• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
in Ethnic Issues
A A
နာဂသည် ချင်းမဟုတ်

နာဂလူမျိုးကို ချင်းမျိုးနွယ်စု ၅၃ စုထဲတွင် ပါဝင်သည်ဟု အစိုးရက သတ်မှတ်ထားသည် (ဓာတ်ပုံ - blog.myanmarlife.com)

3.6k
VIEWS
Share on FacebookShare on Twitter

နာဂလူမျိုးများကို ချင်းလူမျိုးများထဲတွင် ထည့်သွင်းဖော်ပြမှုသည် တိုင်းရင်းသားစည်းလုံးညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်သည် ဖေဖော်ဝါရီလ ၂၇ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွာငံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက
တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးနှင့် ပတ်သက်သော မေးခွန်းမေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က နာဂလူမျိုးကို ချင်းမျိုးနွယ်စု ၅၃ စုထဲတွင် ပါဝင်ကြောင်း ပြောကြားခဲ့ခြင်းအပေါ် တုံ့ပြန်ခြင်းဖြစ်သည်။

”ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတာပဲ ဖြစ်ဖြစ်၊ ရည်ရွယ်ချက် မရှိဘဲနဲ့ ပြောတာပဲဖြစ်ဖြစ် ချင်းမျိုးနွယ်စုထဲမှာ နာဂကို ထည့်လိုက်တာဟာ မျိုးနွယ်စုကို ထိခိုက်တဲ့အတွက် နာဂလူမျိုးတွေကို
စိတ်အနာတရ ဖြစ်စေတယ်။ ချင်းလူမျိုးတွေက ကျနော်တို့ နာဂလူမျိုးတွေကို သူတို့အထဲမှာ မထည့်လို့လည်း ဘာမှနစ်နာသွားစရာ မရှိဘူး။ ကျနော်တို့ လုပ်နေရတဲ့ ရည်ရွယ်ချက်ကလည်း စိတ်ဝမ်းကွဲမှု မဖြစ်စေဖို့အတွက် အောက်ခြေမှာ အဓိကရုဏ်းဆန်တဲ့ ကိစ္စရပ်တွေဖြစ်မလာဖို့ အတွက် အခု သတင်းစာရှင်းလင်းပွဲကို ကြိုးစားလုပ်ဆောင်ရခြင်း ဖြစ်ပါတယ်”ဟု နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်)မှ ဥက္ကဋ္ဌ ဦးနော်အောင်ဆန်းက ပြောသည်။

တိုင်းရင်းသား လူမျိုးအားလုံးသည် သူ့သမိုင်း၊ သူ့ယဉ်ကျေးမှု အမှတ်အသား နှင့် ဖြတ်သားလာသော လူမျိုးများဖြစ်ကြောင်း၊  နာဂလူမျိုးများသည် ကိုယ်ပိုင်ဘာသာစကား၊ ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ထူးခြားသော ဝိသေသလက္ခဏာ၊ နာဂလူမျိုးများနေထိုင်ရာ မြေနယ်နမိတ်နှင့် လူဦးရေ အချိုးအရ မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ”နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ”ဟု အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ပြည်သူ့လွှတ်တော်တွင် နာဂလူမျိုးအား ချင်းမျိုးနွယ်စု ၅၃ စုတွင် ပါဝင်သော မျိုးနွယ်စုတခုအဖြစ် တရားဝင် ထည့်သွင်းကာ ပြန်လည်ဖြေကြားမှုမှာ မည်သို့မျှလက်ခံနိုင်စရာ မရှိကြောင်း၊ မြန်မာနိုင်ငံသည် ပြည်ထောင်စုတိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွှတ်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက ခိုင်မာမှုမရှိ ကြောင်းကျိုးညီညွှတ်မှုမရှိသော ဖြေကြားမှုမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို ထိခိုက်စေနိုင်သောကြောင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊ တိုင်းရင်းသား လူမျိုးစာရင်းကို ပြန်လည်ပြင်ဆင်ပြီး တိကျမှန်ကန်စွာ ပြန်လည်ထုတ်ပေးရန် လေးနက်စွာ တောင်းဆိုကြောင်း နာဂလူမျိုးများက သဘောထားထုတ်ပြန်သည်။

နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုဖြစ်သော နာဂယဉ်ကျေးမှု မြို့နယ်ကော်မတီ(ရန်ကုန်)၊ နာဂတောင်တန်း ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်၊နာဂကျောင်းသား လူငယ်များ အဖွဲ့ချုပ်၊ နာဂနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်နှင့် နာဂနှစ်ခြင်း ခရစ်ယာန်တပည့်တော်စု(ရန်ကုန်)တို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
17
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
20
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
147

အခြားတောင်းဆိုချက်နှစ်ခုမှာ ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာတွင် နာဂလူမျိုးများအား ချင်းတိုင်းရင်းသား မျိုးနွယ်စုအဖြစ် ထည့်သွင်းဖော်ပြထားခြင်း၊ နာဂလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများကိုလည်း ချင်းတိုင်းရင်းသားလူမျိုးများ၏ ရိုးရာ အသုံးအဆောင်ပစ္စည်းများသဖွယ် ပြသထားမှုများကို ရုပ်သိမ်းဖယ်ရှားပေးရန် နှင့် နာဂဒေသနှင့် နာဂလူမျိုးများအား အခြားလူမျိုးနှင့် ဒေသအောက်သို့ ထည့်သွင်း သုံးနှုန်း ဖော်ပြပြောဆိုခြင်း မပြုကြရန် တောင်းဆိုခြင်းတို့ဖြစ်သည်။

နာဂ တိုင်းရင်းသားသည် သီးခြားမျိုးနွယ်စု ဖြစ်ကြောင်းကို လွှတ်တော်နှင့် ဝန်ကြီးဋ္ဌာနများသိရှိနိုင်ရန် ဆောင်ရွက်ပေးရန် နန်းယွန်း၊ ခန္တီးနှင့် လေရှီးမဲဆန္ဒနယ်တို့မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ မတ်လ ၅ ရက်နေ့တွင်လည်း စာရေးသားတောင်းဆိုခဲ့ကြသည်။

နာဂ တိုင်းရင်းသားမျိုးနွယ်စုများသည် တိဘက်ကုန်းမြေမြင့်မှဆင်းသက်လာသော မွန်ဂိုလွိုက်မျိုးနွယ်စုတွင် ပါဝင်ကာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ယခုအခါ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေရှီးမြို့နယ်၊ လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ တမူးမြို့နယ်တို့တွင်လည်းကောင်း၊ ကချင်ပြည်နယ် ရှင်ဗွေရန်မြို့နယ်ခွဲ၊ တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်တို့တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ နာဂလန်းပြည်နယ်၊ မဏိပူရပြည်နယ်၊ အာသံပြည်နယ်နှင့် အာရူနာချယ် ပရာဒေ့ရှ်ပြည်နယ်တို့တွင် တဆက်တစပ်နေထိုင်သော လူမျိုးနွယ်စု ဖြစ်ကြောင်း နာဂတိုင်းရင်းသားအဖွဲ့များက ဆိုသည်။

မြန်မာနိုင်ငံတွင် အဓိက လူမျိုးစု ၈ ခု ဖြစ်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ရှိပြီး ကချင်မျိုးနွယ်စု ၁၂ စု၊ ကယားမျိုးနွယ်စု ၉ ခု၊ ကရင်မျိုးနွယ်စု ၁၁ စု၊ ချင်းမျိုးနွယ်စု ၅၃ စု၊ ဗမာမျိုးနွယ်စု ၉ စု၊ မွန်မျိုးနွယ်စု ၁ စု၊ ရခိုင်မျိုးနွယ်စု ၇ စု၊ ရှမ်းမျိုးနွယ်စု  ၃၃ စု၊ စုစုပေါင်း ၁၃၅ မျိုး ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန ဒု ဝန်ကြီး ဦးဝင်းမြင့်က လွှတ်တော်သို့ ပြောကြားခဲ့သည်။

Your Thoughts …
Tags: BorderChin State
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပိုမိုပြင်းထန်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပိုမိုပြင်းထန်လာ (ရုပ်/သံ)

by ဧရာဝတီ
25 July 2025
209

ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ပိုမိုပြင်းထန်နေကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့အတူ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ မြေပြင်မှာ နှစ်ဖက်အပြန်အလှန် အမြောက်တွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ် (ရုပ်သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ် (ရုပ်သံ)

by ဧရာဝတီ
24 July 2025
170

ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဒီမနက်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။

KK Park က ကျားဖြန့်လုပ်သားတွေ ဘယ်ရောက်သွားကြလဲ (ရုပ်/သံ)

KK Park က ကျားဖြန့်လုပ်သားတွေ ဘယ်ရောက်သွားကြလဲ (ရုပ်/သံ)

by ဧရာဝတီ
29 October 2025
102

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ၊ ရာဇဝတ်မှုတွေနဲ့ နာမည်ဆိုးထွက်နေတဲ့ KK Park မြို့သစ်စီမံကိန်းကို ဝင်ရောက် စီးနင်းခဲ့တယ်ဆိုပြီး အာဏာသိမ်း စစ်တပ်က အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်မီဒီယာ တွေကတဆင့် သတင်းထုတ်ပြန်ပါတယ်။

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
9k

နစက ဋ္ဌာနချုပ် ဖျက်သိမ်းခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

မြေလတ်ဒေသမှသည် အနောက်ဘက် တောင်တန်းများဆီသို့

by မြတ်စုမွန်
19 June 2013
5.5k

ဆပ်ပြာခွက်ကို ဘီးတပ်ထား သည့်ပုံစံ ကားပြားပြားကလေးဖြင့် ပခုက္ကူမှ မင်းတပ်မြို့သို့ သွားသည့် လမ်းမှာ စတင် ဖြတ်သန်း ရသည့် ပုံတောင်ပုံညာ မြင်ကွင်းများက အသိစိတ်တွင် စွဲထင်နေသည်

Next Post
ဝပ်ဆိုင်းမွန်း ဆရာတော်ဈာပန (ရုပ်/သံ)

ဝပ်ဆိုင်းမွန်း ဆရာတော်ဈာပန (ရုပ်/သံ)

မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော

မြန်မာ့ ပြောင်းလဲမှု စံပြုသင့်ကြောင်း ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြော

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved