• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဒီမိုကရေစီ ဖြစ်ခြင်း၊ မဖြစ်ခြင်း (၁)

by ဖီးလစ် စီ ရှမစ်ထာနှင့် တယ်ရီ လင်း ကားလ်
31 January 2015
in Politics
A A
ဒီမိုကရေစီ ဖြစ်ခြင်း၊ မဖြစ်ခြင်း (၁)

ဖီးလစ် စီ ရှမစ်ထာ (ဓာတ်ပုံ - cua.uam.mx)

2.1k
VIEWS
Share on FacebookShare on Twitter

တချို့အချိန်တွေမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးဈေးကွက်မှာ တန်းဖိုးကျဆင်းနေတဲ့ ငွေကြေးလိုမျိုး လှည့်ပတ်နေတယ်။ ကျယ်ပြန်တဲ့ယုံကြည်မှုနဲ့ အလေ့အကျင့်တွေရှိတဲ့ နိုင်ငံရေးသမားတွေဟာ ဒီမိုကရေစီဆိုတဲ့ တံဆိပ်နဲ့ လိုက်လျော ညီထွေဖြစ်အောင် ကြိုးပမ်းနေပြီး သူတို့ လုပ်ဆောင်ချက်တိုင်းကိုလည်း ဒီမိုကရေစီနည်းကျ လုပ်နေတယ်လို့ ဖြစ်အောင် လုပ်ဆောင်နေရတယ်။ ပညာရှင်တွေကျပြန်တော့လည်း ဒီမိုကရေစီကို သူ့ရှေ့မှာ နာမဝိသေသန တခုခုမထည့်ဘဲ သုံးစွဲဖို့ရာ မဝံ့မရဲဖြစ်ကြပြန်တယ်။ အကြောင်းကတော့ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်းဟာ အဓိပ္ပာယ် အမျိုးမျိုး ရှိနေတဲ့အတွက်ပဲ။

ထင်ရှားတဲ့ အမေရိကန် နိုင်ငံရေးသီအိုရီ ပညာရှင် ရောဘတ် ဒါးလ်ကတော့ ဒီမိုကရေစီရဲ့ အယူအဆပိုင်းဆိုင်ရာမှာ တိကျတဲ့ ဆုံးဖြတ် သတ်မှတ်ချက်တွေရရှိနေဖို့ရာ မျှော်လင့်နေမယ့်အစား ဝေါဟာရသစ် ဖြစ်တဲ့ “ပိုလီအာခီ” (အာဏာကို လူသုံးယောက် ဒါမှမဟုတ် သုံးယောက်ထက်ပိုတဲ့ လူတွေဆီ ဖြန့်ကျက်ထားတဲ့ အစိုးရပုံစံ) ဆိုတဲ့ အသုံးနဲ့ မိတ်ဆက်ပေးခဲ့တယ်။  ဒါပေမယ့် အကောင်းလား၊ အဆိုးလားတော့ မသိဘူး၊ ဒီမိုကရေစီဆိုတာ ခေတ်ပြိုင် နိုင်ငံရေးဆိုင်ရာ ရေးသားပို့ချမှုတွေ အတွက်တော့  ထပ်ခါတလဲလဲ သုံးနှုန်းနေရတဲ့ စကားလုံး တခုပါပဲ။ ဒီမိုကရေစီဆိုတာ လူတွေရဲ့စိတ်ထဲမှာ ပဲ့တင်ထပ်ပြီး  သူတို့ရဲ့ဘဝတွေ ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းအတွက်၊ လွတ်လပ်မှုအတွက် ရုန်းကန် တိုက်ပွဲဝင်ရတဲ့အခါ သူတို့ရဲ့ နှုတ်ခမ်းတွေထဲကနေ ထွက်ပေါ်လာတဲ့ စကားလုံးတလုံးပါပဲ ။ နိုင်ငံရေးကို ဘယ်လို ခွဲခြမ်းစိတ်ဖြာမလဲ၊ ဘယ်လိုကျင့်သုံးမလဲ ဆိုတာနဲ့ ပက်သက်ပြီး လမ်းညွှန်တဲ့အခါ အသုံးဝင်ဖို့ဆိုရင် အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်ကို ကျနော်တို့ သိထားရပါမယ်။

အာဏာရှင်စနစ်ဆီကနေ လမ်းခွဲထွက်လာတဲ့ အသွင်ကူးပြောင်းရေး လှိုင်းက ၁၉၇၄ ပေါ်တူဂီ ပန်းပွင့်တော်လှန်ရေးနဲ့ စတင်ခဲ့ပြီး ၁၉၈၉ အရှေ့ဥရောပ ကွန်မြူနစ် အုပ်ချုပ်ရေးပြိုကျမှုမှာ အထွတ်အထိပ်ကို ရောက်ခဲ့ပုံပါပဲ။ ဒီမိုကရေစီရဲ့ ဘုံအဓိပ္ပာယ် ဖွင့်ဆိုချက်ကိုလည်း အားလုံးက အဲဒီလှိုင်းကြောင့် စုစုစည်းစည်းကြိုဆို ထောက်ခံခဲ့ကြတယ်။ ဒီမိုကရေစီဆိုတဲ့ စကားလုံးရှေ့မှာ ထားတတ်ကြတဲ့၊ သံသယဖြစ်ဖွယ်ရာ ကောင်းတဲ့  “လူထုကြိုက်”၊ “လမ်းညွန်”၊ “ဘူဇွာ”၊ “သမာရိုးကျ” ဆိုတာတွေနဲ့ ဒီမိုကရေစီကို အထူးပြု ချဲ့ထွင်ဖို့သုံးနှုန်းတဲ့ နာမဝိသေသနတွေလည်း နေရာတိုင်းမှာ တိတ်ဆိတ်သွားခဲ့တယ်။ “ဒီမိုကရက်တစ်” ဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်နိုင်ဖို့ နိုင်ငံတွေ ဖြည့်ဆည်းရမယ့် အနိမ့်ဆုံး သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း အများသဘောတူညီချက်တခု တချိန်တည်းမှာ ထူးထူးခြားခြား ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေက  ဒီစံချိန်စံနှုန်းတွေကို ဘယ်လိုပြည့်ဝအောင် လုပ်ရမလဲဆိုတာကို ထိန်းကျောင်းပေးကြတယ်။  တချို့နိုင်ငံတွေဆိုရင် သူတို့ရဲ့ နိုင်ငံခြားရေးပေါ်လစီကို ချမှတ်တဲ့အခါတောင်မှာ ဒီစံချိန်စံညွန်းတွေကို လိုက်ပါထိန်းကျောင်းပေးဖို့ရာ စဉ်းစားပေးကြတယ်။

ဒီမိုကရေစီ ဖြစ်တဲ့အရာ

ဒီမိုကရေစီရဲ့ ကျယ်ပြန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကနေ စကြရအောင်။ ပြီးတော့ ဒီမိုကရေစီဆိုတဲ့ အယူအဆကို အုပ်စိုးသူနဲ့ အအုပ်ချုပ်ခံကြားထဲ ဖွဲ့စည်းတည်ဆောက် ဆက်စပ်ပေးဖို့ရာ ထင်ရှားတဲ့ စနစ်တခုအဖြစ် ခွဲခြားကြည့်ရအောင်ပါ။ တကယ်လို့ ဒီမိုကရေစီကို ထိန်းသိမ်းထားမယ်ဆိုရင် လုပ်ဖို့ရာ လိုအပ်တဲ့ အစီအစဉ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အကျဉ်းချုံး သုံးသပ်သွားပါမယ်။ နောက်ဆုံးမှာ ဒီမိုကရေစီကို  အလုပ်ဖြစ်အောင် လည်ပတ်ပေးမယ့် စည်းမျဉ်းနိယာမ နှစ်ခုကိုလည်း ဆွေးနွေးသွားပါမယ်။ အဲဒီအရာနှစ်ခုဟာ ဒီမိုကရေစီရဲ့ သမားရိုးကျ လုပ်ထုံးလုပ်နည်းတွေထဲမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပါဝင်နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဒီမိုကရေစီအတွက် အခြေခံကျတဲ့ အခြေအနေ အကျိုးသက်ရောက်မှုဆိုတာ မရှိဘူးဆိုရင် ဒီမိုကရေစီဖြစ်ထွန်းဖို့ အလားအလာဟာ  မျှော်လင့်ချက်ကင်း မဲ့နေမှာဖြစ်တယ်။

ဒီအက်ဆေးရဲ့ အဓိက အကြောင်းအရာကတော့ ဒီမိုကရေစီမှာ ထင်သာမြင်သာရှိပြီး ပုံစံတခုတည်းဖြစ်နေတဲ့ အင်စတီကျူးရှင်းတွေ ရှိမနေဘူးဆိုတာကို ပြောချင်တာပဲ။ ဒီမိုကရေစီ ပုံစံအမျိုးမျိုးရှိတယ်၊ ပြီးတော့ သူတို့ရဲ့ ကွဲပြားခြားနားတဲ့ အလေ့အကျင့်တွေဟာ အဲဒီလို ကွဲပြားနေတဲ့ပုံစံအတိုင်း အမျိုးမျိုး ကွဲပြားခြားနားတဲ့ အကျိုးသက်ရောက်မှုတွေကို ထုတ်ပေးတယ်။ ဘယ်လို ဒီမိုကရေစီပုံစံမျိုး ခံယူမလဲဆိုတာ သက်ဆိုင်ရာ နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေအနေ၊ နောက်ပြီး အမြစ်တွယ်နေတဲ့ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံနဲ့ ပေါ်လစီချမှတ်ပုံ အလေ့အကျင့်တွေ အပေါ်ကို မှီခိုနေတယ်။

ခေတ်သစ်နိုင်ငံရေးရဲ့ ဒီမိုကရေစီဆိုတာ အုပ်ချုပ်မှုစနစ်တခုပဲ။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အများပြည်သူဆိုင်ရာ နယ်ပယ်တွေထဲက သူတို့ရဲ့အပြုအမူနဲ့ ပတ်သက်လို့ ပြည်သူကို တာဝန်ခံပေးတဲ့ စနစ်ပါ။ ကိုယ်စားလှယ်တွေက သူတို့အချင်းချင်း ပြိုင်ဆိုင်မှု ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရင်း သွယ်ဝိုက် တာဝန်ခံရတာပါ။

အုပ်ချုပ်ရေးနယ်ပယ် ဒါမှမဟုတ် အုပ်ချုပ်မှုစနစ်ဆိုတာ  အဓိကကျတဲ့ ပြည်သူ့ရုံးတွေကို ချဉ်းကပ်နိုင်တဲ့ နည်းလမ်းတွေ၊ အဲဒီလိုချဉ်းကပ်မှုထဲကို Actor တွေ ဝင်ရောက်နိုင်ဖို့ ဒါမှမဟုတ် ဖယ်ထုတ်ပစ်ဖို့ရာ Actor တွေမှာ ဘယ်လို အရေအသွေးမျိုးတွေ ဖြစ်ရမလဲဆိုတဲ့ စံပုံစံတွေ၊ Actor တွေ ချဉ်းကပ်နိုင်ဖို့ရာ မဟာဗျူဟာနဲ့ လူသိရှင်ကြား ချမှတ်ထားပြီး လိုက်နာရမယ့် စည်မျဉ်းတွွေကို ပြဌာန်းထားပေးမယ့် ဖွဲစည်းပုံလမ်းကြောင်းပဲ။  အုပ်ချုပ်ရေး စနစ်သင့်တင့်မျှတစွာနဲ့ အလုပ်လုပ်နိုင်ဖို့ အထက်ပါ ဖွဲ့စည်းပုံ အင်စတီကျူးရှင်း ဘောင်ထဲထည့်နိုင်ရမယ်။ ဆိုလိုချင်တာ အဲဒီလို ဖွဲ့စည်းပုံလမ်းကြောင်းတွေကို လူတွေ့ရဲ့ အလေ့အကျင့်တွေထဲမှာ သိလာအောင်၊ လုပ်နေကျဖြစ်လာအောင်၊  အားလုံး မဟုတ်တောင် Actor အများစု လက်ခံလာအောင် လုပ်ပေးရမှာဖြစ်တယ်။ နောက်ပြီး ရေရှည်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးစံပုံစံတွေမှာ သမားရိုးကျ မဟုတ်တဲ့၊ အမြော်အမြင်ရှိတဲ့ အခြေခံ ဒါမှမဟုတ် အစဉ်အလာ အခြေခံတွေ ရှိနိုင်ပေမယ့်လည်း ထပ်တိုးပြီး လုပ်ရမှာက  အင်စတီကျူးရှင်း ဘောင်သွပ်သွင်းခြင်းကို ပိုကောင်းအောင် လုပ်ပေးမယ့် ယန္တရားဖြစ်ပြီး အဲဒီလို ယန္တရားဆိုတာ ရေးသားထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ချည်နှောင်ထားတဲ့ ဥပဒေ တရားကိုယ်တခုပါပဲ ။

ပြောဆိုသုံးနှုန်းရာမှာ ကျစ်လစ်သိပ်သည်းအောင်နဲ့ နှိုင်းယှဉ်ရလွယ်ကူအောင်  ဒီလို ပုံသဏ္ဌာန်တွေ၊ အရေးအသွေး စံပုံစံတွေနဲ့ စည်းမျဉ်းတွေဟာ များသောအားဖြင့် အတူတကွ ရောနှောနေပြီး  သီးသန့်ဟန်ရှိတဲ့ တံဆိပ်တခုကို ပေးအပ်တယ်။ ဒီမိုကရေစီနည်းကျတယ် ဆိုတာကတော့ တခုတည်းရှိပြီး  အကန့်အသတ်မဲ့အာဏာ၊ အာဏာပိုင် ဆန်သော၊ အကန့်အသတ်မဲ့ မမျှမတဖြစ်နေသော၊ အာဏာရှင်ဆန်သော၊ မင်းဆိုးမင်းညစ်ဆန်သော၊ အကြွင်းမဲ့ အာဏာပိုင်ဆန်သော၊ အာဏာအကြွင်းမဲ့ ကျင့်သုံးသော၊ အစဉ်အလာရှေးရိုးဆန်သော၊ ဘုရင်ဆန်သော၊ လူနည်းစုကသာ အာဏာကျင့်နေသော၊ လူချမ်းသာများကသာ အာဏာပိုင်သော၊ ပဒေသရာဇ်ဆန်သော၊ စော်ဘွားများကသာ အာဏာကျင့်သုံးနေသော ပုံစံတွေအများကြီးရှိတယ်။

ဒီ အုပ်ချုပ်ရေး ပုံသဏ္ဌာန်တွေဟာ သူ့တခုလုံး အပြည့်အဝမဟုတ်ဘဲ ရောနှောပြီး ပုံစံခွဲတွေလည်း ဖြစ်လာနိုင်တယ်။ အုပ်ချုပ်ရေးပုံစံ အားလုံးလိုပါပဲ၊ ဒီမိုကရေစီဆိုတာလည်း အုပ်ချုပ်သူတွေ တည်ရှိခြင်းဆိုတာအပေါ် မှီခိုနေရတယ်။ သူ့ရဲ့ အုပ်ချုပ်သူကတော့ သီးသန့်ခွဲခြားပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍတခုကနေ ပါဝင်ပြီး တခြားသူတွေကို တရားဝင် အမိန့်တွေပေးအပ်တယ်။  ဒီမိုကရေစီနည်းကျ အုပ်စိုးသူနဲ့ ဒီမိုကရေစီ မဟုတ်တဲ့အုပ်စိုးမှုတွေကြားက ကွာခြားချက်ကတော့  ဒီမိုကရေစီ အုပ်ချုပ်သူဟာ အာဏာရလာဖို့ရာ ဘယ်လို အခြေအနေတွေကို ဖြတ်သန်းရမလဲဆိုတဲ့ စံပုံစံတွေနဲ့ သူတို့ရဲ့ အပြုအမူတွေအတွက် တာဝန်ခံပေးရတဲ့ အလေ့အကျင့်တွေ ရှိနေတာပဲ။

အများပြည်သူနဲ့ ဆိုင်တဲ့ နယ်ပယ်ထဲမှာ လူအများ စုပေါင်းလက်ခံပေးထားတဲ့ စံပုံစံတွေပြုလုပ်ခြင်းနဲ့ လူ့အဖွဲ့အစည်းကို အခြေခံပြီး စုစည်းပေးမယ့်ရွေးချယ်မှုတွေ၊ နိုင်ငံတော်ရဲ့ ဖိအားပေးလုပ်ဆောင်မှုကနေ ကျောထောက်နောက်ခံ ပေးထားတဲ့ ရွေးချယ်မှုတွေပါဝင်တယ်။ သူ့ရဲ့ အတွင်းသား အကြောင်းအရာကတော့  အများပြည်သူဆိုင်ရာနဲ့ ပုဂ္ဂလိက၊ နိုင်ငံတော်နဲ့ လူ့အဖွဲ့အစည်း၊ တရားဝင် ခြိမ်းခြောက်မှုနဲ့ မိမိဆန္ဒအလျောက် ဖလှယ်မှု၊ စုပေါင်းလိုအပ်ချက်တွေနဲ့ တစ်သီးပုဂ္ဂလ ကြိုက်နှစ်သက်မှုတွေကြားထဲ ကြိုတင်တည်ရှိနေတဲ့ ကွဲပြားခြားနားမှုတွေအပေါ် မှီတည်နေပြီး ဒီမိုကရေစီ အမျိုးမျိုးကို ဘယ်လိုဖြတ်သန်း ဆက်ဆံခဲ့သလဲ ဆိုတာအရ ပြောင်းလဲနေမှာဖြစ်တယ်။ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ လစ်ဘရယ် အယူအဆကတော့ အများပြည်သူဆိုင်ရာ နယ်ပယ်ကို တတ်နိုင်သမျှ ခပ်ကျဉ်းကျဉ်း ကန့်သတ်တာကို ထောက်ခံတယ်။  ဆိုရှယ်လစ် ဒါမှမဟုတ် ဆိုရှယ်ဒီမိုကရက်တစ်တွေရဲ့ ချဉ်းကပ်ပုံကတော့ အများပြည်သူဆိုင်ရာ နယ်ပယ်ကို စည်းမျဉ်းတွေ ချမှတ်လည်ပတ်ခြင်း၊ အစိတ်အပိုင်းတရပ် ကူညီထောက်ပံ့ခြင်းနဲ့ တချို့သော ဖြစ်ရပ်တွေမှာဆိုရင် ပစ္စည်ဥစ္စာ စုပေါင်းပိုင်ဆိုင်ခြင်းတွေ ကနေတဆင့် ချဲ့ထွင်တယ်။

အထက်ပါ နှစ်ခုတွဲတွေမှာ  တခုခုက အခြားတခုထက်ပိုပြီး ဒီမိုကရေစီ ဆန်တယ်ဆိုတာမျိုး မရှိဘူး။ သဘောကတော့ ပုဂ္ဂလိကအပိုင်းမှာ ဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဟာ အများပြည်သူဆိုင်ရာ အပိုင်းမှာ ဖွံ့ဖြိုးဖို့ ရည်ရွယ် ဆောင်ရွက်ခြင်းထက် ပိုပြီး ဒီမိုကရေစီကျတယ်ဆိုတာမျိုး မရှိဘူး။ နှစ်ခုစလုံးမှာ တခုခု အစွန်းရောက်သွားပြီ ဆိုတာနဲ့ တပြိုက်နက်တည်း ဒီမိုကရေစီ အလေ့အကျင့်ကို လှိုက်စားတော့တာပဲ။  ပုဂ္ဂလိကနယ်ပယ် အစွန်းရောက်သွားပြီဆိုရင် အများစုပေါင်း လိုအပ်ချက်ကို ကျေနပ်စေခြင်းနဲ့ တရားဝင်လုပ်ပိုင်ခွင့်ကို ကျင့်သုံးခြင်း အခြေခံတွေကို ဖျက်ဆီးလိုက်ရာ ရောက်တယ်။ အများပြည်သူဆိုင်ရာ နယ်ပယ်မှာ အစွန်းရောက်သွားပြီဆိုရင် တသီးပုဂ္ဂလရဲ့ ကြိုက်နှစ်သက်မှုတွေကို ကျေနပ်စေခြင်းနဲ့ အစိုးရရဲ့တရားမဝင် လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ခြင်း အခြေခံတွေကို ဖျက်ဆီးလိုက်ရာ ရောက်ပြန်ရော။ ဒီနှစ်ခုကို အကောင်းဆုံး ရောနှောမှုအပေါ် ထင်မြင်ချက်တွေ အမျိုးမျိုး ကွဲပြားခြားနားနေခြင်းကလည်း တည်ရှိပြီးသား ဒီမိုကရေစီအတွင်း လုံလောက်တဲ့ နိုင်ငံရေး ပဋိပက္ခပေါင်း များစွာကို ပေးအပ်တယ်။

နိုင်ငံသား သဘောတရားဟာ ဒီမိုကရေစီတွေမှာ ကွဲပြားခြားနားမှု အရှိဆုံး အထင်အရှားဆုံး အခြင်းအရာပဲ။  အုပ်ချုပ်ရေး နယ်ပယ်တိုင်းမှာ အုပ်စိုးသူရယ်၊ အများပြည်သူပိုင် နယ်ပယ်ရယ် ရှိပြီးသားပဲ၊ ဒါပေမယ့် ဒီမိုကရေစီ ဘယ်လောက် ကျင့်သုံးသလဲ၊ မသုံးသလဲ ဆိုတာအပေါ် မူတည်ပြီး နိုင်ငံသား ဘယ်လောက်ရှိလဲ၊ မရှိသလဲဆိုတာ ကွာသွားပါတယ်။  သမိုင်းအရတော့ ဒီမိုကရေစီ ပေါ်ထွန်းစနိုင်ငံတွေမှာ အသက်အရွယ်၊ လိင်၊ လူတန်းစား၊ လူမျိုး၊ စာတတ်မြောက်မှု၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ အခွန်ပေးဆောင်တဲ့ အဆင့်၊ စသဖြင့် နိုင်ငံသားဖြစ်မှုအပေါ် အကန့်အသတ်ပေါင်းများစွာ ထားရှိကြတယ်။ စုစုပေါင်း လူဦးရေရဲ့ အစိတ်အပိုင်း အနည်းငယ်သာလျှင် အစိုးရရာထူးအတွက် လုပ်ကိုင်နိုင်ခွင့် ဒါမှမဟုတ် မဲပေးပိုင်ခွင့် ရှိကြတယ် ။ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ဖွဲ့စည်းဖို့၊ ပူးပေါင်းပါဝင်ဖို့နဲ့ ထောက်ပံ့ဖို့တွေကို ကန့်သတ်ထားတဲ့ လူမှုရေးဆိုင်ရာ အမျိုးအစားတွေ အရသာလျင် ခွင့်ပြုတယ်။  အကြမ်းဖက်တဲ့  ပြည်တွင်း ပုန်ကန်ထကြွမှုတွေ  ဒါမှမဟုတ် နိုင်ငံတကာစစ်ပွဲတွေလို အချိန်ကြာမြင့်စွာ တိုက်ပွဲဝင် ရုန်းကန်ပြီးတဲ့နောက်မှာမှ ဒီမိုကရေစီ ဖြစ်လာတာမျိုးဆိုရင် နိုင်ငံသားဖြစ်မှု အကန့်အသတ်တွေ အများစုကို ဖြေလျှော့ပေးလိုက်ပါတယ်။

ယနေ့မှာတော့ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သတ်တဲ့ မှတ်ကျောက်စံတွေဟာ မျှတတဲ့ အဆင့်အတန်းတော့ ရှိတယ်။ နိုင်ငံအတွင်း မွေးဖွားကြီးပြင်းလာတဲ့သူ မှန်သမျှ တရားဝင်နိုင်ငံသားပဲ။ တချို့ကိုတော့ အစိုးရရာထူး ယူနိုင်ခွင့်အတွက် ကိုယ်စားလှယ်လောင်း တင်သွင်းမှုမှာ အသက်အရွယ်ကို မြှင့်ထားချင်ထားမယ်။ ၁၉ ရာစု အစောပိုင်း အမေရိကန်နဲ့ ဥရောပ ဒီမိုကရေစီတွေလိုတော့ မဟုတ်တော့ဘူး။ တောင်ဥရောပ၊ လက်တင်အမေရိက၊ အာရှနဲ့ အရှေ့ဥရောပ ဒီမိုကရေစီတွေမှာ မဲပေးပိုင်ခွင့်နဲ့ ရွေးကောက်ပွဲ ဝင်ရောက်ခွင့်အပေါ် ကိုယ်စားလှယ်လောင်း တင်သွင်းခွင့်တွေမှာ တရားဝင် ကန့်သတ်တာမျိုးတွေ မရှိတော့ဘူး။ နိုင်ငံသားဖြစ်မှု အခွင့်အရေးကို ထိရောက်စွာ ကျင့်သုံးဖို့ရာ  တရားမဝင် ကန့်သတ်တာတွေ ဖြစ်လာပြီဆိုရင်လည်း ဒီမိုကရေစီကြောင့်ထက် တခြားသော အကြောင်း၊ အဖြစ်အပျက်တခုကြောင့်သာလျှင် ဖြစ်တယ်။

ယှဉ်ပြိုင်ခြင်းကို ဒီမိုကရေစီ အခြေအနေအပေါ် အဓိပ္ပာယ်ဖွင့်ဖို့ရာ အဓိကကျတဲ့ အရာအဖြစ် အမြဲစဉ်းစားကြည့်လို့ မရဘူး။ ရှေးဒီမိုကရေစီတွေမှာ ဆုံးဖြတ်ချက်ချမှတ်ခြင်းကို ပြည်သူတွေ တိုက်ရိုက်ပါဝင် လုပ်ဆောင်ပြီး အများသဘောတူမှ လုပ်ဆောင်လေ့ရှိတယ်။ တစုတဝေးတည်း ရောက်လာတဲ့ နိုင်ငံသားတွေဟာ သူတို့အသီးသီးနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ၊ ဖြစ်နိုင်ချေအမျိုးမျိုးနဲ့ အတိုင်းအဆ ပမာဏတွေကို နားထောင်ပြီးမှ စုပေါင်း လျှောက်လှမ်းရမယ့် ဦးတည်ချက်ကို သဘောတူဖို့ မျှော်လင့်ကြတယ်။ အုပ်စုဂိုဏ်းဂဏကွဲတာ၊ ပြီးတော့ သီးသန့် အကျိုးအမြတ် ရှာတာတွေအပေါ်ကို မလိုလားတဲ့ အစဉ်အလာဟာ ဒီမိုကရေစီ အတွေးအခေါ်ထဲမှာ အမြစ်တွယ်နေတာ။ ဒါပေမယ့် အနည်းဆုံးအနေနဲ့  ဖက်ဒရယ်လစ် စာတမ်းများ ထွက်ပေါ်လာတော့ကာ  အုပ်စုဂိုဏ်းဂဏတွေနဲ့ ယှဉ်ပြိုင်ခြင်းဟာ ဒီမိုကရေစီကို ဒေသတွင်းထက် ပိုကျယ်ကျယ်ပြန့်ပြန့် လည်ပတ်နေတာ ပိုကောင်းတယ်လို့ မြင်တဲ့အတွက် ယှဉ်ပြိုင်ခြင်းဟာ ဒီမိုကရေစီမှာ “လိုအပ်တဲ့ မကောင်းဆိုးဝါး” ရယ်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

ဂျိမ်းမတ်ဒီဆင်က “ဂိုဏ်းဂဏနဲ့ ပတ်သတ်တဲ့ မြုံနေတဲ့ အကြောင်းတရားတွေက လူသားသဘာဝထဲမှာ မျိုးစေ့ချထားပြီးသား၊ ပါဝင်ပြီးသား” လို့ ဆိုတယ်။ ပြီးတော့  ဂိုဏ်းဂဏအကွဲတွေ အတွက် ကံကြမ္မာဆိုးတွေကို ကုသဖို့အတွက် ဖြစ်နိုင်ခြေရှိတဲ့ ကုသမှုကတော့ သူ့ရဲ့ရောဂါထက်တောင်မှ ဆိုးဝါးနေသေးတယ် ။ ဒါကြောင့် အကောင်းဆုံး လမ်းကြောင်းကတော့ ဂိုဏ်းဂဏကွဲပြားမှုကို အသိအမှတ်ပြုပြီး သူ့ကြောင့်ဖြစ် ပေါ်လာမယ့် အကျိုး သက်ရောက်မှုတွေကို ကြိုးစားထိန်းချုပ်ဖို့ပဲ။ ဒီလိုပဲ ဒီမိုကရက်တွေက ဂိုဏ်းဂဏကွဲတွေ  ရှောင်လွဲလို့ မရဘူးဆိုတာ အပေါ်ကို သဘောတူလက်ခံပေမယ့်  ဂိုဏ်းဂဏကွဲတွေ ပြိုင်ဆိုင်မှုအပေါ် အုပ်ချုပ်ဖို့အတွက် အကောင်းဆုံး စည်းမျဉ်း၊ ပုံသဏ္ဌာန်တွေနဲ့ ပတ်သက်လာရင်တော့ သဘောတူညီညွတ်မှာ မဟုတ်ဘူး။ တကယ်တော့ ယှဉ်ပြိုင်မှု နယ်နိမိတ်အတိုင်းအတာ၊ ပိုမိုကြိုက်နှစ်သက်ကြတဲ့ လည်ပတ်ပုံံတွေ အမျိုမျိုး ကွဲပြားခြားနားမှုဟာ ဒီမိုကရေစီ ပုံစံခွဲတခုနဲ့တခု ကွဲပြားသွားအောင် ထည့်ဝင်ပေးတယ်။

(ဆက်လက်ဖော်ပြပါမည်။)

ဖီးလစ် စီ ရှမစ်ထာ (Philippe C Schmitter) နဲ့ တယ်ရီ လင်း ကားလ် (Terry Lynn Karl) တို့ရဲ့ What Democracy Is … and Is Not စာတမ်းကို Journal of Democracy နဲ့  Johns Hopkins University Press တို့ရဲ့ ခွင့်ပြုချက်ကို ရယူပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုပါတယ်။ ရှမစ်ထာဟာ စတန်းဖို့ဒ် တက္ကသိုလ် ဥရောပ လေ့လာမှုပညာဌာနရဲ့ ဒါရိုက်တာနဲ့ နိုင်ငံရေးသိပ္ပံဌာနရဲ့ ပါမောက္ခတဦး ဖြစ်ပါတယ်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)

Your Thoughts …
Tags: Democracy
ဖီးလစ် စီ ရှမစ်ထာနှင့် တယ်ရီ လင်း ကားလ်

ဖီးလစ် စီ ရှမစ်ထာနှင့် တယ်ရီ လင်း ကားလ်

Contributor

Similar Picks:

ဘဝရှင်မင်းတရားကြီး အန္တရာယ်

ဘဝရှင်မင်းတရားကြီး အန္တရာယ်

by ညီစောလွင်
22 July 2013
17.3k

ဘဝရှင်မင်းတရားကြီး အနားယူသွားပြီ၊ စာဖတ်နေပြီလို့ ဆိုပေမယ့် သူ ချန်သွားခဲ့တဲ့ စနစ်နဲ့ ယန္တရားတွေက မြန်မာပြည် ရှေ့ခရီးအတွက် အန္တရာယ်ရှိနေဆဲပဲလို့ ကျနော် ထင်မြင်နေမိပါတယ်။

အာဇာနည်တွေနေတဲ့ တိုင်းပြည်

အာဇာနည်တွေနေတဲ့ တိုင်းပြည်

by ဧရာဝတီ
3 July 2025
186

မင်းတို့စစ်ဖိနပ်အောက် ငါဘယ်တော့မှဒူးမထောက်ဘူး ဆိုတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၊ ဗြိတိသျှတွေကိုဆန့်ကျင်ခဲ့တဲ့ ဗိုလ်အောင်ကျော်ကနေ ယနေ့ခေတ် ဂျန်ဇီ လူငယ်တွေ အထိ ခေတ်အဆက်ဆက် လူငယ်တွေ ဘာကြောင့် အသက်ပေးတိုက်ပွဲဝင်ကြတာလဲ၊ မြန်မာလူငယ်တွေရဲ့ တော်လှန်စိတ်ဓာတ် နဲ့ နိုင်ငံရေး DNA...

“၈၈” နဲ့ “၂၁” ဘာကွာလဲ

“၈၈” နဲ့ “၂၁” ဘာကွာလဲ

by ဧရာဝတီ
31 July 2025
110

Opinion Talk

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

စစ်ဗိုလ်ချုပ်တွေ အရမ်းကြောက်တဲ့ အမျိုးသမီး

by ဧရာဝတီ
6 June 2025
104

ဘာလက်နက်မှ မရှိတဲ့ အမျိုးသမီးတစ်ယောက်ကို မြန်မာစစ် ဗိုလ်ချုပ်တွေ ဘာကြောင့် အမြဲကြောက်ရတာလဲ၊ စစ်အစိုးရ အဆက်ဆက် ကို ခြောက်လှန့်ခဲ့တဲ့ သူရဲ့ နိုင်ငံရေး ယုံကြည်မှု နဲ့ လမ်းစဉ်တွေက ဘာတွေလဲ၊ အကြိမ်ကြိမ်တိုက်ခိုက်ဖမ်းဆီးခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဒီတကြိမ်မှာရော...

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

နိုင်ငံရေးလုပ်ကြံမှုတွေနဲ့ မြန်မာ့ကံကြမ္မာ

by ဧရာဝတီ
17 July 2025
97

လုပ်ကြံမှုတွေမှာ အာဏာရှင်တွေထက် ပြည်သူ့ခေါင်းဆောင်တွေ ပိုပစ်မှတ်ထားခံခဲ့ရပါတယ်။ သမိုင်းသာ ပြောင်းပြန်ဖြစ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်မလဲ။ စနစ်ပြောင်းဖို့ အတွက် လုပ်ကြံမှု ဟာ နည်းမှန်လမ်းမှန်လား၊ ၊ နိုင်ငံရေးအရရော ထိရောက်မှုရှိမှာလား စတာတွေ ကို ဒီတပတ်...

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

by အောင်ဒင်
5 August 2013
8.2k

နိုင်ငံရဲ့ ပြင်ပမှာ ကျောင်းသား တပ်မတော် ခေါင်းဆောင်ဟောင်း ဒီမိုကရေစီရေး လှုပ်ရှားသူ တယောက် အနေနဲ့ မောင်မောင်ကြီး ကွယ်လွန်တဲ့ အချိန်မှာ အောင်မြင့်က မြန်မာ့ တပ်မတော်မှာ ဗိုလ်မှူးကြီး တစ်ယောက် ဖြစ်နေပါပြီ။

Next Post
စစ်အစိုးရ လက်ထက် မြို့သစ်စီမံကိန်း လယ်ယာမြေ လျော်ကြေးများပေးရန် ကျန်ရှိ

စစ်အစိုးရ လက်ထက် မြို့သစ်စီမံကိန်း လယ်ယာမြေ လျော်ကြေးများပေးရန် ကျန်ရှိ

စိတ်ကျန်းမာရေး အာဟာရ

စိတ်ကျန်းမာရေး အာဟာရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved