သတင်း

တရုတ်ခရီးသွားများကို လုံးတီး ကိုယ်ဟန်ပြသည့် ထိုင်း လိင်ပြောင်းအမျိုးသမီးများ ဒဏ်ရိုက်ခံရ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ပတ္တရားကမ်းခြေကို လာရောက်သည့် တရုတ်ကမ္ဘာလှည့်ခရီးသွားများကို လုံးတီးချွတ်ကာ ကိုယ်ဟန်ပြခဲ့သည့် လိင်းပြောင်းအမျိုးသမီး ၃ဦး၏ ဗီဒီယိုအွန်လိုင်းတွင် ပျံ့နှံနေပြီး ဝေဖန်မှုများ ရှိလာသည့်အတွက် ၎င်းတို့ကို ယနေ့နံနက်က ဖမ်းဆီးလိုက်ကြောင်း Bangkok Post သတင်းက ဆိုသည်။

အဆိုပါ လိင်ပြောင်းအမျိုးသမီး ၃ဦးမှာ အသက် ၃၁နှစ်အရွယ်ရှိ ကန်နီဆွန် သွန်ဂျစ်၊ အသက် ၃၃နှစ်အရွယ်ရှိ နွတ်ပါဒွန် ဂျာဝန်နှင့် ဆမ်တစ်ပ် နိုင်မူ တို့ဖြစ်သည်။

ပတ္တရား ရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးကြီး အပီချိုင် ခရော့ဖက်က ၎င်းတို့ ၃ဦးကို ဖမ်းဆီးမေးမြန်း ရာ ယခုထွက်ပေါ်နေ သည့် ဗီဒီယိုမှာ ၂၀၁၃ ခုနှစ်ကဖြစ်ပြီး၊ ထိုစဉ်က ခရီးသွားလမ်ညွှန်တဦးနှင့် လိင်ပြောင်းအမျိုးသမီး တဦးက ပါတီတခု တက် ဖို့ ချဉ်းကပ်ခဲ့ကြောင်း၊ ထို့နောက် တရုတ်ခရီးသွား များကို အဝတ်ဗလာဖျော်ဖြေခဲ့၍ ဘတ် ၄ထောင်စီ ပေးခဲ့ကြောင်း ထိုစဉ် က ဓာတ်ပုံ ဗီဒီယို မရိုက်ဖို့ သဘောတူခဲ့သော်လည်း နောက်ပိုင်းတွင် ရိုက်ခဲ့၍ အွန်လိုင်းတွင် ပျံ့နှံလာခြင်းဖြစ်ကြောင်း ၎င်းတို့က ထွက်ဆိုသည်။

သူတို့အနေဖြင့် အဆိုပါ ဗီဒီယိုကြောင့် ကမ္ဘာလှည့်ခရီးသွားကဏ္ဍ၌ တိုင်းပြည်၏ ပုံရိပ် ကျဆင်းခဲ့မှုနှင့် ပတ်သက်၍ ပြည်သူ လူထုကို တောင်းပန်ကြောင်းလည်း ဆိုသည်။

ရဲတပ်ဖွဲ့က ဘတ် ၅ထောင်စီ ဒဏ်ရိုက်၍ ပြန်လွှတ်ပေးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ အနေဖြင့် အဆိုပါ ဗီဒီယို ကိုတင်သူအား ခြေရာခံရှာဖွေနေပြီး၊ တွေ့ရှိပါက အရေးယူမည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် လိင်ခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ကမ္ဘာတွင် နာမည်ကျော်သည့်အတွက် ထိုပုံရိပ်ကို ပြောင်းလဲရန် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက ပြောကြားထားသည်။

ဆက်စပ်ဖတ်ရှု့ရန်

“လိင်ကိစ္စဆိုပါက ထိုင်းသို့ သွားပါ”ဆိုသည့် ဂမ်ဘီယာဝန်ကြီး စကား ထိုင်းအစိုးရ မကျေနပ်

ပတ္တရားကမ်းခြေက လိင်ပါတီပွဲ ထိုင်းရဲ နှိမ်နင်း

ရုရှားလိင်သင်တန်း ထိုင်းရဲ ဖမ်း

Did you find apk for android? You can find new Free Android Games and apps.
Loading