• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ

by သာလွန်ဇောင်းထက်
1 July 2013
in သတင်း
A A
ဦးရွှေမန်း ဘာကြောင့် ကာလုံ အစည်းအဝေး ခေါ်တာလဲ

၂၀၁၂ ကြံ့ခိုင်ရေးပါတီ ပြည်လုံးကျွတ်ညီလာခံတွင် တွေ့ရသည့် သူရဦးရွှေမန်းနှင့် ဦးသိန်းစိန် (ဓာတ်ပုံ - သာလွန်ဇောင်းထက် / ဧရာဝတီ)

17.5k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ဇွန်လ ၂၅ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူဖို့  သမ္မတ ဦးသိန်းစိန် ထံကို သဝဏ်လွှာပေးပို့ တောင်းဆို လိုက်တာကြောင့် မကျင်းပဖြစ်တာ ကြာပြီဖြစ်တဲ့ အစည်းအဝေး ဒီနေ့ မနက် ကျင်းပတယ်လို့ ယူဆရပါတယ်။

ဒီနေ့ထုတ် The Voice နေ့စဉ်သတင်းစာရဲ့ မျက်နှာဖုံးသတင်းကလည်း ကာလုံအစည်းအဝေး ဒီနေ့လုပ်မယ်လို့ ရေးထားတာကြောင့် ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးက အနားယူတဲ့အချိန်မှာ နောက်ဆုံးလုပ်ခဲ့တယ်လို့ ယူဆနိုင်တဲ့ သမ္မတ၊ ဒု-သမ္မတများ၊ လွှတ်တော်ဥက္ကဌများ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဦးစီးချုပ်များ ပါဝင်ကြရတဲ့ ဒီလို ထိပ်တန်းအဖွဲ့ကြီးရဲ့ အစည်းအဝေး ဘာကြောင့် အရေးတကြီး ခေါ်ပြီး ဘာတွေ ဆွေးနွေးမယ်ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုအစည်းအဝေးကို လူသိရှင်ကြား ခေါ်ဆိုသူက ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးရွှေမန်းပါ။  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ လုပ်ငန်းစဉ်တွေမှာ မအောင်မြင်တာတွေရှိနေတဲ့အတွက် ကာလုံအစည်းအဝေး ခေါ်ယူလုပ်ဆောင်ရင်  ပိုကောင်းတယ် ဆိုပြီး သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တရားဝင် ထုတ်ဖော်ပြောဆိုပါတယ်။

ပြည်သူတွေကို ကိုယ်စားပြုဖွဲ့စည်းထားတဲ့ လွှတ်တော်ရေးရာကော်မတီတွေ၊ ကော်မရှင်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်မှ ငြိမ်းချမ်းရေးအတွက် အခက်အခဲ တွေ ကျော်လွှားနိုင်မှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးက တပ်မတော်သားတွေအပါအဝင် အားလုံးနဲ့ သက်ဆိုင်နေကြောင်း ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သူရဦးရွှေမန်းက ပြောဆိုသွားတယ်။

“လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ တရားဥပဒေ စိုးမိုးရေး တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ ဥပဒေရေးရာနှင့်တရားရေး ကော်မတီ၊ ပြည်သူ့စီမံခန့်ခွဲရေးကော်မတီတို့ရဲ့ပါဝင်မှု၊ စောင့်ကြည့်မှု၊ ကူညီမှုများလည်းလိုတယ်။ အဲဒါတွေ မပါဘဲနဲ့ ခက်ခဲတယ်။ ဘာကြောင့် ဒီအဖွဲ့တွေ ပါဖို့လိုသလဲဆိုတော့ ဒီအဖွဲ့တွေသည် ပြည်သူ့ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်းထားတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းထားတယ်။ ဒါ့ကြောင့်မို့ သူတို့ပါရင် ပိုအားရှိတယ်။ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့နိုင်ငံသား အားလုံးလိုတယ်၊ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်အားလုံးလိုတယ်။ အဲဒီအတိုင်းပဲ တပ်မတော်သားတွေ အားလုံးလိုတယ်” လို့ သူရဦးရွှေမန်းက ဇွန်လ ၂၈ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ   သူ ဘာကြောင့် ကာလုံ အစည်း အဝေး ခေါ်ယူဖို့ သမ္မတဆီ သဝဏ်လွှာ ပေးပို့ရသလဲ ဆိုတာကို ရှင်းပြတယ်။

လတ်တလော ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ လုပ်ငန်း ဖော်ဆောင်ရေးကော်မတီက အဓိက ဦးစီးဆောင်ရွက်နေတာဖြစ်ပြီး ဇူလိုင်လအတွင်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတခုကို နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ရည်ရွယ်ထားလို့ နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးဖြစ်ပါတယ်။

သူရဦးရွှေမန်း ကာလုံအစည်းအဝေး ခေါ်ယူခိုင်းတဲ့သတင်းကြောင့် နိုင်ငံရေး အသိုင်းအဝိုင်း နဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ကြားမှာ ရိုက်ခတ်မှု အတော်ကြီးသွားပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ဒီကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော် အရေးပေါ်အခြေအနေ၊ စစ်အုပ်ချုပ်ရေး အမိန့်တွေ ထုတ်ပြန်နိုင်တဲ့ အမြင့်ဆုံးသော အာဏာရှိတဲ့ အဖွဲ့အစည်း တခုလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေအရ  များပြားလှပြီး တန်ခိုး အာဏာ ထက်မြက်လှပါတယ်။

သူရဦးရွှေမန်းက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ယူခိုင်းတဲ့ သတင်းကြောင့် သမ္မတဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားမှာ နိုင်ငံရေးအရ အာဏာပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတဲ့အခြေအနေ ရှိတယ်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

ငြိမ်းချမ်းရေး အကြောင်းပြချက် ခေါ်ယူခိုင်းတဲ့ ကာလုံ အစည်းအဝေးရဲ့ နောက်ကွယ်မှာ ဘယ်လို အာဏာလွန်ဆွဲပွဲတွေ ရှိနေ မလဲလို့ နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားနေကြပါတယ်။

ကာလုံအဖွဲ့ဝင်တဦးကလည်း အစည်းအဝေးလုပ်တိုင်း အစိုးရက တင်ပြပြောဆိုချက်ကို နားထောင်နေရတာချည်းပဲလို့ ဧရာဝတီကို ပြောဖူးပါတယ်။

လက်ရှိ အခြေအနေမှာ အစိုးရနဲ့ လွှတ်တော်ကြားမှာ သိသာထင်သာတဲ့ အကွဲအပြဲတွေ တောက်လျှောက် ဖြစ်ထွန်းလာဖို့ ရှိတယ်လို့ သုံးသပ်မှုတွေလည်းရှိနေ ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်တဲ့ ကိစ္စ လွှတ်တော်နဲ့ အစိုးရအကြားမှာ ထင်သာမြင်သာဖြစ်ပေါ်ခဲ့တဲ့ သဘောထားကွဲလွဲမှုတခုလို့ နိုင်ငံရေးသမားတချို့ ကသုံးသပ်ပါတယ်။

ကာလုံအစည်းအဝေးကို ငြိမ်းချမ်းရေး မအောင်မြင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူခိုင်းတာက ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဗဟိုကော်မတီ၊ ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းထားပြီး အဲဒီကော်မတီတွေမှာ တပ်မတော်က ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

တကယ်တန်း ငြိမ်းချမ်းရေးအတွက်ဆိုရင် ငြိမ်းချမ်းရေး ဗဟိုကော်မတီ အထူးအစည်းအဝေး ခေါ်ယူလိုက်ရင် ပြီးစီးနိုင်တဲ့ အခြေအနေ ရှိတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။

တချို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ကိုယ်စားပြု ကော်မတီတွေက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သူတို့ ကိုယ်တိုင် ပါဝင်ဖို့ ဆန္ဒပြင်းပြ နေတာမို့ အဲဒီဆန္ဒ တွေ အကောင်အထည်ဖော်ဖို့ ကာလုံအစည်းအဝေး ခေါ်ယူတာလည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးသမားအများစု သဘောတူတာကတော့ သူရဦးရွှေမန်းနဲ့ သမ္မတဦးသိန်းစိန်အကြား အာဏာပြိုင်ဆိုင်မှုက သေချာပေါက်ရှိနေပြီဆိုတာကိုတော့ အားလုံးက လက်ခံကြတယ်။

သမ္မတဦးသိန်းစိန် အစိုးရမှာပါဝင်နေတဲ့ အစိုးရဝန်ကြီးတွေ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်က အမြင်မကြည်လင်မှုတွေ ရှိနိုင်တယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ကြပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၉ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေး ဦးခင်ရီ အပါအဝင် အစိုးရထိပ်တန်းခေါင်းဆောင် ၅ ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ တရားဝင်နုတ်ထွက်လိုက်ပြီလို့ ဦးစိုးသိန်းက တရားဝင်ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ကြတာဖြစ်လို့ ဦးစိုးသိန်းက ပြောဆိုလိုက်ပေမယ့် သမ္မတဦးသိန်းစိန် ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ အဖြစ်ကနေ ဖယ်ရှားပြီး သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌ ရာထူးရယူလိုက်ချိန် ကတည်းက  သူရဦးရွှေမန်းနဲ့ ဦးသိန်းစိန်အကြား တရားဝင် အာဏာ လွန်ဆွဲပွဲ စတင်လိုက်တာဖြစ်လို့ ဆိုကြပါတယ်။

“အရင်တုန်းကတော့ အာဏာလုပွဲက ဘာမှ သိပ်ပြီး မသိသာဘူး။ ဒါပေမယ့် ၂၀၁၂ ကြံ့ခိုင်ရေးပြည်လုံးကျွတ် ညီလာခံက သမ္မတဦးသိန်းစိန်ကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ထားတာကို သူရဦးရွှေမန်းက ဖယ်ရှားပြီး ဥက္ကဋ္ဌ ရာထူး ယူလိုက်ကတည်းက သူတို့ ၂ဦးကြား အာဏာလွန်ဆွဲပွဲ တရားဝင် စတင်လိုက်ဆိုတာ အချက်ပေး ခေါင်းလောင်းသံ ထိုးလိုက်တာပဲ” လို့ နိုင်ငံရေးသုံးသပ်သူ တဦးက ဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော သူရဦးရွှေမန်းနဲ့ အတော်ကို အဆင်ပြေနေပုံရှိတဲ့အပြင် သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေး အလုပ်မဖြစ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက် တာမို့ သူရဦရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုက တဖက်၊ သမ္မတဦးသိန်းစိန်နဲ့ တတိယအင်အားစု လို့ ခေါ်တဲ့ နိုင်ငံရေးအင်အားစုတွေက တဖက် ပြိုင်ဆိုင်နေတဲ့ပုံစံရှိတယ်လို့ တချို့ နိုင်ငံရေးသမား တွေက သုံးသပ်ပါတယ်။

ကြံ့ခိုင်ရေးပါတီတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံနိုင်တဲ့ သဘောထား တင်းမာသူ တွေရှိနေတာမို့ ပါတီတွင်း အုပ်စုဖွဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ နိုင်ငံလေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာတဲ့အမျှ နိုင်ငံရေးအင်အား ပြိုင်ဆိုင်မှုတွေ၊ လွန်ဆွဲပွဲတွေ ဆက်တိုက်ဖြစ်လာနိုင်တာမို့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်သူတွေလည်းရှိပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်ရင်တော့ ၂၀၁၅ ရွေးကောက်ပွဲဖြစ်လာဖို့ ခဲယဉ်းနိုင်ပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍလည်း အရေးပါနေဦးမယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

၂၀၁၃ ခုနှစ်အတွင်းမှာ သူရဦးရွှေမန်းအနေနဲ့ ပြည်ထောင်စုလွှတ်တော်အကြီးအကဲ နာယက ရာထူးကိုလည်း ရယူတော့မှာမို့ အစိုးရနဲ့ လွှတ်တော်အကြား ပြိုင်ဆိုင်မှုတွေ အရှိန်မြှင့်တက်လာနိုင်ခြေရှိနေပါတယ်။

လတ်တလော နေပြည်တော်မှာ ဒီနေ့ ဇူလိုင် ၁ ရက်နေ့ ကာလုံအစည်းအဝေး ခေါ်ယူကျင်းပနေတယ်လို့ ပြည်တွင်းထုတ် The Voice သတင်းစာက သတင်းရေးသားဖော်ပြထားပေမယ့် ကာလုံအစည်းအဝေး အခြေအနေတွေကို သတင်းစုံစမ်းလို့ မရသေးပါဘူး။

ကာလုံအစည်းအဝေးက ထွက်ပေါ်လာမယ့် ရလာဒ်တွေက မြန်မာနိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် သက်ရောက်မှု ကြီးမားလိမ့်မယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

 

Your Thoughts …
Tags: ParliamentPeacePresidents
သာလွန်ဇောင်းထက်

သာလွန်ဇောင်းထက်

ဧရာဝတီ

Similar Picks:

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

အမျိုးသမီးတွေ မလုံခြုံရင် နိုင်ငံလည်း မလုံခြုံဘူး (ရုပ်/သံ)

by ဧရာဝတီ
2 September 2024
359

အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေအပါအဝင် ပြည်သူတရပ်လုံး ခံနေရတဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှု တွေအတွက် တရားမျှတမှု ရရေးကို တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သည့်အချိန်တွင် ပြည်တွင်းတရားစီရင်ရေးစနစ် နဲ့ပါ ကြိုးပမ်းရင် ပိုမို မြန်ဆန်နိုင်မယ်လို့ ဆရာမ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

အမျိုးသမီးတွေပါရင် ငြိမ်းချမ်းရေးက ပိုပြီးခိုင်မာတယ် (ရုပ်/သံ)

by ဧရာဝတီ
27 August 2024
244

စစ်အာဏာရှင်တော်လှန်ရေးပြီးရင် ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဆက်လက်ထိန်းထားနိုင်ဖို့ နိုင်ငံရေးဦးဆောင်မှုမှာ အမျိုးသမီးတွေ အနည်းဆုံး ၅၀ ရာခိုင်နှုန်း ပါဝင်ဖို့ လိုတယ်လို့ သုတေသနအချက်အလက်တွေကို ထောက်ပြပြီး ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ဆိုပါတယ်။

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

by ဧရာဝတီ
9 March 2025
137

အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများအပါအဝင် အကြမ်းဖက်မှု ပုံသဏ္ဍာန်မျိုးစုံကို မြန်မာနိုင်ငံရှိ အမျိုးသမီးများ ကြုံတွေ့နေရဆဲဖြစ်ပြီး အမျိုးသမီးများ တန်းတူညီမျှအခွင့်အရေး ရရှိရေး လှုပ်ရှားမှုများ ခက်ခဲနေဆဲဖြစ်သော်လည်း ဆက်လက် ရပ်တည်လုပ်ဆောင်သွားရန် လိုကြောင်း တန်းတူညီမျှရေး လှုပ်ရှားသူများက ဆိုပါတယ်။

ဂရိတ်ဝေါ ဦးတင်မောင်ကို သမ္မတ ဆုပေးမှု လယ်သမားများ ဆန္ဒပြ ကန့်ကွက်မည်

ဂရိတ်ဝေါ ဦးတင်မောင်ကို သမ္မတ ဆုပေးမှု လယ်သမားများ ဆန္ဒပြ ကန့်ကွက်မည်

by နန်းသီရိလွင်
10 May 2013
6.9k

နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည် ဆုနှင့် ဂုဏ်ပြုဆုရရှိသူ အများစုသည် ဒေသခံလူထုနှင့် မြေယာပြဿနာများ ရင်ဆိုင်နေရဆဲ လုပ်ငန်းရှင်များ ဖြစ်သည်။

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

by သစ္စာနီ
4 February 2013
16.9k

အဲဒါနဲ့ သူလည်း လူထု ကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

Next Post
သံတွဲ၌ အဓမ္မပြုကျင့်မှုဖြင့် လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး

သံတွဲ၌ အဓမ္မပြုကျင့်မှုဖြင့် လူနှစ်ဦးကို ဖမ်းဆီးစစ်ဆေး

ယဉ်ကျေးခေတ်မှီ မေပန်းချီ မြန်မာ့အမျိုးသမီး ဆင်ယင်ထုံးပြပွဲနှင့် တော်ဝင်စံထား မြန်မာ့နှစ်ပါးသွား (ရုပ်/သံ)

ယဉ်ကျေးခေတ်မှီ မေပန်းချီ မြန်မာ့အမျိုးသမီး ဆင်ယင်ထုံးပြပွဲနှင့် တော်ဝင်စံထား မြန်မာ့နှစ်ပါးသွား (ရုပ်/သံ)

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved