• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီ အကြမ်းဖက်မှုအောက် အညာက အလှူပွဲတွေ တိတ်ဆိတ်

by ယုဇန
13 April 2023
in ဆောင်းပါး
A A
၂၀၁၇ ခုနှစ်၊ မတ်လက မန္တလေးတိုင်း၊ မြင်းကပါရွာတွင် ပြုလုပ်သည့် ရှင်လောင်းလှည့်ပွဲ / AFP

၂၀၁၇ ခုနှစ်၊ မတ်လက မန္တလေးတိုင်း၊ မြင်းကပါရွာတွင် ပြုလုပ်သည့် ရှင်လောင်းလှည့်ပွဲ / AFP

7.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက နေအိမ်များကို မီးလောင်တိုက်သွင်းနေသည့်အပြင် မြိန်ရည်ရှက်ရည် သတ်ဖြတ်နေသောကြောင့် မြန်မာပြည်သူများသည် အသက်ဆုံးရှုံးရုံသာမက စစ်ကောင်စီသည် လူမှုအသိုက်အဝန်းများကို အကြမ်းဖက်နေသောကြောင့် အရေးပါသည့် ရိုးရာအစဉ်အလာ ဘာသာရေးဓလေ့ထုံးတမ်းများပါ တိတ်ဆိတ်နေသည်။

အရေးပါသော ဘာသာရေး ရိုးရာအစဉ်အလာများအနက် ဆိုင်းငံ့ထားရသည့်တခုမှာ ရှင်ပြုအခမ်းအနားများ ဖြစ်သည်။ အသက် ၂၀ အရွယ်အောက် ယောကျ်ားလေးများအား ဘုန်းကြီးကျောင်းတွင် သာသနာဘောင်သွတ်သွင်းသည့် ထေရဝါဒဗုဒ္ဓဘာသာ အစဉ်အလာသည် သားယောကျ်ားလေး မွေးဖွားထားသည့် မြန်မာဗုဒ္ဓဘာသာ မိဘများအားလုံး လုပ်ဆောင်ပေးရမည့် ရာစုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော ဘာသာရေးဓလေ့ထုံးစံ ဖြစ်သည်။

အသက် ၃၉ နှစ်ရှိပြီဖြစ်သော ကိုဇာနည်ဟိန်းနှင့် သူ၏ဇနီးတို့သည် မိဘများ ထမ်းဆောင်ရမည့် အရေးအကြီးဆုံးတာဝန်ကို ဖြည့်ဆည်းရန် လွန်စွာဆန္ဒရှိနေကြသော်လည်း စစ်အာဏာသိမ်းမှုက ၎င်းတို့ရည်မှန်းချက်ကို အတားအဆီးဖြစ်စေသည်။

ကိုဇာနည်ဟိန်းသည် သူ၏တဦးတည်းသောသား ရှင်ပြုပွဲကို စောင့်နေရသည်မှာ သုံးနှစ်နီးပါးကြာပြီ ဖြစ်သည်။ အသက် ၃၉ နှစ်ရှိပြီဖြစ်သော ကိုဇာနည်ဟိန်းနှင့် သူ၏ဇနီးတို့သည် မိဘများ ထမ်းဆောင်ရမည့် အရေးအကြီးဆုံးတာဝန်ကို ဖြည့်ဆည်းရန် လွန်စွာဆန္ဒရှိနေကြသော်လည်း စစ်အာဏာသိမ်းမှုက ၎င်းတို့ရည်မှန်းချက်ကို အတားအဆီးဖြစ်စေသည်။

သူသည် စစ်အာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သည့် စိုက်ပျိုးရေးဌာန ဝန်ထမ်းတဦးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှ ကျေးရွာတရွာတွင် နေထိုင်သည်။ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီက လွန်ခဲ့သောနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်သောကြောင့် လူ နှစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

လတ်တလောတွင် ၎င်းတို့မိသားစုနှင့် အခြားကျေးရွာသားများသည် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုကို ကြောက်လန့်စွာ နေထိုင်ကြရသည်။ ထို့ကြောင့် သူသည် သားဖြစ်သူအသက် ၁၁ နှစ်ရှိသည့်တိုင် ရှင်ပြုမပေးလိုသေးပေ။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
36
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
29
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
224

သူ၏ရည်ရွယ်ချက်မှာ ဘိုးဘွားများ နှစ်ပေါင်းများစွာက ပြုလုပ်ခဲ့သည့်အတိုင်း အလှူအတန်း အကြီးအကျယ်ပေးပြီး ဆိုင်းဝိုင်းငှား ဖျော်ဖြေရန်ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်က အာဏာသိမ်းပြီးနောက် ထိုအစီအစဉ်ကို ပယ်ဖျက်လိုက်ရသည်။

“စစ်တပ်က ကျနော်တို့ဒေသမှာ ကျူးလွန်နေတဲ့ သတ်ဖြတ်မှု၊ မီးရှို့မှုနဲ့ အဖျက်လုပ်ငန်းတွေကြောင့် ကျနော် ရှင်ပြုပွဲ မကျင်းပနိုင်တော့ဘူး”

“စစ်တပ်က ကျနော်တို့ဒေသမှာ ကျူးလွန်နေတဲ့ သတ်ဖြတ်မှု၊ မီးရှို့မှုနဲ့ အဖျက်လုပ်ငန်းတွေကြောင့် ကျနော် ရှင်ပြုပွဲ မကျင်းပနိုင်တော့ဘူး” ဟု ကိုဇာနည်ဟိန်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ကိုဇာနည်ဟိန်း၏အတွေ့အကြုံသည် မြန်မာဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ပါဝင်သည့် အထက်မြန်မာနိုင်ငံ အညာဒေသခံများ လက်ရှိခံစားနေရသည့် အခြေအနေကို ထင်ဟပ်နေသည်။

စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုများကြောင့် အတိုင်းအဆမရှိသော ဆုံးရှုံးမှုများ ခံစားနေရသဖြင့် စစ်ကောင်စီဆန့်ကျင်ရေး အမာခံဒေသဖြစ်သော အညာမှဒေသခံများသည် ရှင်ပြုရဟန်းခံပွဲများ မကျင်းပနိုင်ကြတော့ပေ။

မန္တလေးတိုင်း၊ မြင်းကပါရွာ ရှင်ပြုပွဲမှ မောင်ရှင်လောင်းတဦးကို ၂၀၁၇ ခုနှစ်၊ မတ်လက တွေ့ရစဉ် / AFP

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော အညာဒေသခံများသည် နေအိမ်များ၊ ကောက်ပဲသီးနှံများ၊ ယက်ကန်းစင်များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ကိရိယာများမှသည် အရာရာကို ဆုံးရှုံးနေသည်။

လွတ်လပ်သော သုတေသီများအဖွဲ့ဖြစ်သည့် Data for Myanmar ၏ စာရင်းများအရ အညာဒေသမှ အိမ်ပေါင်း ၅၇,၁၈၃ လုံးကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ကြောင်းသိရသည်။ ထိုအရေအတွက်မှာ တနိုင်ငံလုံးတွင် မီးရှို့ခံရသော အရပ်သားအိမ်အရေအတွက်၏ ၉၄ ရာခိုင်နှုန်းရှိသည်။ အညာတွင် စစ်ကိုင်းတိုင်းသည် အဆိုးရွားဆုံးခံစားရသော ဒေသဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ စာရင်းများအရ ထိုတိုင်းတွင် အရပ်သားနေအိမ်ပေါင်း ၄၇,၇၇၈ လုံး မီးရှို့ခံရသည်။

အလှူမဲ့ ရာသီ

အလှူဆိုသည်မှာ အထက်မြန်မာနိုင်ငံတွင် ယေဘုယျအားဖြင့် ရှင်ပြုခြင်းကို ရည်ညွှန်းသည့် ဒေသအသုံးအနှုန်း ဖြစ်သည်။

ထုံးစံအားဖြင့် အလှူပွဲသည် ရပ်ရွာတွင် ထမင်းရေချောင်းစီး လှူဒါန်းကျွေးမွေးပြီး ရှင်သာမဏေ သီတင်းသုံးမည့် ဘုန်းကြီးကျောင်းနှင့် ရဟန်းတော်များသို့ လှူဒါန်းဆက်ကပ်မှုများ ပါဝင်သည်။

ယေဘုယျအားဖြင့် မြန်မာပြည်သူများသည် မြန်မာ့ရိုးရာနှစ်သစ်ကူး အားလပ်ရက်များနှင့် တိုက်ဆိုင်ပြီး မတ်လနှင့် ဧပြီလများတွင် အလှူအတန်းများ ပြုလုပ်ကြသည်။

ယေဘုယျအားဖြင့် မြန်မာပြည်သူများသည် မြန်မာ့ရိုးရာနှစ်သစ်ကူး အားလပ်ရက်များနှင့် တိုက်ဆိုင်ပြီး မတ်လနှင့် ဧပြီလများတွင် အလှူအတန်းများ ပြုလုပ်ကြသည်။ မြန်မာတွင် ရှင်ပြုရဟန်းခံခြင်းသည် ကုသိုလ်အများဆုံးရသည့် ဗုဒ္ဓဘာသာထုံးစံတခုဖြစ်သည်ဟု ခံယူသောကြောင့် သားယောကျ်ားများကို ဘုန်းကြီးကျောင်းများတွင် ရှင်သာမဏေပြုစေကြသော မိသားစုများသည် ၎င်းတို့အလှူအောင်မြင်မှုအတွက် အလွန် ဂုဏ်ယူကြသည်။

အညာပြည်သူများသည် အလှူကို ကျေးလက်ဂီတ အကအခုန်များဖြင့် ခမ်းခမ်းနားနား ကျင်းပတတ်သောကြောင့် အလှူသည် အထက်မြန်မာနိုင်ငံတွင် ကျော်ကြားသည်။ ဒေသခံများသည် အလှူမတိုင်မီ လအတန်ကြာကပင် ဆန်နှင့် ချက်ပြုတ်စရာများ ကြိုတင်စုဆောင်းရသောကြောင့် အလှူသည် ဒေသခံများ၏ လူမှုအသိုက်အဝန်းစိတ်ဓာတ်ကို ဖော်ပြနေသည်။ ၎င်းတို့သည် အလှူမတိုင်မီ တလအလိုကတည်းက တာဝန်များကို ခွဲဝေကြပြီး ဧည့်သည်များအတွက် အစားအသောက် ချက်ပြုတ်ခြင်း၊ အလှူမဏ္ဍပ်ထိုးခြင်း စသည့်လုပ်ငန်းများကို ရွာသားများအားလုံးအကြားတွင် ခွဲဝေလုပ်ဆောင်ကြသည်။

“အလှူမလုပ်ခင် တလလောက်ကတည်းက ရွာသားတွေက ကြိုပျော်နေကြတာ” ဟု ယင်းမာပင်မြို့နယ်တွင် နေထိုင်သူ ဦးမြတ်စိန်က ပြောသည်။

အာဏာမသိမ်းမီက အညာဒေသတွင် အလှူပွဲများနှင့် ဗျောသံများဖြင့် ပြည့်လျှံနေကြောင်း ၎င်းကပြောသည်။ ဗျောဆိုသည်မှာ အလှူအခမ်းအနားများတွင် စည်တော်ဖြင့်တီးခတ်သည့်ဂီတ ဖြစ်သည်။

“အညာမှာ စည်တော်နဲ့ ဗျောသံမကြားရတာ တော်တော်လေးကြာသွားပြီ”

“အညာမှာ စည်တော်နဲ့ ဗျောသံမကြားရတာ တော်တော်လေးကြာသွားပြီ” ဟု အသက် ၅၇ နှစ် ရှိပြီ ဖြစ်သော ကျောင်းဆရာ ဦးမြတ်စိန်က ပြောသည်။

အညာသားများအတွက် ကပ်ဆိုး

၎င်းတို့၏ဘဝများကို စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သောကြောင့် အညာပြည်သူများသည် ရာသီပွဲများ၊ ဘာသာရေးအလှူအတန်းများ မလုပ်နိုင်တော့ကြောင်း မကွေးတိုင်း၊ မြိုင်မြို့နယ်မှ မတင်စိန်က ပြောသည်။

၂၀၁၇ ခုနှစ်၊ မတ်လက မန္တလေးတိုင်း၊ မြင်းကပါရွာတွင် ပြုလုပ်သည့် ရှင်ပြုပွဲမစမီ ရှင်ပြုမဏ္ဍပ်သို့ လာရောက်ကြသည့် ဆွေမျိုးများ / AFP

အသက် ၃၀ ကျော်အမျိုးသမီး မတင်စိန်တွင် ကလေး နှစ်ဦးရှိပြီး စစ်ကောင်စီတပ်များ၏ စီးနင်းတိုက်ခိုက်မှုများနှင့် မကြာခဏ မီးရှို့တိုက်ခိုက်မှုများကြောင့် တောတွင်းတွင်သာ နေထိုင်နေရသည်မှာ တနှစ်ခန့်ရှိပြီဖြစ်သည်။ သူ၏ကျေးရွာသည် မြိုင်မြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး မီးရှို့တိုက်ခိုက်မှု နှစ်ကြိမ်ခံထားရကာ သူ၏အိမ်အပါအဝင် အိမ်အလုံးပေါင်း တရာခန့် လုံးဝလောင်ကျွမ်းပြာကျသွားသည်။

“ပြေးလွှားနေရလို့ အလှူလို ဘာသာရေးကိစ္စတွေကို ကျမတို့ မလုပ်နိုင်တော့ဘူး” ဟု မတင်စိန်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။

စစ်ကောင်စီ၏ မီးရှို့တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို ဒေသခံများသာမက သံဃာတော်များပါ ခံရကြောင်း စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ ကျေးရွာတရွာမှ သံဃာတပါးက မိန့်သည်။ ထိုဆရာတော်၏ ဇာတိကျေးရွာသည် စစ်ကောင်စီမီးရှို့တိုက်ခိုက်မှုနှစ်ကြိမ်ခံရပြီး တရွာလုံးနီးပါး အိမ်ခြေ ၁,၀၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။

ဒေသခံများသည် သံဃာတော်များအတွက် နေ့တိုင်း ဆွမ်းမလောင်းနိုင်တော့သောကြောင့် သံဃာတော်များသည် ကိုယ်တိုင် ချက်ပြုတ်စားသောက်နေရသည်။

ဒေသခံများသည် သံဃာတော်များအတွက် နေ့တိုင်း ဆွမ်းမလောင်းနိုင်တော့သောကြောင့် သံဃာတော်များသည် ကိုယ်တိုင် ချက်ပြုတ်စားသောက်နေရသည်။ အာဏာမသိမ်းမီက ဆရာတော်၏ ကျေးရွာတွင် တနှစ်လျှင် ရှင်ပြုပွဲ တဒါဇင် အနည်းဆုံးရှိသည်။ အရာတော်မြို့နယ်မှ ဆရာတော်၏ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများသည် စစ်ကောင်စီတပ်များ၏ စီးနင်းတိုက်ခိုက်မှုကြောင့် သုဿန်တစပြင်သဖွယ် တိတ်ဆိတ်နေကြောင်း ဆရာတော်က မိန့်သည်။

“ရှင်ပြုပွဲအကြီးအကျယ် ကျင်းပနိုင်လောက်အောင် ချမ်းသာတဲ့သူတွေတောင်မှ စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုကြောင့် အလှူမပေးနိုင်တော့ဘူး” ဟု ဆရာတော်က ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။

မြန်မာဗုဒ္ဓဘာသာပြည်သူများသည် ထုံးစံအားဖြင့် အလှူဒါန ပြုလုပ်ရန် လက်မတွန့်သော်လည်း ယခုလောလောဆယ်တွင် ၎င်းတို့သည် ဘဝတွင် အခက်ခဲဆုံးအချိန်ကို ဖြတ်သန်းနေရပြီး အမှောင်ခေတ်တွင် ရှင်သန်ရန်သာ ကြိုးစားနေရကြောင်း ယင်းမာပင်မြို့နယ်မှ သက်တော် ၅၀ ကျော်အရွယ် ဆရာတော်တပါးက မိန့်သည်။

“ကျေးရွာတွေကို မီးရှို့တယ်။ ရွာသားတွေက ထွက်ပြေးနေရတော့ အလှူအတန်း မလုပ်နိုင်ကြတော့ဘူး” ဟုလည်း ဆရာတော်က ဧရာဝတီသတင်းဌာနသို့ မိန့်သည်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးကျေးရွာကို စစ်ကောင်စစ်တပ်က စီးနင်းတိုက်ခိုက် မီးရှို့ခဲ့သည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်က တွေ့ရစဉ် / ဝက်လက်မြို့နယ် လူထုသပိတ် ကော်မတီ

အဆိုးထဲမှအကောင်း

၎င်းတို့သည် စစ်ကောင်စီ၏အကြမ်းဖက်မှုများကို ကြံ့ကြံ့ခံပြီး တဦးအပေါ်တဦး မှီခိုအားထားလာကြောင်း အထက်ပါ အညာဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုနှင့် မီးရှို့တိုက်ခိုက်မှုများကို ခံရပြီးနောက် ကျေးရွာသားများသည် တဦးကိုတဦး မှီခိုအားထားကာ ၎င်းတို့တွင်ရှိသည့် အရာရာကို အခြားသူများအတွက် မျှဝေပေးလာကြသည်။

အခြားပြည်နယ်နှင့်တိုင်းများမှ ပြည်သူများနှင့်မတူဘဲ အညာပြည်သူများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို အာဏာမသိမ်းမီက မကြုံဖူးသလောက်ဖြစ်ကြောင်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ ဒေသခံ ဦးကျော်မိုးက ပြောသည်။ ယခုအခါ တနေရာရာတွင် အိမ်တလုံး မီးရှို့ခံရပါက ၎င်းတို့သည် ကိုယ့်အိမ်မီးရှို့ခံရသည့်သဖွယ် ခံစားတတ်လာကြသည်။

“ရွာတရွာ မီးရှို့ခံရရင် ကျန်တဲ့ရွာတွေက အစားအသောက်၊ ရေ၊ ကျွဲစာနွားစာ ဝေမျှဖို့ အဆင်သင့်ပဲ။ ဒါဟာ ဒီခေတ်အဆိုးထဲကရတဲ့ အကောင်းပဲ”

“ရွာတရွာ မီးရှို့ခံရရင် ကျန်တဲ့ရွာတွေက အစားအသောက်၊ ရေ၊ ကျွဲစာနွားစာ ဝေမျှဖို့ အဆင်သင့်ပဲ။ ဒါဟာ ဒီခေတ်အဆိုးထဲကရတဲ့ အကောင်းပဲ” ဟု ဦးကျော်မိုးက ဧရာဝတီသို့ ပြောသည်။

ဗျောနှင့် စည်တော် အညာသို့ တကျော့ပြန်

အညာဒေသခံအများအပြားသည် စစ်ကောင်စီဖိနှိပ်မှုကို ခုခံရင်း ပြည်သူ့တော်လှန်ရေး အောင်မြင်သောအခါ အလှူကြီးအတန်းကြီး ပေးနိုင်မည်ဟု မျှော်လင့်နေကြသည်။

စစ်ကောင်စီသည် မြေလှန်မီးရှို့သည် စစ်ဆင်ရေးဖြင့် ၎င်းတို့ဘဝများကို ဖျက်ဆီးနေစေကာမူ အညာပြည်သူများ၏ တော်လှန်ရေးစိတ်ဓာတ်သည် ခိုင်မာနေဆဲဖြစ်သည်ဟု မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှ အသက် ၂၉ နှစ် အရွယ်အမျိုးသမီးတဦးက ပြောသည်။

“စစ်ကောင်စီက အုပ်ချုပ်နေသမျှ ရှင်ပြုပွဲမလုပ်ဘူးလို့ အများစုက ဆုံးဖြတ်ထားတယ်”

“စစ်ကောင်စီက အုပ်ချုပ်နေသမျှ ရှင်ပြုပွဲမလုပ်ဘူးလို့ အများစုက ဆုံးဖြတ်ထားတယ်” ဟု မြင်းခြံဒေသခံတဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

အချို့သောသူများသည် အသေးစားရှင်ပြုများ ပြုလုပ်ကြသော်လည်း ခမ်းခမ်းနားနားလှူဒါန်းသည့် အလှူပွဲများ မကျင်းပဘဲ အခြားသူများ၏ ဆုံးရှုံးမှုများကို စာနာနားလည် လေးစားသည့်အနေဖြင့် တိတ်ဆိတ်စွာ ပြုလုပ်ကြောင်း ဦးကျော်မိုးက ပြောသည်။

ယင်းမာပင်မှ ကိုဇာနည်ဟိန်းသည် သူ့သားကို ရှင်ပြုပွဲကျင်းပရန်အတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်မည့်အချိန်ကို စောင့်နေသည်။

သူ၏ဆုံးဖြတ်ချက်ကို ရှင်းပြသောအခါ သူ့အသံများအက်ကွဲနေသည်။ သူ့သား အိမ်ထောင်ပြုသည့် အရွယ်သို့ ရောက်သွားစေကာမူ ဆက်လက် စောင့်ဆိုင်းနေမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျနော်တို့အနိုင်ရပြီးတဲ့အခါ အလှူကြီးပေးမယ်” ဟု ကိုဇာနည်ဟိန်းက ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yuzana ၏ Traditional Rituals on Hold as Junta Troops Ravage Myanmar’s Buddhist Heartland ကို ဘာသာပြန်သည်။)

You may also like these stories:

လက်ခတ်သံတွေ ပြန်ကြားရနိုင်ပါစေ

ပြာပုံကြားက အညာသားများကို ထန်းတဲများလှူဒါန်းနိုင်သည်

လယ်သမားဘဝမှ စစ်ရှောင်ဘဝဆီသို့

ဆုံးရှုံးမှုများ ခါးစည်း ရင်ဆိုင်နေကြရသော တောင်သူများ

စစ်ကိုင်း၌ PDF နှင့် ဆက်သွယ်သည်ဆိုကာ ကျောင်းထိုင်ဆရာတော် အပါအဝင် ၁၂ ဦး ဖမ်းခံရ

စစ်ကောင်စီက မြန်မာနိုင်ငံကို မီးကုန်ယမ်းကုန် ပြည်တွင်းစစ်ထဲ ဆွဲခေါ်နေသည်

Your Thoughts …
Tags: CDMစစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းမှုတော်လှန်ရေးဓလေ့ထုံးတမ်းဘာသာရေးမီးရှို့မှုရက်စက်ကြမ်းကြုတ်မှုရှင်ပြုရဟန်းခံရှေးရိုးအစဉ်အလာလေကြောင်းတိုက်ခိုက်မှုအကြမ်းဖက်မှုအထက်အညာအလှူဒါန
ယုဇန

ယုဇန

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပေါက်မြို့နယ်အတွင်းက စစ်ပြေးဒုက္ခသည်များ/ မြေလတ်အသံ

အပူချိန်လွန်ကဲမှုကြောင့် အညာစစ်ဘေးရှောင်များ ကျန်းမာရေး စိုးရိမ်ရ

ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများအတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် သားဖြစ်သူ အောင်ပြည့်စုံတို့၏ ဘဏ်စာရင်းများနှင့် အဆင့်မြင့် ကွန်ဒိုပိုင်ဆိုင်မှုများ တွေ့ရှိခဲ့သည်

သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

20 hours ago
1.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved