• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home SFU

အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ဘယ်လို လုပ်ဆောင်ကြမလဲ

by ဧရာဝတီ
9 August 2013
in SFU
A A
ရန်ကုန်မြို့တွင် ကျင်းပသော ၈ လေးလုံး ငွေရတု အခမ်းအနား (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

ရန်ကုန်မြို့တွင် ကျင်းပသော ၈ လေးလုံး ငွေရတု အခမ်းအနား (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

6.3k
VIEWS
Share on FacebookShare on Twitter

၂၀၀၃ ခုနှစ် သြဂုတ်လဟာ မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး ဖြစ်ခဲ့တဲ့ ၂၅ နှစ်ပြည့် ငွေရတုကာလ ဖြစ်ပါတယ်။ ဒီနေ့အချိန်မှာတော့ သမိုင်းတရားခံ ဖြစ်ခဲ့သူအများစုလည်း မရှိတော့သလို အဲဒီကာလကြောင့် ဖြစ်ပေါ်လာတဲ့ အတိုက်အခံ နိုင်ငံရေးအုပ်စုတွေ၊ လက်နက်ကိုင် တော်လှန်ဖို့ဆုံးဖြတ်ခဲ့သူတွေနဲ့ လက်ရှိ အစိုးရတို့ အမျိုးသားရင်ကြားစေ့ရေး လမ်းပေါ် စပြီး လျှောက်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။

၈ လေးလုံး အရေးတော်ပုံကြီးက ချန်ထားရစ်တဲ့ ခါးသီးမှုတွေ၊ အတွေ့အကြုံတွေကတော့ လတ်ဆတ်နေဆဲပါ။ ဒါပေမယ့် သမိုင်းတရားခံလို့ သတ်မှတ်ခံရသူတွေကတော့ ၈ လေးလုံး ဖိနှိပ်ဖြိုခွင်းမှုတွေ၊ သွေးစွန်းမှုတွေနဲ့ ပတ်သက်လို့ တယောက်ကိုတယောက် ပုံချခဲ့ကြပါတယ်။ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ပြောရရင် အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး (Truth and reconciliation) မှာ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်က အမှန်တရားဖော်ထုတ်ရေး မဖြစ်ပေါ်ခဲ့ပေမယ့် ၂၅ နှစ်အကြာမှတော့ အမျိုးသားရင်ကြားစေ့ရေးကိုတော့ တရွေ့ရွေ့ ချဉ်းကပ်လာတယ်လို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ခရီးစဉ်အဖြစ် လာရောက် ခဲ့တဲ့ တောင်အာဖရိကနိုင်ငံမှ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက သူ့အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး (Truth and reconciliation) ကို ပြောခဲ့ပါတယ်။

အသားအရောင်ခွဲခြားမှု ကျင့်သုံးခဲ့တဲ့ တောင်အာဖရိက နိုင်ငံမှာ လူဖြူအစိုးရဘက်ကရော လူမည်း အတိုက်အခံဘက်ကပါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပါတယ်။ လူဖြူ လူမည်း ခွဲခြားမှု ရပ်တန့်နိုင်ဖို့ ၁၉၉၅ ခုနှစ်မှာ “အမျိုးသားညီညွတ်ရေးနှင့် ရင်ကြားစေ့ရေး မြှင့်တင်မှု ဥပဒေ” အရ အမှန်တရား ဖော်ထုတ်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ ကော်မတီမှာ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများနဲ့ ခံစားခဲ့ရသူတွေကို ကော်မတီက ဖိတ်ခေါ်ပြီး အဖြစ်အပျက်တွေကို ကြားနာကာ မှတ်တမ်းပြုခဲ့ပါတယ်။ ကြားနာစစ်ဆေးပြီးနောက် ရာဇဝတ်မှုတွေကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တယ်လို့ ယုံကြည်ရရင် ကျူးလွန်ခဲ့သူကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တရားရုံးတွေကို ကော်မတီက ဆော်သြခဲ့ပါတယ်။

အဲဒီအခါမှာလည်း အရပ်ဖက်ကနဲ့ ရာထူးငယ်သူတွေကသာ လာရောက်ဝန်ခံကြပြီး စစ်တပ်ဘက်ကနဲ့ ရာထူးကြီးသူတွေက ဝန်ခံမှု မရှိခဲ့ကြောင်းကိုလည်း ဘုန်းတော်ကြီး ဒက်စမွန်မွန် တူးတူးက ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသူတွေ၊ ဘဝပျက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများရဲ့ မိသားစုဝင်တွေ၊ ဖမ်းဆီးစစ်ဆေးစဉ် သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေအတွက် ပြန်လည် ထူထောင်ရေး၊ စိတ်ဒဏ်ရာတွေ ပြေလျော့ရေး ဆောင်ရွက်ပေးရေးနည်းတူ “အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး” ကိုလည်း တက်ကြွလှုပ်ရှားသူတွေ၊ အတိုက်အခံတွေက အစဉ်တစိုက် ပြောဆိုလာခဲ့ကြပေမယ့် အရာမထင်သေးပါဘူး။

၈ လေးလုံး အရေးတော်ပုံကြီးနည်းတူ ဆယ်စုနှစ်နဲ့ ချီကြာခဲ့တဲ့ စစ်အာဏာရှင်လက်ထက် တလျှောက်လုံး ဖိနှိပ်ခဲ့မှုတွေ၊ ချိုးဖောက်ခဲ့မှုတွေ၊ သွေးစွန်းခဲ့တဲ့ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွေအတွက်လည်း “အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး” က လိုအပ်နေဆဲ ဖြစ်ပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

-“အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး” အတွက် တောင်အာဖရိကနဲ့ ဒီမိုကရေစီ တည်ဆောက်ကြတဲ့ နိုင်ငံတွေကနေ ဘာတွေ လေ့လာသင့်သလဲ …

-“အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး” ကို မြန်မာနိုင်ငံမှာ ဘယ်လို ဖော်ဆောင်သင့်သလဲ …

-ဒါ အကောင်အထည် ပေါ်ဖို့ ဘယ်အဖွဲ့အစည်းတွေက ကမကထ ပြုသင့်ပါသလဲ …

-“အမှန်တရား ဖော်ထုတ်ရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး” ကို ဘယ်လို နားလည်ထားကြသလဲ …

-လက်စားချေရေး မဟုတ်တဲ့ အမှန်တရားဖော်ထုတ်ရေး၊ စိတ်ဒဏ်ရာနဲ့ သမိုင်းဒဏ်ရာတွေကို ကုစားဖို့အတွက် ကျူးလွန်ခဲ့သူတွေက ဘယ်လို တာဝန်ယူသင့်သလဲ …

-အမှန်တရား ဖော်ထုတ်ရေး မပါတဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ …

စတာတွေကို ဒီတပတ်ဖိုရမ်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

Your Thoughts …
Tags: 88 Generation8888ဖိုရမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ (source: bbc.co.uk)

ခရစ်စတိုဖာ ဂန်းနက်စ်ရဲ့ ရှစ်လေးလုံး

by ဧရာဝတီ
6 August 2013
7.2k

မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။

ဒီပွဲဟာ ပြည်သူလူထုကိုပဲ အနိုင်ပေးသင့်တယ် (ရုပ်/သံ)

by ဧရာဝတီ
8 August 2024
623

သမိုင်းဝင် ၈၈၈၈ လူထုအရေးတော်ပုံဟာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်က လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ၈၈၈၈ လုံးအရေးတော်ပုံဟာ ဆယ်စုနှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထုအကြားမှာ နိုးကြားနေဆဲဖြစ်ပါတယ်။

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

ကင်မ်တီးခတ်ခဲ့တဲ့ဂစ်တာ ဒေါ်လာငွေ ရှစ်လေးလုံး နဲ့လေလံအောင်(ရုပ်/သံ)

by ဧရာဝတီ
24 March 2025
479

အမေရိကန်ပြည်ထောင်စု မေရီလန်း ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်နဲ့ မြန်မာလူထုတွေ့ဆုံပွဲမှာ ကင်မ်တီးခတ်ခဲ့တဲ့ ဂစ်တာကို အမေရိကန်ဒေါ်လာ ၈၈၈၈ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

၈၈ အရေးတော်ပုံ, နိုင်ငံရေး

ရှစ်လေးလုံးကာလ နယ်ဝန်ထမ်းတဦး၏ ဘဝအတွေ့အကြုံ

by မောင်ဆွေဝင်း (ပဲခူး)
7 August 2015
14.2k

အစိုးရက စပါးနှင့် တခြားသီးနှံများကို ထင်သလောက် ဝယ်မရသောကြောင့် သီးနှံများကို အခွန်ငွေအစား ကောက်ခံရန် ညွှန်ကြားခြင်းဖြစ်သည်။ ဒီမှာတင် ကျနော်နှင့် ကုန်သွယ်/လယ်ယာ မန်နေဂျာတို့ အလုပ်ရှုပ်ကြပါတော့သည်။

ငြိမ်းချမ်းရေးဖိုရမ်

ငြိမ်းချမ်းရေးဖိုရမ်

by ဘီရုမာ
1 July 2025
372

(ကာတွန်း-ဘီရုမာ/ဧရာဝတီ)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

by ဧရာဝတီ
24 July 2013
15k

၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်

Next Post
ပုံစာ - ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာတွင် ကျင်းပသည့် ရှစ်လေးလုံး ငွေရတု အခမ်းအနား၌ မိန့်ခွန်း ပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - ဧရာဝတီ)

နိုင်ငံ အကျိုးရှိမည့် သမိုင်းစိတ်ဓာတ် ရှိရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ထိုင်းက မြန်မာ ရေထွက်ကုန် နှင့် ရော်ဘာ လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလို

Please login to join discussion
No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved