• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မိုင်းတွင်းများ UWSA ပိတ်မည်ဆိုသောကြောင့် ခဲမဖြူ ဈေးခုန်တက်

by ဧရာဝတီ
18 April 2023
in စီးပွားရေး
A A
ပန်ဆန်းမြို့လယ်တွင် တာဝန်ကျ ဝတပ်သားတဦးကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

ပန်ဆန်းမြို့လယ်တွင် တာဝန်ကျ ဝတပ်သားတဦးကို ၂၀၁၉ ခုနှစ်အတွင်း တွေ့ရစဉ် / ဧရာဝတီ

5.4k
VIEWS
Share on FacebookShare on Twitter

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဩဂုတ်လမှ စတင်ကာ ၎င်း၏ ထိန်းချုပ်နယ်မြေများရှိ မိုင်းတွင်းများကို လုပ်ငန်းဆောင်ရွက်ခြင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြား ပြောကြားပြီး ခဲမဖြူဈေးသည် ယမန်နေ့ တနင်္လာနေ့တွင် ၁၂ ရာခိုင်နှုန်းခန့် ဈေးတက်သွားသည်။

ကမ္ဘာ့အကြီးဆုံး သန့်စင်ပြီး သံဖြူထုတ်လုပ်သည့် အိမ်နီးချင်း တရုတ်နိုင်ငံတွင် ခဲမဖြူဈေးသည် ၁၂ ရာခိုင်နှုန်း တက်လာပြီး နှစ်လနီးပါးအတွင်း အမြင့်ဆုံးသို့ တက်သွားခဲ့ကြောင်း ရိုက်တာသတင်းက ရေးသည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ခဲမဖြူ သတ္တုရိုင်းတင်သွင်းမှု ၇၇ ရာခိုင်နှုန်းမှာ မြန်မာမှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်သော ခဲမဖြူ အများစုသည် ဝပြည်နယ်ရှိ မိုင်းတွင်းများမှ ရရှိသည်ဟု နိုင်ငံတကာ ခဲမဖြူအသင်း the International Tin Association က ဆိုသည်။

“၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စ၍ တူးဖော်ခြင်း၊ တူးဖော်ခြင်းနှင့် စီမံဆောင်ရွက်ခြင်း အပါအဝင် မိုင်းတွင်းလုပ်ငန်းများကို ရပ်ဆိုင်းထားမည်” ဟု ဝပြည်နယ် ဗဟိုစီးပွားရေး စီမံကိန်း ကော်မတီက ဧပြီလ ၁၅ ရက်နေ့က တရုတ်ဘာသာနှင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးထားသည်။

ယင်းသို့ လုပ်ဆောင်ရခြင်းသည် လက်ကျန် သဘာဝ သယံဇာတ အရင်းအမြစ်များကို ကာကွယ်ရန်ဖြစ်ပြီး စာချုပ်များ ဆက်လက်ချုပ်ဆိုထားသည့် ကုမ္ပဏီများသည် နောက်ထပ် သုံးလအထိ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ဆဲဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။

UWSA ၏ ပြင်ပဆက်ဆံရေးဌာနမှ တာဝန်ရှိသူတဦးဖြစ်သူ ဦးညီရမ်းက အဆိုပါစာရွက်စာတမ်း၏ စစ်မှန်ကြောင်း အတည်ပြုခဲ့သည်။

UWSA သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်ရှိ အရေးပါသော နယ်မြေများကို ထိန်းချုပ်ထားပြီး အများစုမှာ တရုတ်နိုင်ငံနှင့် နယ်စပ်တစ်လျှောက်တွင်ဖြစ်ပြီး ထိုင်းနယ်စပ်အနီးတွင်လည်း ထိန်းချုပ်ထားသည်။

ခဲမဖြူဈေးသည် နှစ်လနီးပါးအတွင်း အမြင့်ဆုံးသို့ တက်သွားခဲ့သည်

ရှန်ဟိုင်း ကြိုတင် အရောင်းအဝယ်ဈေးကွက် Shanghai Futures Exchange တွင် မေလအတွင်း အရောင်းအဝယ်အများဆုံးဖြစ်သော သန့်စင်ပြီး သံဖြူ တတန်လျှင် ယွမ် ၂၁၈,၇၀၀ (ဒေါ်လာ ၃၁,၈၂၅.၂၆) သို့ ၁၂ ရာခိုင်နှုန်း ခုန်တက်သွားပြီး၊ ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်သည်။

“ဝပြည်နယ်သည် မြန်မာနိုင်ငံတွင် ခဲမဖြူမိုင်း အများဆုံးထွက်ရှိရာ ဒေသဖြစ်ပြီး ၎င်း၏ထွက်ကုန်အများစုကို တရုတ်နိုင်ငံသို့ တင်ပို့သည်။ သတ္တုတူးဖော်ခြင်းကို ပိတ်ပင်ခြင်းသည် ယခင်ကတည်းက တင်းကျပ်သော ခဲမဖြူ မိုင်းများမှ ထောက်ပို့မှုကို ပိုမို တင်းကျပ်စေမည်မှာ သေချာသည်” ဟု ပွဲစား Xinhu Futures က အစိုးရပိုင် ရှန်ဟိုင်းအာမခံသတင်း Shanghai Securities News မှ ပြောကြားချက်ကို ကိုးကားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး သန့်စင်ပြီး သံဖြူထုတ်လုပ်သူ ယူနန်ခဲမဖြူကုမ္ပဏီလီမီတက် Yunnan Tin Co Ltd ၏ ရှယ်ယာများသည် ကိုးလအတွင်း အမြင့်ဆုံး ၁၆ ဒသမ ၈၅ ယွမ်အထိ ၁၀ ရာခိုင်နှုန်း ခုန်တက်သွားသည်။

ဝပြည်နယ်အတွင်းက ခဲမဖြူသတ္တုတွင်းတတွင်း

“ကြေငြာချက်ဟာ ဝပြည်နယ် သတ္တုတွင်းလုပ်ငန်းကို စနစ်တကျနဲ့ ဖွဲ့စည်းတည်ဆောက်ဖို့ လိုအပ်တယ်လို့ ယူဆပုံရပါတယ်။ ‘ဝ’ က မြန်မာနိုင်ငံ ထုတ်လုပ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်” ဟု International Tin Association မှ ဂျယ်ရမီပီယပ်စ် Jeremy Pearce က ပြောသည်။

တရုတ်နိုင်ငံရှိ သန့်စင် သိုလှောင်ထားပြီး ဖြစ်သော သံဖြူများက ကြားခံပံ့ပိုးပေးနိုင်မည်ဟု Pearce က ပြောသည်။ ရှန်ဟိုင်း ကြိုတင် အရောင်းအဝယ်ဈေးကွက် Shanghai Futures Exchange တွင် သံဖြူသိုလှောင်မှုမှာ ဧပြီလ ၇ ရက်နေ့တွင် ၉,၂၁၁ တန်ရှိခဲ့ပြီး၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် တန်ချိန် ၉,၀၅၆ သို့ အနည်းငယ် လျော့သွားခဲ့သည်။

သံဖြူကို အီလက်ထရွန်းနစ်နှင့် ဆီမီးကွန်ဒတ်တာ ကဏ္ဍများတွင် အဓိက အသုံးပြုသည်။

(၁ ဒေါ်လာ = ၆.၈၇၁၉ ယွမ်)

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
4
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
13
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
30
ကိုးကား။ ။ Reuters သတင်း Tin price jumps as major mining hub in Myanmar plans crackdown

You may also like these stories :

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

တရုတ်၏ မဟာဗျူဟာခြေလှမ်းနှင့် မြန်မာပြည်ခုခံစစ်ပွဲ

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

Your Thoughts …
Tags: UWSAခဲမဖြူဈေးခုန်တက်မိုင်းတွင်းများ ပိတ်မည်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

by ကိုဦး
12 April 2023
57.6k

နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်။

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲမှု နှစ် ၃၀ ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလက ပန်ဆန်းတွင် ကျင်းပစဉ် လုံခြုံရေးယူနေသည့် UWSA စစ်သားတဦး / AFP

ဝ အကြောင်းကို ကောင်းစွာနားလည်စေမည့် စာအုပ်

by Bertil Lintner
15 June 2023
11.7k

ဝ သည် စစ်ကောင်စီနှင့်သာမက အာဏာသိမ်းပြီးနောက် ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ဒီမိုကရေစီအင်အားစုများဖြင့် ထူထောင်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်လည်း ဆက်သွယ်ထားသည်။

SSPP အမျိုးသမီးတပ်များ၏ စစ်ရေးပြလှုပ်ရှားမှု / SS-Army

စစ်ကောင်စီ ဆုပ်လည်းစူး စားလည်းရူးရတဲ့ ရှမ်းပြည်တောင်ပိုင်း

by မိုးစက်ငြိမ်းချမ်း
4 July 2023
21k

ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်း SSPP နှင့် ဝ UWSA တပ်ဖွဲ့များပြဿနာသည် မြန်မာစစ်တပ်အတွက် ဆုပ်စူး၊ စားရူးသည့်အခြေအနေမျိုး ဆိုက်နေသည်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက မင်းအောင်လှိုင်အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုးကိုင်ထားပုံ သရုပ်ဖော်ပုံကို ကိုင်ဆောင်ထားစဉ် / AFP

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

by Igor Blazevic
28 March 2023
13.7k

တရုတ်၏ ရည်မှန်းချက်များ၊ အခြားနိုင်ငံတကာဇာတ်ဆောင်များက မြန်မာအကျပ်အတည်းတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်တို့ကို ဆွေးနွေးထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံစဉ်

တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ

by သက်ထားမောင်
18 March 2023
8.3k

တရုတ်နယ်စပ်မှ တပ်များထုတ်နုတ်နိုင်ခြင်းသည် "အာမခံချက်တခု" ကြောင့်သာ ဖြစ်နိုင်ပေ၏။

ယူနန်ခရိုင်၊ ရွှေလီရှိ တရုတ်-မြန်မာနယ်စပ်ကို တရုတ်ဘက်အခြမ်းမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် တွေ့ရစဉ် / AFP

ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ

by Bertil Lintner
18 April 2023
8.2k

တရုတ်သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ရေကြောင်းပိုင်နက်တွင် စောင့်ကြည့်ရန် စိတ်ဝင်စားနိုင်သည်ဆိုသည့် အချက်သည် မဖြစ်နိုင်သောအချက် မဟုတ်ပေ။

Next Post
ရွှေကူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ / ShweGu PDF

ရွှေကူအရှေ့ခြမ်း စစ်ရှောင် တသောင်းကျော် အကူအညီများ လိုအပ်နေ

ဖလမ်း-ဟားခါး ကားလမ်းတိုက်ပွဲတွင် တိုက်ခိုက်ခံရ၍ ပျက်စီးသွားသည့် စစ်ကောင်စီယာဉ်တန်း / CJ

ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved