာဥ် ကုမ္ပဏီ Space X မှ ထုတ်လုပ်ထားသော ဂြိုလ်တုအင်တာနက်ကွန်ရက်စနစ်တခုဖြစ်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံကျော်အတွက် ဂြိုလ်တုအင်တာနက်အသုံးပြုခွင့် ပေးထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

You may also like these stories:

မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းတွေလည်း ပါဟု MFP ပြောဆို

နယ်စပ်မှ ဆိုက်ဘာရာဇဝတ်ဂိုဏ်းများကို ဖြိုခွဲရန် ထိုင်းက မြန်မာကို အကူအညီတောင်း

Your Thoughts …
Tags: Starlinkဆက်သွယ်ရေးဥပဒေတရားမဝင်မြန်မာနိုင်ငံသားမြဝတီအွန်လိုင်းလောင်းကစား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

by ဧရာဝတီ
9 December 2023
15.8k

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတခု မတိုင်မီ ဘေဂျင်းတွင် တွေ့ဆုံသည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
တပ်မိသားစုတွေ ပြင်ဦးလွင်ကို စွန့်ခွာ (ရုပ်/သံ)

တပ်မိသားစုတွေ ပြင်ဦးလွင်ကို စွန့်ခွာ (ရုပ်/သံ)

သိမ်းခံထားရတဲ့မြို့တွေ ဗုံးကြဲဖို့ စစ်လော်ဘီတွေ လှုံ့ဆော် (ရုပ်/သံ)

သိမ်းခံထားရတဲ့မြို့တွေ ဗုံးကြဲဖို့ စစ်လော်ဘီတွေ လှုံ့ဆော် (ရုပ်/သံ)

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved