စစ်ကောင်စီကို လေယာဥ်ဆီနဲ့ လေယာဉ်ပစ္စည်းအစိတ်အပိုင်းတွေ ပို့ပေးနေတဲ့ ကုမ္ပဏီ ၅ ခုကို ဗြိတိန်အစိုးရက အောက်တိုဘာလ ၂၉ ရက်နေ့မှာ ပိတ်ဆို့ အရေးယူလိုက်ပါတယ်။
Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited နဲ့ Progress Technology Support Company Limited တို့ကို
အရေးယူပိတ်ဆို့လိုက်ပြီး စစ်ကောင်စီရဲ့ အရင်းအမြစ်ရရှိနိုင်မှုကို ကန့်သတ်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီအရေးယူမှုဟာ စစ်ကောင်စီအပေါ် ထိရောက်မှုရှိတယ်ဆိုပေမဲ့ စစ်ကောင်စီဘက်က ရှောင်လွှဲနိုင်တဲ့အခြေအနေတွေလည်းရှိနေတယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
#မြန်မာ #ဧရာဝတီ #လေယာဥ်ဆီ #လေယာဥ်ပစ္စည်း #ကုမ္ပဏီ၅ခု #ဗြိတိန် #ပိတ်ဆို့အရေးယူ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR