• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ဘေဂျင်းက တံခါးဖွင့် ကြိုဆိုမယ့် ဒေါ်အောင်ဆန်းစုကြည်

by အောင်ဇော်
9 June 2015
in Politics
A A
ဒေါ်အောင်ဆန်းစုကြည်, တရုတ်, နိုင်ငံရေး

၂၀၁၃ ခုနှစ် မတ်လပိုင်းက တရုတ် ရင်းနှီးမြှုပ်နှံထားသော လက်ပံတောင်း ကြေးနီစီမံကိန်း ခရီးစဉ်အတွင်း တွေ့မြင်ရသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - myanmarij.com)

10.8k
VIEWS
Share on FacebookShare on Twitter

တရုတ် – မြန်မာ သံတမန် ဆက်ဆံရေးဟာ သမ္မတဦးသိန်းစိန် တက်လာပြီး နောက်ပိုင်း ကစပြီး အဖုအထစ် အကွေ့အကောက်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဦးသိန်းစိန်ရဲ့ တရုတ်က မြုပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းကို ခေတ္တ ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တရုတ် အစိုးရ နဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ သူတို့ရဲ့ အကျိုးစီးပွားကို အိမ်မက်ကနေ ဗွေဆော်ဦး လန့်နှိုး လိုက်တာပဲ ဖြစ်ပါတယ်။

ဒုတိယကတော့ နိုင်ငံရေးအရ တံခါးဖွင့်ခဲ့တဲ့ မြန်မာဟာ တချိန်က ရန်သူတွေလို ဆက်ဆံခဲ့ တဲ့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ အချိန်တိုအတွင်း ရင်းနှီးဆက်ဆံမှု တိုး တက်လာတာပဲ ဖြစ်ပါတယ်။ ဦးသိန်းစိန်ဟာ အိမ်ဖြူတော်ကို လည်ပတ်ခဲ့တယ်။ နဂါးကြီး ဟာ သူ့ရဲ့ အိမ်နောက်ခြမ်းမှာ တချိန်က သူ့ရဲ့ လက် ဝေခံ တပည့်လို (ဆွေးမျိုးပေါက်ဖေါ် တွေလိုတော့ တရားဝင် ခေါ်ဝေါ်ကြပါတယ်) ဆက်ဆံခဲ့ဖူး သူက တမဟုန်ချင်း သူ့ရဲ့ ရင်ခွင် ထဲကနေ အခြားရင်ခွင်ထဲကို ပြောင်းသွားမှာကိုတော့ လိုလားမှာ မဟုတ်ပါဘူး။

နောက်ဆုံး အဖုအထစ်ကတော့ နယ်စပ်မှာ မြန်မာ့တပ်မတော် နဲ့ ကိုးကန့်၊ အခြား လက်နက်ကိုင်တပ်တွေနဲ့ ပဋိပက္ခပဲ ဖြစ်ပါတယ်။ ဒီ ပဋိပက္ခမှာ တရုတ်ကြေစားတွေ ပါဝင်တယ်လို့ မြန်မာ့တပ်မတော်ဘက်က စွပ်စွဲခဲ့သလို တရုတ်ကလည်း နယ်စပ်မှာ တန်ပြန်တဲ့ အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ တပ်မတော်ဟာ တရုတ်အပေါ်မှာ ထားတဲ့သဘောထားက တင်းမာတယ်ဆိုတာ ဘေဂျင်းက သိသွားပါ တယ်။

ဒီလိုအနေအထားမှာ တရုတ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ဖိတ်ကြားခဲ့ တာပဲ ဖြစ်ပါတယ်။ တရုတ်သမ္မတနဲ့ရော ဝန်ကြီးချုပ်နဲ့ပါ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

ဒီဖိတ်ကြားချက်ဟာ တရုတ်ဘက်က အလေးအနက် တွက်ချက်ပြီး ဆုံးဖြတ်လိုက်တဲ့ ပြောင်မြောက်တဲ့ နိုင်ငံရေး – သံတမန်ရေးအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဆိုရင်မမှား ပါဘူး။ အနာဂါတ်မှာ သူ့ရဲ့ အကျိုးစီးပွါးနဲ့ အိမ်နီးချင်း နိုင်ငံအပေါ်ထားတဲ့ နိုင်ငံခြားရေးမှုဝါဒ အရရော ပထဝီဝင် နိုင်ငံရေးအရပါ မထိခိုက်နိုင်ဘူးလို့ ခြုံငုံတွက်ချက်ပြီးမှ ဆုံးဖြတ်တဲ့ နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ မှားခဲ့ရင်လည်း အဲဒီအကျိုးဆက်ကို ခံရမှာက တရုတ်ဖြစ်ပါတယ်။

ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်တွေ့ကျတဲ့ နိုင်ငံရေးသမား ဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူမရဲ့ ပါတီသေချာပေါက် မဲများများနဲ့ နိုင်နိုင်တယ် (ဘယ်သူတွေ ဘယ် လိုပဲ ဝေဖန်ဝေဖန်) ဒါ့အပြင် မြန်မာ့မြေပေါ်မှာ မြုတ်နှံထားတဲ့ တရုတ်နိုင်ငံရဲ့ ရေရှည်စီးပွါး ရေးကိုလည်း မျှမျှတတ ကာကွယ်ပေးနိုင် ချင့်ချိန်စဉ်းစားပေးနိုင်တယ်လို့ ဘေဂျင်းဘက်က တွက်ချက်ခဲ့လို့ ဖိတ်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ပံတောင်းကြေးနီ စီမံကိန်းမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ကော်မ ရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေသခံတွေရဲ့ အကျိုးစီးပွါးအတွက် မဟုတ်ဘဲ တရုတ်ရဲ့ အကျိုး စီးပွါးကို ကာကွယ်ပေးတဲ့ ပုံစံမျိုး ဖြစ်တဲ့အပြင် ဘေဂျင်းကို ဒေါ်အောင်ဆန်းစုကြည် လိုချင်နေတဲ့ စကားလက်ဆောင် သင်္ကေတလည်း ဖြစ်နိုင်ပါတယ်။

တဘက်က ပြောရရင် ဒါဟာ တရုတ်ရဲ့ strategic re-balance မဟာဗျူဟာ ကျတဲ့ ပထဝီ နိုင်ငံရေးမှာ သူ့ရဲ့အနေအထားကို ပြန်ပြီး balance လုပ်ယူတာပဲ ဖြစ်ပါတယ်။ တရုတ်ဘက် တွက်ဆထားတာကတော့ လက်ရှိဦးသိန်းစိန် အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒုတိယ သက် တမ်းကို သွားဖို့ လမ်းမရှိတော့ဘူးလို့လည်း အခိုင်အမာ တွက်ထားပုံ ရပါတယ်။

ဒါကြောင့် သူဟာ ဦးရွှေမန်းကို ဖိတ်ခဲ့ပါတယ်။ (တရုတ် ခရီးစဉ်အပြီး US ကိုလည်း သွား လိုက်ပါသေးတယ်) ပြီးတော့ အများကခေါ်ဝေါ် သုံးနူံးတဲ့ အတိုက်အခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ မြင်းလောင်းတတ် သူတွေ ဆိုရင်တော့ တရုတ်က ဘယ်မြင်းကို လောင်းနေပြီလဲ ဆိုတာ တွက်ဆလို့ ရပါ တယ်။

အိမ်ဖြူတော်ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ရင် ဘေဂျင်းကိုလည်းလာပြီး တရုတ် သမ္မတနဲ့ တွေ့ခွင့်ရှိတယ် ဆိုတဲ့ အချက်ပြမူလည်း ရှိပါတယ်။

တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းအေဂျင်စီကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထင်ပေါ် ကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင်ဆိုပြီး ခေါ်ဝေါ် သမုတ်ထားပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် မဟုတ်ပါဘူး။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
281
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
41

ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်တဲ့အတွက်လည်း သူ့နောက်က လူထုကို တနည်းတဖုံ တရုတ်အပေါ် မြင်တဲ့ အမြင်တွေ ပျော့ပြောင်းစေနိုင်တယ်လို့လည်း တွက်နိုင်ပါတယ်။ (ဒီအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ လူထုအကျိုးအတွက် ကိုယ်စားပြုပြီး ပြောမှာလား ဆိုတဲ့မေးခွန်းက အရေကြီးပါတယ်)။

အနာဂါတ် ကိုယ်ကျိုးစီးပွါး နဲ့ မဟာဗျူဟာကျတဲ့ ပထဝီဝင် နိုင်ငံရေးကို ဆုံးဖြတ်တဲ့ တရုတ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီရဲ့ နိုင်ငံရေး ခေါင်းဆောင်တဦး အဖြစ် ဖိတ်ကြားခဲ့ပြီး တံခါးဖွင့် ကြိုဆိုဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

Your Thoughts …
Tags: Aung San Suu Kyi
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

by ဧရာဝတီ
19 June 2025
233

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆုတောင်း ဗီဒီယိုဖိုင် အများဆုံးနဲ့ ဂင်းနစ်စံချိန် တင်ဖို့ ကြိုးပမ်းနေတာမှာ ရုပ်သံဖိုင်ပေါင်း တသိန်းကျော် ရရှိထားပြီး အဲ့ဒီထဲက ၄၀ ရာခိုင်နှုန်းက စီစစ်အောင်မြင်ပြီးဖြစ်တယ်လို့...

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

နာမည်ကျော် ကိုရီးယား အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့မည်

by လင်းသန့်
30 January 2013
23.2k

“နတ်သမီးနဲ့ လူလိမ်” လို့ မြန်မာတွေ လူသိများတဲ့ ဇာတ်လမ်းတွဲထဲက ကိုရီယားမင်းသား Ahn Jae-wook နဲ့အတူ တခြား မြန်မာပရိသတ်တွေ နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား အနုပညာရှင်တွေလည်း ပါဝင်တယ်

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ခရိုနီသူဌေးကြီးများကို ပြုပြင်ရန် အခွင့်အရေး ပေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

by သာလွန်ဇောင်းထက်
10 January 2013
10.2k

ခရိုနီဆိုတာက ဘာဖြစ်လို့ ခရိုနီလို့ခေါ်လဲဆိုတော့ န၀တ၊ နအဖခေတ်မှာ ချမ်းသာလာလို့၊သူတို့ချမ်းသာပုံချမ်းသာနည်းက တယောက်နဲ့ တယောက်မှ မတူကြတာ။ ချမ်းသာပုံ ချမ်းသာနည်းက မတရားမှုတွေပါလား မပါလား အဲဒါတွေ စိစစ်ရမယ်

သူမ နှင့် စစ်အာဏာရှင်များ

သူမ နှင့် စစ်အာဏာရှင်များ

by ဧရာဝတီ
13 June 2025
115

Opinion Talk Snapshot

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည် တကယ်ကျန်းမာရဲ့လား (ရုပ်/သံ)

by ဧရာဝတီ
16 December 2025
109

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ စစ်ကော်မရှင်ရဲ့ သတင်းပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ကြောင်းသိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စ ယင်းလတ်တို့ ပြောတဲ့ ဒီမိုကရေစီ

by လင်းသန့်
4 May 2013
13k

ဒါကြောင့်ပဲ စစ်တပ် ကျောထောက်နောက်ခံနဲ့ ရေးဆွဲထားတဲ့ ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီစံနှုန်းတွေ ပိုမို ကောင်းမွန်ဖို့ ပြင်ဆင်မှုတွေ လုပ်သင့်တယ်လို့လည်း မစ္စယင်လတ်က ဆိုပါတယ်။

Next Post
လူကူးခုံးကျော်တံတား, မြို့တော်စည်ပင်

ရန်ကုန်မြို့တွင်း လူကူးခုံးကျော် တံတား ၆ စင်း ထပ်ဆောက်မည်

ဒဂုံစီးတီး, ရန်ကုန်တိုင်း လွှတ်တော်, ဒေါ်ညိုညိုသင်း

ဒဂုံစီးတီး စီမံကိန်း ရပ်တန့်ရေး အဆို ရန်ကုန်တိုင်း လွှတ်တော်၌ ဆွေးနွေးခွင့်မရ

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved