• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ

by ဧရာဝတီ
13 April 2023
in သတင်း
A A
ပေါက်မြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်များ/ မြေလတ်အသံ

ပေါက်မြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်များ/ မြေလတ်အသံ

19.4k
VIEWS
Share on FacebookShare on Twitter

ဧပြီလအတွင်း နေ့အပူချိန်များ မြင့်တက်လာမှုကြောင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး အစရှိသည့် အညာဒေသများမှ စစ်ဘေးရှောင်များအနေဖြင့် အပူရှိန်လွန်ကဲမှုကြောင့် ကျန်းမာရေးပြဿနာများကို ကြုံတွေ့ရနိုင်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်သူများထံမှ သိရသည်။

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များအနေဖြင့် အပူချိန် ၃၉ ဒီကရီစင်တီဂရိတ်မှ ၄၁ ဒီကရီ စင်တီဂရိတ်ထိ မြင့်တက်နေသလို တနိုင်ငံလုံးတွင်လည်း နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (MNUG)၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင်း ထူးကဲအပူချိန်များ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းသူများက ပြောဆိုထားသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ တဦးက “အခုတလောမှာဆို သိသိသာသာနဲ့ကို အပူချိန်က တက်လာတာ။ ၃ ရက်လောက်ရှိနေပြီ။ ဒါကြောင့် စစ်ဘေးရှောင်ပြည်သူတွေမှာ ကျန်းမာရေး ပြဿနာက ဆိုးဆိုးရွားရွား ကြုံလာနိုင်တဲ့ အနေအထားက ရှိနိုင်ပါတယ်။ အဓိကတော့ အမိုးအကာတွေ တအားလိုတယ်။ နေကလည်း ပူပြင်းလာတော့ တောတွေ တောင်တွေထဲမှာ ရာသီဥတုဒဏ် တအားခံရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုမှာ တော်တော်လေး လိုအပ်ချက်ရှိတယ်။ ဆေးဝါးက တအားရှားတယ်။ ဝယ်ရတာလည်း ခက်တယ်။ ဈေးနှုန်းကလဲ အရမ်းကြီးတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်သည် နွေရာသီဖြစ်သောကြောင့် အပူချိန်မြင့်တက်လာသည်နှင့် အမျှ သောက်သုံးရေလိုအပ်ချက်မှာလည်း သိသိသာသာမြင့်တက်လာပြီး အချို့နေရာများတွင် သောက်သုံးရေ တစည် (စည်ပိုင်းတလုံး)လျှင် ၂၀၀ ကျပ်၊ ၃၀၀ ကျပ်ပေး၍ ဝယ်ယူနေရသည့် အခြေအနေထိ ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “တနေရာနဲ့ တနေရာ သွားခပ်ဖို့ လည်း အဆင်မပြေတော့လေ။ တချို့ဆို ရေတွင်းကို စုပေါင်းတူးပြီး တော့မှ ရေလာခပ်ရတဲ့ အနေအထား ဖြစ်တယ်။ ရေကလည်း အမှန်ပြောရင် အခုချိန်က ရေရှားလာတယ်။ ခမ်းလာတဲ့ အနေအထား ရှိတော့ ရေကို မျှပြီးတော့ ဝေငှသောက်နေရတဲ့ အနေအထားမျိုးရှိတယ်။ ရေက မခြွေတာပဲ သောက်လို့ လည်း မရဘူးလေ။ ကနီဒေသက အရင်ကတော့ ရေတအား ပေါတဲ့ဒေသပါ။ ဒါပေမယ့် စကစက မီးတွေရှို့၊ ရွာတွေပျက် ဆိုတော့ တောတွေထဲမှာ စစ်ဘေးရှောင်ရတဲ့အခါ ပြန်လို့လည်းမရတော့ ရေက တော်တော် ခက်ခက်ခဲခဲ လုပ်နေရတာ ဖြစ်တယ်”ဟု ပြောသည်။

ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာသားတချို့ စစ်ရှောင်နေကြစဉ် / CJ

လက်ရှိအချိန်တွင် ကျေးရွာများအတွင်းသို့ စစ်ကောင်စီစစ်ကြောင်းများမှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ဘေးရှောင်အရေအတွက်မှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေ၍ ရေရရှိမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးနိုင်ရန် အခက်အခဲရှိနေကြောင်း သိရသည်။

စစ်ဘေးရှောင်အများစုမှာ တောတောင်ထဲတွင် ဖြစ်သလို နေထိုင်နေရပြီး အမိုးအကာ လုံလောက်မှု မရှိခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ပြင်းထန်သော ရာသီဉတုဒဏ်ကို ပို၍ ခံရပြီး ယမန်နှစ် နွေရာသီကာလက သက်ကြီးရွယ်အိုများမှာ လိုအပ်သည့် ပုံမှန်သောက်သုံးနေကျ ဆေးဝါး မရရှိခြင်း၊ အပူရှိန်လွန်ကဲခြင်းတို့ကြောင့်လည်း သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ဒေသခံတဦးက “ ရေရှည်ဖြစ်လာတော့ အရာအားလုံးကို လုပ်ပေးဖို့ စစ်ရှောင် ကူညီသူတွေလည်း ခဲယဉ်း လာနေတယ်။ ဓာတ်ဆားတထုပ်ကို တခါမှ မကြားဘူးတဲ့ဈေး ဖြစ်တဲ့ ၅၀၀ ကျပ်၊ ၆၀၀ ကျပ် ပေးဝယ်နေရတဲ့ ပုံစံဖြစ်တယ်။ အဲ့လိုအခက်အခဲ အကျပ်အတည်းတွေ ကလည်း ရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေက ဒီဒဏ်ကို အများဆုံး ခံရတယ်”ဟု ပြောသည်။

ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်များ/CJ

သန့်ရှင်းသောရေ ရရှိမှု ခက်ခဲသောဒေသများတွင် ရေမှတဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများ ဖြစ်လာနိုင်ပြီး အများအားဖြင့် ဝမ်းပျက်ဝမ်းလျောရောဂါ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အသည်းရောင်အသားဝါရောဂါ ၊အူရောင်ငန်းဖျား တိုက်ဖွိုက်ရောဂါများဖြစ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

နွေရာသီတွင် ချွေးထွက်များသောကြောင့် ရေဓာတ်ကို ပိုမိုလိုအပ်သော်လည်း စစ်ဘေးရှောင်များ အနေဖြင့် သောက်သုံးရန် ရေကောင်းရေသန့် မရရှိနိုင်ပါက တွင်းရေ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင် ရေများကို အလွယ်တကူ မသောက်သုံးသင့်ဘဲ ကျိုချက်ပြီးမှသာ သောက်သုံးသင့်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု ပြုလုပ်ထားသူ (CDM) ဆရာဝန်တဦးက အကြံပြုသည်။

ပူပြင်းသည့်နွေရာသီတွင် အများဆုံးဖြစ်တတ်သည့် ကျန်းမာရေးပြဿနာမှာ အပူကြောင့် သတိလစ်ခြင်း( Heat Stroke) ဖြစ်ပြီး အလွန်ပူပြင်းသည့် နေရောင်အောက်တွင်အချိန်ကြာမြင့်စွာ နေထိုင်မိပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ကြောင်း၊ ရောဂါလက္ခဏာအနေဖြင့် ပုံမှန်ထက် ခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်း စသည်တို့ ဖြစ်တတ်ကြောင်း သိရသည်။

CDM ဆရာဝန်က “အပူချိန် များမယ်။ အပူလွန်ကဲတဲ့ အချိန်မှာဆိုရင်တော့ အတတ်နိုင်ဆုံးတော့ အေးတဲ့နေရာမှာ နေမယ်။ ရေများများသောက်မယ်ပေါ့။ ဓာတ်ဆားရေသောက်မယ်။ ဒါပေမယ့် စစ်ဘေးရှောင်တွေ ကျတော့ အခုချိန်မှာ ပြောရခက်တယ်။ ပြောပဲနိုင်တယ်။ လုပ်နိုင်ဖို့က ခက်တယ်လေ။ ရေလည်းရှားတော့။ အပူဒဏ်ကို အများကြီးခံရ နိုင်တယ်။ ပထမဆုံးခေါင်းမူး၊ ခေါင်းကိုက်၊ နုံးနယ်တာ၊ မောပန်းတာ၊ သတိလစ်တာတွေ လေဖြတ်တာကနေ အသက်သေဆုံးတာထိ ဖြစ်နိုင်တယ်” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလ လကုန်ပိုင်းအထိ စစ်ကိုင်းတိုင်းတွင် အိမ်ခြေ ငါးသောင်းနီးပါး နှင့် မကွေးတိုင်းတွင် အိမ်ခြေ ကိုးထောင်ကျော် မီးရှို့ ဖျက်ဆီး ခံခဲ့ရကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) ၏ ၂၀၂၂ခုနှစ် ဩဂုတ်လအထိစာရင်းအရ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ ငါးသိန်းကျော်ထိ ရှိနေကြောင်း သိရသည်။

You may also like these stories:

ပြေးစရာ မြေမရှိတော့တဲ့ အညာ စစ်ရှောင်များ

တိုက်ပွဲမပြတ်တဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်များ ခက်ခဲကျပ်တည်းလာ

စစ်ကောင်စီ အကြမ်းဖက်မှုအောက် အညာက အလှူပွဲတွေ တိတ်ဆိတ်

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း

Your Thoughts …
Tags: စစ်ဘေးရှောင်ရာသီဥတုဒဏ်ရေအညာဒေသအပူချိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

“BPLA အညာကို ဝင်တယ် ပြောတာထက် အညာကို ပြန်လာတယ်လို့ပဲ ပြောရမှာ”

by ဧရာဝတီ
9 November 2024
10k

ကျိန်းသေတာက BPLA ဟာ လက်ချည်းဗလာနဲ့ အညာကို လာနေတာ မဟုတ်ဘူး ဆိုတာပါပဲ။

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဗမာအမျိုးသားရေးဝါဒ၊ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်

by ဝေမင်းထွန်း
30 July 2024
9.8k

ဗမာများက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ပူးပေါင်းထောက်ခံလိုက်ကြသဖြင့် စစ်တပ်သည် အထီးတည်းဖြစ်သွား၏။

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

by Hpan Ja Brang နှင့် Emily Fishbein
3 August 2024
8.2k

ယခုနောက်ဆုံးတိုက်ပွဲများသည် စစ်တပ်ကို ဆန့်ကျင်သည့် ပိုမိုကျယ်ပြန့်သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်၏ ဒုတိယပိုင်းဖြစ်သည်။

Next Post
ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့၏ ဘဏ်စာရင်းများနှင့် အဆင့်မြင့် ကွန်ဒိုပိုင်ဆိုင်မှုများ တွေ့ရှိခဲ့သည်

သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို

ဖလမ်း-ဟားခါး ကားလမ်းတိုက်ပွဲတွင် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်း / CJ

စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved