ယနေ့ နိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသား ၅၉ ဦးကို ပြန်လည်လွှတ်ပေးလိုက်ကြောင်း ယနေ့ ညနေပိုင်းရရှိထားသော စာရင်းဇယားများအရ သိရှိရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ကိုဘိုကြည်က ပြောဆိုလိုက်သည်။ လတ်တလော ညနေ ၆ နာရီ ၄၅ မိနစ်အချိန်အထိ ရရှိထားသော စာရင်းများ အရ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများမှာ အင်းစိန်အကျဉ်းထောင်မှ ၆ ဦး၊ သရက်ထောင်မှ ၂ ဦး၊ ပခုက္ကူထောင်မှ ၁ ဦး၊ မြင်းခြံထောင်မှ ၆ ဦး၊ သာယာဝတီထောင်မှ ၄၂ ဦး၊ မန္တလေးထောင်မှ ၂ ဦး စုစုပေါင်း ၅၉ ဦးဖြစ်သည်။ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်ဟု ကိုဘိုကြည်၏ အဆိုအရ သိရှိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။












