Trend

ဆားကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ကြမယ်

Want create site? Find Free WordPress Themes and plugins.

ဆားကို လွန်ခဲ့တဲ့ နှစ် ၅ ထောင်ကျော်က စလို့ အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။ အတိအကျတော့ မသိပါဘူး။ အဲဒီ အချိန်ကစပြီး ဆားဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အရာတခု ဖြစ်လာခဲ့ပါတယ်။ ဟင်းတွေမှာ မပါမဖြစ် အရာတခုဖြစ်လာခဲ့တဲ့ ဆားဟာ ဟင်းချက်တာအပြင် အခြားနေရာတွေမှာလည်း အသုံးဝင်တာကို တွေ့ရပါတယ်။

ဒါကြောင့် ဆားကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်လို့ရတဲ့ နည်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဒယ်အိုးတွေမှာ ချိုး(ဂျိုး) တွေ ကပ်နေရင် ဆားတဇွန်းလောက်ကို အဲဒီ ချိုးကပ်နေတဲ့ နေရာမှာ ဖြန်းပြီး အဝတ်စတခုနဲ့ ပြောင်တဲ့အထိ ပွတ်နိုင်ပါတယ်။ ပြီးသွားရင်တော့ ဒယ်အိုးကို ဆေးနေကျ ပုံစံအတိုင်း ဆေးကြောလိုက်ပါ။

(၂) ပန်းအိုးတွေရဲ့ အောက်ခြေမှာ ကြာလာရင် အဝါရောင် အစွန်းတွေ ပေလာပါတယ်။ အဲဒါကို ပျောက်ချင်တယ် ဆိုရင်တော့ ဆားကို ရေနဲ့ ဖျော်ပြီး ပန်းအိုးကို ကျင်းပေးပြီး ဆပ်ပြာနဲ့ ဆေးလိုက်ပါ။

(၃) မျက်နှာကိုလည်း ဆားနဲ့ သန့်ရှင်းရေး ပြုလုပ်နိုင်ပါတယ်။ အလှပြင်ဆိုင်ကို မသွားဖြစ်တဲ့ အခါမျိုးတွေမှာ အိမ်မှာ ရှိတဲ့ ဆားကို ထောပတ်နဲ့ရောပြီး မျက်နှာ Scrub ပြုလုပ်နိုင်ပါတယ်။ ထောပတ်ကို အပူပေးထားရင် ပိုပြီး ကောင်းပါတယ်။ ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်းကို ဆား စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောပြီး မျက်နှာကို ကြေး (ဂျီး) ချွတ်နိုင်ပါတယ်။ ပြီးရင်တော့ ပုံမှန် မျက်နှာသစ်နေကျအတိုင်း သစ်လိုက်ရုံပါပဲ။

(၄) ခေါင်းအုံးစွပ်တွေဟာ ညအိပ်ပျော်တဲ့ အချိန်ကျတဲ့ သွားရည်တွေကြောင့် အခြား အစတွေထက် ပိုပြီး ဝါကျင့်ကျင့် ဖြစ်တတ်ပါတယ်။ အဲဒါကို ပျောက်ဖို့ ဆိုရင်တော့ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းကို ဆိုဒါနဲ့ ရောပြီး ရေနွေးထဲ ထည့်ဖျော်ပါ။ ပြီးရင် အဲဒီဖျော်ထားတဲ့ ရေနွေးထဲကို ခေါင်းအုံးစွပ်တွေ ထည့်စိမ်ထားပါ။ တနာရီလောက်စိမ်ပြီးရင် ပုံမှန် အဝတ်လျှော်သလို လျှော်ဖွတ်နိုင်ပါပြီ။

Ref ; brightside

Did you find apk for android? You can find new Free Android Games and apps.
Loading