• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

by ထက်နိုင်ဇော်
30 July 2013
in သတင်း
A A
စီမံကိန်း သိမ်းမြေများ အကောင်အထည် မဖော်ပါက နိုင်ငံပိုင် ပြန်သိမ်းမည်

တနင်္သာရီတိုင်း ကော့သောင်းခရိုင်ရှိ ဆီအုန်းခြံ တခု (ဓာတ်ပုံ - ဧရာဝတီ)

2.7k
VIEWS
Share on FacebookShare on Twitter

စီမံကိန်း အကြောင်းပြ၍ သိမ်းယူထားသော မြေယာများကို စီမံကိန်း အကောင်အထည် မဖော်နိုင်ပါက နိုင်ငံပိုင်အဖြစ် ပြန်သိမ်းယူမည် ဖြစ်ပြီး အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်မည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ချထားပေးမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတဝန်းတွင် စီမံကိန်းလုပ်ငန်း အမျိုးမျိုးပြ၍ မြေနေရာ ရယူထားသော ပုဂ္ဂလိက ကုမ္ပဏီ ငယ်/လတ်/ကြီးတို့၏ အမည်ပေါက် ပိုင်ဆိုင်ထားမှုတွင် အမှန်တကယ် စီမံကိန်း လျာထားချက်အတိုင်း အကောင်အထည် မဖော်နိုင်ပါက ပြန်လည်အပ်နှံစေပြီး အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်မည့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများအား ချထားပေးရန် မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးလှဆွေက အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လည်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးအုန်းသန်းက ဇူလိုင်လ ၂၉ ရက်နေ့က လွှတ်တော်တွင် ယင်းသို့ ဖြေကြားခြင်း ဖြစ်သည်။ ဦးလှဆွေ၏အဆိုကို အမျိုးသားလွှတ်တော်က ဇူလိုင်လ ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။

“စီမံကိန်းအကြောင်းပြ သိမ်းထားတဲ့မြေ ဘယ်လောက်များလဲဆိုရင် လူသေရင်မြှုပ်ဖို့ သချႋုင်းကိုတောင် သွားဖို့ လမ်းမရှိတော့ပါဘူး” ဟု ၎င်းဒေသ အခြေအနေကို ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော် အမတ် ဦးရှုမောင်က လွှတ်တော်တွင် တင်ပြဆွေးနွေးသည်။

အမျိုးသားလွှတ်တော် ရပ်နားစဉ် တနင်္သာရီတိုင်းသို့ သွားရောက်ခဲ့ရာ စီမံကိန်းအကြောင်းပြ ရယူထားသော ဆီအုန်းစိုက်ခင်းများမှာ လမ်းဘေး ပတ်ဝန်းကျင်တွင် သုံးလေးပင်ခန့်သာရှိပြီး စိုက်ပျိုးမြေနေရာများမှာ ချုံပုတ်များသာ ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသောကြောင့် စုံစမ်းကြည့်ရာ ဆီအုန်းစိုက်ပျိုးသော ကုမ္ပဏီများသည် အမှန်တကယ် စိုက်ပျိုးထားခြင်း မရှိကြောင်း သိရှိခဲ့ရသည်ဟု အဆိုတင်သွင်းခဲ့သူ ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။

“မြန်မာ့အသံက လွှင့်တဲ့အထဲမှာတော့ ဆီအုန်းတွေက တအားကြီးထွားနေတာ၊ အရမ်းစည်ပင်နေတာတွေ ပြပေမယ့် လက်တွေ့က အဲဒီလို မဟုတ်ဘူး။ ဆီအုန်းတွေက အထဲမှာက ချုံပုတ်တွေချည်းပဲ။ ဒါတွေဟာ လိမ်ထားပြီဆိုတာ ကျနော်သိလိုက်ရတယ်” ဟု သူက ဆိုသည်။

စီမံကိန်းအကြောင်းပြ မြေရယူထားသော ပုဂ္ဂလိက ကုမ္ပဏီများသည် ယခင် စစ်အစိုးရ လက်ထက်တွင် ရယူထားခြင်း ဖြစ်သော်လည်း  ထိုစဉ်က မြေယာ ဥပဒေအရပင် နှစ်အလိုက် အကောင်အထည်ဖော် လုပ်ကိုင်ရမည့် ရာခိုင်နှုန်း အချိုးအစားများရှိပြီး ဖြစ်ကြောင်း၊ အကောင်အထည် မဖော်နိုင်သော ကုမ္ပဏီများကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အရေးယူ ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးရှုမောင်က တိုက်တွန်းသည်။

“ကျနော်တို့ဒေသမှာ စိုက်ပျိုးမြေယူထားတဲ့ စူပါဝမ်း၊ အောင်ပြည့်ဖြိုး၊ မြန်မာနိုင်၊ တော်ဝင်၊ ရွှေပုလဲ၊ Ever Green, မြန်မာ့သြဘာ၊ တောင်ပိုင်း ရွှေရောင်အလင်းတန်းတို့လို ပုဂ္ဂလိက ကုမ္ပဏီတွေဟာ  သူတို့ ယူထားတဲ့ မြေပေါ်မှာ စိုက်ပျိုးတဲ့ ရာခိုင်နှုန်းဟာ အနည်းငယ်သာ တွေ့ရပါတယ်” ဟု ဦးရှုမောင်က ဆိုသည်။

စူပါဝမ်း ကုမ္ပဏီအနေဖြင့် တနိုင်ငံလုံးတွင် စီမံကိန်းမြေဧက သောင်းကျော်ရှိခဲ့သော်လည်း ယခုအခါ မြေယာလုပ်ပိုင်ခွင့်ကို အစိုးရ အပါအဝင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ထံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်သောကြောင့် ဧက ၅၀၀၀ ခန့်သာ ကျန်တော့ကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း နှစ်ရှည်ပင်များ အပါအဝင် ပန်းသီး၊ သရက်၊ လိမ္မော် သီးနှံများစွာကို စိုက်ပျိုးလျက်ရှိကြောင်း ယင်းကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးဇော်ဝင်းခိုင်က ပြောသည်။

“မလုပ်နိုင်တဲ့ဟာတွေ ပြန်အပ်လိုက်တယ်။ နားလည်မှု လွဲနိုင်တာက မြေစာရင်းမှာက ကုမ္ပဏီ အမည်ပေါက်နေနိုင်ပေမယ့် တကယ် မလုပ်တော့တဲ့ မြေတွေ အများကြီးရှိတယ်။ နိုင်ငံတော်က ပြန်လိုချင်တာနဲ့ ကျနော်တို့ စာရင်းတွေကြားထဲမှာ ရောယှက်နေတာမျိုးလည်း ရှိနိုင်တယ်။ အရင်က ကော့သောင်းမှာ ဆီအုန်းစိုက်တယ်၊ ပြည်ဘက်မှာလည်းရှိတယ်” ဟု သူက ဆိုသည်။

မြေလွတ်မြေရိုင်းများကို စီမံကိန်းအကြောင်းပြကာ ပုဂ္ဂလိက ကုမ္ပဏီ ငယ်/လတ်/ကြီးတို့က အမည်ပေါက် ပိုင်ဆိုင်ထားမှုတွင် အမှန်တကယ် စီမံကိန်း လျာထားချက်အတိုင်း ပြန်လည်အပ်နှံစေပြီး မူလခွင့်ပြုကာလထက် ကျော်လွန်သည်အထိ ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသေးသော မြေလွတ်မြေလတ်နှင့် မြေရိုင်းများကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဆိုသော ဥပဒေပြဌာန်းချက်များ ရှိပြီးဖြစ်ကြောင်း ဒုဝန်ကြီးက လွှတ်တော်သို့ ရှင်းပြသည်။

“ကျနော်က ဆီအုန်းတခုထဲကို သေချာလေ့လာပြီး ပြောတာ။ တခြား သိမ်းထားတာတွေက အများကြီးပဲ။ ကျနော်တို့ မကွေးမှာဆိုရင် ဆီအုန်း မစိုက်ဘူး။ ဒါပေမယ့် သိမ်းထားတာတွေက အများကြီးပဲ။ ကုမ္ပဏီတွေက SI, Billion Group, အေးရှားဝေါ၊ ဒဂုံအင်တာနေရှင်နယ်တို့က မြေတွေယူထားတာ အများကြီးပဲ။ တကယ်က စိုက်မှ မစိုက်တာ” ဟု ဦးလှဆွေက ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
508
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
40
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
85

တနိုင်ငံလုံးတွင် ဆီအုန်းစိုက်ဧက ၁၀ သိန်းခန့်ရှိရာ သုံးသိန်းခန့်သာ အမှန်တကယ် စိုက်ပျိုးနိုင်ကြောင်း၊ ဆီအုန်းသာမက တနိုင်ငံလုံးရှိ စီမံကိန်းအကြောင်းပြ ယူထားတဲ့မြေ အားလုံးကို တကယ်လုပ်မလုပ် စိစစ်ပြီး လုပ်ကိုင်ခြင်း မရှိသော မြေများကို နိုင်ငံတော်က ပြန်သိမ်း၍ အမှန်တကယ် လုပ်ကိုင်လိုသူများကို ပြန်ချပေးမည်ဖြစ်ကြောင်း ဦးလှဆွေက ဧရာဝတီသို့ ပြောသည်။

“တပ်မတော် အစိုးရ လက်ထက်က သူတို့ကို သစ်ထုတ်ခွင့်တွေ ပေးတယ်ဗျာ၊ အကွက်လိုက်ပေးတာ။ ဆီအုန်းစိုက်ရတာ မကိုက်ဘူး ဆိုတာသိလို့ အစိုးရက တမင်လုပ်ပေးတာ။ စားအုန်းဆီ တင်သွင်းခွင့်ပေးတယ်။ ဒီဇယ်ဆီ တင်သွင်းခွင့် ပေးတယ်။ ပြီးရင် ကားတွေ တင်သွင်းခွင့်ပေးတယ်။ အဲဒီလို အမြတ်တွေရအောင် လုပ်ပေးပြီးတော့မှ ဆီအုန်းစိုက်ဆိုပြီး ခိုင်းတာ။ သူတို့က အမြတ်တွေ ယူကြတယ်၊ ဆီအုန်းတော့ မစိုက်ဘူး။ အဖြစ်စိုက်ပြတယ်။ မြေနေရာတွေ ဦးထားတယ်။ ပြန်ရောင်းစားတာတွေလည်း လုပ်တယ်” ဟု သူကဆိုသည်။

နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မြေလွတ်မြေလတ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းပေးထားသောကြောင့် ယင်းအဖွဲ့များ အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီ အဖွဲ့အစည်းများ၏ မြေလွတ်မြေလတ်နှင့် မြေရိုင်းများ အကောင်အထည်ဖော်မှု ဧရိယာ၊ လုပ်ကိုင်နိုင်ခြင်း မရှိသေးသော ဧရိယာများကိုလည်း ဓာတ်ပုံရိုက် စာရင်းပြုစု၍ မြေလွတ်မြေလတ်နှင့် မြေရိုင်းများ ဗဟိုကော်မတီသို့ တင်ပြရန် လိုအပ်ကြောင်း လည်/ဆည်ဝန်ကြီးဌာန ဒုဝန်ကြီးက လွှတ်တော်တွင် ပြောကြားကြောင်း သိရသည်။

Your Thoughts …
Tags: InvestmentLand ConfiscationParliament
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

မြန်မာ ခေတ်သစ် မေရီ အင်တွိုင်းနက်များ

by သစ္စာနီ
4 February 2013
16.9k

အဲဒါနဲ့ သူလည်း လူထု ကြားထဲမျာ “တနပ်စား မြင့်လှိုင်” ဆိုတဲ့ နာမည် ရသွားပါတယ်။ “ဖယောင်းတိုင် ကိုကိုလှိုင်” ဆိုတာ ရှိသေးတယ်။ သမ္မတရဲ့ အကြံပေးက သမ္မတကို အကြံမပေးဘဲ လူတွေကို အကြံပေးတယ်။

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

by သန့်စင်ငြိမ်းချမ်း
1 April 2013
4.4k

၈ လကြာသည် အထိ လယ်သမားများ လက်ဝယ် မရောက်ရှိသေးသည့် အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

နောက်ကြောင်းပြန် အရေးယူမည့် ဥပဒေ ပြဋ္ဌာန်းခွင့်မရှိဟု ဒုရှေ့နေချုပ်ပြော

by သာလွန်ဇောင်းထက်
6 February 2013
4.8k

လွှတ်တော်ကို ၀င်ကတည်းက အရင် စစ်အစိုးရ စစ်ခေါင်းဆောင်တွေကို ဘယ်လိုမှ အရေးယူလို့မရဘူး ဆိုတာ အားလုံး နားလည်ထားတာပဲ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ၁ နှစ်အကြာ NLD ဘာတွေလုပ်နိုင်ခဲ့သလဲ

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး ၁ နှစ်အကြာ NLD ဘာတွေလုပ်နိုင်ခဲ့သလဲ

by ဧရာဝတီ
24 April 2013
26.4k

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပြီး တနှစ်အကြာ NLD ပါတီအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားများနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ သုံးသပ်ချက် အမြင်များကို စုစည်းဖော်ပြ လိုက်ပါသည်။

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

၁၉၄၉ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်ရန် အဘက်ဘက်မှ ကြိုးပမ်းသွားမည်ဟုဆို

by ညိမ်းပြည့်စုံ
9 July 2013
5.7k

အုပ်ချုပ်နေတဲ့သူတွေ၊ ပြည့်တန်ဆာတွေနဲ့ ထိတွေ့နေရတဲ့ အာဏာပိုင်တွေဟာ ဒီဥပဒေ ခေတ်မမီတော့တာ၊ တခြားတိုင်းပြည်မှာ ဒီကိစ္စကို ဥပဒေနဲ့ ဘယ်လို ထိန်းချုပ် ကိုင်တွယ်နေတယ်၊ ကျန်းမာရေး ရှုထောင့် အနေနဲ့ ဘယ်လို ဖြေရှင်းနေတယ် ဆိုတာကို သိကြတယ်

Next Post
ငါ့လှေ ငါထိုး ဘယ်ကိုမှ မရောက်

ငါ့လှေ ငါထိုး ဘယ်ကိုမှ မရောက်

မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ

မလေးရှားသို့ အလုပ်သမားများ စေလွှတ်ရန် ပြန်ခွင့်ပြုပြီ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved