• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ

by Bertil Lintner
18 April 2023
in ဆောင်းပါး
A A
ယူနန်ခရိုင်၊ ရွှေလီရှိ တရုတ်-မြန်မာနယ်စပ်ကို တရုတ်ဘက်အခြမ်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တွေ့ရစဉ် / AFP

ယူနန်ခရိုင်၊ ရွှေလီရှိ တရုတ်-မြန်မာနယ်စပ်ကို တရုတ်ဘက်အခြမ်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တွေ့ရစဉ် / AFP

8.2k
VIEWS
Share on FacebookShare on Twitter

မြန်မာ၏ လက်ရှိနယ်နိမိတ်များသည် ဗြိတိသျှကိုလိုနီမူဝါဒနှင့် သိမ်းပိုက်မှုရလဒ်ဖြစ်ပြီး ထို့ကြောင့် တူညီသော လူမျိုးစု-ဘာသာဗေဒအုပ်စုများ နေထိုင်ရာဒေသများကို ဖြတ်သန်းခွဲခြမ်းသွားသည်ဟုဆိုလျှင် ငြင်းခုန်မည့်သူ မရှိလောက်ပေ။ ထိုအုပ်စုများအတွင်း တရားဝင်ဆက်ဆံရေး ပြတ်တောက်သွားသော်လည်း အလွတ်သဘော ဆက်ဆံရေးသည် ယခင်အတိုင်းသာ ဆက်လက်ရှိနေပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်အတွက် ပြဿနာတရပ် ဖြစ်နေသည်။

အချို့သော သုံးသပ်သူများပြောသကဲ့သို့ ၁၉၅၀ ပြည့်နှစ်များတွင် အိန္ဒိယသည် မြန်မာသို့ နယ်မြေများ လွှဲပြောင်းပေးအပ်ခဲ့ပါသလား။ လွတ်လပ်သော မြန်မာသည် အိမ်နီးချင်းများနှင့် ဆွေးနွေးပွဲများကျင်းပပြီး သဘောတူညီချက်များ လက်မှတ်ရေးထိုးသောအခါ ထိုသဘောတူညီချက်များအပေါ် မကျေနပ်ချက်များနှင့် နားလည်မှုလွဲမှားခြင်းများသည် မည်သည့်အခါမှ ပျောက်ကွယ်သွားတော့မည့် ပုံမရှိသည့် ဒဏ္ဍာရီများနှင့် ပဋိပက္ခများသို့ ဦးတည်သွားစေခဲ့သည်။

အဓိကအားဖြင့် နယ်စပ်ဒေသသည် လွန်စွာဝေးကွာပြီး အများအားဖြင့် သွားရောက်ရန် မဖြစ်နိုင်သောကြောင့် ကိုလိုနီခေတ် မြန်မာနှင့် တရုတ်အကြား နယ်နိမိတ်ကို မည်သည့်အခါကမှ ရှင်းလင်းစွာ သတ်မှတ်ခဲ့ခြင်းမရှိပေ။ အချို့သောဒေသများကို “အုပ်ချုပ်မှုမဲ့နေရာ” အဖြစ်ပင် သတ်မှတ်ထားသည်။ ၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ မတိုင်မီအထိ ဘေဂျင်းနှင့် ရန်ကုန်တို့သည် နယ်နိမိတ်အများစုကို မသတ်မှတ်ရသေးပေ။ ပြည့်စုံသော နယ်စပ်သဘောတူညီချက်ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး မြေပြင်မှ နယ်နိမိတ်ကို ၁၉၆၁ ခုနှစ်တွင် သတ်မှတ်သည်။ ယခုအခါ ၂,၁၂၉ ကီလိုမီတာရှည်သည့် နယ်နိမိတ်များကို မြန်မာဘာသာ၊ တရုတ်ဘာသာများဖြင့် ရေးသားထားသည့်စာများ၊ ကိန်းဂဏန်းများဖြင့် ရေးထိုးထားသည့် ကျောက်တိုင်များနှင့် သတ်မှတ်ထားသည်။

၁၉၆၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့ မတိုင်မီအထိ ဘေဂျင်းနှင့် ရန်ကုန်တို့သည် နယ်နိမိတ်အများစုကို မသတ်မှတ်ရသေးပေ။ ပြည့်စုံသော နယ်စပ်သဘောတူညီချက်ကို ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးပြီး မြေပြင်မှ နယ်နိမိတ်ကို ၁၉၆၁ ခုနှစ်တွင် သတ်မှတ်သည်။

ထိုသဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် ၁၅၃ စတုရန်းကီလိုမီတာ ကျယ်သော နေရာတခုကို တရုတ်သို့ ပေးအပ်လိုက်ရပြီး ထိုဒေသတွင် ဖီမော်၊ ဂေါ်လမ်နှင့် ကန်ဖန်းအမည်ရှိ ကချင်ကျေးရွာငယ်များ ပါဝင်ပြီး အခြားမည်သည့် အရာမျှ မပါဝင်ပေ။ အပြန်အလှန်အားဖြင့် တရုတ်က နမ့်ခမ်းမြို့အနောက်မြောက်ဘက်မှ စတုရန်းကီလိုမီတာ ၂၂၀ ကျယ်သော နမ်ဝမ်ဒေသကို ပြန်လည်ပေးအပ်သည်။ ထိုဒေသကို ၁၈၉၇ ခုနှစ်မှ စတင်ပြီး ဗြိတိန်က တရုတ်ထံမှ ငှားရမ်းထားသော ဒေသဖြစ်သည်။ နမ့်ခမ်းမှ ဗန်းမော်သို့ သွားသောလမ်းသည် ထိုဒေသကို ဖြတ်သန်းရသောကြောင့် ဗြိတိန်က ထိုဒေသကို ထိန်းချုပ်လိုခြင်းဖြစ်သည်။ အနှစ်သာရအားဖြင့်ဆိုရပါက နမ်ဝမ်ဒေသသည် တရားဝင်မဟုတ်သော်လည်း ဗြိတိသျှသိမ်းပိုက်ထားသည့် မြန်မာအောက်တွင် ပါဝင်သွားသည်။ ၁၉၆၀ ပြည့်နှစ် နယ်စပ်သဘောတူညီချက်သည် ထိုပြဿနာကို ဖြေရှင်းပေးလိုက်သည်။

တရုတ်သည် ကချင်ပြည်နယ်မြောက်ပိုင်းကို အစဉ်အလာအရ တောင်းခံမှုကိုလည်း စွန့်လွှတ်ခဲ့သည်။ ကချင်ပြည်နယ် မြောက်ပိုင်းကို တရုတ်က မည်သည့်အခါကမှ ထိန်းချုပ်ခဲ့ခြင်း မရှိခဲ့ဘဲ ၁၉ ရာစုနှောင်းပိုင်းတွင် ကိုလိုနီအုပ်ချုပ်ရေးအောက်သို့ ရောက်လာသော ဒေသဖြစ်သည်။ ထိုမတိုင်မီက အဆိုပါတောင်တန်းဒေသများကို မည်သူ့ထံတွင်မှ သစ္စာမခံသည့် ကချင်လူမျိုးအကြီးအကဲများက အုပ်ချုပ်သည်။ သို့သော် တရုတ်မြေပုံဟောင်းများတွင် မလိခနှင့် အင်မိုင်ခ မြစ်ဆုံနှင့် အိန္ဒိယနှင့် နယ်စပ် ချော့ကန်တောင်ကြားအထိ ကူမွန်တောင်တန်းတလျှောက်ကို နယ်နိမိတ်အဖြစ် ဖော်ပြထားသည်။ ယခုအခါ တရုတ်သည် ပိုမိုလက်တွေ့ကျသည့် မြေပုံကို ရေးဆွဲသဘောတူပြီး ကချင်ပြည်နယ်တခုလုံးကို မြန်မာပိုင်နက်အဖြစ် ဖော်ပြသည်။

တရုတ်နှင့် မြန်မာကြား ၁၉၆၀ နယ်စပ်သဘောတူညီချက်

၁၉၆၀ ပြည့်နှစ် သဘောတူညီချက်သည် မည်သည့်နိုင်ငံတကာ စံနှုန်းများနှင့်မဆို မမျှတဟု မသတ်မှတ်နိုင်ပေ။ သို့သော် မကြာမီ ကချင်ပြည်နယ်တွင် ကောလာဟလများ ပျံ့နှံ့လာပြီး ကချင်နယ်မြေ အများအပြားကို ဝန်ကြီးချုပ် ဦးနုနှင့် သူ၏နိုင်ငံရေးမဟာမိတ် ဆမားဒူးဝါး ဆင်ဝါးနောင်က တရုတ်သို့ ပေးလိုက်သည်ဆိုသည့် သတင်းထွက်လာခဲ့သည်။ ယနေ့တိုင် မြန်မာဘက်ခြမ်းတွင် နေထိုင်ကြသော ကချင်အများအပြားက အနီးရှိ ယူနန်ပြည်နယ်မှ ကချင်များနေထိုင်သော နေရာများကို ထောက်ပြပြီး ထိုမြေများကို အထက်ပါ လူနှစ်ဦးက တရုတ်ကို ပေးခဲ့သည်ဟု ပြောကြသည်မှာ မထူးဆန်းပေ။ ထိုနယ်နိမိတ်သဘောတူညီချက်၏ သဘောသဘာဝကို ရှင်းပြရန် ဗဟိုအစိုးရက ပျက်ကွက်ခြင်းသည် နားလည်မှု လွဲမှားခြင်း၏ မူလအစဖြစ်ပြီး ကချင်လူငယ် ရာပေါင်းများစွာကို မြေအောက်တော်လှန်ရေးသို့ ရောက်သွားစေသည်။

ထိုနယ်နိမိတ်သဘောတူညီချက်၏ သဘောသဘာဝကို ရှင်းပြရန် ဗဟိုအစိုးရက ပျက်ကွက်ခြင်းသည် နားလည်မှု လွဲမှားခြင်း၏ မူလအစဖြစ်ပြီး ကချင်လူငယ် ရာပေါင်းများစွာကို မြေအောက်တော်လှန်ရေးသို့ ရောက်သွားစေသည်။

အခြား ပိုမိုခိုင်မာသည့် အချက်အလက်မှာ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်လိုက်သောကြောင့် ဗြောင်ကျကျ ရန်စခြင်းဟု ကချင်ခရစ်ယာန်အများစုက မြင်သည်။ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကချင်များနေထိုင်ရာဒေသများတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို ဖွဲ့စည်းတည်ထောင်လိုက်သည်။ ထိုနောက်ပိုင်းတွင် KIA သည် အင်အားကြီးထွားလာပြီး အကောင်းဆုံး စုစည်းထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဖြစ်လာကာ လက်နက်ကောင်းစွာ တပ်ဆင်ထားသော စစ်မြေပြင်အတွေ့အကြုံရင့် စစ်သားထောင်ပေါင်းများစွာ ရှိလာသည်။

၂၀၁၂ ခုနှစ်တွင် KIA ကို မြန်မာစစ်တပ်က အကြီးအကျယ် တိုက်ခိုက်လာသောအခါ တရုတ်တွင်နေထိုင်သည့် ကချင်ထောင်ပေါင်းများစွာ နယ်စပ်သို့ရောက်လာပြီး မြန်မာမှ ကချင်များနှင့် သွေးစည်းချစ်ကြည်မှုကို ပြသကြသည်။ ထိုသို့နယ်စပ်ဖြတ်ကျော် သွေးစည်းချစ်ကြည်မှုသည် အခြားနည်းလမ်းပေါင်းစုံဖြင့်လည်း KIA ကို အကျိုးရှိစေသည်။

တရားဝင်နယ်စပ်တည်နေရာနှင့် ပတ်သက်ပြီး ကချင်များအကြား နားလည်မှုလွဲသည့်ကိစ္စမျိုး ရှမ်းပြည်နယ် ဝ တောင်တန်းဒေသတွင်လည်း ရှိနေသည်။ နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအုပ်စု (ICG) က ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်သည့် “တရုတ်၏ မြန်မာသေနင်္ဂဗျူဟာ-ရွေးကောက်ပွဲများ၊ တိုင်းရင်းသားနိုင်ငံရေးနှင့် စီးပွားရေး” (China’s Myanmar Strategy: Elections, Ethnic Politics and Economics) အမည်ရှိ အစီရင်ခံစာတွင် ထိုသို့သော ပြောဆိုချက်ကို မေးခွန်းမထုတ်ဘဲ ထည့်သွင်းဖော်ပြခဲ့သည်။

“ဝ အများအပြားက ၎င်းတို့သည် မြန်မာထက် တရုတ်နှင့် ပိုမိုနီးစပ်ဆက်စပ်သည်ဟု ယူဆကြသည်။ ၁၉၅၀ ပြည့်နှစ်များက နယ်စပ်ညှိနှိုင်းမှုများအတွင်း ဘေဂျင်းသည် မြန်မာအစိုးရ ကျေနပ်စေရန်နှင့် နိုင်ငံတကာ အထီးကျန်မှုကို ချိုးဖျက်ရန် နယ်စပ်ဒေသများကို စွန့်လွှတ်ကာ ၎င်းတို့ကို စွန့်ပစ်ခဲ့သည်ဟု ခံစားကြရသည်” ဟု အထက်ပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် တရုတ်သည် ၁၉၅၀ ပြည့်နှစ်များက ဆွေးနွေးမှုများအရ ဖြစ်စေ၊ ၁၉၆၀ နယ်နိမိတ် သဘောတူညီချက်အရ ဖြစ်စေ မြန်မာသို့ မည်သည့်နယ်မြေကိုမှ မပေးခဲ့ပေ။ တရုတ်သည် ဝ တောင်တန်းကို ယခင်က တောင်းခံမှုအား စွန့်လွှတ်ခဲ့ခြင်းသာ ဖြစ်သည်။ ဝ တောင်တန်းဒေသသည် ကချင်ပြည်နယ်ကဲ့သို့ပင် တရုတ်က တောင်းခံခဲ့သော်လည်း မည်သည့်အခါကမှ ထိန်းချုပ်ခဲ့ခြင်း မရှိပေ။ ထိုတောင်းဆိုမှုကို စွန့်လွှတ်စေရန် မြန်မာကသာ တရုတ်ကို မြေအနည်းငယ်ပေးရသည်။ ဝ တောင်တန်းမြောက်ပိုင်းမှ ၁၈၉ စတုရန်း ကီလိုမီတာကျယ်သည့် ပန်ဟန်-ပန်ဂလာအို ဒေသ ဖြစ်သည်။ ဖီမော်-ဂေါ်လမ်-ကန်ဖန်း ကဲ့သို့ပင် ပန်ဟန်-ပန်ဂလာအိုသည်လည်း နိုင်ငံအစွန်အဖျား လွန်စွာဝေးကွာပြီး လူဦးရေနည်းသည့် ကျေးရွာအုပ်စုငယ်တခုသာ ဖြစ်သည်။

တရုတ်သည် ၁၉၅၀ ပြည့်နှစ်များက ဆွေးနွေးမှုများအရ ဖြစ်စေ၊ ၁၉၆၀ နယ်နိမိတ် သဘောတူညီချက်အရ ဖြစ်စေ မြန်မာသို့ မည်သည့်နယ်မြေကိုမှ မပေးခဲ့ပေ။ တရုတ်သည် ဝ တောင်တန်းကို ယခင်က တောင်းခံမှုအား စွန့်လွှတ်ခဲ့ခြင်းသာ ဖြစ်သည်။

ဝဒေသကို မည်သည့်ဗဟိုအစိုးရကမှ မထိန်းချုပ်ခဲ့ဖူးဟု ဆိုနိုင်သည်။ ကိုလိုနီခေတ်အတွင်း အစိုးရက ထိုဒေသသို့ သွားရောက်သည့်ကာလမှာ အလံကိုင် ဗြိတိသျှစစ်သားများကို အခါအားလျော်စွာ တရုတ်နှင့် နယ်စပ်ဟု ယူဆသည့်နေရာအထိ စေလွှတ်ကာ အလံစိုက်စေခြင်းသာ ဖြစ်သည်။ တရုတ်ပိုင်နက်အဖြစ် တရားဝင်သိခဲ့သည့် နယ်စပ် အခြားတဘက်တွင် နေထိုင်သည့် ဝ အများအပြားရှိသည်။ သို့သော် ဘေဂျင်းရှိ ဘယ်ဗဟိုအစိုးရမဆို ၁၉၅၀ ပြည့်နှစ်များအထိ ထိုဒေသကို မည်သည့်ထိန်းချုပ်မှုမှ မပြုလုပ်ခဲ့ပေ။

၁၉၅၀ ပြည့်နှစ်များသို့ ရောက်လာသောအခါ မော်စီတုန်း၏ ကွန်မြူနစ်အစိုးရသည် တောင်ပိုင်းယူနန်မှ ကြမ်းတမ်းသော တောင်တန်းဒေသကို လုံခြုံစေရန် တပ်များကို စေလွှတ်ခဲ့သည်။ ထိုအချိန်မတိုင်မီအထိ တရုတ် ဝ တောင်တန်းများနှင့် အခြားနီးစပ်ရာ နယ်စပ်ဒေသများသည် မည်သည့်နိုင်ငံပိုင်နက်မှ မဟုတ်သကဲ့သို့ ဖြစ်နေသည်။

မြန်မာဘက်အခြမ်းတွင် ကိုလိုနီခေတ်နှောင်းပိုင်းရောက်မှသာ ဝ ဒေသတွင် အကြီးမားဆုံးနှင့် အတိုးတက်ဆုံးဖြစ်သော မုန်းလျှန်ဒေသသည် နိုင်ငံ၏ ကျန်အစိတ်အပိုင်းများနှင့် နီးကပ်သော ဆက်ဆံရေး ထူထောင်ခြင်း ဖြစ်သည်။ နိုင်ငံ၏ ကျန်အစိတ်အပိုင်းဆိုသည်မှာ အိမ်နီးချင်း ရှမ်းပြည်ထောင်များ ဖြစ်ပြီး ရန်ကုန်မှ ကိုလိုနီအရာရှိတဦးကို ဝ စော်ဘွားနှင့် ဆက်သွယ်ရန် စေလွှတ်ခဲ့သည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် အမျိုးသားရေးဝါဒီ တရုတ်ကူမင်တန်တပ်များသည် တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးပြီးနောက် ဝ ဒေသတွင် ဝင်ရောက်ခိုလှုံကြသည်။ ၎င်းတို့နှင့် စစ်ဘုရင်အများအပြားသည် ဝ တောင်တန်းများ အနီးရှိ ရှမ်းပြည်နယ် ဒေသအချို့ကို ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ ပြည့်နှစ်များအများစုတွင် အုပ်ချုပ်ကြသည်။

ထို့နောက် ၁၉၇၀ ပြည့်နှစ်များအစောပိုင်းတွင် မြန်မာဘက်ခြမ်းမှ ဝတောင်တန်းကို တရုတ်ကျောထောက်နောက်ခံပြု ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) က သိမ်းယူပြီး တပ်ဖွဲ့ဝင်များ၏ အများစုဖြစ်သော ဝတပ်ဖွဲ့ဝင်များက ၁၉၈၉ ခုနှစ်တွင် ပုန်ကန်ပြီးနောက် မြန်မာအများစုပါသော CPB ခေါင်းဆောင်များ တရုတ်ဘက်သို့ ထွက်ပြေးရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
81
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
22

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
32

ပုန်ကန်သူများသည် ဝပြည် သွေးစည်းညီညွတ်ရေးပါတီနှင့် တပ် (UWSP/UWSA) ကို ထူထောင်ကာ ဝ ပြည်နယ်အဖြစ် ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ကြသည်။ ဝ တွင် ကိုယ်ပိုင်အစိုးရ၊ ဒေသအုပ်ချုပ်ရေး၊ ကျောင်းများ၊ ဆေးရုံများ၊ တရားရုံးများနှင့် မြန်မာတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှိသည်။ UWSA သည် တရုတ်မှ ထုတ်လုပ်သည့် လက်နက်အများစု ပါဝင်သည့် လေယာဉ်ပစ်အမြောက်များ၊ မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ၊ အမြောက်ကြီးများ၊ လက်နက် တပ်ဆင်ထားသည့် ဒရုန်းများ၊ သံချပ်ကာယာဉ်များ အပါအဝင် ခေတ်မီလက်နက်များ တပ်ဆင်ထားသည့် စစ်အင်အား ၂ သောင်းရှိသည်။

ဝ တွင် ကိုယ်ပိုင်အစိုးရ၊ ဒေသအုပ်ချုပ်ရေး၊ ကျောင်းများ၊ ဆေးရုံများ၊ တရားရုံးများနှင့် မြန်မာတွင် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ရှိသည်။

သမိုင်းအလှည့်အပြောင်းများကြောင့် တရုတ်နှင့်မြန်မာအကြား ကိုယ်ပိုင်အုပ်ချုပ်နေသည့် ကြားခံပြည်နယ်တခု ပေါ်ပေါက်လာသည်။ ထိုပြည်နယ်ကို တရားဝင်အားဖြင့် မြန်မာကပိုင်သော်လည်း တရုတ်နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးရှိသည်။ UWSA/UWSA ခေါင်းဆောင် အများစုသည် တရုတ်ဘက်ခြမ်းနယ်စပ်တွင် မွေးဖွားသူများ ဖြစ်သောကြောင့် အံ့သြစရာမဟုတ်ပေ။

မြန်မာ၏ ၁,၆၄၃ ကီလိုမီတာရှည်သည့် အိန္ဒိယနယ်စပ်တွင် နယ်နိမိတ်သတ်မှတ် နယ်ခြားမျဉ်း ရေးဆွဲခြင်းသည်လည်း ကိုလိုနီအမွေအနှစ်များတွင် အမြစ်တွယ်နေသောကြောင့် နားလည်မှု လွဲမှားမှု အများအပြား ရှိနေသည်။ ထိုနားလည်မှု လွဲမှားမှုများအနက် တခုမှာ အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်နှင့် မျက်နှာချင်းဆိုင်၊ စစ်ကိုင်းတိုင်းအနောက်ပိုင်းမှ ကုန်းမြင့်ဒေသဖြစ်သော ကဘော်ချိုင့်ဝှမ်းနှင့် ပတ်သက်သည်။ ထိုချိုင့်ဝှမ်းဒေသကို ၎င်းတို့ပိုင်ဆိုင်ခွင့်ရှိသည်ဟု မဏိပူမှ ပြည်သူများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြသည်။

မဏိပူမှ လူကြိုက်များသော ဝက်ဘ်ဆိုက်ဖြစ်သည့် E-Pao က “ကဘို (ကဘော်) ချိုင့်ဝှမ်းဟုခေါ်သည့် ထိုမျှကျယ်ပြန့်သောနယ်မြေကို ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟလာ နေရူးက မြန်မာသို့ မည်သည့်အတွက် မည်ကဲ့သို့ မည်သို့သောအခြေအနေတွင် ပေးလိုက်သည်ကို မဏိပူရပြည်နယ်မှ ပြည်သူများ၏ စိတ်တွင် ယခုအခါ မေးခွန်းများစွာ ရှိနေသည်။ နေရူးက မဏိပူသည် အိန္ဒိယ၏ ရတနာတပါးဖြစ်သည်ဟု ပြောခဲ့သကဲ့သို့ပင် ကဘိုချိုင့်ဝှမ်းသည် မဏိပူ၏ ရတနာတပါးဖြစ်သည်” ဟု ရေးသားထားသည်။ E-Pao ၏အဆိုအရ ထိုဖြစ်ရပ်သည် “၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့” တွင် ဖြစ်ပွားပြီး “မဏိပူပြည်သူများ၏ ဆန္ဒမပါဘဲ” ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အိန္ဒိယမှ ထင်ရှားပြီး ရေးအားကောင်းသော ဆောင်းပါးရှင် ဘရာမာ ချယ်လန်နေက ၂၀၀၇ ခုနှစ်၊ ဧပြီ ၇ ရက်နေ့တွင် Asian Age အတွက် ဆောင်းပါးတပုဒ် ရေးသားသောအခါ အခြားမူကွဲတခုကို တင်ပြပြန်သည်။ ထိုသို့စွပ်စွဲထားသည့် နယ်မြေလွှဲပြောင်းပေးအပ်မှုသည် တနှစ် ပိုမိုစောစီးစွာ ဖြစ်ပွားခဲ့သည်ဟု ရေးသားခဲ့သည်။ “စတုရန်းကီလိုမီတာ ၁၈,၀၀၀ ကျယ်သော ကဘော်ချိုင့်ဝှမ်းတွင် မြန်မာ၏ အချုပ်အခြာအာဏာကို နေရူးက ၁၉၅၃ ခုနှစ်တွင် လက်ခံလိုက်သည့်ကိစ္စသည် မဏိပူတွင် နာကျင်စရာ ဆက်လက်ဖြစ်နေသည်” ဟု ရေးသားသည်။

တတိယမူကွဲကို မဏိပူရီ ဘလော့ဆိုက် exmeitei က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တင်ပြသည်။ “၁၉၅၂ ခုနှစ်တွင် အိန္ဒိယ၏ ပထမဆုံးဝန်ကြီးချုပ် ဂျဝါဟလာနေရူးက ဒေသခံပြည်သူများနှင့် တော်ဝင်မိသားစု၏ ဆန္ဒမပါဘဲ ငြိမ်းချမ်းရေးလက္ခဏာအဖြစ် ကဘော်ချိုင့်ဝှမ်းကို မြန်မာအစိုးရသို့ လက်ဆောင်ပေးလိုက်သည်” ဟု ရေးသားသည်။

သို့သော် လက်တွေ့တွင် ထိုသို့သော လွှဲပြောင်းပေးအပ်မှုမျိုးသည် ၁၉၅၂ ခုနှစ်တွင်ဖြစ်စေ၊ ၁၉၅၃ ခုနှစ်တွင်ဖြစ်စေ၊ ၁၉၅၄ ခုနှစ်တွင်ဖြစ်စေ ဖြစ်ပွားခဲ့ခြင်း မရှိပေ။ လေးနက်သော မည်သည့် သမိုင်းဆိုင်ရာလေ့လာမှုတွင်မဆို ကိုလိုနီခေတ်မတိုင်မီက မဏိပူနှင့် မြန်မာအုပ်ချုပ်သူများခေတ်က လွှဲပြောင်းပေးခဲ့သော ကဘော်ချိုင့်ဝှမ်းသည် နောက်ဆုံး ၁၈၃၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာပိုင်နက် အစိတ်အပိုင်းဖြစ်သည်။ မြန်မာဘက်မှ ကဘော်ချိုင့်ဝှမ်းနှင့် နယ်စပ်ကို ပန်ဘာတန်လိုင်းဟု ခေါ်ကြသည်။ ထိုသဘောတူညီချက်ကို ညှိနှိုင်းပေးခဲ့သည့် ဗြိတိသျှ ကော်မရှင်နာမင်းကြီး ဘွိုင်လျူ ပန်ဘာတန်ကို အစွဲပြုပြီး ခေါ်ခြင်းဖြစ်သည်။

လေးနက်သော မည်သည့် သမိုင်းဆိုင်ရာလေ့လာမှုတွင်မဆို ကိုလိုနီခေတ်မတိုင်မီက မဏိပူနှင့် မြန်မာအုပ်ချုပ်သူများခေတ်က လွှဲပြောင်းပေးခဲ့သော ကဘော်ချိုင့်ဝှမ်းသည် နောက်ဆုံး ၁၈၃၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့တွင် မြန်မာပိုင်နက် အစိတ်အပိုင်းဖြစ်သည်။

၁၈၃၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အခြားသဘောတူညီချက်တခုကို လက်မှတ်ထိုးသည်။ ထိုသဘောတူညီချက်အရ ကဘော်ချိုင့်ဝှမ်းကို ဆုံးရှုံးခြင်းအတွက် မဏိပူဘုရင်ကို လျော်ကြေးပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ ကိုလိုနီခေတ်က မည်သည့်မြေပုံတွင်မှ ကဘော်ချိုင့်ဝှမ်းကို မဏိပူပိုင်နက်အဖြစ် မဖော်ပြတော့ပေ။ ကိုလိုနီခေတ် သဘောတူညီချက်များ၏ တရားဝင်မှုနှင့် ထိုသဘောတူညီချက်များ မည်သို့ဖြစ်လာသည်နှင့် ပတ်သက်ပြီး အမြဲတစေ မေးခွန်းထုတ်ရန် ရှိစေကာမူ ကဘော်ချိုင့်ဝှမ်းသည် မြန်မာပိုင်နက်အတွင်း ရောက်နေသည်မှာ နှစ်ပေါင်း ၁၉၀ နီးပါးရှိပြီဆိုသည့် အချက်သည် ဆက်လက် ကျန်ရှိနေသည်။ နေရူးသည် မဏိပူကိုသာမက မည်သည့် အိန္ဒိယပိုင်နက်ကိုမှ မြန်မာသို့ ပေးအပ်ခဲ့ခြင်း မရှိပေ။

၁၉၆၇ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့၌ အိန္ဒိယနှင့် မြန်မာတို့သည် နယ်စပ်တလျှောက်လုံးတွင် နယ်နိမိတ်သတ်မှတ်သည့် ပထမဆုံး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြသည်။ ထိုပြဿနာနှင့် ပတ်သက်ပြီး ၁၉၆၈ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် လေ့လာသည့် အမေရိကန် နိုင်ငံခြားရေးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဗျူရို၏ တွေ့ရှိချက်အရ “များပြားလှသော ယခင်က သဘောတူစာချုပ်များနှင့် ဥပဒေများသည် နယ်နိမိတ်အစိတ်အပိုင်း အများအပြားကို ချိန်ညှိရာတွင် သက်ရောက်မှုရှိပြီး နယ်နိမိတ်သစ် အခြေခံအဖြစ် အများအားဖြင့် ဖြစ်လာကြသည်” ဟု ရေးသားခဲ့သည်။

တနည်းအားဖြင့်ဆိုရပါက “အစဉ်အလာနယ်စပ်မျဉ်း” ဟု သတ်မှတ်ထားသည့် နေရာများတွင် အဓိကကျသည့် မည်သည့်အပြောင်းအလဲမှ မလုပ်ခဲ့ကြပေ။ အချို့သောနေရာတွင် နယ်စပ်မျဉ်းရှိသည့် အတိအကျနေရာများကို ရှင်းရှင်းလင်းလင်း မသိရသော ညှိနှိုင်းမှုများ ပြုလုပ်ပြီး နယ်စပ်ကျောက်တိုင်သစ်များ ထူထောင်ကြသည်။

အိန္ဒိယ-မြန်မာ ဆက်ဆံရေးတွင်သာမက တရုတ်-မြန်မာဆက်ဆံရေးတွင်ပါ ခက်ခဲသော ပြဿနာအဖြစ် ဆက်လက် ကျန်ရှိနေသည်မှာ မြန်မာနှင့် အိန္ဒိယနိုင်ငံ၊ အရူနာချယ်ပရာဒက် ပြည်နယ် အရှေ့မြောက်ထောင့်တွင် နယ်နိမိတ် ရေးဆွဲခြင်းဖြစ်သည်။ တရုတ်က အရူနာချယ်ပရာဒက် ပြည်နယ်တခုလုံးနီးပါးကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ပြီး “တောင်တိဘက်” ဟုခေါ်ကာ တရုတ်တောင်းဆိုသည့် နယ်စပ်ဒေသနှင့် တရုတ်-အိန္ဒိယကို ပိုင်းခြားထားသည့် အမှန်တကယ် ထိန်းချုပ်ထားသော မျဉ်းအကြား နယ်စပ်ဒေသများ ပါဝင်သည်။

အိန္ဒိယ-မြန်မာ ဆက်ဆံရေးတွင်သာမက တရုတ်-မြန်မာဆက်ဆံရေးတွင်ပါ ခက်ခဲသော ပြဿနာအဖြစ် ဆက်လက် ကျန်ရှိနေသည်မှာ မြန်မာနှင့် အိန္ဒိယနိုင်ငံ၊ အရူနာချယ်ပရာဒက် ပြည်နယ် အရှေ့မြောက်ထောင့်တွင် နယ်နိမိတ် ရေးဆွဲခြင်းဖြစ်သည်။

တရုတ်ကပိုင်နက်အဖြစ် တောင်းဆိုသည့် အရူနာချယ် ပရာဒက်နယ်မြေနှင့် မြန်မာနှင့်ထိစပ်နေသည့် အိန္ဒိယအရှေ့မြောက်ပိုင်း နယ်စပ်ပြ မြေပုံ

ထို နှစ်နိုင်ငံတို့သည် ယနေ့ခေတ် အရူနာချယ်ပရာဒက်ဟု ယခုခေါ်သည့်ဒေသကို ထိန်းချုပ်ရေးအတွက် ခါးသီးသောစစ်ပွဲကို ၁၉၆၂ ခုနှစ်က တိုက်ခိုက်ခဲ့ကြပြီး အပြင်းထန်ဆုံးစစ်ပွဲများသည် အိန္ဒိယက အုပ်ချုပ်သည့် ဝလောင် ဒေသအနီးတွင် ဖြစ်ပွားသည်။ ၁၉၆၈ ခုနှစ် အမေရိကန်လေ့လာမှုတွင် “အရှေ့မြောက်နယ်စပ်အေဂျင်စီ (ယခု အရူနာချယ်ပရာဒက်) မှ အိန္ဒိယနယ်မြေများကို တရုတ်တောင်းဆိုမှုသည် အိန္ဒိယ-မြန်မာနယ်စပ် မြောက်ဘက်စွန်း တည်နေရာနှင့်ပတ်သက်ပြီး အရိပ်မည်း ထိုးကျနေသည်” ဟု ရေးသားထားသည်။

ထို့ကြောင့် အိန္ဒိယ-မြန်မာနယ်နိမိတ်မျဉ်း၏ စုစုပေါင်းအရှည်ကို ရေးသားရာတွင် ကိန်းဂဏန်းအမျိုးမျိုး တွေ့နေသည်မှာ မထူးဆန်းသော်လည်း မြန်မာအနေဖြင့် ထိုအငြင်းပွားမှုတွင် တရုတ်နှင့်အိန္ဒိယအကြား တဖက်ဖက်ကိုရွေးရန် ဖိအားပေးခံရနိုင်သောကြောင့် မြန်မာနှင့် တရုတ်အရာရှိများ တွေ့ဆုံသောအခါ မည်သည့်အခါမှ မဆွေးနွေးသောကိစ္စဖြစ်သည်။ နေပြည်တော်က အိန္ဒိယနှင့် နယ်စပ်မျဉ်းတခုလုံးကို အသိအမှတ် ပြုလိုက်ပါက ထိုမြောက်ပိုင်းနယ်စပ်သည် “တောင်တိဘက်” နှင့် ထိစပ်နေသည့် နယ်စပ်ဖြစ်ကြောင်း တရုတ်က ကန့်ကွက်မည်ဖြစ်သည်။

ပိုမိုပြင်းထန်သောအမြင်ကို တရုတ်စစ်တပ်မှ အငြိမ်းစား ဗိုလ်မှူးကြီး ကျုံ့ဘိုက မတ်လ ၉ ရက်နေ့ ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းသောအခါ “ကျနော်တို့က တောင်တိဘက်လို့ခေါ်တဲ့ အရူနာချယ်ပရာဒက် တခုလုံးဟာ အိန္ဒိယက တရားမဝင်သိမ်းထားတဲ့ ဒေသတွေဖြစ်တယ်။ ဒီကိစ္စက အပေးအယူ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး” ဟု ပြောသည်။ တရုတ်သည် “အရူနာချယ်ပရာဒက် ပြည်နယ်တခုလုံး” ကို ၎င်းတို့ပိုင်နက်အဖြစ် ယခင်က မတောင်းဆိုခဲ့ဖူးဘဲ ထိုအချက်သည် တရားဝင်မူဝါဒဖြစ်ပါက မြန်မာသည် အိန္ဒိယနှင့်သာမက တရုတ်နှင့်ပါ ဆက်ဆံရေးတွင် ပိုမိုအန္တရာယ်များသော အနေအထားသို့ ကျရောက်စေမည် ဖြစ်သည်။

မြန်မာသည် အိန္ဒိယနှင့် ရေကြောင်းနယ်နိမိတ်လည်း ချိတ်ဆက်နေသည်။ ထိုရေပိုင်နက် နယ်နိမိတ်မျဉ်းသည် ကပ္ပလီပင်လယ်တလျှောက်နှင့် အိန္ဒိယ၏ ကပ္ပလီကျွန်း၊ နီကိုဘာကျွန်းများနှင့် မြန်မာ ကိုကိုးကျွန်းများကို ခွဲခြားထားသည်။ အိန္ဒိယနှင့်မြန်မာ နယ်နိမိတ်ပြဿနာနှင့် ပတ်သက်ပြီး လုံးဝမှားယွင်းသည့် ဇာတ်လမ်းတခုကို ဆောင်းပါးရှင် ချယ်လန်နေက ထပ်မံတင်ပြပြန်သည်။

မြန်မာသည် အိန္ဒိယနှင့် ရေကြောင်းနယ်နိမိတ်လည်း ချိတ်ဆက်နေသည်။ ထိုရေပိုင်နက် နယ်နိမိတ်မျဉ်းသည် ကပ္ပလီပင်လယ်တလျှောက်နှင့် အိန္ဒိယ၏ ကပ္ပလီကျွန်း၊ နီကိုဘာကျွန်းများနှင့် မြန်မာ ကိုကိုးကျွန်းများကို ခွဲခြားထားသည်။

၂၀၀၈ ခုနှစ်၊ မေလက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းတွင် ကျင်းပသည့် မြန်မာကွန်ဖရင့်တခုတွင် တင်သွင်းသည့် စာတမ်း၌ “တရုတ်လုံခြုံရေး အေဂျင်စီများသည် ဘင်္ဂလားပင်လယ်အော်မှ ကိုကိုးကျွန်းများအနက် နှစ်ခုတွင် အီလက်ထရွန်းနစ်နှင့် ရေကြောင်းထောက်လှမ်းရေး အဆောက်အအုံများ ဖွင့်ထားသည်။ အိန္ဒိယသည် ကိုကိုးကျွန်းများကို မြန်မာသို့ ၁၉၅၀ ပြည့်နှစ်များတွင် လွှဲပြောင်းပေးပြီး ထို့နောက် မြန်မာက ထိုကျွန်းကို ၁၉၉၄ ခုနှစ်တွင် တရုတ်သို့ အငှားချထားသည်” ဟု ပြောသည်။

အလားတူ အချက်အလက်များကို အိန္ဒိယဝက်ဘ်ဆိုက် အများအပြားတွင် တွေ့ရသော်လည်း သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားသည်မှာ ထိုသို့မဟုတ်ပေ။ “မြန်မာ့ကိုကိုးကျွန်းများ-အိန္ဒိယသမုဒ္ဒရာမှ ကောလာဟလနှင့် ပကတိအခြေအနေ” (Burma’s Coco Islands: Rumours and Realities in the Indian Ocean) အမည်ရှိ ကျယ်ပြန့်သည့်အသေးစိတ် လေ့လာမှုတွင် သြစတြေးလျသား မြန်မာပညာရှင် အင်ဒရူးဆဲ့သ်က ကာလကတ္တားမှ ဗြိတိသျှကိုလိုနီအရာရှိများသည် ကိုကိုးကျွန်းမှ စီရင်ခွင့်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ထိုစဉ်က ဗြိတိသျှဘားမားသို့ ၁၈၈၂ ခုနှစ်တွင် လွှဲပြောင်းပေးကြောင်း ဖော်ပြထားသည်။ ထိုစဉ်က ကိုကိုးကျွန်းတွင် မီးပြတိုက်တခုထက် ပိုပြီး အခြားအရာ များများစားစား မရှိပေ။

မြန်မာသည် ၁၈၈၆ ခုနှစ်တွင် အိန္ဒိယ၏ ပြည်နယ်တခု ဖြစ်ခဲ့သော်လည်း ကိုကိုးကျွန်း၏ အဆင့်အတန်းသည် ပြောင်းလဲခြင်း မရှိပေ။ ၁၉၃၇ ခုနှစ်တွင် မြန်မာကို အိန္ဒိယမှ ခွဲထုတ်လိုက်သောအခါ သီးခြားကိုလိုနီနိုင်ငံတခု ဖြစ်လာပြီး ကိုကိုးကျွန်းစုများ-ကိုကိုးကြီး၊ ကိုကိုးလေးနှင့် ပတ်ဝန်းကျင်မှကျွန်းများသည် မြန်မာပိုင်နက်အဖြစ် ဆက်လက်ကျန်ရစ်သည်။

၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ကိုကိုးကျွန်းကို မြန်မာကပင် ဆက်လက်ပိုင်ဆိုင်ပြီး “ပဲခူးတိုင်း၊ ဟံသာဝတီခရိုင်၏ အစိတ်အပိုင်းအဖြစ် စီမံအုပ်ချုပ်သော်လည်း ၁၉၇၀ ပြည့်နှစ်များသို့ ရောက်သောအခါ အသစ်ဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်းသို့ လွှဲပြောင်းပေးလိုက်သည်” ဟု ဆဲ့သ်က ရေးသားသည်။

၁၉၆၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းတွင် ပင်မကိုကိုးကျွန်း၌ နိုင်ငံရေးအကျဉ်းသားများအတွက် အကျဉ်းစခန်းအဖြစ် အသုံးပြုသည်။ ထိုနိုင်ငံရေးအကျဉ်းသားများအနက် အများစုသည် တရားမဝင် ကြေညာခံထားရသည့် ဗကပ (CPB) နှင့် အခြားလက်ဝဲအဖွဲ့အစည်းများမှ ဖြစ်သည်။ အိန္ဒိယနှင့် မြန်မာအကြား ရေကြောင်းနယ်နိမိတ် အတိအကျကို ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရရှိသော နှစ်နိုင်ငံ သဘောတူညီချက်အရ ထူထောင်သည်။

တရုတ်သို့ ငှားရမ်းသည်ဆိုသည်ကိစ္စသည် မည်သို့ဖြစ်ခဲ့သနည်း။ ထိုအချက်သည်လည်း မှားယွင်းပြီး ၁၉၉၀ ပြည့်နှစ်များက ဖြစ်ပွားသောကိစ္စများကို လုံးဝချဲ့ကားခြင်းဖြစ်သည်။ ထိုစဉ်က တရုတ် ကျွမ်းကျင်သူများသည် မြန်မာ ရေတပ်အခြေစိုက်စခန်းများ ခေတ်မီရေးနှင့် အဆင့်မြှင့်တင်ရေးကို ကူညီလုပ်ကိုင်ပေးသည်။ ထိုသို့ကူညီရာတွင် ကျွန်းအများအပြား၌ ရေဒါများ တပ်ဆင်ပေးခြင်း ပါဝင်သည်။ တရုတ်ရေတပ်ဖွဲ့ဝင်များလည်း ခေတ္တရောက်လာပြီး မြန်မာရေတပ်ကို လျှပ်တပြက် တိုက်ခိုက်ရေး ဒုံးကျည်တင် Houxin နှင့် Hainan အတန်းအစားရေယာဉ်များနှင့် တရုတ်ထံမှ မြန်မာကဝယ်ထားသည့် အခြားရေယာဉ်များကို မည်သို့မောင်းနှင် အသုံးချရမည်ကို ပြသသည်။

သို့သော် တရုတ်ရေတပ်ဖွဲ့ဝင်များသည် မြန်မာတွင် အမြဲတမ်းတပ်စွဲထားသည် သို့မဟုတ် တရုတ်သည် မြန်မာတွင် စစ်စခန်းရှိသည်ဆိုသည့် မည်သည့်အထောက်အထားမှ မရှိပေ။ သေချာပေါက် ပြောနိုင်သောကိစ္စမှာ ဘင်္ဂလားပင်လယ်အော် အပါအဝင် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရေငုပ်သင်္ဘောများ အပါအဝင် ရေတပ်သင်္ဘောများ ပိုမိုကျူးကျော်လာခြင်း ဖြစ်သည်။

တရုတ်ရေတပ်ဖွဲ့ဝင်များသည် မြန်မာတွင် အမြဲတမ်းတပ်စွဲထားသည် သို့မဟုတ် တရုတ်သည် မြန်မာတွင် စစ်စခန်းရှိသည်ဆိုသည့် မည်သည့်အထောက်အထားမှ မရှိပေ။

ကိုကိုးကျွန်းမှ ထောက်လှမ်းရေး အဆောက်အအုံများ အပါအဝင် မြန်မာရေတပ်စခန်းအချို့တွင် တရုတ်ကပေးထားသည့်ရေဒါများဖြင့် ထောက်လှမ်းရေး အချက်အလက်များမှ အကျိုးခံစားရနိုင်သည်။ လန်ဒန်အခြေစိုက် မူဝါဒအင်စတီကျု Chatham House က စီမံသည့် ဝက်ဘ်ဆိုက်က ထိုကျွန်းပေါ်မှ တည်ဆောက်မှုသစ်များနှင့် ပတ်သက်ပြီး ဆောင်းပါးတစောင် ထုတ်ဝေလိုက်သောအခါ ကောလာဟလများ ပြန်လည်ပေါ်ပေါက်လာသည်။

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရောက်လာခြင်းသည် ဒေသတွင်းမှ အခြားအင်အားကြီးနိုင်ငံများနှင့် ပဋိပက္ခဖြစ်စေနိုင်သည့် ဖြစ်ရပ်ဖြစ်သည်။ အိန္ဒိယက အိန္ဒိယသမုဒ္ဒရာကို “သူပိုင်ရေကန်” အဖြစ် ယူဆပြီး ၎င်း၏ အင်အားကြီးမားသောရေတပ်သည် ကမ်းရိုးတန်းတလျှောက်မှ မြောက်မြားစွာသော ရေတပ်စခန်းများနှင့် ကိုကိုးကျွန်းအနီး ကပ္ပလီပင်လယ်မှ ရေတပ်စခန်းများမှတဆင့် ကင်းလှည့်နေသည်။

အမေရိကန်စစ်တပ်သည် ထိုဒေသတွင်းရှိ ဗြိတိသျှ အိန္ဒိယ သမုဒ္ဒရာမှ ဗြိတိန်၏နောက်ဆုံးနှင့် တခုတည်းသော ပိုင်ဆိုင်မှုဖြစ်သည့် ဒိုင်ဂို ဂါစီးယားတွင် ကြီးမားသော စစ်စခန်း ရှိသည်။ အမေရိကန် ပြည်ထောင်စုသည် ထိုကျွန်းကို ဗြိတိန်ထံမှ ငှားရမ်းထားပြီး ထိုစခန်းသည် ပင်လယ်ကွေ့စစ်ပွဲနှင့် အာဖဂန်မှ အမေရိကန် စစ်ဆင်ရေးများတွင် အရေးပါသောအခန်းမှ ပါဝင်သည်။

ဒိုင်ဂို ဂါစီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ စခန်းချထားသလို အဆင့်မြင့်ရေဒါ၊ အာကာသ ထောက်လှမ်းရေးနှင့် ဆက်သွယ်ရေးစခန်းတခု ရှိသည်။ တာဝေးဗုံးကြဲလေယာဉ် စစ်ဆင်ရေးများနှင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ပြန်လည်ဖြည့်တင်းရန်လည်း အသုံးပြုသည်။

ပြင်သစ်ကလည်း ၎င်းတို့၏ အိန္ဒိယသမုဒ္ဒရာကျွန်းများဖြစ်သည့် ရီယူနီယံကျွန်းနှင့် ကာဂူလန်ကျွန်းများတွင် စစ်ရေးတည်ဆောက်မှုနှင့် စစ်နှင့်ပတ်သက်သည့်လုပ်ငန်းများ အကြီးအကျယ်ချထားသည်။

သြစတြေးလျသည် အိန္ဒိယသမုဒ္ဒရာကျွန်းပိုင်နက် နှစ်ခုဖြစ်သည့် ခရစ္စမတ်ကျွန်းနှင့် ကိုကော့စ်ကျွန်း (မြန်မာမှ ကိုကိုးကျွန်း မဟုတ်) ကို ထိန်းချုပ်ထားသည်။ ၂၀၁၆ ခုနှစ်က သြစတြေးလျ ကာကွယ်ရေးဝန်ကြီးဌာန စက္ကူဖြူစာတမ်းတွင် ရေကြောင်းကင်းလှည့်များအား ထောက်ပံ့ရန်အတွက် ကိုကော့စ်ကျွန်းမှ လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ရန် ဖော်ပြထားသည်။ အိန္ဒိယသမုဒ္ဒရာဒေသတွင်း လုံခြုံရေးကို မြှင့်တင်မည့် အစီအစဉ်၏ အစိတ်အပိုင်းဖြစ်နိုင်သည်။

တရုတ်ကလည်း စူးအက်တူးမြောင်းနှင့် ပင်လယ်နီသို့ ဝင်ထွက်ပေါက်ဖြစ်သော အာဖရိက ဦးချိုဒေသမှ ဂျီဘူတီတွင် ပထမဆုံး နိုင်ငံခြားစစ်အခြေစိုက်စခန်း ဖွင့်ထားသည်။

မြန်မာ၏နယ်စပ်တလျှောက်၊ ဟိမဝန္တာနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဒေသတွင်းတင်းမာမှု မြင့်မားနေသည်။ သို့သော် ထိုအချက်များအားလုံးက ဒေသတွင်းလုံခြုံရေးကို ဒဏ္ဍာရီများ၊ သတင်းမှားများ၊ အကြီးအကျယ် ချဲ့ကားပြောဆိုမှုများအား အခြေမခံဘဲ စနစ်တကျ သရုပ်ခွဲရမည်ဖြစ်ကြောင်း ပြသနေသည်။

မြန်မာ၏နယ်စပ်တလျှောက်၊ ဟိမဝန္တာနှင့် အိန္ဒိယသမုဒ္ဒရာအတွင်း ဒေသတွင်းတင်းမာမှု မြင့်မားနေသည်။ သို့သော် ထိုအချက်များအားလုံးက ဒေသတွင်းလုံခြုံရေးကို ဒဏ္ဍာရီများ၊ သတင်းမှားများ၊ အကြီးအကျယ် ချဲ့ကားပြောဆိုမှုများအား အခြေမခံဘဲ စနစ်တကျ သရုပ်ခွဲရမည်ဖြစ်ကြောင်း ပြသနေသည်။

ကိုလိုနီအမွေအနှစ်များသည် ကိစ္စများကို ပိုမိုရှုပ်ထွေးစေနိုင်သော်လည်း ကိုကိုးကျွန်းနှင့် ကဘော်ချိုင့်ဝှမ်းသည် ၁၉ ရာစုကတည်းက မြန်မာပိုင်နက်များဖြစ်နေပြီး ယခုလည်း ထိုအတိုင်းသာဖြစ်နေကြောင်း ထင်ရှားသည်။ မြန်မာတွင် တရုတ်စစ်စခန်းမရှိဘဲ တရုတ်အကူအညီဖြင့် အဆင့်မြှင့်တင်ထားသော စစ်စခန်းများမှ မြန်မာရေတပ်က ရယူထားသည့် ထောက်လှမ်းရေး သတင်းများကို ဘေဂျင်းက ရနိုင် မရနိုင် မသေချာလှပေ။ တရုတ်နှင့်မြန်မာအကြားနှင့် အိန္ဒိယနှင့်မြန်မာအကြား နယ်နိမိတ်များကို ကြီးကြီးမားမား နယ်မြေလွှဲပြောင်းပေးမှုမရှိဘဲ ၁၉၆၀ ပြည့်နှစ်များကအတိုင်း သတ်မှတ်ထားသည်။

ကိုကိုးကျွန်းတွင် မည်သို့ ဖြစ်နေသနည်း

Google Earth မှ ရရှိနိုင်သည့် အချက်အလက်များအရ ကိုကိုးကျွန်းမကြီးပေါ်မှ လေယာဉ်ပြေးလမ်းကို ၁,၃၀၀ မီတာမှ ၂,၃၀၀ မီတာအထိ တိုးချဲ့လိုက်သည်။ ယခုနှစ် ဇန်နဝါရီလတွင် ထိုပြေးလမ်း၏ အနံကိုလည်း တိုးချဲ့လိုက်ပြီး လေယာဉ်ထားသည့် ဂိုဒေါင် နှစ်ခုကိုလည်း ထပ်မံတည်ဆောက်သည်။

အိန္ဒိယ-မြန်မာ ၁၉၈၆ ရေကြောင်းပိုင်နက် သဘောတူညီချက်

Chatham House ၏ မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာဖြစ်သည့် “ကိုကိုးကျွန်းမကြီးတွင် မြန်မာက သူလျှိုစခန်း တည်ဆောက်နေသလား” ဆိုသည့် အစီရင်ခံစာတွင် “လေယာဉ်ဂိုဒေါင်၏ အနံသည် ၄၀ မီတာနီးပါး ရှိသောကြောင့် ထည့်သွင်းနိုင်သည့် လေယာဉ်ကို အကန့်အသတ်ဖြစ်စေသော်လည်း ပိုမိုစွမ်းဆောင်ရည်မြင့်မားသည့် လေယာဉ်များကို ထားနိုင်ရန် ဖြစ်စေသည်” ဟု ဖော်ပြထားသည်။

တရုတ်သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေကြောင်းပိုင်နက်တွင် စောင့်ကြည့်ရန် စိတ်ဝင်စားနိုင်သည်ဆိုသည့် အချက်သည် မဖြစ်နိုင်သောအချက် မဟုတ်ပေ။ သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အကြောက်လွန်မှုလည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်သည်။

တရုတ်သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေကြောင်းပိုင်နက်တွင် စောင့်ကြည့်ရန် စိတ်ဝင်စားနိုင်သည်ဆိုသည့် အချက်သည် မဖြစ်နိုင်သောအချက် မဟုတ်ပေ။ သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အကြောက်လွန်မှုလည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်သည်။

လေဆိပ်မြောက်ဘက် ရေဒါစခန်းနှင့် အသစ်တည်ဆောက်ထားသည့် သင်္ဘောဆိပ်ဖြစ်ပုံရသော နေရာဘေးတွင် အဆောက်အအုံသစ်များကိုလည်း တွေ့ရသည်။ ကိုကိုးကျွန်းမကြီးနှင့် ၎င်းထက် များစွာ ပိုမိုသေးငယ်သည့် ဂျယ်ရီကျွန်းသို့ မြေသားလမ်းသစ်တခုလည်း ရှိလာသောကြောင့် “ကိုကိုးကျွန်းမကြီးမှ အဆောက်အအုံများကို အနာဂတ်တွင် တိုးချဲ့ရန် အစီအစဉ်ကို ညွှန်ပြ” နေသည်။ Chatham House အစီရင်ခံစာတွင် မပါသောအချက်မှာ လူမနေဘဲ သစ်တောထူသည့် ကိုကိုးလေးကျွန်းအလယ်တွင် ကြီးမားသော အဆောက်အအုံတခု တည်ဆောက်ထားခြင်း၊ ကမ်းခြေသို့ လမ်းဖောက်ထားခြင်းနှင့် ရဟတ်ယာဉ်ကွင်းနှစ်ခု တည်ဆောက်ထားခြင်း ဖြစ်သည်။

ထိုတည်ဆောက်ရေး စီမံကိန်းများနှင့် အဆောက်အအုံများအတွက် ကိရိယာအများအပြားသည် တရုတ်မှဖြစ်သည်၊ တရုတ်သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေကြောင်းပိုင်နက်တွင် စောင့်ကြည့်ရန် စိတ်ဝင်စားနိုင်သည်ဆိုသည့် အချက်သည် မဖြစ်နိုင်သောအချက် မဟုတ်ပေ။ သို့သော် ထိုကိစ္စသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ အကြောက်လွန်မှုလည်း တစိတ်တပိုင်းအားဖြင့် ဖြစ်နိုင်သည်။ သူသည် ရန်သူများ ပတ်လည်ဝိုင်းနေပြီး သူ၏အာဏာကို ခြိမ်းခြောက်သည်ဟု စိတ်ကူးပေါ်သည့် မည်သည့်တိုက်ခိုက်မှုမဆိုမှ ကာကွယ်ရန် သူတတ်နိုင်သမျှ လုပ်နေခြင်းသာ ဖြစ်သည်။ မည်သို့ဆိုစေ အချိန်ကသာ စကားပြောပေမည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Myanmar’s Borderlands are Home to Myths and Conflicts Rooted in Misunderstandings ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင်သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

UWSA ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဘာထူးလဲ

UWSA ၏ “ဝ” ပြည်နယ်တောင်းဆိုချက် စစ်ကောင်စီ သတ်မှတ်ပေးမှာလား

ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို

မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်

စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး

တရုတ် ကူညီခဲ့တဲ့ မြန်မာ-အိန္ဒိယ သူပုန်များ

ကိုကိုးကျွန်းရှိ သူလျှိုစခန်းအရေး အိန္ဒိယက မြန်မာနှင့် ထိပ်တိုက်တွေ့

Your Thoughts …
Tags: “ဝ”CPBKIAUWSAကချင်ပြည်နယ်ကပ္ပလီပင်လယ်ကဘော်ချိုင့်ဝှမ်းကိုကိုးကျွန်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတရုတ်တောင်တိဘက်ထောက်လှမ်းရေးနယ်စပ်ဒေသနယ်နိမိတ်ဗကပဗြိတိန်ဗြိတိသျှကိုလိုနီမဏိပူပြည်နယ်ရေကြောင်းပိုင်နက်ရေတပ်အခြေစိုက်စခန်းရှမ်းပြည်နယ်အမေရိကန်အရူနာချယ်ပရာဒက်ပြည်နယ်အိန္ဒိယအိန္ဒိယသမုဒ္ဒရာ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပန်ဆန်းမြို့လယ်တွင် တာဝန်ကျ ဝတပ်သားတဦးကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

မိုင်းတွင်းများ UWSA ပိတ်မည်ဆိုသောကြောင့် ခဲမဖြူ ဈေးခုန်တက်

ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved