• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်မှောင်ခိုသင်္ဘောများသို့ လုပ်သားစေလွှတ်သည့် ကုမ္ပဏီ ၁၄ ခု လိုင်စင်ယာယီ ပိတ်သိမ်း

by အောင်သီဟ
9 February 2020
in သတင်း
A A
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ် သင်္ဘော ၁ စင်းဖြစ်သည့် MV.HAI LONG FA (IMO 8773172 ) ကို တွေ့ရစဉ် / Vessel Finder

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တရုတ် သင်္ဘော ၁ စင်းဖြစ်သည့် MV.HAI LONG FA (IMO 8773172 ) ကို တွေ့ရစဉ် / Vessel Finder

23.5k
VIEWS
Share on FacebookShare on Twitter

တရုတ်အခြေစိုက် တရားမဝင် မှောင်ခိုသင်္ဘောများထံတွင် သွားရောက်လုပ်ကိုင်ရန် မြန်မာသင်္ဘောသားများကို စေ လွှတ်ခဲ့သည့် ပြည်တွင်းသင်္ဘောသား ဝန်ဆောင်မှု ကုမ္ပဏီ ၁၄ ခုကို သင်္ဘောသား စေလွှတ်ခွင့် လုပ်ငန်းလိုင်စင်များ ယာယီ ပိတ်သိမ်းထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းထက်စိုးက “တချို့ကျတော့ မသိဘဲနဲ့ စေလွှတ်မိ တာပေါ့။ ဒီသင်္ဘောပေါ်က ကွန်တိန်နာထဲမှာ ဘာပါလဲ ဆိုတာက သင်္ဘောသားတွေက မသိနိုင်ဘူး။ သကြားတို့ ဘာတို့ ဆိုတာ သူ့နိုင်ငံက သတ်မှတ်ထားလို့သာ ကန့်သတ်ကုန်ဖြစ်တာလေ ” ဟု ပြောပြသည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သင်္ဘော ၃၆ စင်း၏ အမည်များကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ထိုသင်္ဘောများထံသို့ သင်္ဘောသား စေလွှတ်သည့် ကုမ္ပဏီများပါ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသင်္ဘောများစာရင်းတွင် တရုတ်မှောင်ခို သင်္ဘောများ အပြင် အရေးယူပိတ်ဆို့ထားသည့် မြောက်ကိုရီးယားနိုင်ငံမှ သင်္ဘော ပေါင်း ၃၆ စင်းထိ ပါဝင်သည်။

“ သင်္ဘောသားဆိုတာတော့ ကုန်တင်မယ် ပြီးရင် သက်ဆိုင်ရာ ဆိပ်ကမ်းကို အရောက်ပို့ပေးမယ် ကုန်ချမယ်။ အများစုက ဒီလောက်ပဲ သိကြတာလေ။ တရားဝင်တယ် မဝင်တဲ့ အပိုင်းကျတော့ ကိုယ်သိရင်တော့ ဟုတ်တာပေါ့။ သိလျက်သားနဲ့ လုပ်တဲ့သူက မရှိသလောက်ပါပဲ ” ဟု မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MSESF) ၏ ဥက္ကဋ္ဌ ဦးဆန်းဦးက ဧရာဝတီသို့ ပြောသည်။

ယင်းအတွက်ကြောင့် နိုင်ငံတကာမှ တရားမဝင်ဟု သတ်မှတ်ထားသော မှောင်ခိုသင်္ဘောများသို့ သင်္ဘောသား မစေလွှတ် မိစေရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်(MSESF) နှင့် အဖွဲ့ဝင် ကုမ္ပဏီများ (SRPS)ထံသို့ တရားမဝင်မှောင်ခိုသင်္ဘောများ စာရင်းကို ပေးပို့ထားသည်။

လက်ရှိအချိန်တွင် လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်းထားသော ကုမ္ပဏီ ၁၄ ခုအား ပတ်သက်၍ ၎င်းတို့လုပ်ရပ်ကြောင့် တရုတ်တွင် ဖမ်းဆီးထိန်းသိမ်း ထားခံရသော မြန်မာသင်္ဘောသား အလုပ်သမားများအတွက် တာဝန်ယူမှုအပိုင်းများကို စောင့်ကြည့် နေကြောင်း၊ ထိုလုပ်ဆောင်ချက်ပေါ် မူတည်ကာ လိုင်စင်အပြီးပိတ်သိမ်းခြင်း သို့မဟုတ် ပြန်ဖြေလျော့ခြင်းများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်အရ အဆိုပါ ကုမ္ပဏီ ၁၄ ခုသည် တရုတ်နိုင်ငံတွင် တရားမဝင်ကုန်ပစ္စည်း (ကန့်သတ်ကုန်) အဖြစ် သတ်မှတ် ထားသော သကြား နှင့် အေးခဲအသားများကို တင်ဆောင် သွားလာသဖြင့် မှောင်ခို သင်္ဘောဟု သတ်မှတ်ထားသည့် သင်္ဘောများပေါ်တွင် အလုပ်လုပ်ကိုင်ရန်ဟုဆိုကာ မြန်မာသင်္ဘောသား ၆၀ ဦးကို ပြီးခဲ့သည့် ၂၀၁၇ မှ စတင်ကာ ယမန်နှစ်အထိ ဆက်တိုက် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်များအတွင်း တရုတ်အာဏာပိုင်များသည် အဆိုပါ မြန်မာသင်္ဘောသားများကို တရားမဝင်သင်္ဘောများတွင် လုပ်ကိုင်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထို့နောက် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်း အဆိုပါ ထိန်းသိမ်းခံရသူများထဲမှ ၄၀ ဦးခန့်မှာ အမှုကိစ္စအတွက် စစ်ဆေးမှု ပြီးပြတ်သွားခြင်းကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူထားနိုင်ပြီ ဖြစ်ပြီး ၂၀ ဦးခန့်မှာ ကျန် ၂၀ ဦးသည် သက်သေအဖြစ် ခေါ်ယူထားခြင်းနှင့် အမှုအတွက် စစ်ဆေးမှုများ မပြတ်သေးခြင်းကြောင့် ပြန်လည် မလွှတ် သေးခြင်းဖြစ် ကြောင်း ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှှုဦးစီးဌာနမှ သိရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
802
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

အဆိုပါ ၂၀ ဦးအတွက် ကိစ္စများကိုလည်း တရုတ်နိုင်ငံရှိ မြန်မာသံရုံး အပါအဝင် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများ နှင့် ပူးပေါင်း လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံကုမ္ပဏီ(SRPS) များသည် သင်္ဘောလိုင်းများအတွက် သင်္ဘောသားအကူ(Crew) များကိုသာ အများစု စေလွှတ် ရခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် တင်ဆောင်သည့် ကုန်သေတ္တာ(Cargo) များထဲတွင် ပါဝင်သည့် ကုန်ပစ္စည်း များကို တဖက် ကုမ္ပဏီက ဖော်ပြထားသည့် ကုန်ပစ္စည်း အဖြစ်သာ သိရှိကြပြီး အတိအကျ သိရှိနိုင်ရန် ခက်ခဲကြောင်း သိရသည်။

ဦးဆန်းဦးက “ အခုတော့ ကုမ္ပဏီတွေကို ဒီသင်္ဘောလိုင်းတွေက ဘယ်ကုန်သွယ်ရေးလမ်းကြောင်းကို သွားမလဲ ဆိုတဲ့ အချက်ကို တိတိကျကျ မေးခိုင်းတယ်။ အဲဒါမေးရင် ဘာပဲပြောပြော ခန့်မှန်းလို့ ရတာပေါ့။ ဒီလိုမျိုး တရားမဝင် လုပ်တာ ကလည်း တရုတ်သင်္ဘော (Charter) တွေပဲများတာ တခြားနိုင်ငံတွေမှာ ဒီလိုမဖြစ်ဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ သင်္ဘောလိုင်းများသို့ မြန်မာနိုင်ငံမှ ၁ နှစ်လျှင် သင်္ဘောသား ၃ သောင်းဝန်းကျင် သွားရောက်အ လုပ် လုပ်ကိုင်လျက်ရှိပြီး လက်ရှိအချိန် သင်္ဘောလိုင်းများတွင် အလုပ်လုပ်ကိုင်နေသော သင်္ဘောသား ဦးရေ သည် ၂၅၀၀၀ ကျော်ရှိသည်။

Your Thoughts …
Tags: ကုမ္ပဏီလုပ်ငန်းလိုင်စင်သင်္ဘောလိုင်းသင်္ဘောသား
အောင်သီဟ

အောင်သီဟ

ဧရာဝတီ

Similar Picks:

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
28.5k

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။

ဦးတေဇခေတ် ကုန်သွားပြီလား (ရုပ်/သံ)

ဦးတေဇခေတ် ကုန်သွားပြီလား (ရုပ်/သံ)

by ဧရာဝတီ
30 October 2024
1.3k

ခရိုနီသူဌေးကြီး ဦးတေဇ၏ ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ ခရိုနီအများစုမှာ စီးပွားရေးလုပ်တတ်၍ ချမ်းသာလူသူများမဟုတ်ပေ။ သယံဇာတတူးဖော်ခြင်း၊ အာဏာရှိသူများနှင့်ပေါင်း၍ ပါမစ်ရောင်းကာ ချမ်းသာလာသူများ ဖြစ်သည်။

လေယာဥ်တွေနဲ့ပတ်သက်ပြီး ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန် ဒဏ်ခတ် (ရုပ်/သံ)

လေယာဥ်တွေနဲ့ပတ်သက်ပြီး ထောက်ပံ့နေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန် ဒဏ်ခတ် (ရုပ်/သံ)

by ဇော်မြတ်ခန့်
30 October 2024
527

စစ်ကောင်စီကို လေယာဥ်ဆီနဲ့ လေယာဉ်ပစ္စည်းအစိတ်အပိုင်းတွေ ပို့ပေးနေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန်အစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ရောဂါပိုး စမ်းသပ်စစ်ဆေးသော ကိရိယာများအား UNHCR နှင့် WFP ဝန်ထမ်းများ ကားပေါ်မှ သယ်ချနေစဉ်

ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ

by ဒက်စမွန်
13 December 2021
12k

လက်ရှိအချိန်တွင် မြန်မာပြည်၌ ကုလသမဂ္ဂအေဂျင်စီပေါင်း ၁၇ နှစ်ခုနှင့် INGO ပေါင်း တစ်ရာကျော် နှစ်ရာနီးပါး ရှိနေသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

နိုင်ငံတကာ အဖွဲ့အစည်းများ တာဝန်ခံမှု ရှိစေလို

by မောင်လင်းထက်
9 February 2022
8.7k

အခွန်နှစ် ကုန်လာတဲ့အချိန်မှာ INGO က ဝန်ထမ်းတွေရဲ့ ဝင်ငွေခွန်ကို စစ်ကောင်စီထံ ပေးဆောင်ဖို့ ကြိုးပမ်းလာပါတယ်

၂၀၁၉ ခုနှစ်က ကော်ပိုရိတ်စနစ် အကောင်အထော်ဖော်ဆောင်ရေး အတွက်ဆွေးနွေးနေကြစဉ် / Aung Naing Oo

ကုမ္ပဏီများ မလိုက်နာ မနေရ ကော်ပိုရိတ်စည်းမျဉ်းဧပြီလအတွင်း ထုတ်ပြန်မည်

by မျိုးပပစန်း
7 February 2020
10.5k

ကော်ပိုရိတ်စနစ် အသက်ဝင်လျှင် ကုမ္ပဏီများ အနေနှင့်လည်း ငွေကြေးလက်ခံမှု ပိုကောင်းသွားမည့် အပြင် ရင်းနှီးမြှုပ်နှံမည့် အများပြည်သူများနှင့် ငွေချေးမည့်ဘဏ်များ အနေနှင့်လည်း ကုမ္ပဏီ၏ ခိုင်မာမှု မည်မျှရှိသည်ကို အကဲ ဖြတ်၍ လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Next Post
Baby Yoda အရုပ်

ရောင်းအားအကောင်းဆုံး အရုပ်အဖြစ် ရပ်တည်နိုင်တော့မယ့် Funko ရဲ့ Baby Yoda အရုပ်

ကျေးလက်ဒေသတွင် မိုဘိုင်းလ်ဖုန်း ပြောဆိုနေသည့် အမျိုးသမီးတဦး  / သီဟလွင် / ဧရာဝတီ

ဖုန်းဘေလ်များ ဖြတ်တောက်ခံရမှု အော်ပရေတာများကို လွှတ်တော်နှင့် ညှိနှိုင်း၍ တရားစွဲမည်ဟု ဆို

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved