Star Wars ရုပ်ရှင်တွေရဲ့ အစပထမကို တီဗီစီးရီးအဖြစ် ပြန်လည် အသက်သွင်းထားတဲ့ “The Mandalorian” ကို ရုပ်ရှင်ချစ် ပရိသတ်တော်တော်များများ ကြည့်ရှုပြီး ဖြစ်မှာပါ။ တီဗီစီးရီးကို ကြည့်ရှုနေချိန်မှာရော ကြည့်ရှုပြီးချိန်မှာပါ ပရိသတ်တွေကို ဆွဲဆောင်ထားတာကတော့ Baby Yoda ပဲ ဖြစ်ပါတယ်။
ဂလက်ဆီ အစုအဝေးရဲ့ တနေရာမှာ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ အရာလေးတခု ရှိနေမလားလို့တောင် စိတ်ကူးယဉ်မိစေတဲ့ Baby Yoda ဆိုရင်လည်း မှားနိုင်မယ်မထင်ပါဘူး။
Funko ကုမ္ပဏီဟာ အခုလို လှပပြီး ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေကို အမြဲပြုလုပ် ဖန်တီးနေတာ မဟုတ်ပေမယ့် ဒီဇင်ဘာလကတည်းက Baby Yoda ချစ်မြတ်နိုးသူတွေအတွက် ရည်ရွယ် ထုတ်လုပ်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး မေလမှာ စတင်ဖြန့်ချိမယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။
Pre-Order မှာယူဖို့လည်း ဝန်ဆောင်မှုပေးထားပြီးဖြစ်လို့ Baby Yoda အရုပ်ကို ဝယ်ယူ လိုချင်သူတွေ စာရင်းဟာ တစထက်တစ မြင့်တက်လာတဲ့အပြင် ကုမ္ပဏီရဲ့ သက်တမ်းတလျှောက်မှာ ရောင်းအားအကောင်းဆုံး အထိဖြစ်သွားနိုင်ဖို့လည်း ရှိနေပါတယ်။
စတင် ဖြန့်ချိပြီဆိုတာနဲ့ Amazon မှာ ဝယ်ယူလို့ရနိုင်မှာ သေချာသလောက်ရှိနေပြီး ကုမ္ပဏီဘက်ကတော့ နောက်ထပ် ဘယ်ဝက်ဘ်ဆိုက်တွေမှာ ဝယ်ယူလို့ရမယ်ဆိုတာတော့ အချက်အလက် ဖော်ပြထားခြင်း မရှိသေးပါဘူး။
စတင်ဖြန့်ချိပြီး လအနည်းငယ်အတွင်းမှာ ပစ္စည်းပြတ်သွားဖို့အထိ ရှိနေပြီး ရုပ်ရှင်ထဲမှာ ထည့်သွင်းထားတဲ့ အရွယ်အစားအတိုင်း ထုတ်လုပ်ထားတာမို့ Baby Yoda အရုပ်တရုပ်ကို ပျမ်းမျှ ဒေါ်လာ ၃၅၀ ကျသင့်မှာဖြစ်ပါတယ်။ “The Mandalorian Season 2” လည်း သိပ်မကြာခင် ထွက်ရှိ ပြသတော့မှာကြောင့် Baby Yoda အပေါ် ပရိသတ်တွေရဲ့ မြတ်နိုးမှုတွေ မြင့်တက်လာဖို့သာ ရှိနေပါတယ်။
Ref. wegotthiscovered.com