• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နစက ဘာကြောင့်ဖျက်သိမ်းသလဲ

by ထက်နိုင်ဇော်
15 July 2013
in သတင်း
A A
နစက ဘာကြောင့်ဖျက်သိမ်းသလဲ

မောင်တောရှိ နစကဌာနချုပ်ကို ၂၀၁၂ ခုနှစ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်တွင် နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု(နစက)ဋ္ဌာနချုပ် ဖျက်သိမ်းပြီး ရဲတပ်ရင်းတစ်ခု အစားထိုးလိုက်ခြင်းကို သမ္မတရုံးက ရှင်းရှင်းလင်းလင်း ကြေညာချက် မထုတ်ပြန်ခဲ့သော်လည်း ရခိုင်ပြည်နယ် စုံစမ်းရေး အစီရင်ခံစာအရ ဖျက်သိမ်းလိုက်ခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုသည်။

စစ်တွေမြို့သို့ ရောက်ရှိနေသော ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ”အစီရင်ခံစာမှာက နစက အဖွဲ့က Team work မရှိဘူး ဆိုတာပါတယ်။ အဲဒီအကြံပေးချက်အရ သမ္မတက နစကကို ဖျက်သိမ်းပြီးတော့ ရဲမင်းကြီးအဆင့်ရှိသူတစ်ယောက် သီးသန့် တာဝန်ပေးလိုက်တယ်လို့ ကြားတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

နယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု (နစက) ရုံးစိုက်ရာ ဘူးသီးတောင် မောင်တောဒေသသို့ စစ်တွေမြို့ အခြေစိုက် ရဲတပ်ရင်းကွပ်ကဲရေးမှူး ရဲမှူးကြီး ဘိုဘိုဦးကိုယ်တိုင် သွားရောက် တာဝန်ထမ်းဆောင်နေကြောင်း၊ ယခုအစားထိုးလိုက်သော ရဲတပ်ရင်းမှာ ပြည်နယ်ရဲတပ်ဖွဲ့နှင့် တိုက်ရိုက်မသက်ဆိုင်ဘဲ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းမှ တိုက်ရိုက်ကိုင်တွယ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဦးမျိုးသန်းက ပြောသည်။

” လုံခြုံရေးအရ လိုအပ်တဲ့ ရဲအင်အားတွေ ပို့ထားပြီး အရင် နစကတွေ နေရာမှာ အစားထိုးပြီးပါပြီ။ နစက ဆိုတာက ဘူးသီးတောင်မောင်တော ဒေသမှာပဲရှိတာပါ”ဟု သူက ဆိုသည်။

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု(နစက)ကို တပ်၊ ရဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စသည့် ဋ္ဌာန လေးခုဖြင့် ဖွဲ့စည်းထားပြီး နစက ဖျက်သိမ်းခြင်းကို သမ္မတရုံးကြေညာချက် သတင်းစာတွင်ဖော်ပြမှသာ သိရှိရသောကြောင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် နစက ဖျက်သိမ်းရခြင်းနှင့် ပတ်သက်၍ အသေးစိတ်မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးဝင်းမြိုင်ကလည်း ပြောသည်။

ရခိုင်ပြည်နယ်တွင် နစက ဋ္ဌာနချုပ်ကို ဖျက်သိမ်းလိုက်ကြောင်း စာတစ်ကြောင်းသာ ရေးပြီး ယခုလ ၁၂ ရက်နေ့တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

နစက ကို ဖျက်သိမ်းရခြင်းမှာ ရခိုင်ပြည်နယ်စုံစမ်းရေး အစီရင်ခံစာအရ ဘူးသီးတောင်မောင်တော နယ်စပ်ရှိ နစက အဖွဲ့သည် အစိုးရဌာနများ ပေါင်းစုထားသော်လည်း လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဟု ဖော်ပြခဲ့ကြောင့် သမ္မတက အမိန့်ထုတ်ဖျက်သိမ်းခြင်းဟု ယုံကြည်ကြောင်း ရခိုင်ဒေသခံများကလည်း ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

”နစက မရှိလို့လည်း ရခိုင်တွေ အပေါ်မှာ ဘာမှမထူးဘူး ။ ဒီအဖွဲ့မရှိရင် အစိုးရက တစ်ခုခုနဲ့ အစားထိုးမှာပဲလေ။ အစားမထိုးရင်သာ ရခိုင်တွေအတွက် လုံခြုံရေးပြဿနာ ရှိမှာ။ အခု ဘူးသီးတောင်မောင်တောမှာ လုံထိန်းတွေ ရောက်နေတယ်လို့ ကြားရတယ်။ အဲဒီ နစက အဖွဲ့ကို ရခိုင်တွေကရော မွတ်စလင်တွေရော ကြိုက်လှတယ် မဟုတ်ဘူး”ဟု စစ်တွေမြို့ခံ ဦးသန်းထွန်းက ပြောသည်။

နစက အဖွဲ့သည် ယခင်က နယ်စပ်ဒေသတလျှောက်တွင် လူဝင်မှုကိစ္စရပ်များ၊ သန်းခေါင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများ၊ နယ်စပ် လုံခြုံရေးကိစ္စများကို ဆောင်ရွက်ရသော အဖွဲ့ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇူလိုင်လက နစက အရာရှိကြီးတစ်ဦးဖြစ်သူ ဒု-ဗိုလ်မှူးကြီး ဦးအောင်ကြီးကို  မောင်တောမြို့နယ်အတွင်း မွတ်စလင်များထံမှ ငွေအမြောက်အများ လက်ခံထားသည်ဟု ဒေသခံများက စွပ်စွဲချက် ကျယ်ပြန့်လာသည်ကို အကြောင်းခံပြီး နေပြည်တော်သို့ ခေါ်ယူစစ်ဆေးကြောင်း သတင်းများထွက်ပေါ်ပြီးနောက် သူ၏သတင်း မကြားရတော့ပေ။

Your Thoughts …
Tags: BorderImmigrationSecurity
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
257

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပိုမိုပြင်းထန်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပိုမိုပြင်းထန်လာ (ရုပ်/သံ)

by ဧရာဝတီ
25 July 2025
209

ထိုင်းနဲ့ ကမ္ဘောဒီယား နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ ဒုတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ပိုမိုပြင်းထန်နေကြောင်း နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေနဲ့အတူ သတင်းဌာနတွေရဲ့ ဖော်ပြထားချက်တွေအရ သိရပါတယ်။ မြေပြင်မှာ နှစ်ဖက်အပြန်အလှန် အမြောက်တွေနဲ့ ပစ်ခတ်နေကြတယ်လို့ ဆိုပါတယ်။

နာဂသည် ချင်းမဟုတ်

နာဂသည် ချင်းမဟုတ်

by ထက်နိုင်ဇော်
12 March 2013
3.6k

နာဂလူမျိုးများကို ချင်းလူမျိုးများ ထဲတွင် ထည့်သွင်း ဖော်ပြမှုသည် တိုင်းရင်းသား စည်းလုံး ညီညတ်မှုကို ထိခိုက်စေနိုင်သည်ဟု နာဂလူမျိုးများနှင့် ဆိုင်သော အဖွဲ့အစည်း ၅ ခုက သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

Next Post
ရှေ့နေဖြစ်ဖို့ စောင့်နေတဲ့ မော်ဒယ်လ် ရွှေရည်ဝင်းနဲ့ …

ရှေ့နေဖြစ်ဖို့ စောင့်နေတဲ့ မော်ဒယ်လ် ရွှေရည်ဝင်းနဲ့ ...

တနိုင်ငံလုံး အပစ်ရပ်ရေး ဘယ်လောက်ကြာဦးမလဲ

တနိုင်ငံလုံး အပစ်ရပ်ရေး ဘယ်လောက်ကြာဦးမလဲ

Please login to join discussion
No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved