• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

စစ်အစိုးရ လက်ထက် မြို့သစ်စီမံကိန်း လယ်ယာမြေ လျော်ကြေးများပေးရန် ကျန်ရှိ

by နန်းလွင်နှင်းပွင့်
31 January 2015
in Human Rights
A A
စစ်အစိုးရ လက်ထက် မြို့သစ်စီမံကိန်း လယ်ယာမြေ လျော်ကြေးများပေးရန် ကျန်ရှိ

ယခု တွေ့မြင်ရသော လှိုင်သာယာ မြို့သစ် မြင်ကွင်း (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

2.2k
VIEWS
Share on FacebookShare on Twitter

ယခင်စစ်အစိုးရ လက်ထက်က စီစဉ်ဖော်ဆောင်ခဲ့သည့် ရန်ကုန်မြို့သစ် စီမံကိန်းများ အကောင်ထည်ဖော်ခဲ့ရာ၌ သိမ်းယူခဲ့ပြီး လျော်ကြေး မပေးရသေးသည့် မြေ ဧက ၁ သောင်းခွဲ နီးပါး ရှိနေသေးကြောင်း ပြည်သူ့လွှတ်တာ် အစည်းအဝေးမှ သိရသည်။

မြို့သစ် စီမံကိန်းများ ဖြစ်သော လှိုင်သာယာ၊ ရွှေပြည်သာ နှင့် သန်လျင်-ကျောက်တန်း မြို့နယ်များရှိ လယ်သမားပိုင် လယ်မြေ ၁၄၈၇၇.၃၇ ဧက ကို နိုင်ငံပိုင်လယ်မြေအဖြစ် သိမ်းဆည်းခဲ့ရာတွင် လယ်သမားများ နစ်နာကြေးမရရှိခြင်းနှင့်ပတ်သက်၍ နိုင်ငံတော် က မည်သို့ ဆောင်ရွက်ပေးမည်ကို ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
38
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
35
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
458

ရန်ကုန်မြို့သစ် စီမံကိန်းကို ၁၉၈၉ ခုနှစ်မှ ၁၉၉၇ ခုနှစ် အတွင်း တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လှိုင်သာယာမြို့နယ် တည်ဆောက်ရန် လယ်ယာမြေ  ၆၅၉၉.၃၂၆ ဧက ၊ ရွှေပြည်သာမြို့နယ် တည်ဆောက်ရန် လယ်ယာမြေ ၃၁၇၁.၉ ဧကနှင့် သန်လျင် – ကျောက်တန်းမြို့နယ် တည်ဆောက်ရန် ၅၁၉၁ . ၅၁ ဧကကို လယ်သမားများထံမှ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု ဦးအောင်သိန်းလင်းက ပြောဆို သည်။

၁၉၅၃ ခုနှစ် ဥပဒေပါ လယ်သမားပိုင် လယ်ယာမြေအား နိုင်ငံတော်ပိုင် ပြုလုပ်၍ အခြားစီမံကိန်းများတွင် အသုံးပြုလိုပါက ခွင့်ပြုမိန့် လန ၃၉ ကို နိုင်ငံတော် အမိန့်ဖြင့် ထုတ်ပြီးမှသာ ပိုင်ရှင်လယ်သမားများနှင့် ညှိနှိုင်းပြီး ခေတ်ကာလနှင့် အညီ လျော်ကြေးပေး၍ မြေ ကို သိမ်းယူရမည်ဟူသော အချက်နှင့် ကိုက်ညီစွာ လုပ်ဆောင်ထားသည်ကို မတွေ့ခဲ့ရကြောင်းလည်း ဦးအောင်သိန်းလင်းက ဆက် ပြော သည်။

လျော်ကြေးရရှိခဲ့သည့် လယ်သမား စုစုပေါင်းမှာ ၁၀၁ ဦးသာရှိပြီး ထိုသူများသည်လည်း ခေတ်နှင့်လျော်ညီသည့် လျော်ကြေးငွေများ မရရှိခဲ့ဟု ဆိုသည်။

“၁၉၅၃ ဥပဒေရော အသစ်ပြဌာန်းထားတဲ့ ဥပဒေရော လန ၃၉ မကျဘဲနဲ့ သိမ်းထားတော့ မြေတွေကို သက်ဆိုင်ရာ လယ်သမား တွေ ကို ပြန်ပေးရမှာပါ။ မြေရယူထားတဲ့ ကုမ္ပဏီနဲ့ အစိုးရအဖွဲ့ရဲ့ သဘောဆန္ဒအတိုင်း ဆုံးဖြတ်တာမျိုး မဖြစ်သင့်ပါဘူး၊ လျော်ကြေး ပေးရပါမယ်”ဟု ဦးအောင်သိန်းလင်းက လွှတ်တော်၌ ပြောဆိုသည်။

ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းမြင့်က ထိုစဉ်က ဆောင်ရွက်ခဲ့သည့် စီမံကိန်းများ သည် အစိုးရ၏ အမိန့်အာဏာဖြင့် ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက စီမံကိန်းသာ ရေးဆွဲခွင့် ရှိခဲ့ကြောင်း၊ ဥပဒေအရ လန ၃၉ များ လုပ်ဆောင်ပြီး မြေသိမ်းရန်စီစဉ်ခဲ့သော်လည်း နိုင်ငံတော်အမိန့်တွင် ညွှန်ကြားချက် မပါရှိသဖြင့် ပြီး ဆုံးရန် မလုပ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိနေသည့် လယ်ယာမြေ ဧကများကို လန ၃၉ လျှောက်၍ လျော်ကြေးများပေးရန် ဆောင်ရွက်ဆဲ အဆင့်တွင်သာ ဆက်လက်ရှိနေကြောင်း၊ စီမံကိန်းများသည် ဆောင်ရွက်ပြီး အဆင့် ရောက်နေပြီဖြစ်သဖြင့် ပြန်လည် မဖျက်နိုင်ကြောင်း ဖြေဆိုခဲ့သည်။

စစ်အစိုးရ လက်ထက်တွင် သိမ်းယူထားသည့် လယ်ယာမြေများသည် ဥပဒေနှင့် မညီညွှတ်သော်လည်း ပြန်လည် ပေးအပ်နိုင်တော့ မည် မဟုတ်ကြောင်းနှင့် လျော်ကြေးပေးရန် ကျန်ရှိနေသည့် လယ်သမားများကို လျော်ကြေးပေးမည်၊ မပေးမည်ကို ဒုဝန်ကြီး ဦးဝင်းမြင့်က ဖြေဆိုခြင်း မရှိကြောင်းကို တွေ့ရသည်။

Your Thoughts …
Tags: Land Confiscation
နန်းလွင်နှင်းပွင့်

နန်းလွင်နှင်းပွင့်

ဧရာဝတီ

Similar Picks:

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

ပွင့်လင်းမြင်သာမှု မရှိသော ဘော်ဆိုင်း သတ္တု တူးဖော်မှုများ

by ကိုဖိုးသား (တောင်ကြီး)
2 February 2013
10.2k

အဲဒီ ကုမ္ပဏီတွေက နိုင်ငံတော် စီမံချက်လိုလို၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ လိုလို ပြောတော့ ပေးသလောက်နဲ့ ကျေနပ်နေရတာပေါ့” ဟု ဖျက်ဆီးခံရသော ခြံယာမြေပိုင်ရှင် တဦးက ပြောသည်။

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

ဧရာရွှေဝါ သိမ်းခဲ့သည့် လယ်များ ပိုင်ရှင်များထံ ပြန်ပေးရေး လွှတ်တော်ဆုံးဖြတ်

by သန့်စင်ငြိမ်းချမ်း
1 April 2013
4.4k

၈ လကြာသည် အထိ လယ်သမားများ လက်ဝယ် မရောက်ရှိသေးသည့် အတွက် မိုးစပါး စိုက်ပျိုးချိန်အမီ လယ်သမားများကို ပြန်လည်ပေးအပ်ရန် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက အဆိုတင်သွင်းခဲ့

ထားဝယ်မှာ မြေယာအငြင်းပွားမှု များပြား

ထားဝယ်မှာ မြေယာအငြင်းပွားမှု များပြား

by ထက်နိုင်ဇော်
10 December 2013
3.7k

မြေယာ သိမ်းဆည်းမှု များတွင် အများဆုံးပါဝင် ပတ်သက်နေသော "ထားဝယ် ဖွံ့ဖြိုးမှု အများပိုင် ကုမ္ပဏီ"မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုနှင့် အလွန်နီးစပ်မှု ရှိသည်ဟု ဒေသခံများက ယုံကြည်နေကြသည်။

တပ်သိမ်းမြေ , ဧက ၁၆၀၀ ကျော် , မူလမြေ ပိုင်ရှင်များ , ဧရာဝတီတိုင်း ဒေသကြီး , အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) , လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း (လစရ - ၁၀)

တပ်သိမ်းမြေ ဧက ၁၆၀၀ ကျော် မူလပိုင်ရှင်များထံ ပြန်ပေး

by ဆလိုင်းသန့်စင်
27 February 2014
4.6k

ကျနော်တို့ အနေနဲ့ အခုချိန်ကတည်းက မြေတွေ ပြန်ပေးတယ် ဆိုတာက လာမယ့် မိုးရာသီ စိုက်ပျိုးချိန်အမီ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်ရပြီး အချိန်မီ စပါးစိုက်ပျိုး နိုင်စေဖို့ အတွက် ရည်ရွယ် ပါတယ်

ခလရ ၃၈, တပ်ပိုင်မြေ, အငြိမ်းစား စစ်သားဟောင်း

ပုသိမ်ရှိ စစ်မှုထမ်းဟောင်း အိမ်ခြံမြေများ တပ်ပိုင်အဖြစ် သိမ်းရန် ကြိုးပမ်း

by ဆလိုင်းသန့်စင်
1 April 2014
1.8k

ကျနော်တို့မှာ တပ်က ထွက်ပြီး ကတည်းကရတဲ့ လုပ်သက် ခံစားခွင့် ငွေနဲ့ ဒီနေရာလေးကို ၀ယ်ယူခဲ့ပြီး အိမ်ဆောက် နေခဲ့တာပါ၊ နေတာ ၁၀ နှစ် ကျော်ပါပြီ၊ မနှစ်က ကျောက်တိုင်မြေ လာစိုက်ပြီး သိမ်းသွားတာ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က, သိမ်းဆည်းမြေ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိမ်းဆည်းမြေဧက ၃ သောင်းကျော် ပြန်ပေး

by မေခ
27 September 2013
7.9k

တပ်သိမ်းမြေတွေနဲ့ ပတ်သက်ပြီး အပိုင်း ၃ပိုင်း ပြောလို့ရပါတယ်။ အခု ဧက ၃သောင်း ကျော် ကတော့ လုံးဝ အရှင်း ပေးလို့ ရတာပေါ့။ နောက်တခုက တစိတ်တဒေသ ပေးလို့ရတယ်။ နောက်ကတော့ လုံခြုံရေး အရ...

Next Post
စိတ်ကျန်းမာရေး အာဟာရ

စိတ်ကျန်းမာရေး အာဟာရ

စိတ်ချမ်းသာစရာ အကြည်ဓာတ်ကိုပေးတဲ့ Totty 36

စိတ်ချမ်းသာစရာ အကြည်ဓာတ်ကိုပေးတဲ့ Totty 36

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate