• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ

by ဧရာဝတီ
14 April 2023
in သတင်း
A A
ဖလမ်း-ဟားခါး ကားလမ်းတိုက်ပွဲတွင် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်း / CJ

ဖလမ်း-ဟားခါး ကားလမ်းတိုက်ပွဲတွင် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်း / CJ

9.2k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ကလေးမြို့မှ ဟားခါးဗျူဟာသို့ အင်အားနှင့် ရိက္ခာဖြည့်တင်းရန် တက်လာသော စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းမှာ ဟားခါးမြို့သို့ မရောက်မီ ၁၀ မိုင်ခန့်အလို ချွန်ကျုံးကျေးရွာအနီးတိုက်ပွဲတွင် ချေမှုန်းခံရသည့် အတွက် ကားများအားလုံး မီးလောင် ပျက်စီးသွားပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၁၃ ရက်က ဖလမ်း-ဟားခါး ကားလမ်းမ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲ၌ ချင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အနီးကပ် ဖြတ်ကြားတိုက်ခိုက်သဖြင့် ယာဉ်တန်းတခုလုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ချင်းအမျိုးသား တပ်ဦး (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က ပြောသည်။

ဆလိုင်းထက်နီက “ကလေးမြို့ကနေ တက်လာကတည်းက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ လမ်းတလျှောက် တိုက်ခိုက်လာ တာ။ ချွန်ကျုံးကျေးရွာအနီး တိုက်ပွဲမှာ အဆုံးသတ်နိုင်ပြီ။ ကားအားလုံးကို ဖျက်စီးလိုက်ပြီ။ ကားပေါ်မှာ ပါလာတဲ့ပစ္စည်း တွေလည်း အကုန် မီးလောင်သွားပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ထောက်ပို့ယာဉ်တန်းသည် မတ်လ ၇ ရက်တွင် ကလေးမြို့မှ ဟားခါးဗျူဟာသို့ တက်လာခြင်းဖြစ်ပြီး သံချပ်ကာ ယာဉ်၂ စီး၊ မြေတူးယာဉ် ၁ စီး အပါအဝင် စုစုပေါင်း ယာဉ်အစီးရေ ၃၀ ကျော် ပါဝင်သည့် ယာဉ်တန်း ဖြစ်သည်။

ယင်းစစ်ယာဉ်တန်းကို လမ်းကြောင်းတလျှောက် CNA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ ဖြတ်ကြားတိုက်ခိုက်မှုကြောင့် ဟား ခါးမြို့နယ် အရောက်တွင် ကား ၁၂ စီးသာ ကျန်တော့ကြောင်း၊ အဆိုပါ ကား ၁၂ စီးမှာလည်း ယမန်နေ့ ချွန်ကျုံးကျေး ရွာအနီး တိုက်ပွဲ၌ အဆုံးသတ်နိုင်လိုက်ပြီ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

တိုက်ခိုက်ဖျက်ဆီးခံရသည့် စစ်ကောင်စီ၏ သံချပ်ကာကား (ဓာတ်ပုံ – CJ)

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၀၀ ခန့် လိုက်ပါလာသော အဆိုပါစစ်ယာဉ်တန်းမှာ လမ်းတလျှောက် တိုက်ခိုက်ခံရမှု ကြောင့် လက်ရှိအခြေအနေတွင် တပ်ဖွဲ့ဝင် ၄၀ နီးပါး ကျန်ရှိတော့ကာ ယင်းတပ်ဖွဲ့ဝင်များမှာလည်း ယမန်နေ့ တိုက်ပွဲ အပြီးတွင် ချွန်ကျုံးကျေးရွာအတွင်းသို့ ဝင်ပြေးသွားကာ လာရောက် ကယ်ထုတ်ပေးရန် မြေပြင် စစ်ကူတောင်းခံလျက် ရှိကြောင်း ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

ဧပြီ ၅ ရက်ကလည်း ဖလမ်း-ဟားခါးကားလမ်းမ ရန်ထလိုကျေးရွာအနီးတွင် ယင်းယာဉ်တန်းအား ချင်းကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ကား ၇ စီး ပျက်စီးခဲ့ကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) က ထုတ်ပြန်ထားသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
93
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
101

ထို့ပြင် ဧပြီ ၁၀ ရက် နံနက်ပိုင်းကလည်း ဖလမ်းမြို့နယ်အတွင်း ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုကို CNDF က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စခန်းတာဝန်ကျ တပ်သား ၂၅ ဦးအနက် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးကို အရှင်ဖမ်းမိခဲ့သော်လည်း ရရှိထားသော ဒဏ်ရာကြောင့် ဗိုလ်ကြီးတဦးအပါအဝင် ၃ ဦး ထပ်မံသေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသေးသည်။

မီးလောင်သွားသည့် စစ်တပ်ရိက္ခာတင်ယာဉ်(ဓာတ်ပုံ – CJ)

ထိုသို့ ချင်းပြည်နယ်အတွင်းသို့ စစ်ယာဉ်တန်းများ တက်လာခြင်းမှာ ရှေ့တန်းစခန်းများသို့ မိုးမကျခင် ရိက္ခာနှင့် စစ် လက်နက်များ ဖြည့်တင်းရန်အတွက်ဖြစ်နိုင်ကြောင်း စစ်ရေးအခြေအနေ လေ့လာသုံးသပ်သူများက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသော ချင်းဒေသသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလအတွင်းလည်း မကွေး တိုင်းအတွင်းမှနေ စစ်ကားအစီး ၇၀ ကျော်ဖြင့် ချင်းပြည်နယ်၊ မင်းတပ်နှင့် မတူပီမြို့နယ်အတွင်းသို့ တက်လာခဲ့စဉ် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံး၊ ဒဏ် ရာရမှုများ ရှိခဲ့သေးသည်။

You may also like these stories:

ဖလမ်း-ဟားခါး ကားလမ်းတလျှောက် တိုက်ပွဲများဆက်ဖြစ်နေ

မင်းတပ်နှင့်မတူပီသို့ တက်လာသည့် စစ်ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်ခံရ

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

Your Thoughts …
Tags: CDFCNFစစ်ယာဉ်တန်းဖလမ်း- ဟားခါး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

နောင်ချိုမြို့အနီး စစ်ကောင်စီယာဉ်တန်းကို TNLA နှင့် MDY PDF တို့ စစ်ဆင်

by ဧရာဝတီ
2 November 2023
11.4k

အဆိုပါ စစ်ကောင်စီ ယာဉ်တန်းတွင် သံချပ်ကာ ၂ စီး နှင့် စစ်ကား ၂၂ စီး ပါဝင်ပြီး ယမန်နေ့ ညနေက ပြင်ဦးလွင်မှ နောင်ချိုမြို့သို့ တက်လာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ရွှေညောင်ပင်ရွာနှင့် အုမ္မသီးရွာကြား စခန်းချ...

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

by ဧရာဝတီ
20 December 2023
7.4k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၅,၀၀၀ နီးပါး ဘက်ပြောင်းလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၁

ပြန်လှန်ထိုးစစ်လား၊ ဆိုက်ဝါးလား၊ မစားရတဲ့အမဲ သဲနှင့်ပက်တာလား အပိုင်း ၁

by အေးချမ်းဆု
13 September 2024
6.9k

စစ်ရေးလှုပ်ရှားမှု မရှိသေးသော် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပန်းတောင်းနှင့် မင်းဘူးခရိုင် အခြေအနေမှာလည်း ရခိုင်တောင်ပိုင်း ကျသွားပါက ပြောင်းလဲသွားပေလိမ့်မည်။

တပ်မ ၉၉ နဗဟမှူးအပါ စစ်သား ၂၀ ကျော် AA ဖမ်းမိ

နတ်ရေကန် ဗျုဟာစခန်း မကျအောင် ၉၉ တပ်မမှူးသစ် စွမ်းဆောင်နိုင်မလား

by စွယ်တော်
2 July 2025
6.7k

အောက်ခြေက စိတ်ဓာတ်ကျဆင်းမှုကို မထိန်းချုပ်နိုင်သည့်အတွက် အိတ်ပေါက်နှင့် ဖားကောက်သလို ဖြစ်နေကြောင်း တွေ့ရသည်။

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

Next Post
နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ်

နောင်နှစ်ကိုလည်း ဆီးလို့ကြိုကွယ်

ယူနန်ခရိုင်၊ ရွှေလီရှိ တရုတ်-မြန်မာနယ်စပ်ကို တရုတ်ဘက်အခြမ်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တွေ့ရစဉ် / AFP

ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved