သတင်း

ပြည်သူများအတွက် ကျန်းမာရေး အာမခံစနစ် ထားရှိရန် ဆွေးနွေးတော့မည်

Want create site? Find Free WordPress Themes and plugins.

ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိနိုင်ရေးအတွက် အမျိုးသား ကျန်းမာရေး အာမခံစနစ်တခု တည်ထောင်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက လက်ခံဆွေးနွေးရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

ရေကြည်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်းက လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသား တိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊ ယင်းကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေးတို့အတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် အမျိုး သား ကျန်းမာရေး အာမခံစနစ် တည်ထောင်သွားရန် နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်၏ ကျန်းမာရေး အသုံးစရိတ်ငွေနှင့်အတူ တဦးချင်း ထည့်ဝင်ငွေပမာဏ များပြားမှု မရှိဘဲ ပြည်သူအများ၏ ပုံမှန်ကြိုတင် စုဆောင်းငွေဖြင့် ကျန်းမာရေး ကုန်ကျစရိတ်များအတွက် ကျခံသုံးစွဲနိုင်မည့် စနစ်တခု ဖြစ်သည့် အမျိုးသား ကျန်းမာရေး အာမခံစနစ် ပေါ်ပေါက်လာရန် ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနတွင် နှစ်ပေါင်း ၃၀ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာ စံရွှေဝင်းက လွှတ်တော်တွင် ပြောသည်။

ဒေါက်တာ စံရွှေဝင်းက “အထူးသဖြင့် ချို့တဲ့သူတွေဟာ ကျန်းမာရေး စရိတ်ကြောင့် ပိုမိုဆင်းရဲ ချို့တဲ့ခဲ့ကြရပြီး အကျပ် အတည်း မျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့လာခဲ့ကြရပါတယ်။ ကုန်ကျစရိတ်ကြောင့် ဆေးဝါးကုသမှု ခံယူနိုင်ခြေ မရှိတဲ့အတွက် အသက်ဆုံးပါးမှု များစွာ ရှိခဲ့ကြောင်း သိရှိ တွေ့မြင်ခဲ့ရပါတယ်”ဟု ပြောသည်။

လူတဦးချင်းစီမှ ငွေမည်မျှကောက်ခံမည်ဆိုသည်ကို ပြောရန် စောသေးကြောင်း၊ နောက်ပိုင်း လူပုဂ္ဂိုလ် အဖွဲ့အစည်းများ၏ ဆွေးနွေးချက်များအပေါ် မူတည်ပြီး ကျန်းမာရေးစရိတ်ကို အစိုးရတခုတည်းက တာဝန်ယူသည့် စနစ်မှာ လက်ရှိ ခေတ် ကာလ အခြေအနေအရ မဖြစ်သင့်တော့၍ ယခုအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးအပြီးတွင် ဒေါက်တာ စံရွှေဝင်းက မီဒီယာများကို ပြောသည်။

ဒေါက်တာ စံရွှေဝင်းက “အခုမှ စပြောခွင့်ရတာ။ ဒီလို ပြောခွင့်ရဖို့ အကြာကြီး စောင့်ခဲ့ရတယ်။ ကျန်းမာရေး ဝန်ကြီးဌာနမှာ နှစ် ၃၀ လောက် လုပ်ခဲ့တာ ပြောခွင့် မရခဲ့ဘူး။ အခု လူမှု စီးပွားရေးအရ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဝန်ကြီးကိုယ်တိုင်ကိုက အပြောင်းအလဲ ဖြစ်လာပြီး ဒါတွေကို နားလည်တဲ့ ဝန်ကြီးနဲ့ကျမှ ဆက်လုပ်လို့ရမှာ”ဟု ပြောသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)၏ အဆိုပြုချက်အရ လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှု ပုံစံ ဖြစ်စေရန် နိုင်ငံ့ဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကို ကျန်းမာရေးတွင် အသုံးပြုရန် တိုက်တွန်းထားသော်လည်း လက်ရှိ မြန်မာနိုင်ငံ ၏ ကျန်းမာရေး အသုံးစရိတ်မှာ ၅ဒသမ ၁၆ ရာခိုင်နှုန်းသာ ရှိသည်။

ယင်းအဆိုကို ထောက်ခံ ဆွေးနွေးသူ အင်္ဂပူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက “ဒီစနစ် အောင်မြင် ဖို့ နိုင်ငံတကာ အတွေ့အကြုံများအရ ၁၀ စုနှစ် တခု၊ ၂ ခုထက် ပိုမို ကြာမြင့်မှာ ဖြစ်လို့ အခုချိန်မှာ စတင်ရင်တောင် ၁၀ စုနှစ် ၂ ခုလောက်ကြာမှ အသီးအပွင့်များကို စတင်ခံစားရမှာ ဖြစ်လို့ ဒေါက်တာ စံရွှေဝင်းရဲ့ အဆိုကို ထောက်ခံ တင်ပြပါ တယ်” ျဟု ပြောသည်။

ယင်းကျန်းမာရေး အာမခံစနစ်ကို စတင်ကျင့်သုံးချိန်တွင် စိန်ခေါ်မှုများစွာနှင့် ရုန်းကန်ရနိုင်သော်လည်း အောင်မြင်သွားပါ က ပြည်သူများအတွက် အကျိုးရှိနိုင်ကြောင်း၊ တနိုင်ငံလုံး၏ ပျမ်းမျှဝင်ငွေ၊ လူတဦးချင်းစီ၏ ပျမ်းမျှဝင်ငွေများအပေါ် မူတည် ၍ အာမခံကြေးကို ကောက်ခံရန် အကြံပြုလိုကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတဦးက ပြောသည်။

“ကျန်းမာရေးအတွက် ကြိုတင် ပိုက်ဆံ သွင်းထားရမယ်။ ကိုယ်နေမကောင်း ဖြစ်တဲ့အခါ အဲဒီငွေနဲ့ ကုသလို့ရမယ်။ ကိုယ် ကုသလို့ ကုန်မယ့် ပိုက်ဆံကိုပဲ ပေးရမှာလား၊ ကုန်ကျစရိတ် အရမ်းများနေရင် ထပ်ပေးရဦးမှာလား ဆိုတာတွေကတော့ မရှင်းသေးဘူး။ ကျန်းမာရေး အာမခံစနစ်က နိုင်ငံတကာမှာတော့ ပုံစံမျိုးစုံ ရှိနေတာပဲ”ဟု ၎င်းက ပြောသည်။

ယင်းစနစ် အောင်မြင်ရန် ပထမအဆင့် အနေဖြင့် ဘဏ္ဍာငွေ ကောက်ခံမှုအတွက် နိုင်ငံတော်၏ ကျန်းမာရေး ရန်ပုံငွေ တိုးမြှင့်ရရှိရေး၊ သတ်မှတ်ကဏ္ဍအတွက် အခွန်ငွေများ ရရှိအောင် ကောက်ခံရေးတို့အတွက် စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့် ပြည်သူများ၏ ပုံမှန်ကြိုတင် ထည့်ဝင်ငွေများ စနစ်တကျ ကောက်ခံ စုဆောင်းထားနိုင်ရေး နှင့် တတိယ အဆင့်အနေဖြင့် မည်သူ့ကို မည်သည့်အချိန်တွင် မည်မျှပံ့ပိုး သုံးစွဲပေးရမည်၊ မည်ကဲ့သို့ ပံံ့ပိုးပေးရမည်ကို ဆုံးဖြတ်ရမည့် စနစ်တခုတို့ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အမျိုးသား ကျန်းမာရေး အာမခံစနစ် ထိရောက်အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန် ဥပဒေအရ အကာအကွယ် ပေးမှုပါ လိုအပ်သည့်အတွက် အမျိုးသား ကျန်းမာရေး အာမခံ ဥပဒေ (National Health Insurance Law) ကိုလည်း တပြိုင်တည်း ဆွေးနွေး အတည်ပြုနိုင်ရန် လိုအပ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက တိုက်တွန်း ခဲ့သည်

Did you find apk for android? You can find new Free Android Games and apps.
Loading