• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲ ကျင်းပရန် မလေးရှားပါလီမန်ကို ဖျက်သိမ်း

by ဧရာဝတီ
9 April 2018
in သတင်း
A A
မလေးရှားပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာခဲ့သည် / Reuters

မလေးရှားပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာခဲ့သည် / Reuters

19k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် မလေးရှားပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ဧပြီလ ၆ ရက်နေ့တွင် ကြေညာလိုက်သည့် တချိန်တည်းတွင် အတိုက်အခံများမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။

၅ နှစ် သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်သော မလေးရှားပါလီမန်သည် ဧပြီလ ၇ ရက်နေ့တွင် တရားဝင် သက်တမ်း ကုန်ဆုံးသွားသဖြင့် လက်ရှိအစိုးရအနေဖြင့် လုပ်ပိုင်ခွင့်သစ် ရရှိသွားပြီ ဖြစ်သည်။

“နောက်တကြိမ်မှာ ကျနော်တို့ နိုင်ရင် ပိုမိုကြီးမားတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အကောင်းဆုံး လုပ်ဆောင်သွားဖို့ ကတိပြုတယ်” ဟု နာဂျစ်က ရုပ်သံမှတဆင့် ပြည်သူလူထုကို တိုက်ရိုက်ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရပါတီနှင့် ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်၏ အတိုက်အခံ တပ်ပေါင်းစုတို့ အဓိက ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ သို့သော် မဟာသီယာ၏ ပါတီကို ဧပြီလ ၅ ရက်နေ့က ယာယီ ဖျက်သိမ်းထားသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်မည် ဖြစ်ပြီး ဧပြီလ နှောင်းပိုင်း သို့မဟုတ် မေလ အစောပိုင်း ဖြစ်မည်ဟု မျှော်လင့်ရသည်။ တိုင်းပြည်လူဦးရေ၏ ထက်ဝက်ရှိသော လူ ၁၅ သန်းခန့် မဲပေးကြမည် ဖြစ်သည်။

မဟာသီယာ ပူးတွဲ တည်ထောင်ခဲ့သည့် Parti Pribumi Bersatu Malaysia (PPBM) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပသည့် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပေးပို့ရန် ပျက်ကွက်သောကြောင့် ထို ပါတီကို ခေတ္တဖျက်သိမ်းကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ရုံး (Registrar of Societies) က ဧပြီလ ၅ ရက်နေ့က ကြေညာသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
22
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
29
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
625

ထိုပါတီသည် ရက်ပေါင်း ၃၀ အတွင်း အာဏာပိုင်များ၏ မေးခွန်းများကို ဖြေကြားနိုင်ခြင်း မရှိလျှင် နိုင်ငံရေး လှုပ်ရှားမှုများ ဆောင်ရွက်ခွင့် ရမည် မဟုတ်သလို ပါတီ၏ အမှတ်တံဆိပ်များကိုလည်း အသုံးပြုခွင့် ရမည် မဟုတ်ဘဲ အပြီးအပိုင် ဖျက်သိမ်းခံရမည် ဖြစ်သည်။

PPBM အနေဖြင့် အယူခံဝင်ရန် ရက်ပေါင်း ၃၀ အချိန်ရပြီး တရားစွဲဆိုရန် စဉ်းစားနေသည် ဟု ဆိုသည်။

“ကျနော်တို့ သိသလောက်တော့ ကျနော်တို့ပါတီလည်း ခုချိန်အထိ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ ပါတီပဲဖြစ်တယ်” ဟု မဟာသီယာက ပြောပြီး သူနှင့် အခြားအမတ်လောင်းများသည် လိုအပ်ပါက တသီးပုဂ္ဂလ အမတ်များအဖြစ် ယှဉ်ပြိုင်မည် ဟု ပြောသည်။

နာဂျစ်ဦးဆောင်သည့် အာဏာရ တပ်ပေါင်းစုဖြစ်သည့် အမျိုးသားတပ်ပေါင်းစုခေါ် Barisan Nasional သည် လွတ်လပ်ရေး ရသည့် ၁၉၅၇ ခုနှစ်မှ စတင် အာဏာရနေသော တပ်ပေါင်းစု ဖြစ်သည်။ ၂၀၁၃ ခုနှစ်က ကျင်းပသည့် လွန်ခဲ့သော ရွေးကောက်ပွဲက ပါလီမန်နေရာပေါင်း ၂၂၂ နေရာတွင် ၁၃၃ နေရာအနိုင်ရခဲ့သည်။ သို့သော် အများစု ၃ ပုံ ၂ ပုံ မရခဲ့ပေ။

မလေးရှားနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ်၏ သားဖြစ်သူ နာဂျစ်သည် တတိယ ၅ နှစ် သက်တမ်း အတွက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင်မူ နာဂျစ်၏ ဂုဏ်သတင်းမှာ 1 Malaysia Development Berhad ဘာဏ္ဍာရေး အရှုပ်တော်ပုံ ကြောင့် ကျဆင်းနေသော်လည်း သူသည် တရားဝင်မှု ပိုမိုရရှိရေးအတွက် ၂၀၁၃ ခုနှစ်ရွှေးကောက်ပွဲ ကာလကထက် ပါလီမန် အမတ်နေရာ ပိုမိုရရှိလိုနေသည်။

နာဂျစ်က ထိုဘဏ္ဍာရေး အရှုပ်တော်ပုံတွင် မပါဝင်ကြောင်း ငြင်းဆန်သော်လည်း ထိုအမှုတွင် ပါဝင်သူများကို အမေရိကန်နိုင်ငံ အပါအဝင် အခြားသော နိုင်ငံများတွင် ငွေကြေးခဝါချမှုဖြင့် စုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။

ထိုငွေကြေး အရှုပ်တော်ပုံကြောင့် မဟာသီယာနှင့် မျှော်လင့်ခြင်းမဟာမိတ် (Pakatan Harapan) အတိုက်အခံတို့၏ နိုင်ငံရေး အရ ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာသည်။ ထိုတပ်ပေါင်းစုတွင် နိုင်ငံရေးပါတီ ၄ ခုပါဝင်သည်။

မဟာသီယာ၏ ပါတီကို မဖျက်သိမ်းမီကပင် ထိုမဟာမိတ်များမှာ နာဂျစ်နှင့် အမျိုးသားတပ်ဦးကို ဖြုတ်ချရေး သက်သက်ကို အခြေခံဖွဲ့စည်းထားသော မဟာမိတ်များ ဖြစ်နေသည်။ ထိုအချက်သာ မရှိပါက ၎င်းသည် နိုင်ငံရေး အတွေးအခေါ် မျိုးစုံဖြင့် ကွဲပြားနေသော တပ်ပေါင်းစုသာ ဖြစ်သည်။

ညီညွတ်သော မလေးဌာနေ တိုင်းရင်းသားများပါတီ (PPBM) က လူအများစု မလေးလူမျိုးများ၏ အခွင့်အရေးကို အခြေခံပြီး တရုတ်လူမျိုးစု အလယ်ဗဟို ဒီမိုကရက်တစ် အရေးတော်ပုံပါတီက လူမျိုးစုများ အားလုံးတန်းတူညီမျှရေးကို တောင်းဆိုသည်။

အန်ဝါ အီဘရာဟင် (Anwar Ibrahim) အပါအဝင် ပြည်သူ့တရာမျှတရေးပါတီ (Parti Keadilan Rakyat) အပါအဝင် အတိုက်အခံ တပ်ပေါင်းစုမှ ပါတီများ၏ ခေါင်းဆောင် အမျာအပြားတို့သည် မဟာသီယာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင် ခဲ့သည် ၂၂ နှစ်တာ ကာလအတွင်း ထောင်ချခံရသူများ ဖြစ်သည်။

နာဂျစ်သည် ညီညွတ်သော မလေးအမျိုးသား အဖွဲ့ချုပ် (UMNO) ကို ဦးဆောင်ပြီး အခြားသော ပါတီ ၁၃ ခုနှင့် အတူ အမျိုးသား တပ်ဦး တပ်ပေါင်းစုနှင့် အတူ ပါလီမန်အမတ် နေရာများ အပြင် ပြည်နယ် ၁၂ ခုမှ လွှတ်တော်နေရာ ၆၀၀ ကျော်ကိုလည်း ယှဉ်ပြိုင်မည် ဖြစ်သည်။

စီးပွားရေး တိုးတက်မှု မြန်ဆန်ခြင်းနှင့် အလုပ်လက်မဲ့နှုန်း နိမ့်ကျခြင်းကြောင့် လေစုန်စီးနေရသကဲ့သို့ ဖြစ်နေသော်လည်း ထို အကျိုးကျေးဇူးများကို ပြည်သူလူထု ခံစားနိုင်ခြင်း မရှိခဲ့ပေ။ လူနေမှုစရိတ် မြင့်မားခြင်း၊ စီးပွားရေး အခြေအနေ တုံ့ဆိုင်းနိုင်သည့် အလယ်အလတ် ဝင်ငွေ ထောင်ချောက်တွင် မိနေခြင်း တို့ကြောင့် လူအများက အစိုးရကို အပြစ်တင်ကြသည်။

လွန်ခဲ့သောလက ထုတ်ပြန်သည့် အစီရင်ခံစာတွင် မလေးရှားနိုင်ငံ၏ ခန့်မှန်းခြေ တဦးချင်း ဝင်ငွေမှာ ၂၀၁၇ ခုနှစ်တွင် ၉၆၆၀ ဒေါ်လာ ရှိရာမှ ယခုအခါ ကမ္ဘာ့ဘဏ်က သတ်မှတ်သည့် ဝင်ငွေမြင့်မားသည့် အဆင့် ၁၂၀၈၇ ဒေါ်လာသို့ နီးကပ်လာသည် ဟု အစိုးရက ဆိုသည်။ သို့သော် မလေးရှားနိုင်ငံသည် ထိုအဆင့်သို့ ၂၀၂၀ ခုနှစ် မတိုင်မီ ရောက်ရန် အလားအလာ မရှိပေ။

မကြာသေးမီလများ အတွင်းကလည်း ဝန်ကြီးချုပ်သည် အစိုးရ၏ စီးပွားရေး ဆိုင်ရာများကို ကာကွယ်နေရသည်။ လူနေမှု စရိတ်မြင့်မားခြင်းကို ကိုင်တွယ်ရန် အတွက်အစိုးရသည် ဝင်ငွေနည်းသော မိသားစုများ အတွက် ထောက်ပံ့ကြေးနှင့် အိမ်ရာဆိုင်ရာ အကူအညီများကို ဆက်လက်ထောက်ပံ့မည် ဖြစ်သည်။

အထူးသဖြင့် လက်ရှိ ပြင်ဆင်လိုက်သော မဲဆန္ဒနယ် နမိတ် သတ်မှတ်ချက် အရ အတိုက်အခံတို့ အုပ်ချုပ်သော ပြည်နယ် ၂ ခုဖြစ်သည့် ပီနန်နှင့် ဆီလန်ဂေါတို့တွင် အကြီးအကျယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် ပထမဆုံး အကြိမ် မဲဆန္ဒနယ်များ ပြန်လည် သတ်မှတ်သောကြောင့် ပါလီမန်ကိုယ်စားလှယ် နေရာ ၉၈ နေရာ နှင့် ပြည်နယ် လွှတ်တော်နေရာ ထက်ဝက်ကို ထိခိုက်မည် ဖြစ်သည်။ ထိုသို့ပြောင်းလဲလိုက်သောကြောင့် အတိုက်အခံများက ၎င်းတို့ နစ်နာသည် ဟု ဆိုသည်။

ကိုးကား။ ။ Nikkei Asian Review

Your Thoughts …
Tags: မလေးရှား ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နာဂျစ်ရာဇတ် လား၊ သို့မဟုတ် မဟာသီယာ လား။ ဗုဒ္ဓဟူးနေ့တွင် မလေးရှားမဲဆန္ဒရှင်များက ရွေးကြတော့မည် / Reuters

မလေးရှား ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ၅ ခု

by ဧရာဝတီ
8 May 2018
14.4k

ဝန်ကြီးချုပ် နာဂျစ်ရာဇတ် လား၊ သို့မဟုတ် တချိန်က နာဂျစ်၏ လက်ဦးဆရာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ လား။ ဗုဒ္ဓဟူးနေ့တွင် မလေးရှားမဲဆန္ဒရှင်များက ရွေးကြတော့မည်။

စနေနေ့က ကျင်းပသော မလေးရှား ရွေးကောက်ပွဲတွင် မဲထည့်နေသူတဦး

မလေးရှားအစိုးရသစ် ဖွဲ့ဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေ

by ဧရာဝတီ
21 November 2022
4.9k

Anwar ၏ လူမျိုးပေါင်းစုံ ညွန့်ပေါင်းအဖွဲ့သည် စနေနေ့ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး ၈၂ နေရာဖြင့် အနိုင်ရခဲ့သည်။

မလေးရှား နိုင်ငံရေး အတိုက်အခံ တပ်ပေါင်းစု၏ မဲဆွယ်ပွဲတခုတွင် မြင်ရသော ထောက်ခံသူများ / Reuters

မလေးရှားက ပေးစာ

by Karim Raslan
25 May 2018
4.3k

နှစ်ပေါင်းများစွာ လှောင်ပိတ်နေခဲ့ရပြီးနောက် အတိုက်အခံတို့၏ ရဲဝံ့သော ဟောပြောမှုများက လတ်ဆတ်သော လေကောင်းလေသန့် ဖြစ်ခဲ့သည်။

Next Post
အလုပ်သမားများတင်သည့်ကား ယနေ့နံနက် မီးလောင်နေစဉ် / Assawin Pinitwong

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်လာသည်ကား မီးလောင်ပြန်

ဘုရားပြီးလို့ ငြမ်းဖျက်တာလားလို့ ဆိုလာတဲ့ မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ ဇနီး (ရုပ်/သံ)

ဘုရားပြီးလို့ ငြမ်းဖျက်တာလားလို့ ဆိုလာတဲ့ မေတ္တာရှင် (ရွှေပြည်သာ)ရဲ့ ဇနီး (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved