• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှားအစိုးရသစ် ဖွဲ့ဖို့ ပြိုင်ဆိုင်မှု ပြင်းထန်နေ

by ဧရာဝတီ
21 November 2022
in သတင်း
A A
စနေနေ့က ကျင်းပသော မလေးရှား ရွေးကောက်ပွဲတွင် မဲထည့်နေသူတဦး

စနေနေ့က ကျင်းပသော မလေးရှား ရွေးကောက်ပွဲတွင် မဲထည့်နေသူတဦး

4.9k
VIEWS
Share on FacebookShare on Twitter

မလေးရှား ရွေးကောက်ပွဲ ကျင်းပအပြီး ဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin နှင့် ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim တို့သည် ဘုရင်က သတ်မှတ်သည့် နောက်ဆုံးရက်ကို ပြည့်မီရန် ညွန့်ပေါင်းမိတ်ဖက်များထံမှ ထောက်ခံမှုရရှိရေး အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။

Anwar ၏ လူမျိုးပေါင်းစုံ ညွန့်ပေါင်းအဖွဲ့သည် စနေနေ့ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး ၈၂ နေရာဖြင့် အနိုင်ရခဲ့သည်။

Muhyiddin ၏ ရှေးရိုးစွဲ မလေးမွတ်ဆလင် မဟာမိတ်အဖွဲ့သည် အမတ်နေရာ ၇၃ နေရာ ရရှိခဲ့သော်လည်း တနင်္ဂနွေနေ့တွင် သေးငယ်သော နိုင်ငံရေး အစုအဖွဲ့ နှစ်ခုထံမှ ထောက်ခံမှု ရရှိခဲ့ပြီး အများစုအတွက် လိုအပ်သော ၁၁၂ နေရာမပြည့်သေးဘဲ ၁၀၁ နေရာသာ ထိန်းချုပ်နိုင်ခဲ့သည်။

Muhyiddin ၏ မဟာမိတ်အဖွဲ့တွင် ရှရီယာဥပဒေတောင်းဆိုထားသည့် အစ္စလမ်မစ်ပါတီတခု ပါဝင်သည်။

မလေးရှားတွင် ကာလရှည်ကြာ လွှမ်းမိုးအုပ်ချုပ်နေခဲ့သော United Malays National Organisation (UMNO) ပါတီမှ ဦးဆောင်သည့် လက်ရှိ Barisan အမျိုးသား မဟာမိတ်အဖွဲ့သည် ရွေးကောက်ပွဲတွင် အဆိုးရွားဆုံးသော စွမ်းဆောင်ရည်ကို ကြုံတွေ့ခဲ့ရသော်လည်း ၎င်း၏ ထောက်ခံမှုက အထက်ပါ ၂ ပါတီတွင် တပါတီအား အစိုးရဖွဲ့နိုင်စေရန် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေဆဲ ဖြစ်သည်။

Anwar ၏ညွန့်ပေါင်းအဖွဲ့သည် တနင်္လာနေ့နံနက်တွင် Barisan နှင့်တွေ့ဆုံခဲ့သည်။

အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim

Anwar ၏ လူမျိုးပေါင်းစုံသော Pakatan Harapan (PH) နှင့် လူမျိုးရေးဝါဒီ United Malays National Organization (UMNO) မှ ကျောက်ချထားသည့် အစုအဖွဲ့ Barisan Nasional (BN) သည် သဘောတရားရေးရာအရ ကြီးစွာ ဆန့်ကျင်သော်လည်း ယခုအခါ ၎င်းတို့သည် Muhyiddin ကို ဝန်ကြီးချုပ်ဖြစ်လာခြင်းမှ တားဆီးရေး အတူတကွလုပ်ဆောင်ရန် လက်ခံသဘောပေါက်နေပုံရသည်။

ယခင်က BN နှင့် PH နှစ်ခုလုံးတွင် အဖွဲ့ဝင်ဖြစ်ခဲ့ဖူးသည့် လူရည်လည်သော နိုင်ငံရေးသမား Muhyiddin သည် ရွေးကောက်ပွဲတွင် အမတ်နေရာ ၂၂၀ တွင် ၇၃ နေရာအနိုင်ရရှိခဲ့ပြီး Perikatan Nasional (PN) မဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့သည်။

BN နှင့် ‘ညွန့်ပေါင်းအစိုးရ’ ဖြစ်နိုင်သည်ဟု Anwar ဆို

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
540
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
178
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
51

အန်ဝါအီဘရာဟင်က BN ပါဝင်သည့် ညွန့်ပေါင်းအစိုးရဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ “အလွန်အကောင်းမြင်သည်” ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ စီးပွားရေးကို အာရုံစိုက်ကာ “ပြည်သူ့အကျိုးစီးပွားအတွက်” သဘောတူညီမှုတခု ရှိကြောင်း အန်ဝါက ပြောကြားခဲ့သည်။

BN ဟဲဗီးဝိတ် Hishammuddin Hussein ၏ တနင်္လာနေ့နံနက်တွင် PH နှင့် အလုပ်လုပ်ခြင်းထက် ပါလီမန် လွှတ်တော်အမတ်အဖြစ်မှ ထုတ်ပယ်ခံမည်ဖြစ်ကြောင်း ပြောဆိုချက်အပေါ် မေးမြန်းရာ Anwar က ဆွေးနွေးပွဲရလဒ်မှ PH အစိုးရဖြစ်လာမည်ဟု ၎င်းက ထင်မြင်နေခြင်းသာ ဖြစ်ကြောင်း ပြောသည်။ “အဲဒါ မဟုတ်ဘူး၊ ညွန့်ပေါင်းအစိုးရပဲ” Anwar က ဆိုသည်။

အဆိုပြုထားသော မဟာမိတ်အဖွဲ့အတွက် မည်သူက ဝန်ကြီးချုပ်လောင်းဖြစ်မည်ကို မေးမြန်းရာတွင် Anwar က “လောလောဆယ်” သူ ဖြစ်မည်ဟု ဆိုသည်။ သတင်းစာရှင်းလင်းပွဲအတွင်း BN ခေါင်းဆောင် Ahmad Zahid Hamidi ၏ တရားဥပဒေဆိုင်ရာ ပြဿနာများကိုလည်း ဖော်ပြခဲ့သည်။

အစောပိုင်းတွင် BN ကို ဝေဖန်သူများက Ahmad Zahid သည် ရွေးကောက်ပွဲတွင် BN မှ အပြတ်အသတ် အနိုင်ရရှိရန် မျှော်လင့်နေသောကြောင့် သူ့အပေါ် အကျင့်ပျက်ခြစားမှုအမျိုးမျိုးနှင့် စွဲချက်တင်မှုများ အစိုးရရှေ့နေများ လက်လျှော့သွားစေရန် ကြိုးပမ်းရာတွင် အထောက်အကူဖြစ်စေမည်ဟု အစောပိုင်းတွင် စွပ်စွဲခဲ့သည်။ အမျိုးမျိုးသော အမှုများကို အစည်းအဝေး အသီးသီးတွင် “လုံးဝ မတင်ပြကြ” ကြောင်း Anwar က ပြောသည်။

Muhyiddin က “လွှတ်တော်အမတ် ၁၁၂ ကျော်” ထောက်ခံဟု ဆို

Muhyiddin ၏ PN သည် တနင်္လာနေ့ မွန်းလွဲ ၂ နာရီတွင် ကြေငြာချက်တစောင်ထုတ်ပြန်ရာ နောက်ထပ် ဝန်ကြီးချုပ်ဖြစ်ရန် သူ့ကြိုးပမ်းမှုကို ထောက်ခံသည့် လွှတ်တော်အမတ် ၁၁၂ ကျော်ထံမှ အမျိုးသားနန်းတော်သို့ ပြဌာန်းထားသော ကြေငြာချက်များကို တင်သွင်းခဲ့သည်ဟု ဆိုသည်။ ယင်းထုတ်ပြန်ချက်တွင် လွှတ်တော်ကိုယ်စားလှယ် ၇၃ ဦး ပါဝင်သည့် PN နှင့် ပူးပေါင်းမည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖော်ပြထားခြင်း မရှိပေ။

ဝန်ကြီးချုပ်ဟောင်း Muhyiddin Yassin

ဒေသတွင်းမဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် Gabungan Rakyat Sabah နှင့် Gabungan Parti Sarawak တို့သည် Muhyiddin ကို ထောက်ခံကြောင်း တနင်္ဂနွေနေ့တွင် ကတိပြုခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ကျောထောက်နောက်ခံဖြင့် လွှတ်တော်အမတ် ၁၀၁ ဦးသာ ထောက်ခံမဲရှိပြီး အစိုးရဖွဲ့ရန် ၁၁ မဲလိုနေသေးသည်။

ဘုရင်က နောက်ဆုံးနေ့ သက်တမ်းတိုး

မလေးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင် Sultan Abdullah Sultan Ahmad Shah သည် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် အခွင့်အာဏာရှိပြီး အဆုံးအဖြတ်ပေးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်သည်။

ဘုရင်က နိုင်ငံရေး ပါတီများထံမှ ဝန်ကြီးချုပ်လောင်းများ တင်သွင်းရန် နောက်ဆုံးရက်ကို ယနေ့ တနင်္လာနေ့မှ မနက်ဖြန် အင်္ဂါနေ့ မွန်းလွဲ ၂ နာရီသို့ တိုးမြှင့်ပေးခဲ့သည်။

လက်ရှိတွင် ဘုရင်အဖြစ် ငါးနှစ်အလှည့်ကျ တာဝန်ထမ်းဆောင်နေသည့် Sultan Abdullah က ပါတီခေါင်းဆောင်များ၏ တောင်းဆိုချက်အရ နောက်ဆုံးရက်ကို သက်တမ်းတိုးထားကြောင်း ပြောကြားခဲ့သည်။ တနင်္လာနေ့ မွန်းလွဲ ၂ နာရီ မတိုင်မီက ကွာလာလမ်ပူရှိ အမျိုးသားနန်းတော်အပြင်ဘက်ရှိ မီဒီယာဧရိယာသို့ သွားရောက်ခဲ့ပြီး အခြေအနေနှင့်ပတ်သက်၍ မှတ်ချက်ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

BN အကြီးအကဲ Ahmad Zahid Hamidi

၂၀၂၀ ခုနှစ်တွင် ဝါရင့်ခေါင်းဆောင် Mahathir Mohamad ၏ အစိုးရ ပြိုလဲသွားသောအခါ Sultan Abdullah သည် လွှတ်တော်အမတ် ၂၂၂ လုံးကို တွေ့ဆုံမေးမြန်းပြီးနောက် Muhyiddin ကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။ Muhyiddin ၏ အစိုးရ ပြိုလဲသွားသောအခါလည်း သူသည် လက်ရှိ အိမ်စောင့်ဝန်ကြီးချုပ် Ismail Sabri Yaakob ကိုရွေးချယ်ခဲ့သည်။

BN က နန်းတင်သူလား

BN ခေါင်းဆောင်များသည် တနင်္လာနေ့ နံနက်ပိုင်းတွင် ပါတီခေါင်းဆောင်များ၏ လွှတ်တော်ထောက်ခံမှုအခြေအနေကို ကြေညာရန် နန်းတော်၏ ညနေ ၂ နာရီ နောက်ဆုံးအချိန်မတိုင်မီ Anwar ၏ PH နှင့် တွေ့ဆုံခဲ့သည်။ BN နှင့် PH အကြား ချိတ်ဆက်မှုသည် ၎င်းတို့အား အုပ်ချုပ်ရေးအသစ် ဖွဲ့စည်းရန် လုံလောက်သော ထောက်ခံမဲကို ရိုးရှင်းစွာ ရရှိစေမည်ဖြစ်သည်။ PH က ၈၂ နေရာနှင့် BN က ၃၀ အနိုင်ရပြီး စုစုပေါင်းအမတ် ၁၁၂ ယောက်က အစိုးရသစ်ဖွဲ့ရန် လုံလောက်သည်။ ပြည်သူ့လွှတ်တော်တွင် အမတ်စုစုပေါင်း ၂၂၂ နေရာရှိသည်။

BN အကြီးအကဲ Ahmad Zahid Hamidi က ဘုရင်အား ဝန်ကြီးချုပ်ရွေးချယ်မှုအား နေ့လယ် ၂ နာရီ နောက်ဆုံးထား သတ်မှတ်ချက်အား ပိုမိုလိုက်လျောညီထွေဖြစ်စေရန် တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းရေး ကော်မတီက နိဂုံးချုပ်ပြီးမှသာ ဆုံးဖြတ်ချက်ကို ပါတီထိပ်သီးများ ကောင်စီက ထောက်ခံမည်ဟု Ahmad Zahid က ပြောကြားခဲ့သည်။

BN ၏ လွှတ်တော်ကိုယ်စားလှယ် ၃၀ မှ ၄ ဦး မှလွဲ၍ အားလုံး အစည်းအဝေး တက်ကြောင်း BN ၏ Ahmad Maslan မှသီးခြားစီက Twitter တွင်ပြောကြားခဲ့သည်။

ကိုးကား ။ ။ Reuters နှင့် Bloomberg

မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း

အွန်လိုင်းငွေလိမ်မှုများ အရှေ့တောင်အာရှ သံတမန်ရေး ထိခိုက်နိုင်ကြောင်း မလေးရှား သတိပေး

ရေတပ်အရာရှိဟောင်းများ အပါဝင် လူပေါင်း ၁၅၀ မလေးရှားပြန်ပို့

ကြေကွဲစရာ ပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံရေးတွင် သေနတ်နှင့် မူးယစ်ဆေးပြဿနာ ထိပ်တန်းရောက်လာ

မြန်မာလူကုန်ကူးမှု ကုလသမဂ္ဂ ကြားဝင်ရန် မလေးရှား NGO များ တောင်းဆို

Your Thoughts …
Tags: ပြိုင်ဆိုင်မှု ပြင်းထန်နေမလေးရှား ရွေးကောက်ပွဲမလေးရှားအစိုးရသစ်ဝန်ကြီးချုပ်ဟောင်း Muhyiddin Yassinအတိုက်အခံ ခေါင်းဆောင် Anwar Ibrahim
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နာဂျစ်ရာဇတ် လား၊ သို့မဟုတ် မဟာသီယာ လား။ ဗုဒ္ဓဟူးနေ့တွင် မလေးရှားမဲဆန္ဒရှင်များက ရွေးကြတော့မည် / Reuters

မလေးရှား ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ ၅ ခု

by ဧရာဝတီ
8 May 2018
14.4k

ဝန်ကြီးချုပ် နာဂျစ်ရာဇတ် လား၊ သို့မဟုတ် တချိန်က နာဂျစ်၏ လက်ဦးဆရာ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ လား။ ဗုဒ္ဓဟူးနေ့တွင် မလေးရှားမဲဆန္ဒရှင်များက ရွေးကြတော့မည်။

မလေးရှား နိုင်ငံရေး အတိုက်အခံ တပ်ပေါင်းစု၏ မဲဆွယ်ပွဲတခုတွင် မြင်ရသော ထောက်ခံသူများ / Reuters

မလေးရှားက ပေးစာ

by Karim Raslan
25 May 2018
4.3k

နှစ်ပေါင်းများစွာ လှောင်ပိတ်နေခဲ့ရပြီးနောက် အတိုက်အခံတို့၏ ရဲဝံ့သော ဟောပြောမှုများက လတ်ဆတ်သော လေကောင်းလေသန့် ဖြစ်ခဲ့သည်။

မလေးရှားပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာခဲ့သည် / Reuters

ရွေးကောက်ပွဲ ကျင်းပရန် မလေးရှားပါလီမန်ကို ဖျက်သိမ်း

by ဧရာဝတီ
9 April 2018
19k

မလေးရှားပါလီမန်ကို ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က ကြေညာလိုက်သည့် တချိန်တည်းတွင် အတိုက်အခံများမှာလည်း ဖရိုဖရဲ ဖြစ်နေသည်။

Next Post
ပစ်ခတ်မှုစနစ် ချို့ယွင်းနေတဲ့ JF-17 တိုက်လေယာဉ်တွေ ဝယ်ထားမိတဲ့ စစ်ကောင်စီ (ရုပ်/သံ)

ပစ်ခတ်မှုစနစ် ချို့ယွင်းနေတဲ့ JF-17 တိုက်လေယာဉ်တွေ ဝယ်ထားမိတဲ့ စစ်ကောင်စီ (ရုပ်/သံ)

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်  / ဧရာဝတီ

စစ်ကောင်စီ စွပ်စွဲချက်မှားယွင်းကြောင်း အထောက်အထားနှင့် သမ္မတ ချေပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved