အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်သည် စစ်တပ်၏ ချုပ်နှောင်မှုခံထားရစဉ် ယခုလအတွင်း ကွယ်လွန်ပြီးနောက် ဖမ်းဆီးခံထားရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အလားတူကံကြမ္မာမျိုးကို ရင်ဆိုင်ရနိုင်သည်ဆိုသည့် အများပြည်သူ စိုးရိမ်ပူပန်မှု ကြီးထွားနေသည်။ စစ်ကောင်စီသည် အသက် ၇၉ နှစ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် ဖမ်းဆီးလိုက်သည်။
အသက်အရွယ် ကြီးရင့်ခြင်းအပြင် ကျန်းမာရေးပြဿနာများကိုလည်း ရင်ဆိုင်နေရသည်ဆိုသည့် သတင်းများလည်း ရှိနေသည်။ အခြေအနေကို ပိုမိုဆိုးရွားစေသည်မှာ စစ်ကောင်စီသည် သူ့ကို အဆက်အသွယ်ဖြတ် ချုပ်နှောင်ထားပြီး မိသားစုနှင့်ရှေ့နေများ သွားရောက်တွေ့ဆုံခြင်းကိုလည်း ပိတ်ပင်ထားသည်။
ယခုတွေ့ဆုံမေးမြန်းခန်းတွင် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ကျန်းမားရေးနှင့် အဆက်အသွယ်မရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့ပြီး အနိမ့်ဆုံးအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ရွှေ့ပြောင်းရန်နှင့် မိခင်ကို ပုံမှန်တွေ့ခွင့်ရရေးအတွက် သူ့ကိုခွင့်ပြုရန် စစ်ကောင်စီကို တောင်းဆိုသည်။
#မြန်မာ #ရာဝတီ #ကိုထိန်လင်း #ကင်မ်အဲရစ် #ဒေါ်အောင်ဆန်းစုကြည် #ဒေါက်တာဇော်မြင့်မောင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR












