• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

by လင်းသန့်
13 March 2013
in သတင်း
A A
ဂျော်ဒန် မြန်မာ အလုပ်သမားအရေး ဖြေရှင်းချက် လက်တွေ့နှင့် ကွဲလွဲ

ဂျော်ဒန်နိုင်ငံရှိ အထည်ချုပ် စက်ရုံတွင် အလုပ်သမား ရပိုင်ခွင့်များအတွက် ဆန္ဒပြနေကြသော မြန်မာအလုပ်သမားများ (ဓာတ်ပုံ – ကျော်ဇင်ဦး)

6.2k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့လွှတ်တော်တွင် ယမန်နေ့က ဂျော်ဒန်ရှိ မြန်မာအလုပ်သမားအရေး ဆွေးနွေး ဖြေကြားချက်များသည် လက်တွေ့နှင့် ကွဲလွဲမှုများရှိကြောင်း ဂျော်ဒန်ရောက် ဆန္ဒပြ အလုပ်သမားများက ဧရာဝတီကို ပြောသည်။

ဟင်္သာတ မဲဆန္ဒနယ်မှ ဦးဌေးဦး က ဂျော်ဒန်နိုင်ငံ Ramtha မြို့ CMJ အထည်ချုပ် စက်ရုံတွင် သွားရောက် လုပ်ကိုင်နေ သော မြန်မာအလုပ်သမားများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရန် အခြေအနေကို သိလိုပါကြောင်း ယမန်နေ့က တင်ပြခဲ့သည်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်း က နိုင်ငံတော် သမ္မတရုံး၏ လမ်းညွှန် ချက်ဖြင့် ဂျော်ဒန်နိုင်ငံတွင် မြန်မာသံရုံးမရှိ၍ အနီးဆုံး အစ္စရေးနိုင်ငံရှိ မြန်မာသံရုံးမှ တဆင့် ဖြေရှင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ညှိနှိုင်းဖြေရှင်းမှုအရ ပြေလည်မှု တချို့ရရှိနေပြီဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အလုပ်သမားများ၏ အခြေခံလစာကို တိုးမြှင့်မပေးသော်လည်း လစာ အပေါ်တွင် ၆ ရာခိုင်နှုန်း တိုးမြှင့်ပေးရန် လုပ်သက်နှစ် အလိုက် လစာတိုးမြှင့်ရရှိသွားမည်ဖြစ်ပြီး ချုပ်လုပ်သည့် အထည်အရေ အတွက် အပေါ်မူတည်၍ Bonus ကိုလည်း ၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ပေးခဲ့ကြောင်း ဒု ဝန်ကြီးက လွှတ်တော်၌ ဖြေကြားသည်။

ထို့အပြင် အလုပ်သမားများ၏ တောင်းဆိုချက်များထဲမှ အစားအစာများ အဆင်ပြေစေရေး အတွက် မြန်မာစားဖိုမှူး ၄ ဦးခန့် ထားပေးပြီး မြန်မာနိုင်ငံမှ အစားအသောက်များ မှာယူချက်ပြုတ် ပေးမည်ဖြစ်ကြောင်း၊ မြန်မာလူမျိုး ကြီးကြပ်ရေးမှူးကို လည်း ခန့်ထားပေးမည် ဖြစ်ကြောင်း ဒေါ်ဝင်းမော်ထွန်းက ဖြေကြားသည်။

CMJ အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုရဲမင်းကြည်ကမူ ညှိနှိုင်းဆောင်ရွက်ပေးမည့် အရာရှိ ၂ ဦး အစိုးရက ဂျော်ဒန်သို့ လွှတ်မည်ဆိုသော်လည်း ယခုအထိ ရောက်မလာသေးကြောင်း၊ အစ္စရေး နိုင်ငံရှိ မြန်မာသံရုံးမှလည်း လူကိုယ်တိုင်  လာရောက်ဖြေရှင်းပေးမှု မရှိသေးကြောင်း၊ ဂျော်ဒန် အလုပ်သမား အဖွဲ့တဖွဲ့မှ မစ္စ မဲလက် ဆိုသူ က ဝင်ရောက်ဖြေရှင်းပေး နေသော်လည်း ယခုအထိ ပြေလည်မှု မရှိသေးကြောင်း ဧရာဝတီ ကို ပြောသည်။

“နောက်ဆုံးဖြစ်စဉ်ကတော့ ပြဿနာဟာ လိပ်ခဲတည်းလည်း ဖြစ်နေပါတယ်။ လုံး၀ ပြေလည်မှု မရှိသေးပါဘူး”ဟု ကိုရဲမင်းကြည်က ဆိုသည်။

ဒုဝန်ကြီးက လုပ်သက် နှစ်အလိုက် အခြေခံလစာအပေါ်တွင် ၆ ရာခိုင်နှုန်း တိုးမြှင့်ပေးခဲ့သဖြင့် လုပ်သက် ၁ နှစ်အောက် ရှိသော အလုပ်သမားများအား တလလျှင် လုပ်အားခ အမေရိကန် ဒေါ်လာ အနေဖြင့် ၁၆၄.၄၅ ၊ လုပ်သက် ၁ နှစ်မှ ၂ နှစ် ရှိသူများကို ၁၇၁.၉၃၊ လုပ်သက် ၂ နှစ်မှ ၃ နှစ် ရှိသူများကို ၁၇၉.၄၇၊ လုပ်သက် ၃ နှစ်မှ ၄ နှစ်ရှိသူများကို၁၈၆.၉၀ နှင့် လုပ်သက် ၄ နှစ်အထက် ရှိသူများကို ၁၉၄.၃၆ သို့ တိုးမြှင့် ရရှိစေခဲ့ကြောင်းလည်း ပြည်သူ့လွှတ်တော်တွင် ဖြေကြားသွားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

လစာတိုးမြှင့်ပေးသည် ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ ယခုကဲ့သို့ ဆန္ဒပြမှုကြောင့် မူလ သတ်မှတ်ထားခဲ့သော် လည်း ပေးရန်ပျက်ကွက်ခဲ့သည့် လစာနှုန်းထားကို လစာတိုးပေး သည်ဆိုသည့် ပုံစံဖြင့် ပြောင်းလဲ သတ်မှတ်လိုက်ခြင်း ဖြစ် သည်ဟု ဆန္ဒပြ အလုပ်သမားများက ဆိုသည်။

“လစာတိုးပေးတယ် ဆိုတာ မဟုတ်ပါဘူး။ အရင်တုန်းကတည်းက ပေးထားတဲ့ လစာစကေးကို အခုမှ ပြန်ချပြလိုက်တာပါ” ဟု ကိုရဲမင်းကြည်က ပြောသည်။

ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိပြီး အဆိုပါ CMJ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်လာသည်မှာ ၁ နှစ်ခွဲ ရှိပြီဖြစ်သည့် အသက် ၃၄ နှစ်အရွယ် မအိ ကလည်း လစာ ၆ ရာခိုင်နှုန်း တိုးပေးခြင်းနှင့်ပတ်သက်၍ ရှင်းပြသည်။

“လစာ ၆ ရာခိုင်နှုန်း တိုးပေးတယ်ဆိုတာက ဒါက ဟိုးအရင်ကတည်းက ရှိပြီးသားကို သူတို့က အေးဂျင့်နဲ့ ပေါင်းပြီး မပေးဘဲ နဲ့ ထားခဲ့တာ။ သမီးတို့ ဆန္ဒပြတဲ့အခါကျတော့မှသာ သူတို့က လစာတိုးတဲ့ ပုံစံမျိုးနဲ့ လိုက်လျောတယ်ဆိုပြီး လုပ်လိုက်တာ” ဟု သူက ပြောသည်။

အလုပ်ပြန်ဆင်းသူ ၁၀၀၀ ကျော်ရှိကြောင်း၊ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ တချို့အတွက် အဆင်ပြေစွာ ပြန်လာနိုင်ရေး၊ အလုပ်သမား ရပိုင်ခွင့်များ ရရှိရေးများအတွက် ဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ၂ ဦး ဂျော်ဒန်နိုင်ငံသို့ စေလွှတ်ကြောင်း ဒု ဝန်ကြီးက ဆိုသည်။

အလုပ်ရှင်၏ ဖိအားပေးမှု၊ မိသားစုအခြေအနေအရ အလုပ်ပြန်လည် ဆင်းနေသူ ၆၀၀ ခန့်သာရှိကြောင်း၊ အလုပ်မဆင်းသူ ၇၀၀ ကျော် ရှိနေသေးကြောင်း ထို့အပြင် မြန်မာအုပ်ချုပ်သူ ခန့်ထားမှု မရှိသေးကြောင်း၊ မြန်မာလိုင်းကြပ်များ ခန့်ထားမှု လည်း မရှိသေးကြောင်း၊ အစားအသောက်လည်း အခက် တွေ့ နေဆဲဖြစ်ကြောင်း ကိုရဲမင်းကြည်က ပြောသည်။

“အခု အလုပ်ပြန်ဆင်းတယ် ဆိုတဲ့ လူတွေကလည်း မိသားစုရဲ့အကြွေးတွေ၊ ပြဿနာတွေက အများကြီးရှိ တယ်လေ။ ဒါကြောင့် မဖြစ်မနေ ပြန်ဆင်းကြရတာ”ဟု အလုပ်သမ မအိကလည်း ပြောဆိုသည်။

အသက် အန္တရာယ်နှင့်ပတ်သက်ပြီး လုံခြုံမှုမရှိ၍ မြန်မာနိုင်ငံသို့ ပြန်ချင်သူ ၈၀၀ ကျော်ရှိကြောင်း၊ မြန်မာအလုပ်သမား ၁၅ ဦးခန့် ပြန်သွားပြီဖြစ်ပြီး လေယာဉ် လက်မှတ်ဖိုးကို ၎င်းတို့၏လစာထဲမှ တလလျှင် အမေရိကန် ဒေါ်လာ ၃၇ ဒေါ်လာဖြတ် တောက်မည်ဖြစ်ပြီး စက်ရုံဘက်မှ ပေးမည်ဆိုသည်မှာ လက်တွေ့တွင် ဖြစ်မလာကြောင်း အလုပ်သမားများက ပြောသည်။

“ပြန်လို့ရှိရင်လည်း လေယာဉ်လက်မှတ် မစီစဉ်ပေးဘူးဆိုတော့ အခက်တွေ့နေတာ။ လေယာဉ် လက်မှတ်ဘိုးကလည်း လစာထဲက ပြန်လျော်လို့ရှိရင် ဒေါ်လာ ၈၅၀ လောက် ပြန်လျော်ရမှာ”ဟု မအိက ဆိုသည်။

ဆန္ဒြုပ မြန်မာအလုပ်သမားများအနေဖြင့် မပြေမလည်ဖြစ်နေသေးသည့် ပြဿနာများပြေလည်စေရေးအတွက် မြန်မာ အစိုးရ စေလွှတ်မည့် အရာရှိ ၂ ဦး အမြန်ဆုံးလာရောက်မည်ကို မျှော်လင့်နေသည်ဟုလည်း အလုပ်သမားများ က ပြော သည်။

ဒု ဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက Labour Migration Policy နှင့် ပတ်သက်၍ အချက် (၉) ချက် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း အလုပ်သမား အများဆုံး သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံများတွင်လည်း အလုပ်သမား သံအရာရှိများ ထားရှိနိုင်ရေး လျာထားဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများက ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိကြောင်း လွှတ်တော်တွင် ပြောဆိုသွားသည်။

Your Thoughts …
Tags: Labour RightStrike
လင်းသန့်

လင်းသန့်

Contributor

Similar Picks:

စစ်တပ်ဖိနှိပ်မှုကြားက ရန်ကုန်လူထုရဲ့ တုန့်ပြန်မှု (ရုပ်/သံ)

by ဧရာဝတီ
10 December 2025
576

အာဏာသိမ်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေ၊ လူထုရဲ့ အထွေထွေကြပ်တည်းမှုတွေကြားမှာပဲ ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်လုံးကျွတ် အသံတိတ်သပိတ်ကိုပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

အမေရိကန်ရဲ့ ကျားဖြန့်စစ်ဆင်ရေးအပေါ် စစ်တပ် သံသယဝင်နေ (ရုပ်/သံ)

by ဧရာဝတီ
19 November 2025
255

အမေရိကန်က ဖွဲ့စည်းလိုက်တဲ့ ကျားဖြန့်တိုက်ဖျက်ရေးစီမံကိန်းရဲ့ နောက်ကွယ်မှာ နက်နဲ့တဲ့ လျှို့ဝှက်ရည်ရွယ်ချက် ရှိနေနိုင်တယ်လို့ စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုသွားပါတယ်။

မြန်မာကို အဓိက ဦးတည်ထားတဲ့ အမေရိကန် ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ (ရုပ်/သံ)

မြန်မာကို အဓိက ဦးတည်ထားတဲ့ အမေရိကန် ကျားဖြန့်နှိမ်နင်းရေးတပ်ဖွဲ့ (ရုပ်/သံ)

by ဧရာဝတီ
13 November 2025
159

မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် အမေရိကန်က ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့အဖြစ် (Scam Center Strike Force) ကို နိုဝင်ဘာ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

စံကောင်း ပီနံစက်ရုံ အလုပ်ရှင် အလုပ်သမား ပြဿနာ လွှတ်တော်အထိ တင်မည်

by ချစ်ဆု
7 June 2013
2.2k

အလုပ်ရှင် ဘက်မှ သဘောတူညီထားပြီး ဖြစ်သော အချက်တချို့ကို စာချုပ်ထဲတွင် ထည့်သွင်း မထားသောကြောင့် လွှတ်တော်သို့ တိုင်ကြားမည် ဖြစ်ကြောင်း

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

မလေးရှားတွင် မြန်မာများ နေထိုင်ခွင့်နှင့် အလုပ်ရရေး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်

by မေစစ်ပိုင်
12 September 2013
2.7k

လဝက နဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန တွေက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမယ်၊ အလုပ်အကိုင်ရဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ခန့်တဲ့စနစ် လုပ်မယ်

မိုးထိ-မိုးမိ ရွှေလုပ်သားများ နေပြည်တော်သို့ ချီတက် ဆန္ဒပြ

ဆန္ဒထုတ်ဖော်သည့် မိုးထိမိုးမိ ရွှေလုပ်သားများ ရေနီ ဘုန်းကြီးကျောင်းအတွင်း ပိတ်မိ

by နန်းသီရိလွင်
26 November 2012
1k

သူတို့ ချီတက်မယ်ဆိုတဲ့ နေပြည်တော်ကလည်း လက်မခံဘူး။ မိုးထိ မိုးမိကို ပြန်ဖို့ကလည်း သူတို့ကို အရေးယူမယ်လို့ စာကပ်ထားတယ်။

Next Post
ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ

ပုံနှိပ် ဥပဒေကြမ်း ရုပ်သိမ်းရန် တောင်းဆို (ရုပ်/သံ)

ပုံနှိပ် ဥပဒေကြမ်း ရုပ်သိမ်းရန် တောင်းဆို (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved