Trend

ထိုင်းနိုင်ငံရဲ့ အလှဆုံးစာရင်းဝင် လိင်ပြောင်းအမျိုးသမီး ၇ ဦး

Want create site? Find Free WordPress Themes and plugins.

မိန်းကလေးအစစ်တွေလို့ ထင်ရာလောက်အောင်ထိ လှပကြတဲ့အပြင် ဆိုရှယ်မီဒီယာတွေမှာပါ နာမည်ကျော်ထင်ရှားပြီး မော်ဒယ်လောကမှာပါ အောင်မြင်ထင်ရှားတဲ့ ထိုင်းနိုင်ငံရဲ့အလှဆုံးစာရင်းဝင် လိင်ပြောင်းအမျိုးသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Treechada Poyd

ထိုင်းနိုင်ငံရဲ့လိင်ပြောင်းအမျိုးသမီးတွေထဲမှာ အလှဆုံးအဖြစ် နံပါတ်တစ် နေရာကနေ ရပ်တည်နေသူဖြစ်ပြီး လိင်ပြောင်းအမျိုးသမီး မော်ဒယ်လောကရဲ့ စူပါမော်ဒယ်တဦးလည်း ဖြစ်ပါတယ်။

(၂) JIratchaya Mo

Miss Tiffany’s Universe နဲ့ Miss International Queen ဆုတွေ ရရှိထားသူပဲဖြစ်ပြီး လိင်ပြောင်းအမျိုးသမီးတွေရဲ့ ခမ်းနားထည်ဝါမှုတခုလို့တောင် တင်စားရအောင်ပဲ လှပလွန်းတဲ့အပြင် ပရိသတ်အခိုင်အမာ ရရှိထားသူတဦးလည်း ဖြစ်ပါတယ်။

(၃) Chananchida Blossom

Miss Tiffany’s Univers 2013 ရဲ့ First Runner-Up ဆုကို ပိုင်ဆိုင်ထားသူပဲဖြစ်ပြီး The Face Thailand Season 3 မှာ ပါဝင်ယှဉ်ပြိုင်ဖူးသူ တဦး ဖြစ်ပါတယ်။

(၄) Nathachat Hana

အသားညိုညိုနဲ့ မော်ဒယ်တယောက်မှာရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားအတိုင်း ပိုင်ဆိုင်ထားသူ Nathachat Hana ကတော့ The Face Thailand Season 3 မှာ ပရိသတ်တွေ အခိုင်အမာရရှိထားသူတဦးပဲ ဖြစ်ပါတယ်။

(၅) Rinrada Yoshi

အရုပ်မလေးမျက်နှာလို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းတဲ့ သူမမျက်နှာကြောင့် “Doll Face” ဆိုပြီး ဆိုရှယ်မီဒီယာတွေမှာ နာမည်ကြီးနေသူပဲဖြစ်ပြီး ရုပ်ရှင်တွေနဲ့ Music video တွေမှာ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တဦးလည်း ဖြစ်ပါတယ်။

(၆) Woranun Frame

Woranun Frame ကတော့ တပ်သား စုဆောင်းရေးပွဲတခုကနေ နာမည်ကြီးလာတာခဲ့တာပဲဖြစ်ပြီး လှပပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးကြောင့်ပဲ စစ်မှုထမ်းတာဝန်ကနေ လွတ်ငြိမ်းခွင့်ရခဲ့သူပဲ ဖြစ်ပါတယ်။

(၇) Monthana Jeen

သူမဟာဆိုရင်လည်း Woranun လိုပဲ တပ်သားသစ်စုဆောင်းတဲ့ စစ်မှုထမ်းတာဝန်ကနေ လွတ်ငြိမ်းခွင့်ရခဲ့တာကြောင့် သတင်းစာတွေနဲ့ မီဒီယာတွေမှာ နာမည်ကြီးခဲ့သူတဦးပဲ ဖြစ်ပါတယ်။

Ref: www.koreaboo.com

Did you find apk for android? You can find new Free Android Games and apps.
Loading